ဒီမှတ်တမ်းဗွီဒီယိုကို HBO ရုပ်သံလိုင်းက အပိုင်း(၂)ပိုင်းခွဲပြီး
မတ်လ(၂)ရက်နေ့ နဲ့ (၃)ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ထုတ်လွှင့်ပြသပြီး နောက်တစ်ရက်မှာပဲ မိုက်ကယ်ဂျက်ဆင်ရဲ့မိသားစုဝင်တွေက
HBO ရုပ်သံလိုင်းကို လျော်ကြေးငွေ ဒေါ်လာ သန်း(၁၁၀) ရလိုမှုနဲ့ တရားစွဲခဲ့ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ကို မကြည့်ခင်မှာ စိတ်ကိုတော့ ပြင်ဆင်ထားစေချင်ပါတယ်။
မိုက်ကယ်ဟာ ကျွန်တော်တို့ရဲ့ငယ်ဘဝ ဟီးရိုးပါ။
သူနဲ့ပတ်သက်တဲ့ ကောလဟလတွေကလည်း သူမသေခင်ထဲက ထွက်ထားခဲ့တာပါ။
ဒါကိုကြည့်ပြီးတဲ့အချိန်မှာ စိတ်မောလူမောနဲ့ ဖြစ်ကျန်ခဲ့ရပါလိမ့်မယ်။
သားသမီးရှိတဲ့မိဘတွေဆိုရင်လည်း ကိုယ့်သားသမီးကိုကိုယ် ပိုပြီး ဂရုစိုက်တတ်လာပါလိမ့်မယ်။
Documentary ဆိုပေမယ့် တင်ပြပုံ သိမ်မွေ့လွန်းတဲ့အခါကျတော့
ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုကို ခံစားလာရမှာပါ။
IMDb မှာ 7.1/10 ရရှိထားပြီးတော့ Rotten Tomatoes မှာတော့ 98% တောင် ရရှိထားတာပါ။
ဒီမှတ်တမ်းရုပ်ရှင် နဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်တွေကြားမှာတော့ ခုထိ ၀ိ၀ါဒကွဲပြားနေကြတုန်းပါပဲ။
Translated by Myo Nyunt
Encoded by sithu