Channel Myanmar

Sanctuary (2023)

サンクチュアリ -聖域-

1 Seasons 8 Episodes
Returning Series

Sanctuary (2023)

8.0
TMDb: 8.0/10 2500 votes

General information

Original nameサンクチュアリ -聖域-
Created by

Synopsis of Sanctuary (2023)

Sanctuary ( 2023 )
==============
IMDb Rating – 8.0/10

ဒီဇာတ်လမ်းတွဲက ရှားရှားပါးပါးမြင်ရတယ်‌ပြောရမလား နက်ဖလစ်မှာ
ကျွန်တော်တို့ ပုံမှန်အနေနဲ့ ဒီလိုဂျပန်ဇာတ်လမ်းတွဲမျိုး မြင်ရခဲတယ်။
သူက တခြားမဟုတ်ဘဲ ဆူမိုနပန်းပွဲတွေအကြောင်း ရိုက်ထားတဲ့ ဇာတ်
လမ်းကိုး။ ထူးတာက ဒီလို ရိုက်ထားတဲ့နေရာမှာ ဇာတ်လမ်းက ဇာတ်
လမ်းလည်းဆန်သလို တစ်ဖက်မှာလည်း ဇာတ်လမ်းမဆန်ဘူး။ ပြော
ချင်တာက ဇာတ်လမ်းပေမဲ့ ဒိုကူမန်ထရီရိုက်ထားသလို အငွေ့အသက်
ပါရတယ်။ ဒီလိုရိုက်ထားလို့ ပျင်းစရာတော့ လုံးဝမကောင်းဘဲ ပိုစိတ်
ဝင်စားစရာကောင်းသွားတယ်။

ဆူမိုက ဂျပန်မှာပဲ တွေ့ရနိုင်တဲ့ ဂျပန်ရိုးရာအားကစားစစ်စစ်ပါပဲ။ ဆူမိုကို
ဂျပန်မှာ ပထမဆုံး စကစားတာက ၁၆ရာစုအလယ်ပိုင်း တိုခုဂါဝခေတ်
ကတည်းကဆိုတော့ အခုထိဆို ၅ရာစုလောက်ရှိပြီပြောရမယ်။ ဆူမိုဆိုတဲ့
စကားလုံးကို စတွေ့တာက ၇၁၂ခုနှစ်ကတည်းကဆိုတော့ နှစ်ထောင်ချီ
ပြီလည်း ‌ပြောကြတယ်။ ဆူမိုအားကစားဟာ ကြမ်းတမ်းခက်ခဲတဲ့ အား
ကစားတစ်ခုပီသစွာပဲ ဆူမိုသမိုင်းတစ်လျှောက်မှာ ယိုခိုဇုနလို့ခေါ်တဲ့ grand
championတွေ သိပ်မရှိခဲ့ဘူး။ ဒီလိုချန်ပီယံဖြစ်လာဖို့ကလည်း မလွယ်ခဲ့
ဘူး။ ဒါပေမဲ့လည်း ဆူမိုနပန်းသမားတိုင်းနီးပါး ဆူမိုစဆော့ပြီဆိုတာနဲ့
သူတို့ရဲ့ပန်းတိုင်က ယိုခိုဇုနဖြစ်လာဖို့ကို ဦးတည်နေတယ်။ အဲဒီလိုဖြစ်
လာပြီဆို ရတဲ့အခွင့်အလမ်းတွေ ငွေကြေးတွေကလည်း မက်မောဖို့
ကောင်းသကိုး။

ဇာတ်လမ်းကတော့ ခိယောရှိလို့ခေါ်တဲ့ လူပေလူတေတစ်ယောက်ရဲ့ဘဝ
နဲ့စတယ်။ အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အိမ်က လူပေါ့။ သူဟာ
ဆူမိုကို စိတ်ဝင်စားတဲ့လူ လုံးဝမဟုတ်ပေမဲ့ အဲဒီအကြွေးတွေကြောင့်ပဲ
ငွေလိုချင်လို့ ခက်ခဲကြမ်းတမ်းတဲ့ ဆူမိုနပန်းသမားလမ်းကို လျှောက်ခဲ့
တယ်။ လူရွတ်ဆိုတော့ ဆူမိုရဲ့ စည်းတွေဘောင်တွေကို သူသဘောမကျ
သလို လိုက်လည်းမလိုက်နာဘူး။ ဆူမိုလေ့ကျင့်ရေးရဲ့အသက်ဖြစ်တဲ့
ခါးအောက်ပိုင်းလေ့ကျင့်မှုကိုလည်း သူက အချည်းနှီးလို့ထင်တယ်။
လိုက်မလုပ်ဘူးပေါ့။ ဒါပေမဲ့ အဲဒီလေ့ကျင့်ရေးတွေဟာ အလကားထား
ထားတာမဟုတ်တော့ သူနိုင်တော့မနိုင်ခဲ့ပါဘူး။ ပွဲတိုင်းရှုံးခဲ့သလို ဆောင့်
ကြွားကြွားလုပ်နေတာကြောင့်လည်း ပိုအနိုင်ကျင့်ခံခဲ့ရတယ်။ ဒီကနေမှ
သူ့ရဲ့ လွတ်လပ်တဲ့ပုံရယ် ဆူမိုရဲ့အခြေခံတွေရယ်‌ပေါင်းပြီး ထိပ်တန်းဆူမို
ကစားသမားဖြစ်လာအောင် လျှောက်တဲ့လမ်းမှာ အောင်မြင်မလား ကျရှုံး
မလား ကျွန်တော်တို့ကြည့်ရမှာပါ။ ဒီကားမှာ ခပ်ချောချောမင်းသားလည်း
မပါသလို ကာရိုက်တာတွေကလည်းလန့်ဖို့ကောင်းပါတယ်။ အဓိကဇာတ်
ကောင်ရဲ့ အဓိကပြိုင်ဘက်ဖြစ်လာမယ့် ဆူမိုနပန်းသမားဆိုလည်း တကယ့်
အပြင်က နပန်းသမားအစစ်ကို ခေါ်သုံးထားတယ်။ နောက်Deadpool 2
ကားထဲက စော်လေးယုခိအိုတစ်ဖြစ်လဲ Shioli Kutsunaလည်းပါတယ်။
Deadpool 3 မှာလည်း ပြန်ပါဦးမှာပါ။ ဒီစီးရီးမှာတော့ သူက အမေရိကန်
ဖွားဂျပန်သူ သတင်းထောက်မလေးအဖြစ် သရုပ်ဆောင်ထားတယ်။ သူ့
ကာရိုက်တာဟာ ဆူမိုလောကကို ကျွန်တော်တို့နဲ့အတူရင်းနှီးလာဖို့ ထည့်
သွင်းထားတဲ့ ကာရိုက်တာလို့ပြောလို့ရတယ်။ သူက ဆူမိုလောကရဲ့ရက်
စက်တဲ့လေ့ကျင့်ရေးတွေကို မနှစ်မြို့တဲ့လူဖြစ်ပြီး ဆူမိုလောကရဲ့အမှောင်
ခြမ်းတွေကို ကမ္ဘာကြီးသိအောင်ထုတ်ဖော်ချင်တဲ့လူပေါ့။ နောက်မင်းသားရဲ့
ပြိုင်ဘက်တွေ လေ့ကျင့်ဖော်တွေ သူ့ကိုအားပေးတဲ့လူတွေစသဖြင့် ကာရိုက်
တာမျိုးစုံကို စုံနေအောင်ထည့်သွင်းပြီး ဆူမိုလောကကြီးကို လက်တွေ့ကျ
အောင်ပုံဖော်ထားတယ်။

ဒီဆူမိုကားမှာ ကျွန်တော်တို့အမြဲမြင်နေရသလို ပြိုင်ဘက်က ဘယ်လောက်
မှားမှား အားကစားစိတ်နဲ့ အရာရာကိုကျော်ဖြတ်မယ်ဆိုတဲ့ ဆိုက်မျိုးနဲ့တော့
မြင်ရမှာမဟုတ်ဘူး။ အေး မင်းကညစ်တယ်မလား ငါလည်း ပြန်ညစ်ပြမယ်
ဆိုပြီး စည်းကမ်းတွေကို လက်တစ်လုံးခြားလုပ်တဲ့ကောင်တွေ ဒဲ့ကြီးဖောက်ပြီး
ထီမထင်တဲ့ကောင်တွေ မျိုးစုံကို တွေ့ရလိမ့်မယ်။ ဒီလိုရက်စက်ခြင်းတွေနဲ့
တစ်ချိန်တည်းမှာပဲ ငယ်ငယ်က ကျွန်တော်တို့ကြည့်ခဲ့ကြတဲ့ ပြိုင်ကားအနီလေး
ကားထဲက ကားအနီလေးက သံချေးတက်နေတဲ့ကားစုတ်ကြီးကို တွန်းပေးပြီး
အတူတူပန်းဝင်ခဲ့ကြသလို အရှုံးအနိုင်တွေက အရေးမကြီးတော့တဲ့အခါတွေ
လည်း ကျွန်တော်တို့တွေ့ရလိမ့်မယ်။ အရှုံးတွေ အနိုင်တွေ ကောင်းတာတွေ
မကောင်းတာတွေရဲ့ ကြားက စည်းက တော်တော်ပါးပါတယ်။ ဆူမိုဆိုတဲ့ အရာ
တစ်ခုကို ချစ်ခြင်းနဲ့ မချစ်ခြင်းကလည်း တော်တော်ပါးတယ်။ ဒါတွေအားလုံးကို
ဒီဇာတ်လမ်းဟာ မြင်သာအောင် ရိုက်ပြသွားခဲ့တယ်။ တကယ်လို့သာ ခင်ဗျား
လည်း ကျွန်တော့်လို ဆူမိုဆိုတာကို လူဝကြီးနှစ်ယောက် အားပြိုင်တွန်းတဲ့ပွဲလို့
ထင်ကောင်းထင်ခဲ့မယ်ဆိုရင် ဒီဇာတ်လမ်းတွဲဟာ ခင်ဗျားအမြင်ကို ပြောင်းလဲ
ပေးနိုင်မှာတော့ သေချာတယ်။ ဒီဇာတ်လမ်းဟာ ဆူမိုကို ခင်ဗျား မချစ်မိရင်
တောင် လေးစားမိသွားအောင် လုပ်ပေးပါလိမ့်မယ်။

(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်။)

File Size………….(350 MB) / (830 MB)
Quality……………WEB-DL 720p / 1080p
Duration…………1Hr(@Episode)
Subtitle…………..Myanmar Hardsub
Format……………MP4
Genre……………..Drama, Sport
Translator……….WiRa Aung
Encoder…………..Zin Phyo Aung

 

720P (350 Mb)

———————————–

Episode(1) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(2) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(3) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(4) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(5) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(6) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(7) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(8) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid  – END

 

1080P (830 MB)

———————————–

Episode(1) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(2) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(3) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(4) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(5) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(6) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(7) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(8) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid  – END

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Production
Release Year
Firt air date
Last air date2023-05-04
TypeScripted
Episode runtime60 min
Popularity74.99
TV StatusReturning Series

Seasons and episodes

No data available


Videos

No data available

Comments