Channel Myanmar

Ludacris

No Strings Attached (2011) 6.2
No Strings Attached (2011) No Strings Attached (2011) IMDb Rating (6.2) မင်းသမီး Natalie Portman နဲ့ မင်းသား Ashton Kutcher တို့ပါဝင်ထားပြီး အချစ်ရိုမန့်ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ဇာတ်ကားလေးပါ။ အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး.... အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး... တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်.... ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ....။ တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့....။ Comedy Romance ဇာတ်လမ်းလေးမလို့ ရိုမန့်သီးသန့်မဟုတ်ဘဲ ရီလဲရီနေရပါတယ်။ကြည့်ကြည့်ပါ.အကြိုက်တွေကြမှာပါ။File size…(1.8 GB) / (910 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:47:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

No Strings Attached (2011)

2011
Dashing Through the Snow (2023) 5.5
Dashing Through the Snow (2023) Dashing Through the Snow (2023) =========================ခရစ္စမတ်အကြိုညမှာ အက်ဒီ သူ့ရဲ့ 8နှစ်သမီးလေးကို အိမ်မှာထား ခဲ့ပြီး ဘေးအိမ်က ခရီးသွားတဲ့အိမ်နီးချင်းကြောင်ကို အစာလာကြွေး တယ်။ အဲဒီအချိန် မီးဖိုးခေါင်းတိုင်မှာ ဆန်တာကလော့ဝတ်စုံနဲ့သူစိမ်း ရောက်နေတာကို တွေ့လိုက်တယ်။အက်ဒီလည်း သူခိုးဆိုပြီး ရဲတိုင်ဖို့လုပ်ပေမဲ့ သူမသိတာက တကယ်တော့ အဲဒါက ဆန်တာကလော့အစစ်ဖြစ်နေတာပါပဲ။ ဆန်တာကလော့လည်း သူက ဆန်တာကလော့ဆိုတာပြောပြတော့ နဂိုကတည်းက ဆန်တာက လော့ဆိုအယုံအကြည်မရှိတဲ့ အက်ဒီက ရူးနေတယ်ဆိုပြီး ဆေးရုံခေါဖို့ လုပ်ပါတော့တယ်။ ဒီဇာတ်လမ်းက ခရစ္စမတ်ကိုမှ ရယ်နေရမယ့်ဟာသ ဇာတ်လမ်းပါ။ အက်ဒီ ရုတ်တရက်ပေါ်လာတဲ့ ဆန်တာကလော့နဲ့ ဘယ်လို တွေအလွဲလွဲဖြစ်ပြီး ခေါင်းခြောက်ရမလဲဆိုတာ ဒီဇာတ်လမ်းမှာဆက်လက် ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (784 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Fantasy Translator.......Thwal Htoo Zin Encoder..........Zin Phyo Aung
movie

Dashing Through the Snow (2023)

2023
Fred Claus (2007) 5.6
Fred Claus (2007)  ဆန်တာကလေ့ာစ်ကိုတော့ အားလုံးသိကြမှာပါ...။ခရစ်စမတ်ဆိုရင် ဒရယ်စွတ်ဖားလှည်းကြီးစီးပြီး ဝတ်စုံနီကြီးနဲ့ကလေးတွေကို လက်ဆောင်တွေလိုက်ပေးတဲ့ ဖိုးဖိုးကြီးပေါ့...။ဒါပေမဲ့ လူတိုင်းမသိကြတာက သူ့မှာ ဖရက်ဒ်ကလော့စ်ဆိုတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်...။ဒီပုံပြင်လေးက သူ့ရဲ့ပုံပြင်လေးပါ...။ပုံပြင်လေးကဘယ်လိုလဲဆိုတော့ လိမ္မာပြီး စိတ်ထားလှတဲ့ ဆန်တာကိုဆိုရင်ငယ်ငယ်လေးကတည်းက လူတိုင်းကချစ်ခင်ကြ ချီးကျုးကြတယ်ပေါ့...။ဖရက်ဒ်လေးဟာ ဆန်တာရဲ့လောင်းရိပ်အောက်မှာ ရောက်နေခဲ့တာကြောင့်ဘယ်လိုပဲကြိုးစားကြိုးစား လျစ်လျူရှုခံရမှုနဲ့သာ ကြီးပြင်းခဲ့ရပါတယ်...။ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက် သဘောထားတွေကွဲလွဲခဲ့ပြီး မခေါ်မပြောဖြစ်ခဲ့ကြပါတယ်...။သို့ပေမဲ့ တစ်ခုသော ခရစ်စမတ်မှာ ညီအစ်ကိုနှစ်ယောက် ပြန်ညီညွှတ်ဖို့အခွင့်အလမ်းတစ်ခုပေါ်လာတော့တယ်...။ကဲဇာတ်ကြောင်းလေးက ဘယ်လိုလေးဆက်ဖြစ်မလဲ...ညီအစ်ကိုနှစ်ယောက်တကယ်တမ်းသင့်မြတ်ကြပါ့မလားဆိုတာကို....ဒီComedy,Family, Fantasy movieလေးထဲမှာ ကြည့်ရှုလို့ရပါပြီ...။ File size…2.08GB / 946MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 56m Genre ….. Comedy , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Fred Claus (2007)

Fast X(2023) 6.3
Fast X(2023) Fast X(2023)************Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင်း ရုပ်ရှင် ၃ ကားထဲက ပထမကားလို့ ဆိုထားပါတယ်။ဒါရိုက်တာကတော့ Hulk, Now You See Me, Transporter တို့လို ကားကြီးတွေကို ရိုက်ခဲ့တဲ့ Louis Leterrier ပါပဲ။သရုပ်ဆောင်တွေအနေနဲ့တော့ ဗန်ဒီဇယ်၊ ဂျွန်စီနာ တို့အပြင် တိုကျိုဒရစ်ထဲက မင်းသား Sung Kang ကပါHan အဖြစ် ပြန်ပြီးပါဝင်ထားပါသေးတယ်။ အခြားမထင်ထားတဲ့သူတွေလည်း ဧည့်သည်အနေနဲ့ပါလာပါသေးတယ်။ ဗန်ဒီဇယ်နဲ့ မင်းသားကြီး The Rock တို့ ခွာပြဲထားကြတာလည်း ပြန်အဆင်ပြေသွားပြီမို့နောက်အပိုင်းတွေမှာ The Rock လည်း ပါဝင်လာတော့မယ်ထင်ပါတယ်။ပထမကားထဲကမူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ...
movie

Fast X(2023)

4K HEVC
Justin Bieber: Never Say Never(2011)
Justin Bieber: Never Say Never(2011)     Belieber တို့ရဲ့ အသည်းကျော် Justin Drew Bieber ဟာဆိုရင် March လ ၁ ရက်နေ့မှာ အသက် ၂၉ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ အစက မွေးရက်မှာဒီ film ကို တင်ပေးဖို့ စီစဉ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်ခဲ့ပါဘူး။ မနှစ်ကလည်း ဒီလိုအချိန်မှာBirthday အမှတ်တရအဖြစ် Believe Documentary ကို တင်ဆက်ပေးခဲ့သလို ဒီနှစ်မှာတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က ထွက်ရှိခဲ့တဲ့ Never Say Never Documentary လေးကို တင်ဆက်ပေးချင်ပါတယ်။ Believe က အောင်မြင်မှုရဲ့ အစကို ရိုက်ကူးတင်ဆက်ခဲ့တာဆိုရင် Never Say Never ဟာ အရာအားလုံးရဲ့စတင်ရာပါပဲ။ Justin Bieber ဆိုပြီး ဖြစ်တည်လာဖို့ ဘယ်လိုအကြောင်းဖန်ခဲ့လဲဆိုတာတွေ၊ ငယ်ဘဝ ပါရမီပါလာခဲ့ပုံတွေကို အသေးစိတ်ချပြထားမဲ့အပြင် My World Tour ဖျော်ဖြေမှုတွေကိုပါ မပျင်းမရိ ကြည့်ရှုရမှာပါ။အိမ်ထောင်ကျပြီး မိန်းမနားပဲကပ်နေတဲ့ Justin ရဲ့ လူပျိုပေါက်စဘဝက ကလေးဆန်ဆန် အမူအရာလေးတွေနဲ့ အသံချိုချိုလေးကို သတိရလွမ်းဆွတ်နေတယ်ဆိုရင်တော့ဒီ Documentary ကို ကြည့်ပြီးမျက်ရည်လည်ရဦးမှာ သေချာပါတယ်။ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့သီချင်းလေးတွေကို ပြန်လည်နားဆင်ရင်း နောက်နှစ် ထိပ်စီးပြောင်းတော့မဲ့ Justin Bieber အတွက် ဒီ documentary နဲ့အတူ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။Clarification - Artist အတွက် အမှတ်တရလက်ဆောင် ပေးချင်သည့် ဆန္ဒကလွဲ၍ တခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ (အညွှန်းနဲ့ ဇာတ်လမ်းကို Thet Hnin Hsu က ဘာသာပြန်ဆိုရေးသားထားပါတယ်) File size… 1.2 GB Quality…Blu-Ray 720p Format…mp4 Duration….1h 45m Genre .....  Documentary / Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu 
movie

Justin Bieber: Never Say Never(2011)

RocknRolla(2008) 7.2
RocknRolla(2008) RocknRolla(2008)=============== နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်းအကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့်ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေးတစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအဖြစ်အပျက်တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက်တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။ File size…1.13GB / 502MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chloe Khin
movie

RocknRolla(2008)

End of the Road (2022) 5
End of the Road (2022) End of the Road ( 2022 )Fast and Furiousကားတွေနဲ့ လူသိများတဲ့ Ludacrisရဲ့ action , thrillerကားအသစ်ပါ။ အကြွေးတွေပိနေလို့ အိမ်ရောင်းဆပ်ပြီး အဘွားအိမ်ကိုပြောင်းဖို့ နှစ်ညအိပ်သုံးရက်ခရီးရှည်ကြီးကို အိမ်စီးကားလေးနဲ့သွားကြတဲ့ မိသားစုတစ်စုရဲ့ လမ်းတစ်လျှောက်က အခက်အခဲတွေအကြောင်းပါ။မတည့်မရှု့ဖြစ်နေတဲ့ သူတို့မိသားစုဟာ ဘုနဲ့ဘောက်နဲ့ ခရီးထွက်ကြရင်း လမ်းမှာ မိုတယ်တစ်ခုမှာ တစ်ညဝင်အိပ်ကြပါတယ်။ ဘေးခန်းက အသံတွေကြားလို့ သွားကြည့်တော့ လူတစ်ယောက်သေနတ်မှန်ထားလို့ ကယ်ဖို့လုပ်ရင်း သူထားခဲ့တဲ့ပိုက်ဆံလက်ဆွဲအိတ်လိုက်ကြီးကို တွေ့သွားကြတယ်။ ကယ်ဖို့လုပ်ကြပေမဲ့ မမီတော့ပါဘူး။ ငွေတွေယူပြီးပဲထွက်လာလိုက်ကြတယ်။ လမ်းခုလတ်ကျတော့ ငွေတွေရဲ့ပိုင်ရှင် မူးယစ်ရာဇာကြီးက သူ့ငွေတွေကိုပြန်တောင်းပါတယ်။ မူးယစ်ရာဇာကြီးက သူ့ကလေးတွေကိုပါပြန်ပေးဆွဲပြီးငွေတွေပြန်ရအောင်ကြံပါတယ်။ ဒီလိုနဲ့ အမေနဲ့ဦးလေးဟာ ကလေးနှစ်ယောက်အတွက် အဲဒီနယ်တစ်ခွင်က ဘယ်သူမှမော်မကြည့်ရဲတဲ့လူဆိုးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့..File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:29:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

End of the Road (2022)

Gamer (2009) 5.7
Gamer (2009) Gamer (2009) ===================== အင်မတန်ချမ်းသာပြီး နာမည်ကြီးရုံသာမက အာဏာပါကြီးလွန်းတဲ့ ကန်ကာဆယ် ဆိုတဲ့ လူတစ်ယောက်ဟာ စိတ်ကိုထိန်းချုပ်ရတဲ့ဂိမ်းတစ်ခုကို တီထွင်ခဲ့ပြီး လူတွေပါ၀င်ကစားလာဖို့ ဆွဲဆောင်ခဲ့ပါတယ်။ ဒီဂိမ်းဟာ သာမာန်ဂိမ်းမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့လှုပ်ရှားမှုမှန်သမျှကို ကစားသမားကထိန်းချုပ်လို့ရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ အထိန်းချုပ်ခံတဲ့သူက ပိုက်ဆံရမှာဖြစ်ပြီး ကစားတဲ့သူက ပိုက်ဆံပေးပြီး ကစားရတာပါ။ ဒါထက်အဆင့်မြင့်သွားတဲ့ စလေယာစ် ဆိုတဲ့ ဂိမ်းမှာတော့ သေဒဏ်ကျပြီးသားလူတွေဟာ သူတို့စိတ်ကိုထိန်းချုပ်ခံထားရပြီးတော့ အချင်းချင်းပစ်သတ်နေတဲ့ကြားကနေ အသက်ရှင်ဖို့ကြိုးစားရတာပါ။ အဆင့်၃၀လုံးအောင်တဲ့သူက သေဒဏ်ကနေလွတ်ကင်းပြီး အိမ်ကိုပြန်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကတော့ ဂျွန်ကေဘယ်ဆိုတဲ့ လူဖြစ်ပါတယ်။ ဂျွန်ကေဘယ် ကို ဆိုင်မွန်ဆိုတဲ့ကစားသမားက ထိန်းချုပ်ကစားနေတာဖြစ်ပြီး သူတို့နှစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အဆင့်အားလုံးကိုရော အောင်မြင်အောင်ကျော်ဖြတ်နိုင်မလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီကားရဲ့ တချို့အသုံးအနှုန်းလေးတွေကြမ်းပေမယ့် ဇာတ်ကားကိုက science fiction action အမျိုးအစားဖြစ်တာမို့ စိတ်ကူးယဉ်ဆန်ပြီး ကြမ်းတာမှကြိုက်တဲ့ကိုယ့်လူတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ညွှန်းလိုက်ပါရစေ။ File size…6.2GB/ 2.26GB / 1.12GB Quality…4k HEVC Bluray / 1080p BluRa Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jaka
movie

Gamer (2009)

2009
4K HEVC
Max Payne(2008) 6.5
Max Payne(2008) Max Payne(2008) အညွှန်း*********************Video Game အပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Mark Wahlberg နဲ့မင်းသမီးချော Mila Kunis ပါဝင်သရုပ်ဆောင်ထားကြပါတယ်....မက်စ်ပိန်းဟာ နယူးယောက်က စုံထောက်ကျော် တစ်ယောက်ပေါ့…တစ်ရက်မှာ သူချစ်ရတဲ့ဇနီးသည် မီရှဲလ်နဲ့ လူမမယ်မွေးကင်းစကလေးလေးကိုဓားပြလာတိုက်တဲ့လူတစ်စုက ရက်ရက်စက်စက်သတ်သွားခဲ့ပါတယ်…တရားခံတွေလွတ်မြောက်သွားခဲ့ပြီး ဘယ်လိုစုံစမ်းစုံစမ်း အမှုမှန်မပေါ်ပေါက်တာကြောင့်မက်စ်လည်း အတော်လေးစိတ်ဆင်းရဲရတဲ့ကြားထဲအမှုစာရင်းသွင်းတဲ့ စာရေးသာသာ ရာထူးကိုပါ ချခံလိုက်ရပါတော့တယ်…ဒါပေမဲ့လည်း အားမလျှော့တဲ့ မက်စ်က ဆက်လက်စုံစမ်းရာက သူမထင်ထားတဲ့ ထူးထူးဆန်းဆန်းအရာတွေနဲ့ ကြုံဆုံလာရတဲ့အခါသူ့ဇနီးနဲ့ကလေးကို သတ်သွားခဲ့တဲ့တရားခံကို သူကိုယ်တိုင် တရားစီရင်နိုင်ပါ့မလား ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ..... File Size : (2.05GB)(889MB) and (263MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:40:00 Genre : Adventure, Crime, Action Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Max Payne(2008)

Justin Bieber’s Believe(2013)
Justin Bieber’s Believe(2013) Justin Bieber's Believe (2013) ======================================== ယနေ့ကျရောက်တဲ့ March လ ၁ရက်နေ့ဟာ Justin Drew Bieber ရဲ့ မွေးနေ့ဖြစ်ပါတယ်။အသက် ၂၈နှစ်ပြည့်သွားပြီဖြစ်တဲ့ Justin ဟာ မိန်းမတောင်ရသွားပြီဖြစ်လို့Baby သီချင်းကို သီဆိုနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးလေး မဟုတ်တော့ပါဘူး။ဒါပေမဲ့လည်း သူ့ကိုမြင်တိုင်း nostalgic ဖြစ်ပြီး သူ့သီချင်းတွေကိုရရမရရ ဝါးချပြီးအော်ဆိုနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်အမှတ်ရမိပါတယ်။မနှစ်ကတည်းက ဒီကားလေးကို တင်ပေးမယ်ပြောထားပေမဲ့ နောက်ကျလက်စနဲ့သူ့မွေးနေ့ရောက်မှ တင်တော့မယ်လို့ စိတ်ကူးမိတာနဲ့ အခုမှ တင်ဖြစ်သွားတာပါ။ကျွန်တော် ကလေးဘဝတုန်းက ဒီ Documentary ကိုကြည့်ဖူးပေမဲ့ ပြောစကားတွေကိုရောသီချင်းတွေကိုရော ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ဒါပေမဲ့လည်း Justin ကို အတော်ရူးသွပ်ခဲ့သူမို့ အခေါက်ခေါက်အခါခါပြန်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ဘာသာပြန်တင်ဆက်ခွင့်ရတဲ့အတွက်Belieber တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ဒီ Documentary လေးဟာ လွန်ခဲ့တဲ့ဆယ်နှစ်က Believe Album ထွက်ရှိပြီးTour လုပ်နေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ နေသားကျလာတဲ့အချိန်ဖြစ်သလိုဝေဖန်မှုများစွာ ...
movie

Justin Bieber’s Believe(2013)

2013
F9 (2021) Fast and Furious 9 5.5
F9 (2021) Fast and Furious 9  (function(f,b,n,j,x,e){})();  F9: The Fast Saga(2021) အညွှန်း****************************ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ.....အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်ကအရေးပေါ်အချက်ပြကလည်းထူးဆန်းစွာပဲ ဒွန်းတို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်....ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီးအေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင်မယုံရလို့အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့ ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်....လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ....ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ.....ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား...ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့ပိုမြိုင်လာတယ်လို့ပြောရမှာပဲ...Cardi-Bကလည်း ခပ်ကြမ်းကြမ်းဝင်ဖိုက်ထားသေးရဲ့....F ဇာတ်လမ်းတွေဟာ နောက်ပိုင်းတစ်ချို့သောသူတွေဝေဖန်ကြပါတယ် ..ဘရိုင်ယန်မပါတဲ့နောက်ပိုင်းပေါ့သွားတယ်ဘာညာပေါ့လေ..သို့ပေမဲ့လည်း ထွက်တဲ့ဇာတ်လမ်းသစ်တွေတိုင်းမှာ ဇာတ်ကောင်အသစ်တွေအက်ရှင်ခန်းဆန်းဆန်းပြားပြားတွေထည့်ပြီး သန်းပေါင်းများစွာကုန်ကျခံရိုက်လေတော့ ကြည့်ပျော်နေတာတော့ငြင်းမရပါဘူး....ဒါ့ကြောင့် ဘေလေးအနည်းငယ်ကုန်ကျခံလိုက်ရုံနဲ့ နင်းကန်မိုက်တဲ့ရုပ်ရှင်ကားကိုကြည့်ရမှာမို့ တန်ပါတယ်ဗျာ.. File Size :(2.7GB) / (2.6GB)/(1.4GB)/586MB Quality :WEB-DL HEVC / 1080p / 720p / 480p Format…mp4 Duration…02:23:00 Genre : Action, Crime , Adventure Subtitle ...
movie

F9 (2021) Fast and Furious 9

HEVC 1080p 5.1
The Fate of the Furious (2017) Fast and Furious 8 6.8
The Fate of the Furious (2017) Fast and Furious 8       Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ဝင်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့  Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီးဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီးကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက်ကိုယ်ပြန်ပူပန်နေရပါပြီ။တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေလွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ပြန်ခိုးခိုင်းလိုက်ပါတယ်။ဒီ EMP ဗုံးကို Furious အဖွဲ့သားတွေ အောင်မြင်အောင်ခိုးလာနိုင်ပေမယ့် ဇာတ်လိုက်ကျော်ကြီးဒွန်က သစ္စာဖောက်ပြီး ...
movie

The Fate of the Furious (2017) Fast and Furious 8

2017
Furious 7 (2015) Fast and Furious 7 7.2
Furious 7 (2015) Fast and Furious 7       Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ ...
movie

Furious 7 (2015) Fast and Furious 7

2015
Fast Five (2011) Fast and Furious 5 7.3
Fast Five (2011) Fast and Furious 5      ရုပ်ရှင်မိတ်ဆက်ဒီတစ်ခါတော့ လူငယ်တွေကို ပြိုင်ကားတွေနဲ့ ရင်းနှီးစေခဲ့တဲ့ Fast & Furious ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ Fast Five နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီတစ်ခါ Review ကတော့ ထူးထူးခြားခြား ပရိတ်သတ်အားလုံးကို အမှတ်တရဖြစ်နေမှာပါ။ Fast & Furious ဇာတ်ကားတွေရဲ့ အဓိကမင်းသားအဖြစ် Vin Diesel နဲ့အတူ တွဲဖက်သရုပ်ဆောင် ခဲ့တဲ့ Paul Walker (Brian O'Conner) က နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ Santa Clarita, California မှာ ကား အက်ဆီးဒင့် ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၀ ပဲရှိသေးပြီး သူငယ်ချင်းနဲ့ အတူ ဖီလစ်ပိုင်မုန်တိုင်း အတွက် Charity Event ကနေပြန်အလာမှာ ကားအက်ဆီးဒင့် ဖြစ်တာဖြစ်ပါတယ်။ ...
movie

Fast Five (2011) Fast and Furious 5

2011
2Fast 2 Furious (2003)Fast and Furious 2 5.9
2Fast 2 Furious (2003)Fast and Furious 2   F1 ကပြဿနာမျိုးစုံပြီးတဲ့နေက် ဘရိုင်ယန်တစ်ယောက် ရဲအလုပ်ကထွက်ပြီးအရပ်သားဘဝနဲ့ တရားမဝင်ကားပြိုင်ပွဲတွေမောင်းလိုက်ငွေဝင်မဲ့ အလုပ်ကိစ္စမျိုးစုံကို ငပွေးတစ်ကောင်လို လုပ်နေတယ်...အမှုငယ်ပေါင်းများစွာနဲ့ပေါ့...ဒီချိန်မှာပဲ မိုင်ယာမီမှာ သွင်းကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ကြီးတစ်ယောက်က မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီးသတင်းအရမ်းထွက်နေတယ်...သူ့ဆီမှာ မူးယစ်ဆေးများစွာသိုလှောင်ထားတယ်လို့သံသယရှိနေသလို ငွေမဲတွေကိုလည်းငွေဖြူအချီကြီးလုပ်ဖို့စီစဉ်နေတယ်လို့သတင်းရနေတယ်..ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အမှုတွေပယ်ဖျက်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ဘရိုင်ယန်ကိုကမ်းလှမ်းပြီး မိုင်ယာမီက လူဆိုးကြီးကိုလိုက်ဖို့အသုံးချပါတော့တယ်.... File Size :(2.05GB), (0.99 GB)Quality : Blu-Ray1080P5.1CH 720pRunning Time : 1hr 46minFormat : Mp4Genre :Action, Crime, ThrillerSubtitle : Myanmar Subtitle (Hard Sub)Source : 1080p BluRay x264-SPARKSTranslated by Thura Zarni AungEncoded by Thanhtike Zaw
movie

2Fast 2 Furious (2003)Fast and Furious 2

2003
The Ride (2018) 6.6
The Ride (2018) The Ride (2018)==============IMDb Rating - 6.6/10 2018 ပေမယ့် 13 November 2020 (USA)  မှထွက်လာတဲ့ ဇာတ်ကားကောင်းလေးပါ။ဒီဇာတ်ကားလေးကတော့ BMX စက်ဘီးစီးဖို့ စိတ်ဝင်စားတဲ့သူတွေနဲ့ ရသခံစားချင်သူတွေ ကြည့်သင့်တဲ့ IMDb 6.6 ရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။ ငယ်စဥ်ကတည်းက လူငယ်ထိန်းသိမ်းရေး‌ကျောင်းသို့ရောက်ခဲ့ရတဲ့ ဂျွန်မက်ကော့ဟာ ကျောင်းမှလူမည်းကလေးများနှိပ်စက်တာကို အလူးအလဲခံခဲ့ရရှာပါတယ်။ ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာ သူ့ကိုမွေးစားဖို့လာကြည့်ကြတဲ့မိဘတွေမှာယောက်ျားဖြစ်သူ အယ်လ်ဒရစ်ဂျ် (Ludacris) က လူမည်းတစ်ယောက်ဖြစ်နေလို့သူစိတ်ညစ်ခဲ့ရပါတယ်။ လူငယ်ထိန်းသိမ်းရေးကျောင်းမှစွန့်ခွာနိုင်မယ့် အခွင့်အရေးကိုလက်လွှတ်မခံနိုင်လို့သာ သူဟာလိုက်သွားဖြစ်ပေမယ့် စိတ်ထဲတော့သိပ်မကြည်လှပါဘူး။ဂျစ်ကန်ကန်နိုင်တဲ့ ဂျွန့်ကို အယ်လ်ဒရစ်ဂျ်တစ်ယောက် နည်းလမ်းမျိုးစုံနဲ့ ရင်းနှီးမှုရယူဖို့ကြိုးစားရာမှ သူစိတ်ဝင်စားနေတဲ့ BMX စက်ဘီးလေးဝယ်ပေးပြီး စက်ဘီးစီးသင်ပေးရာက မိသားစုတွင်းအဆင်ပြေသွားပါတယ်။ BMX ကို ဝါသနာအရ လေ့လာပြီး စီးကြည့်ရာကနေ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့အတွက် ကြိုးစားအားထုတ်မှုတွေနဲ့ သူ့ရဲ့စတန့်ကွတ်လှလှလေးတွေကို ခံစားကြည့်ရှုရမှာဖြစ်ပြီးတော့ မိသားစုဆိုတဲ့နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ရသကို အပြည့်အဝခံစားရပြီး Heart ...
movie

The Ride (2018)

2018
Crash 2004 7.1
Crash 2004 Crash ဆိုတဲ့ ဇာတ်​ကား​က​တော့ ​လော့စ်​အန်​ဂျလိစ်​မြို့​တော်​တွင်​း လူမျိုး​ရေးခွဲခြားမှု​တွေ လူ့အသိုင်​းအဝိုင်​းကြားတင်​းမာမှု​တွေကို ရိုက်​ကူးပုံ​ဖော်​ထားတဲ့ ဇာတ်​ကားပဲဖြစ်​ပါတယ်​လူဖြူ လူမည်​းခွဲခြားမှု​တွေကြားမှာ လူဖြူ​တွေကို မုန်​းတီးပြီး အနုကြမ်​းစီးတတ်​တဲ့ Anthnoy ဟာ သူ့အ​ဖော်​နဲ့အတူ လူဖြူ​ရှေ့​နေ Rick နဲ့ သူ့ဇနီး Jean တို့ရဲ့ကားကို လုခဲ့ပါတယ်​။ဒီဇာတ်​ကား​လေးထဲမှာို​သေနတ်​နဲ့ခြိမ်​း​ခြောက်​ခံခဲ့ရတဲ့အတွက်​ လူမည်​း​တွေကို ​ကြောက်​ရွံ့​သွားပြီး သူ့အိမ်​မှာအလုပ်​လာလုပ်​တဲ့ လူမည်​း​​တွေကို မယုံကြည်​နိုင်​​တော့တဲ့ Jeanကျည်​ဆံသံ​တွေ​ကြား အိမ်​ခဏခဏ​ပြောင်​းခဲ့တဲ့ ​သော့ပြင်​ဆရာ Daniel​သော့ပြင်​ဆရာနဲ့အ​ခြေအတင်​စကားများပြီး​နောက်​ လူမည်​း​သော့ပြင်​ဆရာ​ကြောင်​့ သူ့ဆိုင်​​ဖောက်​ထွင်​းခံရတယ်​ ယူဆထားသူ Farhandလူမည်​းတစ်​​ယောက်​ဖြစ်​တဲ့အတွက်​ ဇနီးဖြစ်​သူကို ရဲတစ်​ဦး လက်​သရမ်​းတာကို ကြည်​့​နေခဲ့ရတဲ့ လူမည်​းရုပ်​ရှင်​ဒါရိုက်​တာ Cameronဖခင်​ရဲ့​ရောဂါ​ကြောင်​့ ​ဆေးရုံမှတာဝန်​ရှိသူ လူမည်​းအမျိုးသမီးကို မ​ကျေမနပ်​ဖြစ်​​နေသူ ရဲအရာရှိ Ryanလူမျိုး​ရေးခွဲခြားမှု​ကြောင်​့ ဖြစ်​​ပေါ်လာတဲ့ လူသတ်​မှုတစ်​ခုကို စုံစမ်​း​နေသူ လူမည်​းစုံ​ထောက်​တစ်​​ယောက်​ဦး Graham watersစတဲ့ဇာတ်​​ကောင်​​တွေရဲ့ လှုပ်​ရှားမှု​တွေနဲ့ ​အ​မေရိကန်​လူ့အသိုင်​းအဝိုင်​းကြား ဖြစ်​ရပ်​​တွေကို ပုံ​ဖော်​ထားတာ​တွေ့ရမှာပါ။ပါဝင်​ထားတဲ့ သရုပ်​​ဆောင်​​တွေက​တော့ခရိုင်​​ရှေ့​နေ Rick အဖြစ်​ Brendan ...
movie

Crash 2004

New Year’s Eve (2011) 5.7
New Year’s Eve (2011) နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ New yearဇာတ်ကားလေးပါ။နှစ်စဉ်ကျင်းပနေကြ New Yorkရဲ့ Times Square Ball Dropပွဲကိုကျင်းပဖို့တာဝန်ယူထားတဲ့ အမျိုးသမီးတစ်ယောက်ရယ်၊New Yorkရဲ့ပါတီတစ်ခုကို အမီပြန်ရမယ့်ယောက်ျားတစ်ယောက်ရယ်၊ဖိအားတွေများတဲ့အလုပ်ကနေထွက်လိုက်တဲ့ မိန်းမတစ်ယောက်ရယ်၊ပစ္စည်းပို့တဲ့ကောင်လေးတစ်ယောက်ရယ် (Zac Efronလေး)၊ဆယ်ကျော်သက်သမီးချောလေးရဲ့ မိခင်တစ်ယောက်ရယ်၊နှစ်သစ်ကူးညမှာကလေးအစောဆုံးမွေးနိုင်ရင်ပိုက်ဆံရမယ့်စုံတွဲနှစ်တွဲရယ်၊ဆေးရုံမှာ ကင်ဆာကြောင့်သေခါနီးအဖိုးကြီးတစ်ယောက်ရယ်အပြင်တခြားဇာတ်ကောင်တွေလည်း ပါဝင်ထားပါတယ်။နှစ်သစ်ကူးမှာကြည့်လို့ရမယ့် ပေါ့ပေါ့းပါးပါးဇာတ်လမ်းလေးပါ။ File Size : ( 1 GB , 357 MB )Quality :  WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre :  Comedy , RomanceSubtitle : Myanmar ...
movie

New Year’s Eve (2011)

2011
Show Dogs (2018) 3.0
Show Dogs (2018) CM က တိရစ္ဆာန်ချစ်သူတွေအတွက် တိရစ္ဆာန်စကားပြောဇာတ်ကားတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။Show Dog(2018) ပါတဲ့။ခွေးချစ်တတ်သူများသဘောကျမယ့်ကားမျိုးပါ။အဓိကဇာတ်ကောင်ကတော့ Rottweiler အမျိုးအစား ဒေါသကြီးပြီး တစ်ကိုယ်တော် အလုပ်လုပ်တတ်တဲ့ ရဲခွေး Max ပါ။သူကအခိုးခံလိုက်ရတဲ့ Panda လေးတစ်ကောင်ရဲ့ အမှုကိုစုံစမ်းနေရင်း ဥပဒေဘက်တော်သား အဖွဲ့မတူတဲ့ FBI က အေးဂျင့် Frank ရဲ့စစ်ဆင်ရေးကိုဖျက်စီးလိုက်သလိုဖြစ်သွားပါတယ်။သူတို့နောက်ထပ်ရတဲ့သဲလွန်စက ခွေးပြပွဲတစ်ခုမှာဖြစ်လို့ ပြိုင်ပွဲဝင်အဖြစ်အသွင်ယူဖို့ နှစ်ယောက်သားပူးပေါင်းပြီး ပန်ဒါလေးကို ရှာဖွေရင်း Max နဲ့ Frank တို့ ဘယ်လို မိတ်ဆွေသစ်တွေရပြီး ဘယ်လိုအချစ်ကိုတွေရှိကြတယ်ဘယ်လို အမြင်တွေပြောင်းလဲသွားတယ်ဆိုတာကို ဟာသအလွဲလေးတွေနဲ့ပြထားပြီးပန်ဒါလေးကိုကယ်နိုင်သွားမလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။စကားမစပ်ပန်ဒါလေးကအသေချစ်ဖို့ကောင်းတယ်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Adventure, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SAPHiRE Translated by d3mon Encoded by Thanhtike ...
movie

Show Dogs (2018)

2018