The Snow Queen(2006)
ဆင်းရဲသားရပ်ကွက်ကမွေးဖွားခဲ့တဲ့ကောင်လေးတစ်ယောက်ရှိတယ်…
သူကစိတ်သဘောထားလည်းဖြူစင်သလို မွေးရာပါ
ပါရမီရှင် သင်္ချာအရမ်းတော်တဲ့
ကောင်လေးတစ်ယောက်ပါ …ဒီလိုနဲ့
ကိုရီးယားအထက်တန်းကိုရောက်လာတော့
သူငယ်ချင်းတွေအများကြီးရခဲ့တာပေါ့…
ပထမရတဲ့သူကိုပဲလူတွေကအမှတ်ရတာပါဆိုတဲ့
အယူအဆကိုလက်ကိုင်ထားတဲ့
သူဌေးသား သင်္ချာတော်တဲ့ပြိုင်ဘက်တစ်ယောက်နဲ့အတန်းထဲမှာဆုံကြတယ်….
လိုတရသူဌေးသား ဖြစ်တဲ့အပြင်သင်္ချာအရာမှာလည်းပြိုင်ဘက်ကင်းဆိုတဲ့ဂုဏ်ပုဒ်ဟာ
ဆင်းရဲသားကျောင်းသားသစ်လေးရောက်လာတော့ သူ့ဂုဏ်ပုဒ်ဟာမှေးမှိန်ခဲ့ရတယ်….
တစ်ယောက်နဲ့တစ်ယောက် ပညာရပ်ဆိုင်ရာတွေငြင်းခုန်ရင်းနဲ့ပဲ မခွဲနိုင်မခွာနိုင်အခင်ဆုံး
သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်…
ဒီလိုနဲ့ကမ္ဘာ့အိုလံပစ်သင်္ချာအိုလံပစ်ပြိုင်ပွဲရောက်လာရော
အများသူငှာမျှော်လင့်ထားသလိုသူဌေးသားလေးကပထမဆုမရခဲ့ဘဲ ဒုတိယဆုနဲ့ပဲကျေနပ်ခဲ့ရတယ်…
ဆင်းရဲသားလူငယ်လေးကတော့ပထမရသွားတယ်….
အရမ်းခံစားနေရတဲ့သူငယ်ချင်းကိုဆင်းရဲသားလေးကနှစ်
သိမ့်ပေးခဲ့ပါတယ်… ဒီမှာပဲကံကြမ္မာအလှည့်အပြောင်း
ကစတော့တာပဲ သူနှစ်သိမ့်ဖို့သုံးတဲ့စကားလုံးအသုံးအနှုန်းကပဲ
သူဌေးသားလေးကိုသေဆုံးသွားဖို့အကြောင်း
ဖန်လာခဲ့တယ်….
ဆင်းရဲသားကောင်လေးက ကိုယ့်ကိုကိုယ်ယူကြုံးမရဖြစ် နောင်တတွေတပွေ့တပိုက်နဲ့ပေါ့…
ရည်မှန်းချက်တွေလည်းပျောက်ကျောင်းကထွက်တဲ့အပြင်
သိပ်ချစ်ရတဲ့အမေကိုတောင်ထားပြီးထွက်ပြေးသွားတယ်….
ဒီလိုနဲ့ နာမည်တွေလည်းပြောင်း လက်ဝှေ့လည်းထိုးရင်းနဲ့
သိပ်ချစ်တဲ့ကောင်မလေးတစ်ယောက်ကိုမမျှော်လင့်ပဲတွေ့ခဲ့မိတယ် …..
အရမ်းချစ်စရာကောင်းတဲ့ကောင်မလေး ဟာ
ဘယ်လိုအသိုင်းအဝိုင်းလည်း ဘယ်မိသားစုကလည်း
ဆင်းရဲသားကောင်လေးကရော သူ့ဘဝကိုဘယ်လိုအဖတ်ဆယ်မလဲ
အတိတ်ဆိုးဆိုကရောထွက်ပြေးရုံနဲ့လွတ်မှာလား….
အရမ်းကောင်းတဲ့ဇတ်ကားလေးပါ ကြည့်ရှုသူအနေနဲ့
မချီးကျူးပဲမနေနိုင်အောင်ဖြစ်သလို
မီးပြတ်သွားမှာစိုးရိမ်ရတဲ့ဇတ်ကားမျိုးပါ….
မိတ်ကပ်အပြင်အဆင် editor ပိုင်း
သရုပ်ဆောင်ချက်တွေ အားလုံးကောင်းလွန်းပါတယ်….
ကဲပရိတ်သတ်ကြီးရေ ဒီလောက်ဆိုလုံလောက်ပြီထင်ပါတယ်
IMDb rating 8.3 အထိရရှိထားတဲ့ ဒရမ်မာဇာတ်ကားကောင်းတကားဖြစ်ပါတယ်။
File size…(400MB) For Each Episode
Total Episodes …. 16 Episodes
Quality…HDTV Rip 720p
Format…mp4
Subtitle….Myanmar Subtitle (Hardsub)
Encoder….Aung Pyay
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။