ခွန်ဖရားဆင်ခမ်း အဖြစ် Donut Phattharapon
ပန်ရိထိုင်/မိုင်/ ချော့အင့် အဖြစ် Garn Nuttacha
ဆီယာ အဖြစ် Biw Nattapon
ဇာတ်လမ်းအကျဉ်း
မိုင်က ရိုက်ကွင်းတွေမှာ ပြင်ပေးရတဲ့ မိတ်ကပ်ဆရာမ တစ်ယောက် ဖြစ်ပါတယ်
တစ်နေ့ မိုင်တစ်ယောက် ရှေးဟောင်းဇာတ်လမ်းတွဲရိုက်ကွင်းတစ်ခုမှာ လူရွယ်တစ်ယောက်ပေါ်လာပြီး ပြန်လာတော့လို့ပြောနေတာကို ကြားခဲ့ရတယ်
နောက်ရက်တွေမှာ မိုင့်မိခင်ဖြစ်သူက စိတ်မချသလိုခံစားရလို့ မိုင့်ကို ရိုက်ကွင်းမသွားစေချင်ပေမဲ့ မိုင်က အစ်မဖြစ်သူမြူနဲ့ရအောင်သွားခဲ့ပါတယ်
ရိုက်ကွင်းအပြန်ညမှာ မြင်နေကျလူရွယ်ကပဲ ပေါ်လာပြီး “ပြန်လာ”လို့ပြောတာမြင်လိုက်ရာမှ မိုးကြိုးတစ်ခုက မိုင့်ပေါ်ပစ်ချရင်း လွန်ခဲ့တဲ့နှစ်ရာချီကို ပြန်ရောက်သွားခဲ့တယ်
မိုင်တစ်ယောက် မျိိုးရိုးမြင့်ဖြစ်သူ ခွန်ဖရားဆင်ခမ်းတို့ အိမ်ကို ရောက်သွားခဲ့ရာမှ လည်ပင်းကအဆောင်ကြောင့် ဆွေမျိုးတော်စပ်သူဆိုပြီး စောင့်ရှောက်ထားခံရပါတော့တယ်
မိုင်တစ်ယောက် ဘာအကြောင်းကြောင့် ရှေးကာလကို ရောက်သွားခဲ့ရတာလဲ
မိုင့်ကို ပြန်လာခိုင်းနေတဲ့ လူရွယ်ကရော ဘယ်သူများလဲ
မှော်ဖြူမှော်နက်သုံးကြတဲ့ ခေတ်ကာလမှာ လူချောလေး ခွန်ဖရားဆင်ခမ်းနဲ့ မိုင်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်
Native Title: ฤทัยบดี
Episodes: 10
Aired: May 15, 2023 – ?
Aired On: Monday, Tuesday
Original Network: Channel 7
Translated by Nang Mwe Kham & Kyi Nue Zin
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။