Channel Myanmar

Unframed (2021)

언프레임드

1 Seasons 4 Episodes
Ended

Unframed (2021)

no data

General information

Original name언프레임드

Synopsis of Unframed (2021)

Unframed (2021)

Unframed ဆိုတာကတော့ မင်းသား၊ မင်းသမီးတွေ ကိုယ်တိုင်
ဒါရိုက်တာအဖြစ် ဇာတ်လမ်းဇာတ်ညွှန်းကို ရေးသားရိုက်ကူးထားတဲ့
ဇာတ်လမ်း ၄ ခုပါ ပရောဂျက်တစ်ခုပဲ ဖြစ်ပါတယ်။

ဝတ္ထတိုတွေဟာ တိုတိုထိထိ နဲ့ ကောင်းသလို
ရုပ်ရှင်ဇာတ်လမ်းတိုတွေဟာလည်း အချိန်နည်းနည်းနဲ့
ပေးချင်တဲ့ ခံစားမှုရသကို အချိန်တိုအတွင်း ပေးနိုင်ကြပါတယ်။

အချိန်နည်းနည်းလေး ပေးလိုက်ရုံနဲ့
ရုပ်ရှင်ဇာတ်လမ်းတိုကားကောင်းကောင်းတစ်ခုကို ခံစားကြရမှာပါ။

ဇာတ်လမ်းတစ်မျိုးကို ရသတစ်မျိုးစီ ပေးတာမို့ ခံစားကြည့်ကြပါဦး။

ပါဝင်တဲ့ ဇာတ်လမ်တွေကတော့

1. Park Jung Min – Class Representative Election
2. Son Seok Koo – Rerun
3. Choi Moon – Bandi
4. Lee Je Hoon – Blue Happiness တို့ပဲ ဖြစ်ကြပါတယ်။

၁။ Class Representative Election

ဒီMini Seriesလေးရဲ့ အပိုင်း၁မှာ ကြည့်ရှုရမှာကတော့
၅တန်းကျောင်းသားတွေရဲ့ အတန်းခေါင်းဆောင်ရွေးချယ်ပွဲကြီးပါ။

၅တန်းကျောင်းသားတွေဆိုပေမယ့် အတန်းတွင်း အငွေ့အသက်တွေကအထက်စီးဆန်ပြီး…

ငယ်ငယ်လေးနဲ့ရင့်ကျက်သလိုထင်ရပေမယ့် စည်းလွတ်ဘောင်လွတ်ဖြစ်နေတာကတော့

ဒီစီးရီးရဲ့ခေါင်းစဉ်နဲ့ကိုက်ညီတယ်လို့ပဲ ပြောရမှာပေါ့။

ထိန်းမနိုင်တဲ့ အဆိုးအသွမ်းတွေရယ်…
အပယ်ခံကျောင်းသားတစ်ယောက်ရယ်…
အတန်းခေါင်းဆောင်ရွေးချယ်ပွဲကြီးရယ်…

တကယ့်ကို ရိုးရိုးလေးပါပဲ။
ကြည့်သင့်တဲ့အချက်ကတော့ ကလေးသရုပ်ဆောင်တွေအားလုံးရဲ့ သရုပ်ဆောင်စွမ်းရည်ပါ။

အဆိုးအသွမ်းလေးတွေဆိုပေမယ့်လည်း ကြည့်ရတာ တစ်မျိုးလေး အရသာရှိနေပြန်ပါရော

ကဲဆို‌တော့ ပေါ့ပေါ့ပါးပါးနဲ့ခံစားကြည့်လိုက်ကြပါဦး။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။

1080p – VIP | Userdrive | Megaup | Meganz | Yoteshin | Telegram

720p – VIP | Userdrive | Megaup | Streamsb | Yoteshin | Telegram

 

Genre…..Drama
Quality….WEB-DL 1080p and 720p
File size… 360MB and 192MB
Format…mp4
Duration….24min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Milkeux
Encoder ….. August

 

၂။ Rerun

မိသားစုနဲ့ ​ဆွေမျိုးဆိုတဲ့ အသိုင်းအဝန်းက ​သွေးထက်​တောင်ပျစ်တယ်ဆိုတဲ့ စကားက
အ​ကြောင်းမဲ့ထွက်လာတာမျိုး​တော့ မဟုတ်ပါဘူး။
နီးတကျက်ကျက် ​ဝေးတသက်သက် ဆိုသလို အနားမှာရှိ​နေရင်သာ မတည့်ရင်​နေမယ်၊
ကွဲကွာ​နေတဲ့အချိန် အ​ရေးကြုံလာပြီဆိုရင် အ​ရင်ဆုံး​ပြေးမြင်မိတာက မိသားစုနဲ့
ဒီ​ဆွေမျိုး​တွေကိုပါပဲ

Unframed ဆိုတဲ့ ဒီ Mini Seriesရဲ့ ဒုတိယပိုင်းက​တော့
ဆူအင်း ဆိုတဲ့ မ​အောင်မြင်​​​​သေးတဲ့ သရုပ်​ဆောင်​လေးနဲ့
သူ့ရဲ့ အ​ဒေါ်ဖြစ်သူတို့ အမျိုးရင်းထဲက မင်္ဂလာပွဲတစ်ခုကို
သွားရမယ့်အ​ကြောင်း ပုံ​ဖော်ထားတာပါ

အသက်အရွယ်ရပြီး ကျန်းမာ​ရေးမ​ကောင်း​တော့တဲ့ အ​ဒေါ်နဲ့
သရုပ်​ဆောင်အဖြစ်တောင် ​​နာမည်မရှိ​သေးတဲ့ တူဖြစ်သူတို့
​ဆွေကြီးမျိုးကြီး​တွေရဲ့ မင်္ဂလာပွဲကိုတက်ရမယ် ​ဆိုတဲ့အခါ
မသွားပြန်ရင်လည်း မျက်နှာနာ၊
သွားပြန်​ရင်လည်း သိမ်ငယ်ရတဲ့ အ​ခြေအ​နေမျိုးကို တူဝရီး၂​ယောက်ဘယ်လို ရင်ဆိုင်ကြမလဲ၊
မိသားစုတစ်ခုရဲ့ ​​သွေးစည်းမှု ချစ်ခင်မှုနဲ့ ​နွေး​ထွေးမှုဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲဆိုတာကို
မိနစ်၃၀စာ ရှု​ထောင့်တစ်မျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။

 

1080p – VIP | Userdrive | Megaup | Meganz | Yoteshin | Telegram

720p – VIP | Userdrive | Megaup | Streamsb | Yoteshin | Telegram

Genre…..Drama
Quality….WEB-DL 1080p and 720p
File size… 460MB and 225MB
Format…mp4
Duration….40min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JimX
Encoder ….. August

၃။ Bandi

Bandi ဆိုတဲ့ ဇာတ်လမ်းလေးကတော့
မိခင်မေတ္တာ မိသားစုဘဝလေး ဘယ်အရာမဆိုတွေးတတ်ရင်ပျော်ဖို့ကောင်းတယ်ဆိုတဲ့
နွေးထွေးတဲ့အကြောင်းအရာတွေကို ထည့်သွင်းဖော်ကျူးထားတဲ့ မီနီဒရမ်မာလေးပါ

အမြဲတမ်း ခဏခဏ ရှပ်ပြာရှပ်ပြာနဲ့ တခြားသူကို အားကိုးတတ်တဲ့လူလည်း အာကိုးစရာမရှိတော့ဘဲ အမေဖြစ်လာတဲ့အခါ အကျင့်ဆိုးတွေအကုန်ပျောက်ပြီး သားသမီးရှေ့ကနေ မားမားမတ်မတ်ရပ်တည်တတ်လာကြတယ်

မိစုံဖစုံမရှိလည်းပဲ သွန်သင်ဆုံးမ နှစ်သိမ့်ပေးပြီး အချစ်တွေပေးနိုင်ရင်
ဘယ်ကလေးမဆို ပြန်လည်တောက်ပနိုင်တယ်ဆိုတဲ့
ဒီလိုမျိုးအကြောင်းအရာလေးတွေကို လှလှပပ ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ ပုံဖော်ရိုက်ကူးထားတာဆိုတော့
ဇာတ်လမ်းလေးက ဘယ်လိုလေးဖြစ်မှာလဲဆိုတာ အခုပဲဒေါင်းကြည့်လိုက်ရအောင်နော်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Yamin Ei ပဲ ဖြစ်ပါတယ်။

 

1080p – VIP | Userdrive | Megaup | Meganz | Yoteshin | Telegram

720p – VIP | Userdrive | Megaup | Streamsb | Yoteshin | Telegram

Genre…..Drama
Quality….WEB-DL 1080p and 720p
File size… 598MB and 294MB
Format…mp4
Duration….40min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Yamin Ei
Encoder ….. August

 

၄။ Blue Happiness

ဘွဲ့ရပြီး အလုပ်လိုက်ရှာနေဆဲ သာမာန်အမျိုးသားတစ်ယောက်
ချစ်သူကောင်မလေးကတော့ ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်နေတဲ့
သာမာန်ဝန်ထမ်းတစ်ယောက်

သူတို့နှစ်ယောက်ရဲ့ တစ်နေ့တာကရိုးရှင်းတယ်
တစ်လတာကုန်ကျစရိတ်တွေကို တွက်ချက်ပြီးရှာကြတယ်
နောင်ရေးအတွက် ငွေစုတာဆောင်းတာ ဘယ်လုပ်နိုင်ဦးမှာလဲ
အမျိုးသမီးတစ်ယောက်ရဲ့ ဝင်ငွေနဲ့ရပ်တည်နေတဲ့အိမ်လေးကိုး..

အချိန်ပိုင်းအလုပ်လေးတွေလုပ်ပြီး ရတဲ့နည်းနဲ့
ကြိုးစားပိုက်ဆံရှာနေတဲ့အဲ့ဒီအမျိုးသားက တစ်နေ့တော့
ငယ်သူငယ်ချင်းတစ်ယောက်နဲ့ဆုံတယ်
ရွယ်တူအပေါင်းအသင်းကြားထဲ သိမ်ငယ်မှုတစ်ခုကို
ခံစားလိုက်ရတဲ့သူက ကြီးပွားမယ့်လမ်းကိုလိုက်ဖို့ပြင်ရင်း…

သက်လတ်ပိုင်းအရွယ် အလုပ်လက်မဲ့ဖြစ်နေတဲ့
လူငယ်တစ်ယောက်ရဲ့ သိမ်ငယ်မှု လောဘနဲ့ နောင်တကို
တစ်ပြိုင်တည်းပေါ်အောင် ရိုက်ထားနိုင်တဲ့ ဇာတ်လမ်းတိုလေးပါ
ကိုစိုးမိုးနိုင်နဲ့အစချီပြီး Cast ကောင်းကောင်းလေးတွေနဲ့ပဲရိုက်ကူးထားတာမလို့ ကြည့်ရှုလိုက်ကြပါဦး

အညွှန်း နဲ့ ဘာသာပြန်ကတော့ Amelia ပဲ ဖြစ်ပါတယ်။

 

1080p – VIP | Userdrive | Megaup | Meganz | Yoteshin | Telegram

720p – VIP | Userdrive | Megaup | Streamsb | Yoteshin | Telegram

Genre…..Drama
Quality….WEB-DL 1080p and 720p
File size… 543MB and 282MB
Format…mp4
Duration….40min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Amelia
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Production
Release Year
Firt air date
Last air date2021-12-08
TypeScripted
Popularity21.319
TV StatusEnded

Seasons and episodes

No data available


Videos

No data available

Comments