Channel Myanmar

SisterS (2023) Complete

SisterS

1 Seasons 6 Episodes
Ended

SisterS (2023) Complete

7.1
TMDb: 7.1/10 4 votes

General information

Original nameSisterS

Backdrops

SisterS (2023) Complete
SisterS (2023) Complete
SisterS (2023) Complete
SisterS (2023) Complete

Synopsis of SisterS (2023) Complete

SisterS (2023)

 

~ IMDb – 7.1/10, Rotten Tomatoes – 100% ~

 

ဒီစီးရီးလေးက ရိုးရိုးလေးပဲ။ ဘာမှဆန်းဆန်းပြားပြားမပါဘူး။ အဆန်းဆုံးက ကနေဒါသူနဲ့ အိုင်ယာလန်သူ ညီအစ်မဖြစ်နေတာပဲလို့ပြောရမယ်။ ဖအေတူ မအေကွဲတွေပေါ့။ ဒါ အဆန်းဆုံးပဲ။ ကျန်တာ ဘာမှဆန်းဆန်းပြားပြားမပါဘူး။ ဒါပေမဲ့ တော်တော်လေး ရိုးရှင်းပေမဲ့ စိတ်ပေါ့ပါးသွားစေမယ့် ချစ်စရာဇာတ်လမ်းတွဲလေး။

 

ကနေဒါက ကောင်မလေးက တစ်သက်လုံးအမေနဲ့နေလာတယ်။ အဖေဆိုတာ ဘာလဲတောင်မသိခဲ့ဘူး။ သူ့အမေကတော့ သူ့အဖေ ဆုံးသွားပြီလို့ပြောထားတယ်။ တစ်နေ့ သူ့အမေရဲ့သေတမ်းစာ သူ့လက်ထဲရောက်လာမှပဲ သူ့မှာ အဖေရှိသေးတာသိလိုက်ရတယ်။ ဒီလိုနဲ့ သူ့အဖေရှိတဲ့ အိုင်ယာလန်ကို သူရောက်လာတယ်။ သူ့အဖေရဲ့ မယားကြီးနဲ့ တွေ့ကြတယ်။ ရှိမှန်းမသိခဲ့တဲ့ သူ့အစ်မနဲ့လည်းတွေ့ကြတယ်။ အသက်၃၀ကျော်ပြီးမှ တွေ့ကြတဲ့ ညီအစ်မတတွေပေါ့။ သူကတော့ အဆင်ပြေနေပေမဲ့ သူ့အမက စားပွဲထိုးလုပ်ရင်း အကြွေးတွေတင်နေရင်း ဘဝကခက်ခဲနေတယ်။ ဘယ်သူ့ကိုမှလည်း အမြင်ကြည်မနေဘူး။ ဒီလိုနဲ့ သူ့အစ်မအကြွေးတွေဆပ်ပေးပြီး သူ့အဖေရှိတဲ့မြို့ကို အကြွေးဆပ်ပေးတဲ့အဖိုးအခအနေနဲ့ လိုက်ပို့ခိုင်းတဲ့ ညီအစ်မ နှစ်ယောက်ရဲ့ခရီးလေးပေါ့။ သူတို့ ညီအစ်မချင်း အမြင်ကတ်ကတ်နဲ့ကို သွေးကစကားပြောရင်း ချစ်မိနေတာတွေကို မြင်ရမယ့် စီးရီးလေးပေါ့။

 

ဒီစီးရီးဟာ ကျွန်တော်တို့ငယ်ငယ်က တော်တော်လေး သဘောကျခဲ့တဲ့ Leap Year ကို ညီအစ်မဗားရှင်းနဲ့ ပြန်ပြောင်းပေးထားတဲ့ စီးရီးလို့ပြောလို့ရတဲ့အထိ တော်တော်တူပါတယ်။ Leap Year ကို ကြိုက်တဲ့လူတွေ ဒီစီးရီးကိုကြည့်သင့်သလို ဒီတိုင်း အေးအေးချမ်းချမ်းလေးနဲ့ ရယ်လည်းရယ်ရ ပျော်ဖို့လည်းကောင်းနေမယ့် ပေါ့ပေါ့ပါးပါးစီးရီးမျိုး ကြည့်ချင်တဲ့လူတွေလည်း အကြိုက်တွေ့မှာပါ။

 

(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)

Size ~ 400MB+
Total – 6 Episodes
Quality – 1080p
Duration ~ 35min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Comedy, Drama
Source : BR.Web-dl.1080p
Translator – W
Encoder – Y

 


 

Series Complete Zip (Yoteshin)

 

Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 5 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 6 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 


 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2023-05-04
TypeMiniseries
Popularity6.082
TV StatusEnded

Seasons and episodes

No data available


Videos

Comments