Channel Myanmar

Mare of Easttown (2021)

Mare of Easttown (2021)

8.6
TMDb: 8.6/10 35863 votes

General information

Synopsis of Mare of Easttown (2021)

အနုပညာရှင်တေွဟာ သူတို့ရဲ့မျက်နှာလှလှလေးထက်သူတို့ရဲ့အနုပညာကို ပိုထားဖိုးထားစေချင်ကြမှာပါ။ ကိတ်ဝင်းစလက်တစ်ယောက်ကတော့ မြို့ငယ်လေးရဲ့ စုံထောက်မကြီးနေရာကို ပေစုတ်စုတ်နဲ့ အကောင်းဆုံး ပြသွားပြီး rating 8.6 အထိ အရယူသွားပါပြီ။

Mare Easttown 2021 ဟာ tomatometer 93% ရထားပြီး IMDB 8.6 ရထားတဲ့အတွက်

စီးရီးကောင်းတစ်ခုဆိုတာ အထူးပြောစရာမလိုလောက်ပါဘူ

း ပြီးတော့ မင်းသမီးကြီး ကိတ်ဝင်းစလတ်ကိုယ်တိုင် အဓိကဇာတ်ဆောင်နေရာက ပါဝင်ထားပါတယ်

ခုလောက်ဆို စိတ်ဝင်စားနေလောက်ပြီဆိုတော့ ဇာတ်လမ်းကျောရိုးလေး ပြောပြပါမယ်

မယ်ရာ ဟာ Easttown ဆိုတဲ့ မြို့ငယ်လေးမှာ တစ်သတ်လုံးနေလာတဲ့ အရမ်းတော်တဲ့ စုံထောက်တစ်ယောက်ပါ

လူတိုင်းနဲ့သိပြီး အားလုံးကလည်း သူမကို ချစ်ခင်အားကိုးကြပါတယ်

ဒါပေမယ့် သူမဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်

မိသားစုအရေးကိစ္စတွေမှာလည်း အဆင်မပြေမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ မယ်ရာဟာ

သူ့ရဲ့မြို့လေးမှာ ဖြစ်နေတဲ့ လူသတ်မှုကို ဖြေရှင်းလည်း ကြိုးစားရပါတယ်

လူတိုင်းအတွက် သူရဲကောင်းလုပ်ရတာဟာ လက်တွေ့မှာ ဘယ်လောက်ခက်ခဲပင်ပန်းတဲ့အရာလဲဆိုတာကို

ပညာသားပါပါရိုက်ကူးပြထားလို့ ထူးခြားတဲ့စီးရီးလို့ ပြောရမှာပါ

ဒီကားဟာ ပျော်ရွှင်မှု စိတ်ပျက်မှု ဝမ်းသာမှု နာကျင်မှုတွေ စတဲ့ကောင်းခြင်းဆိုးခြင်းတွေ

ရောထွေးနေတဲ့ ဘဝတွေကို လက်တွေ့ကျကျပုံဖော်ပြထားတဲ့ လျှို့ဝှက်ဆန်းကျယ်မှုခင်းရုပ်ရှင်

ဒရမ်မာကားကောင်တစ်ကားမို့ လက်မလွှတ်သင့်ဘူးလို့ အကြံပေးပါရစေ

နောက်ပြီးတော့ ဒီကားရဲ့ ထူးခြားချက်လေးတွေကိုလည်း ပြောပြချင်ပါသေးတယ်

ဒီကားမှာ ကိတ်ဝင်းစလတ် က မိတ်ကပ်မလိမ်း ဆံပင်မပြင်ဘဲ ရိုက်ကူးထားရုံသာမက

ဇာတ်လမ်းအခြေစိုက်တဲ့ Pennsylvania ပြည်နယ်ရဲ့ လေသံကို လေ့ကျင့်ပြီး ပြောဆိုထားပါတယ်

ဒီလောက်ဆို ဇာတ်ကောင်အတွက် သူဘယ်လောက်ထိ နှစ်မြှုပ်ထားလဲ သိနိုင်ပါတယ်

Translated by Htet Wai Lwin
Enocoded by Mr. Anderson

Episode 1

VIP / Yoteshin / Megaup / Meganz / Veryfiles / Usersdrive / Upstream

Episode 2

VIP / Yoteshin / Megaup / Meganz / Veryfiles / Usersdrive / Upstream

Episode 3

VIP / Yoteshin / Megaup / Meganz / Veryfiles / Usersdrive / Upstream

Episode 4

VIP / Yoteshin / Megaup / Meganz / Veryfiles / Usersdrive / Upstream

Episode 5

VIP / Yoteshin / Megaup / Meganz / Veryfiles / Usersdrive / Upstream

Episode 6

VIP / Yoteshin / Megaup Veryfiles / Usersdrive / Upstream

Episode 7

VIP / Yoteshin / Megaup Veryfiles / Usersdrive / Upstream / Meganz

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Seasons and episodes

No data available


Videos

No data available

Comments