[Unicode]
My first love (Longing Heart)
IMDb rating 7.3/10
ကျွန်မတို့ဘဝမှာ အချစ်ဦးတစ်ယောက်တော့ရှိဖူးခဲ့ကြမှာပါ သူနဲ့ကိုယ်က ဘယ်လိုမှမနီးစပ်နိုင်ခဲ့တာကြောင့်ဖြစ်စေ
နီးစပ်နေရဲ့သားနဲ့ အခြေအနေတစ်ခုကြောင့် ဖွင့်မပြောနိုင်ခဲ့တဲ့အခါမှာဖြစ်စေ
ဒီလိုအကြောင်းတွေကြောင့် အချစ်ဦးနဲ့လွဲခဲ့ကြရပါတယ် ။
အသက်တွေကြီးလာသည့်တိုင် ငယ်ငယ်က အချစ်ဦးကို မမေ့နိုင်ပဲ သတိတရနေရှိတတ်ကြတာ
လူတွေရဲ့ထုံးစံပါပဲ။
ဒီဇာတ်ကားမှာတော့ ၂၀၁၇မှာရှိနေတဲ့ ဆရာတစ်ယောက်ဖြစ်တဲ့ ဂန်ရှင်းဝူး က
သူဖွင့်မပြောရဲခဲ့လို့လက်လွှတ်ခဲ့ရတဲ့အချစ်ဦးနဲ့ ပါတ်သက်ပြီးနောင်တတွေနဲ့
နေထိုင်နေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
တစ်နေ့မှာ အချိန်လွဲချော်မှုတွေကြောင့် ဂန်ရှင်းဝူးက မတော်တဆ လွန်ခဲ့တဲ့၁၀နှစ်ကို ပြန်ရောက်သွားပါတယ်။
အချစ်ဦးနဲ့ ဝေးခဲ့ရတဲ့သူ့အတွက်တော့ ဒါက ကြီးမားတဲ့အခွင့်အရေးတစ်ရပ်ဖြစ်လာပါတယ်။
လွန်ခဲ့တဲ့၁၀နှစ်မှာရှိခဲ့တဲ့ ၁၈နှစ်အရွယ် ကျောင်းသား ဂန်ရှင်းဝူးကို သူ့crushဖြစ်တဲ့ ဟန်ဂျီဆိုနဲ့ နီးစပ်အောင်
ပြန်ကူညီဖို့ကြိုးစားခဲ့ပါတယ် ။
အဲ့အချိန်မှာ ဟန်ဂျီဆိုက အထင်မှားပြီး ဆရာ ဂန်ရှင်းဝူးအပေါ်မှာ မေတ္တာရှိလာတဲ့အခါ
ရှုပ်ထွေးမှုလေးတွေစတင်လာပါတယ်။
ဒီဇာတ်လမ်းတွဲလေးက တကယ်ကိုဆွဲဆောင်မှုရှိပြီး ကြည်နူးစရာကောင်းတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
အချိန်ခရီးသွားဖြစ်တဲ့အတွက်အစပိုင်းမှာ ကြည့်ရတာ အနည်းငယ် ရှုပ်ထွေးပေမဲ့
ဇာတ်ကောင်တွေရဲ့ အချစ်ဦးအပေါ်လေးနက်မှုကိုတဖြည်းဖြည်းချင်း
ပေါ်လွင်လာအောင်ပြသွားတဲ့ ဇာတ်လမ်းပုံစံမျိုးဖြစ်ပါတယ်။
အနာဂတ်ကိုပြောင်းလဲဖို့ကြိုးစားတဲ့နေရာမှာလဲ
ကိုယ့်တွေးထားတာနဲ့မတူညီတဲ့ အချိုးအကွေ့လေးတွေကို
ကြည့်ရှုရမှာပါ။
Main lead ဂန်ရှင်းဝူး တစ်ယောက်တည်းဖြစ်ပေမဲ့
အသက်အရွယ် အပိုင်းအခြားမတူတဲ့အခါမှာ
အချစ်အပေါ်ထားတဲ့အမြင် သဘောထားတွေ
မတူညီတာကို တွေ့မြင်ရမှာပါ။
ဒီကားမှာတော့ CN Blue ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့
Lee Jung Shin က ဂန်ရှင်းဝူးအနေနဲ့ ပါဝင်ထားတာဖြစ်ပါတယ်။
[Zawgyi]
My first love (Longing Heart)
IMDb rating 7.3/10
ကၽြန္မတို႔ဘဝမွာ အခ်စ္ဦးတစ္ေယာက္ေတာ့ရွိဖူးခဲ့ၾကမွာပါ သူနဲ႔ကိုယ္က ဘယ္လိုမွမနီးစပ္ႏိုင္ခဲ့တာေၾကာင့္ျဖစ္ေစ
နီးစပ္ေနရဲ႕သားနဲ႔ အေျခအေနတစ္ခုေၾကာင့္ ဖြင့္မေျပာႏိုင္ခဲ့တဲ့အခါမွာျဖစ္ေစ
ဒီလိုအေၾကာင္းေတြေၾကာင့္ အခ်စ္ဦးနဲ႔လြဲခဲ့ၾကရပါတယ္ ။
အသက္ေတြႀကီးလာသည့္တိုင္ ငယ္ငယ္က အခ်စ္ဦးကို မေမ့ႏိုင္ပဲ သတိတရေနရွိတတ္ၾကတာ
လူေတြရဲ႕ထုံးစံပါပဲ။
ဒီဇာတ္ကားမွာေတာ့ ၂၀၁၇မွာရွိေနတဲ့ ဆရာတစ္ေယာက္ျဖစ္တဲ့ ဂန္ရွင္းဝူး က
သူဖြင့္မေျပာရဲခဲ့လို႔လက္လႊတ္ခဲ့ရတဲ့အခ်စ္ဦးနဲ႔ ပါတ္သက္ၿပီးေနာင္တေတြနဲ႔
ေနထိုင္ေနရတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။
တစ္ေန႔မွာ အခ်ိန္လြဲေခ်ာ္မႈေတြေၾကာင့္ ဂန္ရွင္းဝူးက မေတာ္တဆ လြန္ခဲ့တဲ့၁၀ႏွစ္ကို ျပန္ေရာက္သြားပါတယ္။
အခ်စ္ဦးနဲ႔ ေဝးခဲ့ရတဲ့သူ႔အတြက္ေတာ့ ဒါက ႀကီးမားတဲ့အခြင့္အေရးတစ္ရပ္ျဖစ္လာပါတယ္။
လြန္ခဲ့တဲ့၁၀ႏွစ္မွာရွိခဲ့တဲ့ ၁၈ႏွစ္အရြယ္ ေက်ာင္းသား ဂန္ရွင္းဝူးကို သူ႔crushျဖစ္တဲ့ ဟန္ဂ်ီဆိုနဲ႔ နီးစပ္ေအာင္
ျပန္ကူညီဖို႔ႀကိဳးစားခဲ့ပါတယ္ ။
အဲ့အခ်ိန္မွာ ဟန္ဂ်ီဆိုက အထင္မွားၿပီး ဆရာ ဂန္ရွင္းဝူးအေပၚမွာ ေမတၱာရွိလာတဲ့အခါ
ရႈပ္ေထြးမႈေလးေတြစတင္လာပါတယ္။
ဒီဇာတ္လမ္းတြဲေလးက တကယ္ကိုဆြဲေဆာင္မႈရွိၿပီး ၾကည္ႏူးစရာေကာင္းတဲ့ဇာတ္လမ္းမ်ိဳးျဖစ္ပါတယ္။
အခ်ိန္ခရီးသြားျဖစ္တဲ့အတြက္အစပိုင္းမွာ ၾကည့္ရတာ အနည္းငယ္ ရႈပ္ေထြးေပမဲ့
ဇာတ္ေကာင္ေတြရဲ႕ အခ်စ္ဦးအေပၚေလးနက္မႈကိုတျဖည္းျဖည္းခ်င္း
ေပၚလြင္လာေအာင္ျပသြားတဲ့ ဇာတ္လမ္းပုံစံမ်ိဳးျဖစ္ပါတယ္။
အနာဂတ္ကိုေျပာင္းလဲဖို႔ႀကိဳးစားတဲ့ေနရာမွာလဲ
ကိုယ့္ေတြးထားတာနဲ႔မတူညီတဲ့ အခ်ိဳးအေကြ႕ေလးေတြကို
ၾကည့္ရႈရမွာပါ။
Main lead ဂန္ရွင္းဝူး တစ္ေယာက္တည္းျဖစ္ေပမဲ့
အသက္အရြယ္ အပိုင္းအျခားမတူတဲ့အခါမွာ
အခ်စ္အေပၚထားတဲ့အျမင္ သေဘာထားေတြ
မတူညီတာကို ေတြ႕ျမင္ရမွာပါ။
ဒီကားမွာေတာ့ CN Blue ရဲ႕ အငယ္ဆုံးအဖြဲ႕ဝင္ျဖစ္တဲ့
Lee Jung Shin က ဂန္ရွင္းဝူးအေနနဲ႔ ပါဝင္ထားတာျဖစ္ပါတယ္။
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။