Channel Myanmar

Castlevania: Nocturne (2023)

Castlevania: Nocturne

2 Seasons 8 Episodes
Returning Series

Castlevania: Nocturne (2023)

7.5
TMDb: 7.5/10 9200 votes

General information

Original nameCastlevania: Nocturne
Created by

Backdrops

Castlevania: Nocturne (2023)
Castlevania: Nocturne (2023)
Castlevania: Nocturne (2023)
Castlevania: Nocturne (2023)
Castlevania: Nocturne (2023)
Castlevania: Nocturne (2023)
Castlevania: Nocturne (2023)
Castlevania: Nocturne (2023)
Castlevania: Nocturne (2023)
Castlevania: Nocturne (2023)

Synopsis of Castlevania: Nocturne (2023)

Castlevania : Nocturne (2023)
………………………………….
IMDb Rating – 7.5/10
Rotten Tomatoes 100%

များ​​သောအားဖြင့်ဇာတ်လမ်းတစ်ခု​ပေါက်လို့ ​နောက်ဆက်တွဲ​​တွေ ဆက်ထုတ်ရင်
ဂွမ်းတာများ​ပေမဲ့ ဒီစီးရီးက​တော့ ပထမစီးရီးကို​ကောင်း​ကောင်းကြီးယှဥ်နိုင်တဲ့အ​နေ
အထားမှာရှိပါတယ်။ ဇာတ်လမ်းဆင်ထားတာ​တော့ ပထမစီးရီးကအဖြစ်အပျက်ပြီး
နှစ်​ပေါင်းသုံးရာအကြာ ပြင်သစ်​နိုင်ငံရဲ့​တော်လှန်​ရေးကာလ ( ၁၇၈၉ -၁၇၉၉)ပါ။ ​
မြန်မာ​တွေသိကြတဲ့ဇာတ်လမ်းဖြစ်တဲ့ လူ​တွေငတ်ပြတ်​နေလို့ ​ပေါင်မုန့်​တောင် စာစရာ
မရှိဘူးဆိုပြီး ဘုရင်ကို​တောင်းဆိုချိန်မှာ ​ပေါင်မုန့်မရှိရင် ကိတ်မုန့်စားဆိုပြီး​ဘုရင်မက
ပြောခဲ့ရာက​နေ လူထုအုံကြွမှုပိုဆိုးသွားပြီး ​နောက်ဆုံး ပြည်သူ​တွေဟာ နန်း​တော်ထဲ
အထိဝင်စီးကာ ​ဘုရင်ကို​ရော၊ ဘုရင်မကိုပါ ​ဖမ်းဆီးပြီး ​ခေါင်းဖြတ်သတ်ခံထိတဲ့ ဘုရင်မ
Marie Antoinette (မာရီအန်တွာနတ်)က ဒီဘုရင်မပါပဲ။

 

ပြင်သစ်​တော်လှန်​ရေးအ​ကြောင်းကိုအကြမ်းဖျင်း​လေ​ပေါပြရရင်​တော့ ပြင်သစ် တော်
လှန်ရေးဆိုတာက ၁၈ ရာစုနှောင်းပိုင်းကာလ ၁၇၈၉ – ၁၇၉၉ ခုနှစ်အတွင်း ပြင်သစ်သမိုင်း
မှာဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲကြီး တစ်ရပ်ပါ။ အဲ့ဒီခေတ်ကာလတုန်း
က ပြင်သစ်နိုင်ငံမှာ ဘုရင်နှင့် ဘာသာရေး အကြီးအကဲ ကက်သလစ် ဘုန်းတော်ကြီးများ
ကြီးစိုးသည့် သက်ဦးဆံပိုင် ဧကရာဇ် စနစ်ကိုတွန်းလှန်ခဲ့ပြီးလူတိုင်း တန်းတူ အခွင့်အရေး
ရှိသည့် အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းနိုင်ခဲ့ပါတယ်။ ​တော်လှန်​ရေးစတင်ဖြစ်ပွား​စေတဲ့
အ​ကြောင်းအရင်းက​တော့ ပြင်သစ်ဘုရင် လူဝီ၁၄ရဲ့ အသုံးအဖြုန်းကြီးပြီး သြဇာအာဏာ
ကြီးမားချင်ရာက​နေ အိမ်နီးချင်းတိုင်းပြည်​တွေကိုစစ်ခနခနတိုက်လို့ စစ်စရိတ်​ထောင်းပြီး
အခွန်​တွေတိုး​ကောက်၊ ကုန်​စျေးနှုန်း​တွေစကြီးလာတာ​ကြောင့်ပါ။ ​နောက်တက်တဲ့ဘုရင်​
တွေဖြစ်တဲ့ လူဝီ၁၅၊ လူဝီ၁၆တို့ဟာလည်း အသုံးအဖြုန်းကြီးတဲ့ဘုရင်​တွေပါပဲ။ ပြည်သူ​
တွေမွဲသထက်မွဲလာပြီး ပြည်သူ​တွေရဲ့အ​ခြေအ​နေကပိုဆိုးလာပါတယ်။ ဘုရင်ကိုကပ်ဖား
နေတဲ့မှူးမတ်​တွေနဲ့ ကတ်သလစ်ဘုန်းကြီး​တွေကလည်း ​မြေ​တွေကိုအများကြီးရယူထားပြီး
အခွန်မ​ဆောင်ကြ​တော့ အ​ခြေအ​နေကပိုဆိုးလာပါတယ်။ နယ်စားမြို့စား​တွေဘာလုပ်လုပ်
ပြည်သူဘက်က တရားပြန်စွဲဆိုခွင့်မရှိ​တော့ မ​ကျေနပ်ချက်​တွေလည်းပိုများလာတယ်​လေ။

 

အဲ့ဒီကာလမှာ ပြည်သူ​တွေကို အသိဥာဏ်ဖွင့်​ပေးတဲ့ပညာရှိစာ​ရေးဆရာတွေဖြစ်တဲ့ ​ဗော်လ
တဲယား၊ မွန်တက်စကျူး၊ ရူးဆိုးတို့ရဲ့လမ်းပြ​ပေးမှု​ကြောင့် ဘုရင်ဆိုတဲ့​ကောင်​တွေဟာ နတ်
သိကြား​တွေလည်းမဟုတ်၊ မိုးကျ​ရွှေကိုယ်​တွေလည်းမဟုတ်တာကို ပြည်သူ​တွေဟာ ပိုပိုပြီး
သ​ဘော​ပေါက်လာကြပြီး အုပ်ချုပ်​ရေးပိုင်းမှာလည်း ပြည်သူ​တွေပါခွင့်ရှိ​ကြောင်းသိလာရသလို
အရမ်းကိုနုံချာစုတ်ပြတ်​နေတဲ့မိမိတို့အ​ခြေအ​နေကိုပါသတိပြုလာကြတယ်။ ​နောက်​တော့
၁၇၈၉မှာ ဘုရင်ဆိုတဲ့​ကောင်ဟာ သူသုံးဖြုန်းနေတာကိုကာမိဖို့အခွန်တိုး​ကောက်ဖို့အတွက်
အစည်းအ​ဝေး​​ခေါ်တယ်။ ပြည်သူ့ကိုယ်စားလှယ်​တွေက ကန့်ကွက်တယ်။ ဘုရင်က စစ်တပ်နဲ့
ချိန်း​ခြောက်တယ်။ ပြည်သူ့ကိုယ်စားလှယ်​တွေက လွှတ်​တော်က​နေထွက်ပြီး စင်ပြိုင်လွှတ်​
တော်​ထောင်တယ်။ ​ခြေဥအသစ်​ရေးဆွဲပြီးတဲ့အထိ လွှတ်​​တော်ကိုမဖျက်သိမ်းဘူးလို့ကျိန်ဆို
ကြတယ်။ ဘုရင့်လွှတ်​တော်က တခြားလွှတ်​တော်ကိုယ်စားလှယ်​တွေလည်းအမြင်မှန်ရပြီး
လာပူး​ပေါင်းတယ်။ ​နောက်ဆုံး​တော့ ပြည်သူ​တွေရဲ့လွှတ်​တော်ကိုဘုရင်က အသိအမှတ်ပြု
ရတယ်။ ဒါ​ပေမဲ့ အင်အားသုံးဖြိုခွဲဖို့ကို​တော့ဆက်လုပ်တယ်။ လွှတ်​တော်ရဲ့ဝန်ကြီးချုပ်ကို
ဖြုတ်ပစ်တယ်။ အဲ့ဒီအခါမှာ​တော့ ပြည်သူ​တွေဟာ လက်နက်​တွေရဖို့ ဗက်စတီးကိုအကျဥ်း​
ထောင်ကိုတိုက်ခိုက်တယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို​တော်လှန်မှုစဖြစ်ပွားတယ်။ ​နောက်
တော့ စည်မျဥ်းခံဘုရင်စနစ်ကို​ပြောင်းပစ်နိုင်ခဲ့တယ်။ ကျွန်စနစ်ကိုဖျက်သိမ်း​ပေးလိုက်ရတယ်။
လူတိုင်းဟာ လွတ်လပ်စွာ​ပြောဆိုခွင့်၊ မဲ​ပေးခွင့်ရလာတယ်။ လူဝီဘုရင်ဟာ စည်းမျဥ်းခံဘုရင်
စနစ်​အောက်မှာ အကျဥ်းသားလို​နေရလို့ပြင်သစ်နိုင်ငံရဲ့ရန်သူနိုင်ငံ​တွေနဲ့လျှို့ဝှက်ဆက်သွယ်
တယ်။ ​နောက်​တော့ထွက်​ပြေးဖို့ကြိုးစားရာက​နေ ပြန်အဖမ်းခံရတယ်။

 

ဘုရင်ကိုလူ​တွေက မယုံကြည်ကြ​တော့တာမလို့ ​တော်လှန်​ရေးသမား​တွေထဲမှာ ဘုရင့်ဂိုဏ်းနဲ့
သမ္မတဂိုဏ်းဆိုပြီး၂ခုကွဲတယ်။ သမ္မတဂိုဏ်းကအာဏာရလာပြီး စည်းမျဥ်းခံဘုရင်စနစ်ကိုဖျက်
သိမ်းပြီး သမ္မတစနစ်ကိုထူ​ထောင်တယ်။ ဘုရင်ကိုကွပ်မျက်ပစ်တယ်။ သမ္မတစနစ်ဖြစ်လာ​ပေမဲ့
ကတ်သလစ်ဂိုဏ်းဟာ ဘာသာ​ရေးချုပ်ချယ်တယ်ဆိုပြီး အစိုးရသစ်ကိုအားမ​ပေး​တော့ဘူး။
ဘုရင့်ဂိုဏ်းကလူ​တွေကလည်း ထကြွပုန်ကန်တယ်။ ​ငွေစက္ကူ​တွေကိုစည်းကမ်းမဲ့ရိုက်နှိပ်လို့
ကုန်သည်​တွေကလည်း မ​ကျေမနပ်ဖြစ်လာတယ်။ ဘုရင်စနစ်ကိုဖျက်သိမ်းနိုင်ခဲ့တာမလို့ ဥ​ရောပ
က တခြားသက်ဦးဆံပိုင်နိုင်ငံ​တွေဟာ သူတို့ဆီမှာအလားတူအ​ရေး​တော်ပုံ​ထပ်​ပေါ်လာမှာစိုးပြီး
ပြင်သစ်အစိုးရကိုဝိုင်းတိုက်ခိုက်ဖို့လုပ်တယ်။ အဖက်ဖက်က ​ဘေးကြပ်နံကြပ်အ​​ခြေအ​နေ​တွေ
ဖြစ်လာတာမလို့ ပြင်သစ်ဟာ လွတ်လပ်​ရေးကိုခနစွန့်လွှတ်ပြီး ကာကွယ်​ရေး​ကော်မတီလို့​ခေါ်တဲ့
အဖွဲ့ဆီကိုအာဏာကုန်လွှဲအပ်လိုက်ရတယ်။ ​ကော်မတီဟာ အာဏာရှင်စနစ်နဲ့အုပ်ချုပ်တယ်။
ဘုရင့်ဂိုဏ်းသား​တွေကိုဖမ်းရင်လည်း အပြစ်မဲ့ပြည်သူ​တွေကိုပါမသင်္ကာမှုနဲ့ဖမ်းဆီးသုတ်သင်တာ​
တွေလုပ်ခဲ့တယ်။ သမ္မတဂိုဏ်းမှာလည်း သမ္မတနိုင်ငံရဲ့ရန်သူမှန်သမျှကိုခပ်ကြမ်းကြမ်းနှိမ်နင်းတဲ့
ဂိုဏ်းနဲ့အသတ်အဖြတ်​လျှော့ချင်တဲ့ဂိုဏ်းဆိုပြီး၂ခြမ်းကွဲတယ်။ ​နောက်​တော့ ခပ်ကြမ်းကြမ်းနှိမ်
နင်းတဲ့ဂိုဏ်းက လွှမ်းမိုးသွားပြီး ကျန်ဂိုဏ်းကလူ​တွေကိုပါနှိမ်နင်းသတ်ဖြတ်ပစ်တယ်။

 

သမ္မတအစိုးရဟာ ပြည်တွင်းပြည်ပရန်သူများကို မညှာမတာနှိပ်ကွပ်တယ်။ ပရပ်ရှားနှင့် ဩစတြီးယား
စစ်တပ်များရဲ့ကျူးကျော်စော်ကားမှုကိုလည်း တွန်းလှန်ခဲ့တယ်။ ပြည်တွင်းပြည်ပရန်များ ကင်းရှင်း
လာ​တော့လူထုဟာ သတ်ဖြတ်မှုများကို ညည်းငွေ့လာကြတယ်။ ​ကော်မတီ​ခေါင်း​ဆောင်အပါအဝင်
တယူသန်​သမား​တွေကိုသတ်ပစ်လိုက်တယ်။ ပြီး​တော့ ​ခြေဥသစ်​ရေးဆွဲပြီး အစိုးရအသစ်တက်လာ
တယ်။ ​ခေါင်း​ဆောင်ငါးဦးပါလို့ ​ငါးဦးအစိုးရလို့​ခေါ်ကြတယ်။ ငါးဦးအစိုးရလက်ထက်မှာ ပြည်ပရန်​
တွေကိုနိုင်နင်းခဲ့​ပေမဲ့ ပြည်တွင်းမငြိမ်မသက်မှုကိုမထိန်းသိမ်းနိုင်ခဲ့ဘူး။ ငါးဦးကိုယ်တိုင် ​ဖောက်ပြား
လာခဲ့တယ်။ ​နောက်​တော့ နပိုလီယံက အာဏာသိမ်းလိုက်​တော့တယ်။ အဲ့မှာပဲ ပြင်သစ်​တော်လှန်​ရေး
ကလုံးဝဇာတ်သိမ်းသွားရတာ​တော့တယ်။

 

ဒါက​တော့ ပြင်သစ်​​တော်လှန်​ရေးအကြမ်းဖျဥ်းပါ။ အကြမ်းဖျဥ်း​တောင်မှ ​​ရေးရတာ​တော်​တော်ကို
ရှည်ပါတယ်။ 😁ရေးတာကရှည်​နေပြီဆို​တော့ ဇာတ်လမ်းအကျဥ်းကိုအများကြီးထပ်မ​ရေး​တော့ဘူး။
အ​ပေါ်မှာ​​ရေးထားတဲ့​တော်လှန်​ရေးကြီးမှာ ​သွေးစုပ်ဖုတ်​ကောင်​တွေက မင်းစိုးရာဇာ​တွေဘက်မှာပါ
တယ်ဆိုပြီးဇာတ်လမ်းဆင်ထားတယ်လို့ပဲ​ပြောပါရ​စေ။

(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ DrNyan
ဖြစ်ပါတယ်။)

File Size………….(700 MB)
Quality……………WEB-DL 1080p
Duration…………30Mins(@Episode)
Subtitle…………..Myanmar Hardsub
Format……………MP4
Genre……………..Animation, Action, Adventure
Translator……….DrNyan
Encoder…………..SWM

 

1080P (700 MB)

———————————–

Episode(1) – Yoteshin Megaup / MegaNZ StreamWish / Usersdrive

Episode(2) – Yoteshin Megaup / MegaNZ StreamWish / Usersdrive

Episode(3) – Yoteshin Megaup / MegaNZ StreamWish / Usersdrive

Episode(4) – Yoteshin Megaup / MegaNZ StreamWish / Usersdrive

Episode(5) – Yoteshin Megaup / MegaNZ StreamWish / Usersdrive

Episode(6) – Yoteshin Megaup / MegaNZ StreamWish / Usersdrive

Episode(7) – Yoteshin Megaup / MegaNZ StreamWish / Usersdrive

Episode(8) – Yoteshin Megaup / MegaNZ StreamWish / Usersdrive – End

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2023-09-28
TypeScripted
Episode runtime30 min
Popularity106.047
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments