Channel Myanmar

Kumari Srimathi (2023)

కుమారి శ్రీమతి

1 Seasons 7 Episodes
Returning Series

Kumari Srimathi (2023)

6.5
TMDb: 6.5/10 2 votes

General information

Original nameకుమారి శ్రీమతి

Backdrops

Kumari Srimathi (2023)
Kumari Srimathi (2023)
Kumari Srimathi (2023)
Kumari Srimathi (2023)
Kumari Srimathi (2023)
Kumari Srimathi (2023)
Kumari Srimathi (2023)
Kumari Srimathi (2023)

Synopsis of Kumari Srimathi (2023)

Kumari Srimathi (2023) “အပျိုကြီး ဒေါ်ရှရီမာသီ”
IMDb-7.2/10
Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ အပိုင်းခုနစ်ပိုင်းနဲ့
တောင်ပိုင်းအိန္ဒိယစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းတွဲရဲ့ နာမည်ကိုက ခပ်ဆန်းဆန်း၊ “Kumari”ဆိုတာ လက်မထပ်ရသေးတဲ့ အမျိုးသမီး၊ အပျို လူလွတ်ပေါ့။
“Srimathi”ဆိုတာက အိမ်ထောင်သည်အမျိုးသမီးတဲ့။

ဒီတော့ လက်မထပ်ရသေးတဲ့ အိမ်ထောင်သည်အမျိုးသမီးလို့ အဓိပ္ပါယ်ထွက်နေပေမယ့်လည်းအဲဒါမျိုးတော့မဟုတ်ပါဘူး။
အပျိုကြီးဒေါ်ရှရီမာသီရဲ့ ဘိုးဘွားပိုင်အိမ်ကြီးကို ကာကွယ်ဖို့ ပိုင်ဆိုင်ဖို့ကြိုးစားရုန်းကန်ပုံကို ရှုမြင်ခံစားကြရမှာပါ။
အဓိကဇာတ်ကောင်အနေနဲ့ကတော့ ဘောလိ၀ုဒ်ပရိသတ်ကြီးနဲ့ မစိမ်းလှတဲ့ မင်းသမီးချောနီသ်ယာမီနန်သရုပ်ဆောင်ထားပါတယ်။
မင်းသမီးနီသ်ယာဆိုတာ ကလေးဘ၀ကတည်းက ဟာနုမာန်ဆိုတဲ့ နိုင်ငံခြားရုပ်ရှင်ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့သူလည်းဖြစ်တယ်။

တခါတုန်းက ဂိုဒါဗာရီမြစ်ကြီးရဲ့ ကမ်းစပ်မှာ ရာမာရာဂျူလန်ကာဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်။
လယ်သမားလေးတစ်ယောက်က အဲဒီရွာမှာ အိမ်ဆောက်ချင်တဲ့ဆန္ဒဇောနဲ့အတူ အလုပ်တွေကြိုးစားလုပ်ခဲ့လိုက်တာ
နောက်ပိုင်းမှာတော့ သူ့ဆန္ဒပြည့်၀ခဲ့ပါတယ်။အဲဒီအိမ်ကြီးဆောက်ပြီးကတည်းက မိသားစုရဲ့စီးပွားလာဘ်လာဘတွေ
တိုးပွားလာခဲ့တာဆိုပြီး ဒီအိမ်ကြီးကိုဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ပါစေ ရောင်းချခြင်းမပြုဖိုး သားတွေကိုမှာထားခဲ့တယ်။
ရှရီမာသီကတော့ အဲဒီလယ်သမားလေးရဲ့ မြစ်တော်စပ်သူပေါ့။

အဘိုးဖြစ်သူက ရှရီမာသီငယ်ငယ်ကတည်းက သူ့အဖေမှာသလိုပဲ ရှရီမာသီတို့ကို ကတိတောင်းခဲ့တယ်။
သူသေတာပဲဖြစ်ဖြစ် မသေခင်မှာပဲဖြစ်ဖြစ် အိမ်ကြီးကိုဘယ်တော့မှမရောင်းဖို့ပေါ့။
ရှရီမာသီ အရွယ်ရောက်လာပြီး အဘိုးဖြစ်သူရော အဖေဖြစ်သူရောမရှိတော့တဲ့အချိန်မှာတော့
ဦးလေးဖြစ်သူက အိမ်ပေါ်ကနေ ကန်ချလိုက်တယ်။နောက်ပြီး ဘိုးဘွားပိုင်အိမ်ကြီးကို ရောင်းဖို့လုပ်တဲ့အတွက်
တရားရုံးမှာ အမွေလုဖို့ ကြိုးစားရပါတော့တယ်။

ဒါပေမဲ့လည်း အမှုရှုံးပြီး ရှရီမာသီတစ်ယောက် ရောင်းရတဲ့ငွေထဲက ရာခိုင်နှုန်းအနည်းငယ်ကို ခံစားမလား။
ဦးလေးဖြစ်သူရောင်းတဲ့စျေးနဲ့ ခြောက်လအတွင်းဝယ်မလားဆိုတဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကျလာပါတယ်။
အဲဒီမှာပဲ လစာလေးတပဲခြောက်ပြားလောက်ရတဲ့ စားသောက်ဆိုင်မန်နေဂျာမကြီး ရှရီမာသီ
ဘိုးဘွားပိုင်အိမ်ကြီးကို ပြန်ဝယ်ယူဖို့အရေး အမေဖြစ်သူအတန်တန်တားတဲ့ကြားမှာပဲ
အလုပ်ကနေထွက်ပြီး ရွာထဲမှာ “တာ့ဂျ်မဟာ”ဆိုတဲ့ ဘားနဲ့စားသောက်ဆိုင်တွဲဖွင့်ဖို့ ကြံပါတော့တယ်။
အပျိုကြီး ရှရီမာသီရဲ့ ဘားနဲ့စားသောက်ဆိုင် အောင်မြင်စွာနဲ့ဖွင့်လှစ်နိုင်မှာလား…။
အဘိုးကိုပေးခဲ့တဲ့ ကတိအတိုင်း ဘိုးဘွားပိုင်အိမ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှာလားဆိုတာ
အားပေးကြည့်ရှုကြပါဦး။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

File Size – 1.1GB /500MB

Quality – AMZ WEB DL 1080p / 720p

Duration – 37mins

Total Episodes: 7Eps

Subtitle – Myanmar Hardsub

Format – Mp4

Genre : Comedy, Drama

Translator – CM Bollywood Team

Encoder – YK

720p

Episode 1 – Yoteshin | Userdrive | Megaup | Streamvid

Episode 2 – Yoteshin | Userdrive | Megaup | Streamvid

Episode 3 – Yoteshin | Userdrive | Megaup | Streamvid

Episode 4 – Yoteshin | Userdrive | Megaup | Streamvid

Episode 5 – Yoteshin | Userdrive | Megaup | Streamvid

Episode 6 – Yoteshin | Userdrive | Megaup | Streamvid

Episode 7 – Yoteshin | Userdrive | Megaup | Streamvid

1080p

Episode 1 – Yoteshin | Userdrive | Megaup | Meganz

Episode 2 – Yoteshin | Userdrive | Megaup | Meganz

Episode 3 – Yoteshin | Userdrive | Megaup | Meganz

Episode 4 – Yoteshin | Userdrive | Megaup | Meganz

Episode 5 – Yoteshin | Userdrive | Megaup | Meganz

Episode 6 – Yoteshin | Userdrive | Megaup | Meganz

Episode 7 – Yoteshin | Userdrive | Megaup | Meganz



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Year
Firt air date
Last air date2023-09-28
TypeScripted
Popularity3.235
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments