Jurnal Risa (TV Series)(2023)
————————————-
IMDb-7.8/10
Jurnal Risa- ရီဆာရဲ့ဂျာနယ်ပေါ့။ရီဆာဆိုတာ ဒီဇာတ်လမ်းရဲ့စာရေးဆရာမနာမည်။
Danur 1,2,3ဆိုပြီး trilogyအနေနဲ့အောင်မြင်ခဲ့တဲ့ Horrorကားတွေကို ရေးခဲ့တဲ့ စာရေးဆရာမ။
ဒါက အင်ဒိုနီးရှားစီးရီး။အင်ဒိုသရဲကားတွေ ကြောက်စရာကောင်းရင် ဘယ်သရဲကားနဲ့မှမတူအောင်ကိုခြောက်တာ။
မြင်ဖူးကြမှာပါ ဒီကားကတော့ jump scareဘာညာတွေမဟုတ်ပဲ တစိမ့်စိမ့်ကြောက်အောင်ခြောက်တာ ဘာညာ။
ဒီကားကကျမဟုတ်ဘူး နည်းမျိုးစုံနဲ့အသားကုန်ခြောက်တာ။ဝင်ပူးလားပူးရဲ့ အကောင်အထည်ဖော်ခြောက်လား ခြောက်ရဲ့။
အသံနဲ့ခြောက်လား ခြောက်ရဲ့။
အဓိကဇာတ်ဆောင်က ကလေးတွေ။ကျောင်းပိတ်တဲ့အားလပ်ရက်ရှည်မှာ အဖိုးဖြစ်သူဆီမှာ ဝမ်းကွဲအကိုတွေမောင်တွေနဲ့
အတူနေခဲ့တဲ့ ရီဆာ။သက်ရှိတွေရဲ့တစ်ဖက်ခြမ်းက သရဲတစ္ဆေတွေကိုမြင်နိုင်တယ်ဆိုတဲ့ ရီဆာ။မောင်တစ်ယောက်က အိမ်ပျက်ကြီးကနေ
သူတို့အခေါ် ကူဂျန်ဆိုတဲ့ ဓားမြှောင်လေးယူလာခဲ့မိရော။
သူတို့ ညီမလေးဖျားတာ အဲဒီဓားမြှောင်ကြောင့်ဆိုတာသိတော့
သူ့နေရာသူ ပြန်ထားပေမယ့် ဖျားတဲ့ကလေးမက နေပြန်ကောင်းမလာ။အဲဒီဓားမြှောင်ကိုဖျက်ဆီးပစ်မယ်ဆိုပြန်တော့
ဘယ်လိုနည်းနဲ့မှဖျက်ဆီးလို့မရတဲ့အပြင် သူ့ရဲ့မူလဇစ်မြစ်နေရာထားရမယ်ဆိုတာသိရတော့
မောင်နှမလေးယောက် အယူဓလေ့တွေအများကြီးနဲ့တောထဲကို ဝင်သွားမိရာကစ၊
ဘယ်လိုအမှောင့်ပယောဂတွေ ကပ်တွယ်လာမလဲ၊ အဲဒီကပ်တွယ်လာတဲ့ အမှောင့်ပယောဂတွေကိုရော
ရင်ဆိုင်နိုင်ကြမှာလားဆိုတာ…။
(***တစ်စီးရီးလုံးနီးပါး ခြောက်လှန့်နေတာမို့ အသည်းငယ်တတ်သူတွေ မကြည့်သင့်ပါ***)
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~Cherry~Yunni~BpL~Zweတို့ပဲဖြစ်ပါတယ်)
File Size –1GB / 500MB
Quality – 1080p HS WEB DL / 720p
Duration – minute (@Episode)
Total Episodes: 10Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama & Horror & Mystery
Translator – V~Moon~Cherry~Yunni~BpL~Zwe
Encoder – YK
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။