Channel Myanmar

Michael Peña

A Wrinkle in Time(2018) 4.1
A Wrinkle in Time(2018) A Wrinkle in Time(2018) ဒီ A Wrinkle in Time ဆိုတဲ့ကားလေးကိုနာမည်ကျော် Walt Disney Studioကနေရိုက်ကူးထားတာပါ.. . Walt Disneyရဲ့ ထုံးစံအတိုင်း သီချင်းကောင်းကောင်းလေးနဲ့ ဇာတ်လမ်းဇာတ်အိမ်ကလည်း ဆန်းဆန်းလေးဖြစ်လို့ မငြီးမငွေ့ကြည့်ရှုရမယ့်ကားတစ်ကားပါပဲ... Oprah Winfrey,Reese Witherspoon,Chris Pineစတဲ့ နာမည်ကျော်အနုပညာရှင်တွေ ပါဝင်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးရဲ့ အကျဉ်းချုပ်လေးကတော့ ဖခင်ဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားပေမယ့် တစ်နေ့ပြန်လာမယ်ဆိုပြီး မျှော်လင့်ချက်လေးနဲ့ မက်ဂ် နဲ့ ချားလ်ဝေါလေ့စ်ဆိုတဲ့ မောင်နှစ်မနှစ်ယောက်ဟာ အချိန်တွေကိုဖြတ်ကျော်နေပါတယ်... တစ်ညမှာတော့ ထူးဆန်းစွာ နတ်သမီးတွေလို့ထင်ရလောက်တဲ့အမျိုးသမီးတွေနဲ့ တွေ့ဆုံမိပါတော့တယ်။ ဒီအမျိုးသမီးသုံးယောက်ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ အဖေဖြစ်သူဟာ မသေဆုံးသေးပဲ တစ်နေရာရာမှာပိတ်မိနေတာကို သိရှိလာရပါတယ်။ ဒီကလေးတွေ သူ့အဖေဖြစ်သူကိုဘယ်လိုကယ်တင်မလဲ... ဘယ်လိုအခက်အခဲတွေကရော ရှေ့ မှာစောင့်ကြိုနေမလဲ... ဖခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာ ရင်တစ်ထိတ်ထိတ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။ သဲထိတ်ရင်ဖို ကားကောင်းလေးတွေစိတ်ဝင်စားတဲ့ လူတွေအတွက်တော့မဖြစ်မနေကြည့်သင့်တဲ့ ရှယ်ဇာတ်ကါးလေးလို့ပဲပြောချင်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ်JtheKoalaဖြစ်ပါတယ်.... File Size : (900 MB) and (336 MB) Quality : Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Adventure, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
4.1
IMDB: 4.1/10 16,270 votes
movie

A Wrinkle in Time(2018)

2018
Blu-Ray 720p
Battle: Los Angeles 5.8
Battle: Los Angeles စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာ မဆန်းတော့ပါဘူး.. ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကို ကျူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့ အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကို ဖော်ပြထားပါတယ်... စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ ပြည်သူတွေပဲဖြစ်ပါတယ်...နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက် သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး... ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့ သတ္တ၀ါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လို စစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင် ဆုံးရှုံးမှု့တွေကြီးလှပါတယ်... အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တ၀ါတွေကြောင့် ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက် အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေ သူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်... အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တ၀ါတွေကြောင့် ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကို အသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာ  စိတ်ဝင်စားစရာပါပဲ... စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး... ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေ ဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့် စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ... File Size : (831 MB) and (381MB) Quality : Blu-Ray 1080p and 360p Running Time : 1hr 56min Format : Mp4 Genre : Action , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-Ray 1080p Translated ...
5.8
IMDB: 5.8/10 163,042 votes
movie

Battle: Los Angeles

2011
Turbo 6.5
Turbo   17 July 2013 က ထွက်ရှိထားတဲ့ Animation Cartoon ရုပ်ရှင်ဖြစ်ပါတယ်... Animation | Adventure | Comedy | Family | Sport အမျိုးအစား ကာတွန်းရုပ်ရှင်ဖြစ်ပြီး မဖြစ်မနေကြည့်ရှုသင့်တဲ့ အတွေးအခေါ်တစ်ခုခု ရရှိစေမယ့် ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်... ဇတ်လမ်း အစ မှာတော့ အိမ်တစ်ခု ရဲ့ ဥယဉ်အတွင်းမှာ မှီတင်းနေထိုင်ကြသော ဥယဉ်ခရုများအနက် တာဘို နှင့် ၄င်း၏ အကိုဖြစ်သူ ချက် တို့လဲ ပါဝင်ပါတယ် ဥယဉ်ခရုတို့ သဘာဝ မနက်ထ အလုပ်လုပ် အစာစား တစ်နေကုန် ခရုသံသယာ ဘ၀ လည်နေသောလဲ တာဘို တွင်မှု ရည်မှန်းချက်ကြီးကြီးမားမားရှိနေပါတယ် ၄င်းနေထိုင်ရာ ခြံအတွင်း မှ ပိုင်ရှင်ဖြစ်သူ၏ တီဗီတွင်လာသော နိုင်ငံတကာ ကားပြိုင်ပွဲများကို ကြည့်ပြီး ၄င်းကို၎င်း ပြိုင်ကားအမှတ်ဖြင့် ကြိုးစားနေသူ ဖြစ်ပါတယ်... ထိုကဲ့သို့ ပြိုင်ကား စိတ်ဓါတ် စွဲဝင်နေသူ တာဘို ကို အကိုဖြစ်သူ ချက် က ဆုံးမသော်လဲ ...
6.5
IMDB: 6.5/10 69,973 votes
movie

Turbo

2013
Blu-Ray 1080p
Lions for Lambs (2007) 6.2
Lions for Lambs (2007) Lions for Lambs(2007) IMDb....6.2 ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Tom Cruise ,Robert Redford နဲ့  Meryl Streep  တို့ကိုတော့ အတော် များများသိကြမယ်ထင်ပါတယ်...အမှန်ပြောရရင် ကျွန်တော်ကတော့ Meryl Streep ကို The post မှာ ခမ်းနားတဲ့သူ့ရဲ့သရုပ်ဆောင်ဟန်တွေကြောင့်သတိထားမိခဲ့တာပါ. .တကယ့်လူတွေ တစ်ပြိုင်နက်သုံးထားတော့ ဒီကားကို နည်းနည်းစူးစမ်းမိသွားတယ်....... ဒီကားဟာ scene (၃) ခုကို အလှည့်ကျပြသွားရင်း ကြီးကျယ်ခမ်းနားတဲ့ ဒိုင်ယာလော့တွေနဲ့ ကြည့်ရှူသူ ပရိတ်သတ်ကိုပခုံးဖက်တွဲခေါ်ပြီး အတွေးအခေါ်တွေဖြန့်ကျက်စေတဲ့လိုဆိုရမယ်ထင်တယ်.. .အဲ့ဒါတွေကြောင့် တကယ့်လူ ၃ ယောက်ကို သရုပ်ဆောင်ခိုင်းထားတယ်ထင်တယ်...Andrew Garfield လည်းပါသေးတယ်... ပထမ Scene ပရော်ဖက်ဆာတစ်ယောက်ဟာ ကျောင်းသားတစ်ယောက်ကို သူ့ရုံးခန်းထဲခေါ်တွေ့တယ်...အဲ့ဒီကျောင်းသားဟာ ထက်မြက်ပေ မယ့် ပရော်ဖက်ဆာ အမြင်မှာ လွဲမှားဟန်ရှိတဲ့အယူအဆတစ်ချို့ကြောင့် ဆွေးနွေးဖို့ခေါ်လိုက်တာပါ.... ဒုတိယ Scene အဖဂန်နစ်စတန်စစ်မြေပြင်နဲ့ပတ်သက်ပြီး အမတ်တစ်ယောက်ဟာ ရှေ့တန်းစစ်မြေပြင်ထိုးစစ်တွေအကြောင်းကို ဂျာနယ်လစ် တစ်ယောက်ကိုခေါ်ပြောပြတယ်....သူတို့တွေ ဘယ်လိုထိုးစစ်ဆင်တယ် .. ဘယ်လိုတွေအတွက် ဒီတိုက်ပွဲကိုဆင်နွှဲနေတယ်...ဂျာနယ်လစ်ရဲ့ မေးခွန်းတွေနဲ့ အမတ်ရဲ့ အဖြေတွေနဲ့ပေါ့... တတိယ Scene အမေရိကန်ရှေ့တန်းစစ်မြေပြင်အခြေစိုက်စခန်းတစ်ခုရဲ့ တကယ့်စစ်မြေပြင် ထိုးစစ်အသွင်တွေကို ပြတာပါ.... ဒီကားဟာ ဖျော်ဖြေရေးမဆန်ဘူး.... သူ့ရဲ့ဆိုလိုရင်းဟာ ဘာလဲဆိုတာကိုတော့ ကျွန်တော်မပြောချင်ဘူး.. ..ပြောပြဖို့လည်းခက်ပါတယ်....ဒီကားကိုရသအမြောက်ဆုံးဖြစ်အောင် ဘာသာပြန်ပေးတဲ့ ညီမငယ် JtheKoala  ရေ အထူးပဲကျေးဇူးတင်ပါတယ်... File Size : (850 MB) and (319 MB) Quality ...
6.2
IMDB: 6.2/10 43,468 votes
movie

Lions for Lambs (2007)

2007
12 Strong (2018) 7.0
12 Strong (2018) စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ခ်ျနယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။ တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့ သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊ သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။ ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။ တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ သနားစရာကောင်းတဲ့ဘ၀အခြေအနေတွေကိုလဲ သေချာရိုက်ကူးပြသွားခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေ ...
7.0
IMDB: 7.0/10 8,541 votes
movie

12 Strong (2018)

2018
Blu-Ray 720p
My Little Pony: The Movie (2017) 6.3
My Little Pony: The Movie (2017) အခုမိတ်​ဆက်​​ပေးမယ့်​ ဇာတ်​ကား​လေးက​တော့ ၂၀၁၇ ထွက်​ My little pony ဆိုတဲ့ကား​တွန်းကား​လေးပါ ဒီကား​လေးက​တော့ ကာတွန်းကား​တွေရဲ့ ထုံးစံအတိုင်း ​ပေါ့​ပေါ့ပါးပါးမြူးမြူးကြွကြွ​လေး ရိုက်​ကူးထားတာပါ မြင်းတိုင်းပြည်​မှာ နတ်​မြင်းပျံမင်းသမီး​လေး ၄ ​ယောက်​ရှိပါတယ်​ သူတို့ထဲ ကမှ တွိုင်းလိုက်​က​တော့ ခင်​မင်​မှုရဲ့ မင်းသမီး​လေးပါ သူဟါ တခြားမင်းသမီး​တွေ​လောက်​ သူ့ကိုယ်​သူ ​မှော်​အစွမ်းမရှိဘူးလို့ ထင်​​နေပါတယ်​ တစ်​​နေ့​တော့ သူတို့တိုင်းပြည်​မှာ ပွဲ​တော်​​လေးတစ်​ခုစီစဉ်​​နေတုန်းမှာ မုန်​တိုင်းသခင်​ကြီးရဲ့ ကျုး​ကျော်​မှုကို ခံရပြီး မင်းသမီး ၃ ပါးလုံး ဖမ်းခံရပါတယ် ​ တွိုင်းလိုက်​က​တော့ သူ့သူငယ်​ချင်း​တွေရဲ့ အကူအညီနဲ့ လွတ်​​မြောက်​သွားပြီး သူတို့တိုင်းပြည်​ကို ကယ်​တင်​ဖို့ သူ့တာဝန်​ဖြစ်​လာပါ​တော့တယ်​ ဒီအချိန်​မှာ သူတစ်​​ယောက်​တည်းအင်​အားနဲ့ မဟုတ်​ဘဲ သူငယ်​ချင်း​တွေနဲ့အတူ တက်​ညီလက်​ညီကြိုးစားကြပုံကို ချစ်စဖွယ် သီချင်း​လေး​တွေနဲ့ ​​​ဝေ​ဝေဆာဆာ ရိုက်​ကူး​ပေးထားတာပါ ​နောက်​ဆုံး​တော့ သူငယ်​ချင်းတစ်​စု ဘာ​တွေကြုံပြီး တိုင်းပြည်​ကို ဘယ်​လိုကယ်​တင်​ကြလဲ ဆိုတာ ကြည့်​ရှုအား​ပေးကြပါဦး   File ...
6.3
IMDB: 6.3/10 3,210 votes
movie

My Little Pony: The Movie (2017)

2017
Gone in Sixty Seconds (2000) 6.5
Gone in Sixty Seconds (2000) ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းနေတဲ့သူတစ်ယောက်...... သူ့ဘ၀ဟာ စိုးရိမ်ထိတ်လန့်စရာတွေမရှိဘူး....သာမန်လူတွေလိုပဲနေရတာကိုသူနှစ်ခြိုက်မိနေတယ်... ဒါပေမယ့် သူ့ကျေနပ်နေတဲ့ဘ၀ကို လက်လွှတ်လိုက်ရဖို့အကြောင်းဖန်လာတယ်... အဲ့ဒါကတော့ သူ့ရဲ့ညီဟာ တကယ့်လူဆိုးဂိုဏ်းအဖွဲ့နဲ့ငွေရေးကြေးရေးအရှုတ်တစ်ခုလုပ်မိတာပါပဲ... အစ်ကိုတစ်ယောက်အနေနဲ့ မိသားစုအရေးဆိုတော့မျက်ကွယ်ပြုလို့မရတော့ဘူး... သူ့ရဲ့ညီရဲ့အရှုတ်တွေကိုကူညီဖြေရှင်းပေးရတော့တယ် တကယ်တော့သူဟာ သိပ်တော်တဲ့ကားခိုးသမားတစ်ယောက်..ေ ကာင်းမွန်တဲ့အစီအစဉ်တွေ...ထိရောက်တဲ့ဖြတ်ထိုးဥာဏ်တွေ သွေးအေးအေးနဲ့လုပ်တတ်တဲ့ကားခိုးသမား.... သူ့ညီရဲ့အသက်အန္တရယ်ကိုကာကွယ်ပေးဖို့ကလည်း ကားခိုးပေးရမှာဆိုတော့ သူစတင်အစဉ်ဆွဲရပါတော့တယ်.... ခိုးရမယ့်ကားတွေကလည်း တန်ဘိုးမြင့်နာမည်ကြီးကားတွေပါပဲ... သူဟာ ဥပဒေဘောင်အတွင်းကလည်းလုပ်ချင် လုပ်ရမယ့်အလုပ်ကလည်း ဥပဒေပြင်ပ... သူ့အဖွဲ့တွေကလည်း တကွဲတပြား သူရင်ဆိုင်နေရတာလည်း တကယ့်လူဆိုးဂိုဏ်း. သူဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုတော့..ကိုင်းပြိတ်သတ်ကြီးရေခံစားကြည့်လိုက်ပါဦး   File Size : (950 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 58min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p Blu-Ray x264 SPARKS Subtitle by Wai Linn Kyaw Encoded by Thanhtike Zaw
6.5
IMDB: 6.5/10 232,469 votes
movie

Gone in Sixty Seconds (2000)

2000
The LEGO Ninjago Movie (2017) 6.1
The LEGO Ninjago Movie (2017) Lego crazy တွေအတွက် LEGO ရဲ့နောက်ဆုံးထွက်ရုပ်ရှင် လာပါပြီ။ The LEGO Movie, The LEGO Batman Movie တို့လိုပဲ မြူးမြူးကြွကြွတီးလုံးတွေနဲ့ ရယ်မောစရာ ဇာတ်ဝင်ခန်းပါဝင်တဲ့ ကားကောင်းတစ်ကားပါပဲ။ ဂာမဒွန် ဆိုတဲ့လက်လေးဖက်နဲ့လူဆိုးကြီးက Ninjago ဆိုတဲ့မြို့ကြီးကို ခဏခဏလာတိုက်ပါတယ်။ လာတိုက်တိုင်းလဲ နင်ဂျာအဖွဲ့ကို အမြဲတမ်းရှုံးပြီး ခွေးပြေးဝက်ပြေးပြေးရစမြဲပါ။ နင်ဂျာအဖွဲ့မှာ မီး၊ရေ၊မြေ၊ရေခဲ၊လျှပ်စီး နဲ့ အစိမ်းရောင်နင်ဂျာဆိုတဲ့ နင်ဂျာသူငယ်ချင်း ၆ ယောက်ပါဝင်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ အစိမ်းရောင်နင်ဂျာလေး လွိုက်၊ ဂါမဒွန်ရဲ့သားဖြစ်သူနေရာကနေ ဇာတ်လမ်းကိုတည်ထားပါတယ်။ သူဟာ အစိမ်းရောင်နင်ဂျာမှန်း သူ့အဖေရော တစ်မြို့လုံးရောမသိကြပဲ ဂါမဒွန်ကြီး တစ်ခါလာတိုက်ခိုက်တိုင်း မြို့သူမြို့သားတွေက သူ့ကိုသာအပြစ်ပုံချလေ့ရှိပါတယ်။ တစ်ရက်မှာတော့ ဂါမဒွန်ကို သည်းမခံနိုင်တော့တဲ့ လွိုက်ဟာ အန္တရာယ်ရှိတဲ့လက်နက်ကြီးတစ်ခုကို ထုတ်သုံးလိုက်မိတာကြောင့် မီယောင်သရာလို့ခေါ်တဲ့ ကြောင်ဆိုးကြီး Ninjago မြို့ကိုရောက်လာပြီး တစ်မြို့လုံးကိုဖျက်စီးပစ်တဲ့အခါ လွိုက်နဲ့သူ့သူငယ်ချင်းတွေ ကြောင်ကြီးကိုဘယ်လိုဖြေရှင်းကြလဲ။ ဂါမဒွန်နဲ့လွိုက် သားအဖရဲ့ ...
6.1
IMDB: 6.1/10 6,501 votes
movie

The LEGO Ninjago Movie (2017)

2017
Shooter (2007) 7.2
Shooter (2007) အာဖရိကရှေ့တန်းစစ်ဆင်ရေးတစ်ခုမှာ သူငယ်ချင်းလဲဖြစ် တွဲဖက်လဲဖြစ်သူကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့လူတစ်ယောက် ပစ်ခတ်မှုတွေကိုစိတ်နာပြီး အငြိမ်းစားယူခဲ့တဲ့လူတစ်ယောက် ကိုက် ၁၀၀၀ အကွာအဝေးကပစ်မှတ်ကို မလွဲအောင်ပစ်နိုင်တဲ့လူတစ်ယောက် သမ္မတလုပ်ကြံမှုကိုကာကွယ်ဖို့ အထက်အရာရှိက အကူအညီလာတောင်းတဲ့အခါ ပစ်ခတ်မှုတွေကြားထဲပြန်ဝင်လာခဲ့တယ် ဒါပေမယ့် သူ့ကိုထောက်ချောက်ဆင်ပြီး အသုံးချမယ်ဆိုတာ သူမသိခဲ့ဘူး အဲ့ထောင်ချောက်ဆင်တာကို လွတ်အောင်ပြေးနိုင်မလား သူ့ကိုထောင်ချောက်ဆင်ခဲ့တဲ့သူတွေကို လက်စားချေနိုင်မလား ထောင်ချောက်ဆင်မှုနောက်ကွယ်မှာ ရှိနေတဲ့အဓိကလျို့ဝှက်ချက်ကိုရောဖော်ထုတ်နိုင်မလား တရားဥပဒေက နောက်ဆုံး အနိုင်ယူနိုင်မလား ဒါမှမဟုတ်................. IMDB Rating 7.2/10 ရရှိထားတဲ့ Action,Crime,Drama အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် Transformer မင်းသား Mark Wahlberg က စနိုက်ပါသမား တပ်ကြပ် Bob Lee Swagger အဖြစ် သရုပ်ထားပြီးမင်းသမီးကတော့ Transcendence နဲ့ Fantastic Four(2015) ထဲကမင်းသမီး Kate Mara ပဲဖြစ်ပါတယ် Ant Man(MCU)ကားထဲက စကားခပ်ပြတ်ပြတ်ပြောတတ်တဲ့ Michael Pena ကလည်း FBI agent Nick Memphis အဖြစ် ပါဝင်အားဖြည့်ထားပါသေးတယ်။ Actionဇာတ်ကားကောင်းကောင်းကြိုက်တဲ့သူတွေကတော့လုံးဝလက်မလွှတ်သင့်ဇာတ်ကားပဲဗျို့   (ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)   File Size : (950 MB) ...
7.2
IMDB: 7.2/10 274,022 votes
movie

Shooter (2007)

2007
War on Everyone(2016) 5.9
War on Everyone(2016) War on everyone (2016) ဇာတ်ကားလေးဟာ IMDB 5.9 ရရှိထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တယ်ရီနဲ့ ဘော့ ဆိုတဲ့ရဲအရာရှိ ၂ဦး ရှိတယ်...သူတို့ ၂ယောက်ဟာ ရဲကျင့်ဝတ်နဲ့မညီတာတွေ လုပ်ကြတယ် အထူးသဖြင့် ပြစ်မှုကျူးလွန်တဲ့ရာဇ၀တ်သားတွေဆီက လာဘ်စားတယ် ငွေညှစ်တယ် ..တစ်နေ့တော့ သူတို့၂ယောက်ဟာ လုယက်မှုလေးတွေ နောက်ကို လိုက်နေရင်း မမျှောလင့်ပဲ အချီကြီးကြံနေတဲ့ လုယက်မှုသတင်းအနံရသွားတယ် နယ်ခံရာဇဝတ်သားတစ်ယောက်ဖြစ်သူ ဂျင်မီဟာ ဒီလုယက်မှုကြီးရဲ့ ဦးဆောင်သူကတော့ ဂျိမ်းစ်မိန်းကန်လို့ ခေါ်တဲ့ဗြိတိသျှစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ သူတို့ရဲ့အလုပ်ကို ဝင်ရောက်နှောင့်ယှက်နေတဲ့ ဒီရဲနှစ်ယောက်ကို ဂျိမ်းစ်မိန်းကန်က ရဲအရာရှိဘဝကနေ ပြုတ်သွားအောင်လုပ်လိုက်ပါတယ်။ သူတို့ ၂ယောက်ဟာ အရက်သားဖြစ်သွားပေမဲ့လက်မလျော့ခဲ့ဘူး...အရပ်သားအဖြစ်နဲ့ သူတို့နှစ်ယောက် ဒီအမှုကိုဆက်လက်လိုက်ရင်း ရှုပ်ထွေးလှတဲ့ ကွင်းဆက်များအကြား ဘယ်လို စုံစမ်းထောက်လှမ်းပြီး ဘယ်လိုအန္တရာယ်တွေကြားထဲကနေ နောက်ဆုံးခေါင်းဆောင်ဆီရောက်အောင် သွားမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီကားထဲက မင်းသားတွေကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ........ ဇတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yae ...
5.9
IMDB: 5.9/10 12,010 votes
movie

War on Everyone(2016)

2016
Gangster Squad (2013) 6.7
Gangster Squad (2013)   ဒုတိယကမ္ဘာစစ်ပြီးတော့  အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ  လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက လက်ဝှေ့လောက က လူ ၊ ...
6.7
IMDB: 6.7/10 182,949 votes
movie

Gangster Squad (2013)

2013
CHiPS (2017) 6.0
CHiPS (2017) ကဲအခုနှစ်2017 ကမှထွက်ထားတဲ့Comedy/Actionကားလေးပါဗျာ။ မင်းသားကိုတချက်ကြည့်လိုက်တာနဲ့သိလောက်မှာပါ။ ဂျွန်ဘိတ်ကာနဲ့ပေါ့ခ်ျရီလိုဆိုတဲ့သူနှစ်ယောက်ဟာကာလီဖိုးနီးယားအမြန်လမ်းရဲတပ်ဖွဲ့ကိုတူတူအသစ်ဝင်လာကြတဲ့သူတွေပါ။ ဒါပေမယ့်ဝင်လာရတဲ့အကြောင်းအရင်းတွေကတော့မတူကြပါဘူး။ ဂျွန်ဘိတ်ကာကအရင်ကဆိုင်ကယ်ပြိုင်ပွဲမောင်းတဲ့သူပါ။ အတိတ်ကရွှေရောင်နေ့ရက်တွေမှေးမှိန်သွားပြီးတဲ့နောက်အိမ်ထောင်ရေးပြန်လည်အဆင်ပြေစေဖို့ရဲဝင်လုပ်တာပါ။ ပေါ့ခ်ျရီကတော့FBIအထူးစုံထောက်ဖြစ်ပြီးအဲဒီအမြန်လမ်းရဲတပ်ဖွဲ့ရဲ့အမှုတခုကိုဖြေရှင်းဖို့အသွင်ယူပြီးရောက်လာခဲ့တာပါ။ နှစ်ယောက်လုံးတူတူရောက်လာကြပြီးပူးတွဲတာဝန်ပေးခံလိုက်ရတဲ့အခါမှာတော့ ပေါ့ခ်ျရဲ့ကြောင်တောင်တောင်အကျင့်တွေဘိတ်ကာရဲ့အူအူပုံစံတွေအတွေးအခေါ် တွေကြောင့်ဘယ်လိုတွေပေါက်ကရဖြစ်ကြမလဲ။ တယောက်ကအခုမှရဲလုပ်မယ့်သူ၊တယောက်ကအတွေ့အကြုံရှိတဲ့သူဘယ်လိုတွေအဆီအငေါ်မတည့်ဖြစ်ကြမလဲ။ သူတို့နှစ်ယောက်ဘယ်လိုကတောက်ကဆတ်တွေဖြစ်ပြီးရယ်စရာတွေလုပ်ပြမလဲ။ အမှုကရောဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ဗျာ။ အားလပ်ချိန်ကိုအားရပါးရရယ်လိုက်မောလိုက်အပန်းဖြေလိုက်ကြရအောင်ဗျာ။ [မင်းသားကတော့ပေါက်ကရလုပ်မယ့်မင်းသားဆိုတာသိမှာပါ:P]။ ပြောတာလေးတွေကနည်းနည်းတော့ဆဲတာလေး18+တွေပါပါမယ်။မိသားစုနဲ့မကြည့်သင့်ပါဘူး။ (ဘာသာပြန်သူကတော့ The Fridays ဖြစ်ပါတယ်) File Size : 750 MB/400 MB Quality : Bluray 720p Running Time : 1hr 40minutes Format : Mp4 Genre : Action, Comedy, Crime Translator : The Fridays Encoder :Thanhtike Zaw
6.0
IMDB: 6.0/10 11,905 votes
movie

CHiPS (2017)

2017
BlueRay 720p

Genres

Like Us!