Taaza Khabar 2023
IMDb-8.4/10
ဒီတစ်ခါတော့ အိန္ဒိယရဲ့ပထမဆုံး subscriber 10 သန်းရရှိခဲ့တဲ့နာမည်ကြီး youtuber
Bhuvan Bam အဓိကပါဝင်သရုပ်ဆောင်ထားတဲ့စီးရီးလေးတင်ဆက်ပေးချင်ပါတယ်
ဒီထဲမှာတော့သူက ဗက်စ်ရာဆိုတဲ့ ကောင်လေးအနေနဲ့သရုပ်ဆောင်ထားပါတယ်
အိန္ဒိယမှာတော့သူပါတယ်ဆိုတာနဲ့တင် ကြည့်ရှူသူများစွာရခဲ့တဲ့စီးရီးဖြစ်ပါတယ်
ဗက်စ်ရာဆိုတဲ့ကောင်လေးဟာ ဆင်းရဲနုံချာလွန်းတဲ့အတွက် အများပိုင်အိမ်သာမှာ
အစောင့်လုပ်ရသူပါ အရင်တည်းကချမ်းသာချင်လွန်းတဲ့သူဟာ တစ်နေ့အမေကိုသူ့အလုပ်ရှင်က
နှိပ်စက်နေတာမြင်တော့ ပိုလို့ချမ်းသာကြွယ်ဝချင်လာပါတော့တယ်
ပင်ကိုယ်စိတ်ရင်းကောင်းတဲ့သူဟာ ဘယ်သူကမှအရေးမလုပ်အိမ်သာထဲလဲနေတဲ့အဘွားကြီးကို
ကယ်ဆယ်ရာကနေ သူ့ဘဝကိုပြောင်းလဲပေးတဲ့အစွမ်းတွေရလာပါတော့တယ်
အရာအားလုံးကို လူတိုင်းထက်နှာတစ်ဖျားသာရစေဆိုတဲ့ဆုပါပဲ
ဒီလိုနဲ့သူဟာရှေ့ဖြစ်လာမယ့်အရာတွေကိုကြိုသိလာခဲ့ပြီး သူ့အပါအဝင်သူ့ဘေးကလူတွေပါ
ချမ်းသာကြွယ်ဝလာပါတော့တယ်
အားလုံးအဆင်ပြေပြီး တတိုင်းရနေတော့ရော ဘဝကြီးကပြီးပြည့်စုံသွားပါပြီလား
တစ်သက်လုံးမတွေးဖူးတဲ့အရာတွေကြုံတွေ့ပိုင်ဆိုင်လာရသူဟာ အကောင်းလောကဓံတွေကို
ကြံ့ကြံ့ခံနိုင်ပါရဲ့လား
ဗက်စ်ရာကရော သူပိုင်ဆိုင်လာရတာတွေနဲ့ ပျော်ရွှင်စွာနေသွားကြလေသတည်းဖြစ်ပါ့မလားဆိုတာ
ပရိသတ်ကြီးရှုစားကြည့်ပါ
အဓိကဇာတ်ဆောင် Bhuvan Bam ဟာ စကားပြောစွမ်းရည်ကောင်းသူလို့နာမည်ကြီးသူဖြစ်ပါတယ်
Comedy Thriller ဖြစ်တဲ့ ဒီကားမှာလည်း သူ့ရဲ့စကားပြောစွမ်းရည်နဲ့
ဟာသလေးတွေထည့်သွင်းထားတာဟာ ကလိထိုးရယ်ရမယ့်ပေါကားစာရင်းထဲတော့ပါမှာမဟုတ်ပါဘူး
လက်တွေ့ဘဝထင်ဟပ်တဲ့ plot တွေနဲ့ တွေးတွေးပြီးရယ်နေရတဲ့ဟာသကားလေးဟာ တစ်ပိုင်းပြီးတစ်ပိုင်း
မနားတမ်းကြည့်စေချင်လောက်သည်ထိစွဲရတယ်ဆိုတဲ့ အညွှန်းတွေရထားတာဖြစ်ပါတယ်
File Size – 600MB / 300MB
Quality – 1080p HS WEB DL / 7200
Duration – 30mins
Total Episodes: 6Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Sci-Fi & Fantasy
Translator – Nyein Aye , BpL , Yunni
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။