Channel Myanmar

tvN O’PENING (2022)

tvN O’PENING (2022)

no data

General information

Synopsis of tvN O’PENING (2022)

Episode 01+02+03+04 : What Are You Doing In the Office?

မနေ့တစ်နေ့ကမှ ကိုယ်နဲ့ Sex ဖြစ်ခဲ့တဲ့ ယောက်ျားတစ်ယောက်နဲ့
ကိုယ့်ရဲ့ လွန်ခဲ့တဲ့ ၂ နှစ်က တော်စပ်ခဲ့ဖူးတဲ့ ရည်းစားဟောင်းဟာ
ကိုယ်နဲ့အတူ ကုမ္ပဏီတစ်ခု ဌာနတစ်ခုတည်းမှာ မျက်နှာချင်းဆိုင်ပြီး
အလုပ်လုပ်ရမယ့်သူတွေ ဖြစ်နေမယ်ဆိုရင် သင်သာဆို ဘယ်လိုနေမလဲ?

Wi Da-In ကတော့ ကျွမ်းကျင်တဲ့ အလွတ်တန်းဒီဇိုင်နာ တစ်ယောက်ပါ ။
လွန်ခဲ့တဲ့ညကပဲ သူမနဲ့အတူ Sex ဖြစ်ခဲ့တဲ့ Park Hyun-Woo ဟာ
သူမ အလုပ်လုပ်ရမယ့် Brand Agency ရဲ့ အဖွဲ့မှူးဖြစ်နေတဲ့အခါ …..

ဒါ့အပြင် သူမ အလုပ်လုပ်တဲ့ဌာနကို လွန်ခဲ့တဲ့ နှစ်နှစ်က
သူမရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Jeon Jin-Seok ကပါ
ဝန်ထမ်းအသစ်အနေနဲ့ရောက်ရှိလာခဲ့ပြီးတဲ့နောက်
Wi Da-In ရဲ့ လုပ်ငန်းခွင်ဘဝက ဘယ်လို အိုးနင်းခွက်နင်းတွေ ဆက်ဖြစ်သွားမလဲ?

အချစ်ရေးမှာရော ဘယ်လိုတွေ ဆက်ဖြစ်မှာလဲ?

ဖက်ပေါ် ဆူးကျလည်း ဆူးကျိုး ၊ ဆူးပေါ်ဖက်ကျလည်း ဆူးပဲကျိုးရမယ့်
Wi Da-In တို့ သူငယ်ချင်းတစ်စုရဲ့ အင်အားကို ဘယ်သူကများ ခံနိုင်ရည်ရှိပြီး
ချစ်ခြင်းတရားဆီကို အရောက်လှမ်းသွားနိုင်မလဲဆိုတာ အခွီလေးတွေနဲ့ ရင်တမမကြည့်ရှူရမှာပဲ ဖြစ်ပါတယ် ။

အညွှန်းကိုတော့ Hmwe Thet Winn က ‌ရေးထားပေးပြီးတော့

ဘာသာပြန်ထားတာကတော့ Hmwe Thet Winn နဲ့ Joyz တို့ပဲ ဖြစ်ပါတယ်။

Genre…..Comedy, Romance
Episodes….2
Aired on….2 May 2022 … 3 May 20222
Quality….WEB-DL 1080p and 720p
File size…1GB and 500MB
Format…mp4
Duration….1h 10min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Hmwe Thet Winn & Joyz
Encoder ….. August

VIP Link – Click Here!

720p

Episode 01 – Userdrive | Yoteshin | Megaup | Streamsb | Telegram

Episode 02 – Userdrive | Yoteshin | Megaup | Streamsb | Telegram

 

1080p

Episode 01 – Userdrive | Yoteshin | Megaup | Meganz | Telegram

Episode 02 – Userdrive | Yoteshin | Megaup | Meganz | Telegram

 

Episode 05+06 : XX + XY

ရွေးချယ်စရာအများကြီးရှိတဲ့ လူတွေရဲ့နေ့စဉ်ဘဝမှာ ရွေးလို့မရတာ နှစ်ခုပဲရှိပါတယ်

အဲဒါကတော့ “မိဘ” နဲ့ ကိုယ်မွေးကတည်းကဖြစ်တည်လာတဲ့ “လိင်” ပါတဲ့
လိင်အမျိုးအစားမှာ Genetics (မျိုးဗီဇသဘောတရား) အရ
အမျိုးသမီး က XX ဖြစ်ပြီးတော့ အမျိုးသားက XY ဖြစ်ပါတယ်။

ဒါပေမဲ့ ထူးခြားတဲ့အဖြစ်တွေရှိတယ်ဆိုတာလည်း မေ့ထားလို့မရပြန်ပါဘူး
ဘာလို့လဲဆိုတော့ လိင်နှစ်မျိုးလုံးပါတဲ့သူတွေလည်း ရှိနေသေးလို့ပါ
သူတိုကို Intersex လိုခေါ်ကြပြီး လိင်နှစ်မျိုးပါဝင်နေကြပါတယ်
သူတို့ထဲက တချိုက ယောက်ျားလေးဘဝကို ရွေးချယ်ပြီး မိန်းကလေးဘဝကို ရွေးချယ်တတ်ကြပါတယ်

ကျွန်တော်တို့ရဲ့ဇာတ်လိုက်ဂျောင်ဂျယ်အီကလည်း မွေးကတည်းက intersex အနေနဲ့မွေးဖွားလာပါတယ်
အိမ်မှာပဲစာသင်လာရင်းက အထက်တန်းကျောင်းမှာပထမဆုံး ကျောင်းတက်ခွင့်ရသွားတဲ့အခါမှာ….
အဲအချိန်ထိ ဘယ်လိင်ကိုရွေးချယ်ရမှန်းမသိသေးတဲ့ ဂျောင်ဂျယ်အီတစ်ယောက်တော့
မိန်းကလေးသူငယ်ချင်းဖြစ်တဲ့ ဆယ်ရာ က ရေလာမြောင်းပေး လုပ်လာတာနဲ့အတူ
ဘေးချင်းကပ်ထိုင်ရတဲ့ ကောင်လေးသူငယ်ချင်း ဘန်းဝူရမ် ကလည်း စိတ်ဝင်စားတာခံရပါတော့တယ်
ဂျောင်ဂျယ်အီက ဘယ်သူ့ကိုစိတ်ဝင်စားပြီး ဘာကိုရွေးချယ်မလဲ…
ပုံမှန်ဇာတ်လမ်းတွေနဲ့ခွဲထွက်ပြီး LGBT ကိုလက်ခံထားတဲ့ မိသားစုအနေနဲ့လည်းတွေ့ရမှာဖြစ်လို့
တကယ်ကိုလက်မလွှတ်သင့်တဲ့ movie လေးဖြစ်ပါတယ်

အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့

ဘာသာပြန်ထားတာကတော့ Joyz  နဲ့ Hmwe ပဲ ဖြစ်ပါတယ်။

Genre…..Dram, Romance
Episodes….2
Aired on….9 May 2022 … 10 May 20222
Quality….WEB-DL  720p
File size…500MB
Format…mp4
Duration….1h 10min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Joyz and Hmwe
Encoder ….. August

720p

Episode 01 – Userdrive | Yoteshin | Megaup | Meganz | Streamsb | Telegram

Episode 02 – Userdrive | Yoteshin | Megaup | Meganz | Streamsb | Telegram

 

Episode 07 : Don’t Announce Your Husband’s Death

မတော်တဆမှုတစ်ခုကြောင့် ဆေးစစ်ရာကနေတစ်ဆင့်
မိမိဟာ အမြုံယောက်ျားတစ်ယောက်ဖြစ်နေကြောင်း သိရှိခဲ့ရတဲ့ Yoo Jae-Young

သူ့အတွက်ပိုပြီး အံ့ဩစရာကောင်းနေတာကတော့ ကလေးရနိုင်ခြေ 1% ပဲရှိတဲ့ သူ့ရဲ့ Sperm ကနေ
မျိုးအောင်ထားတဲ့ ကလေးတစ်ယောက်ရှိနေတယ်ဆိုတဲ့ သတင်းပါပဲ
နောက်ထပ်သားသမီး မရနိုင်ဘူးဆိုတာ သေချာသလောက်ရှိနေတဲ့ Yoo Jae-Young ကတော့
သူ့ရဲ့တစ်ဦးတည်းသော သွေးသားကို ကာကွယ်ဖို့ ကြိုးစားပါတော့တယ်
တစ်ဖက်မှာလည်း ဖန်ပြွန်သန္ဓေကနေတစ်ဆင့် ကလေး ရထားတဲ့ မိခင် Yoo Young-Joo ဟာ
သူ့ကိုပစ်ထားတဲ့ခင်ပွန်းသည်ကြောင့် အထီးကျန်နေရချိန်မှာ
Yoo Jae-Young တစ်ယောက်ကတော့ သူ့ရဲ့ဘေးအိမ်ကို ပြောင်းလာခဲ့ပါတယ်

အထီးကျန်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ အမြုံယောက်ျားတို့ တွေ့ဆုံကြပြီးနောက် ဘာတွေဆက်ဖြစ်ကြမလဲ?
ကိုယ့်သွေးသားကို ကာကွယ်မယ်ဆိုတဲ့ Jae-Young က ဘာလို့များ Young-Joo တို့ဘေးအိမ်ကိုမှ ပြောင်းလာရသလဲဆိုတာ
စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာဖြစ်သလို မိဘမေတ္တာကိုလည်း ခံစားရစေမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ

အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။

 

720p – Userdrive | Yoteshin | Megaup | Meganz | Streamsb | Telegram

 480p – Userdrive | Yoteshin| Megaup | Meganz | Streamsb | Telegram

 

Episode 08 – The Apartment is Beautiful

ဒီတစ်ခေါက် Opening ဒရာမာကတော့ ဂန်းနမ်မှာရှိတဲ့ The Cheznous ဆိုတဲ့ တိုက်ခန်းကို အခြေပြုရိုက်ကူးထားပါတယ်
ဒီအပိုင်းရဲ့ နာမည်ကတော့ လှပတဲ့တိုက်ခန်းလေးဆိုပေမဲ့ တကယ်တမ်းတော့ အပေါ်ယံသာရှိပြီး အတွင်းပိုင်းမှာတော့ မလှပနိုင်ခဲ့ပါဘူး

ဂန်ဟီဂျယ်ဆိုတဲ့ ပန်းချီဆရာမဟာ ဆုအဖြစ် The Cheznous တိုက်ခန်းမှာ အိမ်ငှားအဖြစ်နေခွင့်ရလိုက်ပါတယ်

အားလုံးပဲ သိကြတဲ့အတိုင်း ဂန်းနမ်ဆိုတာ သူဌေးတွေချည်းနေတဲ့ ရပ်ကွက်ဆိုတော့
အဆောက်အဦးတစ်ခုတည်းမှာတင် အိမ်ပိုင်အိမ်ငှားတွေအကြားမှာ အဆင့်အတန်းခွဲခြားမှုတွေ ဖြစ်လာပါတော့တယ်
အိမ်ပိုင်ရှိထားတဲ့သူတွေရဲ့ မောက်မာမှုတွေ၊ အဆင့်အတန်းခွဲခြားမှုတွေဟာ တိုက်ခန်းမှာတင် ကြုံလာရပါတယ်
ဂန်ဟီဂျယ်ဟာလည်း အိမ်ငှားဖြစ်တဲ့အလျောက် အဲလိုခွဲခြားမှုတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ
မောက်မာတဲ့ သူဌေးတွေကို ဘယ်လိုတွေ ပြန်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။

720p – Userdrive | Yoteshin | Megaup | Meganz | Streamsb | Telegram

 480p – Userdrive | Yoteshin| Megaup | Meganz | Streamsb | Telegram

 

Episode 09 – How to Distinguish Voices

လူတစ်ယောက်ရဲ့ အသံဆိုတာ လက်ဗွေရာလိုပဲ တစ်ဦးနဲ့တစ်ဦးလုံးဝမတူညီတဲ့ အရာတစ်ခုပါ

ကိုယ်က လူတစ်ယောက်ရဲ့အသံကို အလွန်အကြူး စွဲလမ်းနေမိတယ်ဆိုရင်
အဲဒီလူရဲ့နေရာမှာ တခြားလူတစ်ယောက်က အစားထိုးဝင်ပြီး အသံတုလုပ်ပြောတယ်ဆိုရင်တောင် မှတ်မိနိုင်ပါတယ် တဲ့

ဒါဆို အချစ်ကရော? အချစ်ဆိုတာလည်း အဲဒီလိုပါပဲ…
တစ်ဦးနဲ့တစ်ဦး အချစ်ကိုဖော်ပြတဲ့နည်းလမ်းတွေဟာ မတူညီနိုင်ကြပါဘူး

“ချစ်တယ်” ဆိုပြီး အထပ်ထပ်အခါခါပြောတတ်ကြတဲ့သူတွေရှိမယ်…
စကားနဲ့မဖော်ပြဘဲ အပြုအမူတွေနဲ့ပဲ ချစ်ခြင်းကို ဖော်ပြတတ်ကြတဲ့သူတွေလည်း ရှိမယ်

အသံဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jang Don-Wan ကတော့ ကိုယ့်ရဲ့ခံစားချက်တွေကို မဖော်ပြရဲတဲ့လူတစ်ယောက်ပါ
အသံသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Eun Da-Hae ကတော့ အချစ်နဲ့ပတ်သက်လာရင် အရမ်းကို ပွင့်လင်းတတ်တဲ့မိန်းကလေးတစ်ယောက်ပေါ့

ဒီလိုမျိုး မတူညီတဲ့အကျင့်စရိုက်နဲ့ သူတိုနှစ်ဦးရဲ့ဘဝထဲကို အချစ်က ဘယ်လိုများရောက်ရှိလာမလဲ?
အချစ်နဲ့ပတ်သက်လာရင်ရော အကျင့်စရိုက်တွေ ပြောင်းလဲကုန်ကြမလား?
သူတိုရဲ့ ချစ်ခြင်းတရားကိုယ်စီကို ဘယ်လိုဖော်ပြကြမလဲဆိုတာ
စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Romance ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။

720p – Userdrive | Yoteshin | Megaup | Meganz | Streamsb | Telegram

 480p – Userdrive | Yoteshin| Megaup | Meganz | Streamsb | Telegram

 

Episode 10 : First Sight

“လူတစ်ယောက်ကို သတ်ပြီး ၁ နှစ်တည်းနဲ့ လွတ်လာတာ အဓိပ္ပာယ်ရှိရဲ့လား”
ဆောဂျီနာဟာ ခင်ပွန်းဖြစ်သူရဲ့ အသတ်ခံရမှုကို မျက်မြင်တွေ့လိုက်ရတဲ့အတွက် စိတ်ဒဏ်ရာအပြင်းအထန်ရသွားပါတယ်
ဒါပေမဲ့ သတ်သွားတဲ့ လူသတ်သမားဟာ ၁ နှစ်တည်းနဲ့ လွတ်လာတဲ့ အတွက် မကျေမနပ်နဲ့ သွားရှာပြီး အကြောင်းအရင်းကို မေးပါတယ်
လူသတ်သမားဆီကနေ ဂျီနာလိုချင်တဲ့ အဖြေရမလား ဒါမှမဟုတ် မထင်ထားတဲ့အဖြေကိုရလိုက်မလား….
ဆောဂျီနာအဖြစ် ကျွန်တော်တို့ရဲ့ Work Later, Drink Now ကအမူးသမားသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့
Han Sun Hwa က ပိုပိုကောင်းလာတဲ့ သရုပ်ဆောင်ချက်တွေနဲ့ တင်ဆက်ထားပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။

720p – Userdrive | Yoteshin | Megaup | Meganz | Streamsb | Telegram

 480p – Userdrive | Yoteshin| Megaup | Meganz | Streamsb | Telegram

 

Episode 11 : Stock of High School

TVN ရဲ့ opening ဒရာမာတွေကတော့ ဇာတ်အိမ် ထူးထူးခြားခြားလေးတွေနဲ့ တစ်ခုနဲ့တစ်ခုမထပ်စေရဘူး

ဒီတစ်ပိုင်းမှာလည်း စာတော်ပေမဲ့ ကိုယ့်ဘာသာရပ်တည်ချင်လို့ စတော့အရောင်းအဝယ် လုပ်နေတဲ့ အထက်တန်းကျောင်းသူ တစ်ယောက်အကြောင်းပါ
အထက်တန်းကျောင်းသူဆိုတော့ အသက်ကလည်းမပြည့်သေး ကိုယ်ပိုင်ဘဏ်အကောင့်တောင်မရှိတဲ့အချိန်မှာ
စတော့ကို မုန့်ဖိုးလေးနဲ့စုပြီး ကစားရာက မြင့်တလှည့်ကျတလှည့် အခြေအနေကို ရင်ဆိုင်ရတော့တာပါပဲ
နောက်ဆုံးတော့ စတော့ကစားတာကို ဆရာကျကျလုပ်ရင်းက ကျောင်းသူဖြစ်နေတော့ လူကြီးတွေလိုတော့ အထာမကျနိုင်တော့ပါဘူး
အထက်တန်းကျောင်းသူ အန်ဟျောင်းအင်နေရာမှာတော့ Peninsular, Hellhound ဇာတ်လမ်းတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Lee Re ဖြစ်ပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။

 

1080p – Userdrive | Yoteshin| Megaup | Meganz | Streamsb | Telegram

720p – Userdrive | Yoteshin | Megaup | Meganz | Streamsb | Telegram

 480p – Userdrive | Yoteshin| Megaup | Meganz | Streamsb | Telegram

 

Episode 12 : Babel Syndrome

“အနာဂတ်ဆိုတာ လူတိုင်းက ညီညီမျှမျှ အကျိုးခံစားခွင့်ရတဲ့နေရာ မဟုတ်ဘူး။
အနာဂတ်ဆိုတာ မတူညီတဲ့အမြန်နှုန်းတွေနဲ့ သွားနေကြရတဲ့နေရာ။
ပိုင်ဆိုင်မှုရှိတဲ့သူတွေကတော့ မြန်ဆန်တဲ့နှုန်းနဲ့…
ဘာမှမရှိတဲ့သူတွေကတော့ ခပ်နှေးနှေးနဲ့…”

“ညဉ့်နက်ချိန်အထိ ထွေးပွေ့ပေးထားတဲ့ ‌အမေ့ရဲ့လက်ထဲမှာ
အသားမာလေးတွေအဖြစ်နဲ့ နေရာယူထားတဲ့ငါဟာ အပြစ်တွေများတဲ့ စာရေးဆရာတစ်ယောက်ပဲ”

ကဗျာဆရာဆိုတာ ဝင်ငွေကောင်းတဲ့အလုပ် မဟုတ်တာကြောင့်
ဆင်းရဲနွမ်းပါးတဲ့ သူ့လိုလူအတွက် မလုပ်သင့်တဲ့အလုပ်တစ်ခုပဲလို့ ယူဆထားတဲ့သူကတော့
တက္ကသိုလ်ကျောင်းသား ဂန်ဟာနူးပါ

ဒါပေမဲ့ သူဝါသနာပါတဲ့ ကဗျာရေးခြင်းကိုတော့ မရပ်တန့်ဖြစ်သေးပါဘူး

ဒီလိုနဲ့ ဂန်ဟာနူးဟာ…စတွေ့တဲ့‌နေ့ကနေ ရက်ပေါင်း ၉၉၀ ကြာလာတဲ့အထိ
သဘောကျနေခဲ့ရတဲ့ကောင်မလေး ယွန်ဟီးကို ဖွင့်ပြောဖို့ ၉၉ ကြိမ်တိုင် ‌ကြိုးစားနေရင်း
ရုတ်တရက် ဝင်ရောက်လာတဲ့ရောဂါဆိုးတစ်ခုက…

Babel Syndrome လိုခေါ်တဲ့ ဘာသာစကားပျောက်ဆုံးမှု ရောဂါပါပဲ

ကိုယ်ပြောချင်တဲ့စကားတွေကို လွတ်လွတ်လပ်လပ်ပြောခွင့်မရှိတော့ဘဲ
ပိုက်ဆံပေးဝယ်မှ ပြောနိုင်မယ့်အခြေအနေကိုရောက်လာတဲ့အချိန်ဟာ
ဂန်ဟာနူးနဲ့ယွန်ဟီးတို့လည်း ဝေးကွာသွားကြရတဲ့အချိန် ဖြစ်နေခဲ့ပါတယ်

ဒီလိုနဲ့ ဘဝကို ဒုံရင်းဒုံရင်းဖြတ်သန်းလာခဲ့တဲ့ ဂန်ဟာနူးတစ်ယောက်
၁၀ နှစ်ကြာပြီးတဲ့နောက်မှာ ယွန်ဟီးနဲ့ ပြန်လည်ဆုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ချိန်မှာတော့
ဘာသာစကားပျောက်ဆုံးနေတဲ့ကြားကနေ ယွန်ဟီးကို ဖွင့်ပြောဖို့အတွက် သူဘယ်လိုကြိုးစားမလဲ?
ဆင်းရဲနွမ်းပါးသူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အနာဂတ်အတွက် ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲ?
စတဲ့ စိတ်ဝင်စားစရာတွေအပြင် အသိပညာတွေလည်း အများကြီးရနိုင်မယ့် ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် အခုပဲကြည့်ရှုခံစားလိုက်ကြပါဦး

School 2021 ထဲက မင်းသား Choo Young-Woo နဲ့
Money Heist ထဲမှာပါဝင်ထားတဲ့ မင်းသမီး Lee Si-Woo တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။

1080p – Userdrive | Yoteshin| Megaup | Meganz | Streamsb | Telegram

720p – Userdrive | Yoteshin | Megaup | Meganz | Streamsb | Telegram

 480p – Userdrive | Yoteshin| Megaup | Meganz | Streamsb | Telegram



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Seasons and episodes

No data available


Videos

No data available

Comments