ရန် အဖြစ် Gun Atthaphan
မာကီ အဖြစ် Film rachanum
တိဘက် အဖြစ် Nabi Hirunkit
နိုင် အဖြစ် Dew Jirawat
ဝိုက် အဖြစ် Jane Ramida
ပိန်နိန် အဖြစ် Chimon Wachirawit
ဟျူဂို အဖြစ် Kay Lertsittichai
ကျင်ကျိုင် အဖြစ် Jamie Juthapich
ဖလိန်း အဖြစ် Love Pattranite
မတ် အဖြစ် AJ Chayapol
မောက် အဖြစ် JJ Chayakorn
ဖူဂျီ အဖြစ် View Benyapa
ဘျူး အဖြစ် Prigkhing Sureeyares
ယင် အဖြစ် Indy Thanathat
ဇာတ်လမ်းအကျဉ်း
“Home School “ ကတော့ စာသင်နှစ်တစ်နှစ်စာကို ဘတ်တစ်သန်းပေးရတဲ့ ကြေးမြင့် ဘော်ဒါကျောင်းတစ်ခုဖြစ်ပြီး လူချမ်းသာအများစု အလုအယက် ကလေးတွေကို ထားချင်ကြတဲ့ ကျောင်းတစ်ခုပဲ ဖြစ်ပါတယ်
မတူညီတဲ့သင်ရိုးပုံစံတွေနဲ့ သင်ကြားပြီး ဝင်ခွင့်စာမေးပွဲကအစ အုပ်ထိန်းသူတွေပဲဖြေရတဲ့ ထူးခြားတဲ့ကျောင်းတစ်ခုလည်းဖြစ်ပါတယ်
Gen 1 ကနေ စခဲ့တဲ့ “Home School “ ကတော့ Gen 6 ကျောင်းသားတွေအဖြစ် ပညာသင်ဆုနဲ့ ဝင်လာခဲ့တဲ့ ကျောင်းသား ၂ယောက်အပါအဝင် ၁၃ ယောက် လက်ခံခဲ့ပါတယ်
“Home school” ရဲ့ Gen 6 ကျောင်းသား ၁၃ ယောက်လုံးကို ဆေးခတ်ပြီး တောအုပ်အလယ်က ကျောင်းကြီးဆီ ခေါ်သွားခဲ့ပြီးနောက်မှာတော့ ကျောင်းက သူတို့ထင်ထားတာနဲ့ မတူနေတာကို သိခဲ့ရပါတယ်
ဆရာတွေကို မာစတာခေါ်ရင်း မာစတာတွေရဲ့ ဂိမ်းတွေ စည်းမျဉ်းတွေကြားက ထောင်နဲ့တူနေတဲ့ ကျောင်းတော်ကြီးကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလား
Gen 4 ကျောင်းသားတစ်ဦးဖြစ်တဲ့ အစ်ကိုဖြစ်သူ ရန့်ကို ရှာဖွေဖို့ scholarship နဲ့ ဝင်လာခဲ့တဲ့ မာကီကရော သူ့အစ်ကိုကို ပြန်တွေ့နိုင်ပါ့မလား
“Home school”ရဲ့ ဆန်းကြယ်တဲ့ လျှို့ဝှက်ချက်တွေနဲ့ ထိတ်လန့်စရာ အမှန်တရားတွေကိုရော သူတို့ ၁၃ယောက် ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်
( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )
Native Title: Home School นักเรียนต้องขัง
Episodes: 18
Aired: Jun 9, 2023 – Aug 4, 2023
Aired On: Friday
Original Network: Amazon Prime
Duration: 55 min.
Content Rating: 13+ – Teens 13 or older
Translated by Kyi Nue Zin, Nang Mwe Kham
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။