Channel Myanmar

Romance

Drift (2024)
Drift (2024)  ဂျက်ကွီလင်းဆိုတဲ့ ကောင်မလေးဟာ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး လန်ဒန်မှာ သွားရောက်နေထိုင်နေသူပါ။တစ်ရက်မှာတော့ မိသားစုတွေနဲ့ တွေ့ဆုံဖို့ သူဟာ Liberia ကိုနှစ်ပတ်ကြာပြန်လာခဲ့ပါတယ်။အဲ့ဒီအချိန်နိုင်ငံအတွင်းမှာ ပဋိပက္ခပေါင်းများစွာနဲ့ ပြည်တွင်းစစ်ပေါ်ပေါက်လာပြီး ဂျက်ကွီလင်းတို့ ဝန်ကြီးမိသားစုအိမ်ဟာလည်း ပုန်ကန်သူတွေလက်အောက်ကို ကျရောက်ကာ ကံကြမ္မာဆိုးဝင်ခဲ့ပါတော့တယ်။ နိုင်ငံဟာလည်း စစ်မီးကြောင့် ပျက်စီးနေတဲ့အချိန် ဂျက်ကွီလင်းဟာ နိုင်ငံ‌က ထွက်ပြေးပြီး ဂရိကျွန်းလေးတစ်ကျွန်းကို ရောက်ရှိသွားခဲ့ပါတယ်။ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး ဘဝမှာ အဆင်ပြေပြေနေခဲ့ရသူတစ်ယောက် နိုင်ငံပျက်စီးနေချိန် ဂရိကျွန်းမှာ နေ့စဉ်ဘဝကို ခက်ခဲစွာရှင်သန်နေထိုင်ရပုံကို ကြည့်ရှုခံစားရမယ့် Drama ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် File size…(2.1 GB)/(988 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

Drift (2024)

Three Nights a Week (2022) 6.1
Three Nights a Week (2022) (18+) Three Nights A Week [2022] (IMDb 6.2/10, RT 100% )ဘက်ပ်တစ်က ဆမီယာဆိုတဲ့ သူနာပြုသင်တန်းကျောင်းသူရဲ့ ရည်းစားဖြစ်ပြီးတော့ ဆမီယာ အလုပ်သင်လုပ်နေတဲ့ ဆေးခန်းက လူထုအကျိုးပြု ပရဟိတလုပ်သားအဖြစ် လိင်လုပ်သားတွေကို လိင်ပညာအသိပေးတာ ဆေးကုသပေးတာမျိုးတွေကို အပတ်စဉ်ဆောင်ရွက်ကြပါတယ်.. တစ်နေ့မှာတော့ ဘက်ပ်တစ်ဟာ ကွတ်ကီးဆိုတဲ့ Drag queenတစ်ယောက်နဲ့ စတင်သိကျွမ်းပါတော့တယ်... သူ ပထမဆုံးတွေ့ဖူးတဲ့ Queenတွေမို့ ဓာတ်ပုံရိုက်ယူရင်းက ပရောဂျက်အသစ်တစ်ခုအတွက် အကြံရသွားပါတော့တယ်... သူ့အကြံဉာဏ်ကတော့ Queenတွေရဲ့ စင်ပေါ်က ဖျော်ဖြေမှုတွေကို လူတိုင်းမြင်ဖူးကြပြီးသားမို့ သူတို့ရဲ့ စင်အောက်က ဘဝကို တင်ဆက်ပြသဖို့ပဲ ဖြစ်ပါတယ်... ဒီလိုနဲ့ ဘက်ပ်တစ်ယောက် Dragလောကထဲကို ထဲထဲဝင်ဝင်လေ့လာရင်း စိတ်ရောကိုယ်ပါဖြစ်သွားရာက ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ်... ဒီဇာတ်ကားက Rating ကောင်းသလို တကယ်လည်း ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်ခဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. ...
movie

Three Nights a Week (2022)

2022
Heartbreak Hotel (2015) 6.8
Heartbreak Hotel (2015) Heartbreak Hotel (2015)အိပ်မက်နဲ့ငွေ ဘယ်အရာက ပိုအရေးကြီးသလဲလို့တွေးရင်း ငွေရှိမှ အိပ်မက်မက်နိုင်မယ့်ဘဝတွေအကြောင်းကို ရိုက်ကူးပြထားတဲ့ Heartbreak Hotel (2015) ကို CM မှာ ကြည့်လို့ရပါပြီနော်။ဇာတ်လမ်းအကျဉ်းကတော့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူကိုလိုက်ရှာရင်း အမေရိကကို တရားမဝင်ရောက်လာခဲ့ကြတဲ့ "ဂျွန်" နဲ့ သူ့သူငယ်ချင်း "ချန်း" တို့ဟာ လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီလူအတွက် အလုပ်လုပ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဂျွန်ဟာ အမေရိကကိုရောက်နေတဲ့ ကိုရီးယားသူလေး "ဆာရာ" ကို သဘောကျမိသွားတဲ့အချိန်မှာတော့ အချစ်ရော အိပ်မက်ဟာ ငွေရှိမှဖြစ်နိုင်ကြောင်းကို သဘောပေါက်သွားပါတော့တယ်။ ဒါ့ကြောင့် ဂျွန်နဲ့ဆာရာတို့ဟာ နှစ်ယောက်သား ပေါင်းဖက်ဖို့ကြိုးစားကြရင် ငွေရဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားကြမလဲ၊ ငွေနောက်ကိုလိုက်ရင်း နှစ်ယောက်သားရဲ့အချစ်တွေက ဆက်လက်တည်မြဲနိုင်ပါ့မလား စတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မယ့် Action/Romance ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Win ပဲ ဖြစ်ပါတယ်။Genre..... Action, Romance Quality…. 1080p | 720p File size…  1.3GB | 613MB Format… ...
movie

Heartbreak Hotel (2015)

2015
The Illusionist (2006)
The Illusionist (2006)  မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ File size…(1.8 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Fantasy, Drama, Thriller, Roamce  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The Illusionist (2006)

Bright Star (2009) 6.9
Bright Star (2009)  အင်္ဂလိပ်ကဗျာဆရာကြီး John Keats အကြောင်းရိုက်ကူးထားတဲ့ Romance/Thriller ရုပ်ရှင်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDb 6.9 နဲ့ Rotten Tomatoes 83% ရရှိထားပြီး စာတွေကဗျာတွေချစ်တတ်တဲ့သူတွေ ရိုမန့်စ်ရုပ်ရှင်တွေကိုသဘောကျသူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။အချိန်ကာလအားဖြင့် ၁၈၁၈ ခုနှစ်ဖြစ်ပြီး လန်ဒန်မြို့စွန်က ဟမ့်စတက်လို့အမည်ရတဲ့ ရွာငယ်လေးက အိမ်ကြီးတစ်တစ်အိမ်မှာ ကဗျာဆရာချားလ်စ်ဘရောင်း နဲ့ ဒီလ်မိသားစုတို့ အတူနေကြပါတယ်။ ဒီအိမ်ကြီးမှာ ဒီလ်မိသားစုတ၀က် ကဗျာဆရာချားလ်ဘရောင်းနဲ့ ဂျွန်ကိစ်တို့ကတ၀က် အတူနေထိုင်ကြတာပါ။ ဒီလ်မိသားစုနဲ့ပတ်သက်မှုကြောင့် ဖခင်မရှိတော့တဲ့ဘရွန်းမိသားစုဟာ ကဗျာဆရာ ဘရောင်း နဲ့ ဂျွန်ကိစ်တို့နဲ့ သိကျွမ်းနေကြသူတွေပါ။ ဘရွန်းမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ဖန်နီကတော့ အ၀တ်အထည်ဖန်တီးချုပ်လုပ်ရတာနဲ့ ကပွဲတက်ရတာကို စုံမက်တဲ့ အသက်တဆယ့်ရှစ်နှစ်အရွယ် မိန်းမပျိုလေးပါ။ ဒီလို မိသားစုချင်း နှီးနှောဆက်နွယ်မှုတွေကြောင့် ကဗျာဆရာ ဂျွန်ကိစ် နဲ့ ဖန်နီတို့ဟာ အချင်းချင်း မေတ္တာသက်၀င်သွားကြပါတော့တယ်။ ကျန်တာတွေကိုတော့ အများကြီးဆက်မပြောပြတော့ပါဘူး။ဒီရုပ်ရှင်ဟာ လူသားနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာကို ကဗျာတွေစာတွေနဲ့ လွမ်းဆွတ်ဖွယ်၊ ...
movie

Bright Star (2009)

My Boyfriends’ Dogs (2014) 5.8
My Boyfriends’ Dogs (2014) My Boyfriends’ Dogs [2014] ( IMDb 5.8/10 )မိုးသည်းတဲ့ ညတစ်ညမှာ ဘေလီတစ်ယောက် ပိတ်နေပြီဖြစ်တဲ့ ဆိုင်တစ်ဆိုင်အတွင်းကို ခွေးသုံးကောင်ရယ် မင်္ဂလာ‌ဆောင်ဂါဝန်ကြီး ဝတ်လျက်သားရယ်နဲ့ ဝင်ရောက်လာခဲ့ပါတယ်... စပ်စုလိုတဲ့ ဆိုင်ရှင်လင်မယားဟာ ဘေလီ့ကို မင်္ဂလာပွဲပျက်လို့ ထွက်ပြေးလာတယ်လို့ပဲ ထင်မှတ်ပြီး ဇာတ်ကြောင်းကို ရှင်းပြဖို့ တိုက်တွန်းပါတော့တယ်... ဒီလိုနဲ့ ခွေးသိပ်ချစ်တဲ့ ဘေလီလည်း သူ့ရဲ့ ဖြစ်ကြောင်းကုန်စင်ကို စတင်ရှင်းပြပါတော့တယ်... အိမ်အသစ်ကို စတင်ပြောင်းရွှေ့ရာကနေ အစပြုခဲ့တဲ့ သူ့ရဲ့အချစ်ဇာတ်လမ်းတွေဟာ ဘယ်နည်းဘယ်ပုံနဲ့ အဆုံးသတ်သွားပြီး အခုလို မင်္ဂလာဆောင်ဂါဝန်တကားကားနဲ့ မိုးရေထဲ ပြေးလွှားနေရတဲ့ အဖြစ်ကို ရောက်သွားရလဲဆိုတာ တစ်ဆင့်ချင်းစီ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, Family, Romance Quality…. 1080p | 720p File size… 1.4GB | 686MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle ...
movie

My Boyfriends’ Dogs (2014)

2014
Juni (2024) 8.6
Juni (2024) Juni 2024 (ဂျူနီရဲ့ အချစ်ပုံပြင်) IMDb 8.6/10ဒီတစ်ခါမှာတော့ ကဖေးပိုင်ရှင်လေးနဲ့ ဂရပ်ဖစ်ဒီဇိုင်နာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်ဇာတ်လမ်းလေးဖြစ်တဲ့အတိုင်းပဲ အလွမ်းအဆွေး အချစ်အမုန်း ခံစားချက်အစုံကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဟင်းတစ်ပွဲကို အရသာမရှိရင် မစားတတ်တဲ့အဖေဖြစ်သူကြောင့်နဲ့ ငယ်စဉ်အရွယ်ကတည်းက မိဘဖြစ်သူတွေပျော်ရွှင်ဖို့ စမ်းချက်ကြည့်ရင်းနဲ့ အချက်အပြုတ်ကိစ္စတွေကို ဝါသနာထုံသွားတဲ့ ပါသာ။ ကြီးလာတဲ့အခါမှာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အမြဲတမ်း မီနူးအသစ်တွေကိုပဲ စဉ်းစားပြီး လုပ်နေသူ။ဒီလို အချက်အပြုတ်ကို ခုံမင်တဲ့ ပါသာတစ်ယောက် သူ့ကဖေးကို အမြဲလာနေတဲ့ ဖောက်သည်ဖြစ်သူ ဂရပ်ဖစ်ဒီဇိုင်နာ ဂျူနီကို တိတ်တခိုးလေးချစ်ကြိုက်မိရာကနေ ....... ပါသာတစ်ယောက် ဂျူနီ့ကို ဘယ်လိုတွေ ပိုးပန်းသွားမလဲ .....ပါသာတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းလေးကရော ဘယ်လိုတွေဖြစ်လာမလဲ.... ဆိုတာကို ခံစားကြည့်ရှုပေးကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ~ Aditi တို့ပဲဖြစ်ပါတယ်) File size…2.3GB / 0.99GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18m Subtitle….Myanmar ...
movie

Juni (2024)

2024
Rewind (2023) 7
Rewind (2023) Rewind (2023)ယခုတစ်ခါမှာတော့ အချိန်နောက်ပြန်သွားတဲ့ ဖိလစ်ပိုင် အချစ်ရိုမန့်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မယ်ရီလို့ခေါ်တဲ့ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက ဂျွန်ဆိုတဲ့ကောင်လေးကို ချစ်လာခဲ့ပြီး သူတို့တွေ ကြီးလာတဲ့အခါမှာလည်း အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်မှာ အော်စတင်လို့ခေါ်တဲ့ သားလေးတစ်ယောက်ရှိလာတဲ့နောက်မှာ ဂျွန်ဟာလည်း အလုပ်သရဲပီပီ အလုပ်အားတဲ့အချိန်မှာတောင် အလုပ်ကိုပဲ ဘယ်လိုတွေတိုးချဲ့ရမလဲဆိုတာ တွေးတောနေသူ။ ဂျွန်ဟာ အလုပ်ရှုပ်ရင်ရှုပ် မရှုပ်ရင် ပင်ပန်း မဟုတ်ရင် စိတ်ဆိုးနေလေ့ရှိပြီး မိသားစုနဲ့လည်း‌ နွေးထွေးမှုတွေ ပျောက်ဆုံးလို့နေပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဂျွန်ဟာ သူမှန်းထားတဲ့ ရာထူးတိုးနေရာကို မရလိုက်တဲ့နောက်မှာတော့ စိတ်လိုက်မာန်ပါလုပ်ပြီး အလုပ်ကနေ ထွက်လာခဲ့ပြီးနောက်ရက်မှာ သားလေးအော်စတင်ရဲ့ ပရိုဂရမ်ကို ဂျွန်နဲ့မယ်ရီတို့အတူသွားကြရင်း ကားပေါ်မှာ ရန်ဖြစ်ရင်း ကားတိုက်မှုဖြစ်ကာ မယ်ရီဟာ သေဆုံးသွားခဲ့ရပါတယ်။ မယ်ရီသေဆုံးသွားတဲ့နောက်မှာ ဂျွန်ဟာနောင်တကြီးစွာနဲ့ အရက်သောက်နေရင်း လော့ချ်လို့ခေါ်တဲ့ ဘုရားသခင်နဲ့ဆုံတွေ့ပြီး သူ့မိန်းမမသေဆုံးခင်အချိန်ကို ပြန်သွားပြီး ကယ်တင်နိုင်မဲ့အခွင့်အရေးရလာတဲ့နောက်မှာတော့ ....... ဂျွန်ဟာ အတိတ်ကို ဘယ်လိုပြင်ဆင်သွားမလဲ ..... အရင်က အဆင်မပြေဖြစ်နေတဲ့ သူတို့မိသားစုလေးရော အဆင်ပြေသွားမလား.... ဆိုတာတွေကို ကြည့်ရှုရမဲ့ ရိုမန့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ...
movie

Rewind (2023)

2023
The Curious Case of Benjamin Button (2008)
The Curious Case of Benjamin Button (2008)  အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှု‌တွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘ‌ဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်‌တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ ‌မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie

The Curious Case of Benjamin Button (2008)

French Kiss (1995) 6.6
French Kiss (1995) When Harry meets Sally, You've got mail, Sleepless in Seattle လိုမျိုး90s romantic movies တွေရဲ့ ပင်တိုင်စံ မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့Meg Ryan ရဲ့ romance ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကိတ်ဆိုတာက ဘ၀မှာ ဘာမှ မစွန့်စားရဲသာမန်ရိုးကျလိုပဲ နေတတ်လွန်းတဲ့သူပေါ့။သူ့ရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ချာလီနဲ့ အတူတူ အိမ်လေးတစ်လုံး၀ယ် အခြေချဖို့ပဲ မျှော်လင့်ထားပြီးအချစ်မြို့တော် ပါရီမြို့ကို ချာလီနဲ့အတူတူလေယာဉ်စီးလိုက်ခဲ့ဖို့ကိုတောင် မဝံ့ရဲတဲ့သူ‌‌လေးပါ။ ဒီလိုမျိုးကိုမှ ပါရီကို ထွက်သွားတဲ့ ချာလီတစ်ယောက်ကပြင်သစ်သူ တစ်ယောက်နဲ့ ငြိပြီး လမ်းခွဲဖို့တွေပြောလာတဲ့အခါမှာတော့ ကိတ်တစ်ယောက်ဘာကိုမှမကြောက်နိုင်တော့ပဲ ချာလီ့ကိုရှာဖို့ ပြင်သစ်ကို ထွက်လာရပါတော့တယ်။ကိတ်ရဲ့ ပြင်သစ်တခွင် ချာလီ ရှာပုံတော်ခရီးမှာ ပါလာတဲ့သူကတော့"လု"လည်းမဟုတ် "လယု"လည်းမဟုတ်တဲ့ "လျုခ်" တက်ဆီယာဆိုတဲ့ပြင်သစ်သား သူခိုးတစ်ယောက်ပေါ့။ ကိတ်ကို အသုံးချပြီး ပြင်သစ်နိုင်ငံထဲ ပစ္စည်းခိုးသွင်းခဲ့တာကနေပဲသူမရဲ့ ရှာပုံတော်ခရီးကို လိုက်ကူညီပေးဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ပဲ ...
movie

French Kiss (1995)

Slow (2023) 7.4
Slow (2023) Slow (2023)မှတ်မိသလောက်ဆို တစ်ခါသား ပလေတိုက သူ့ဆရာသမားဆော့ခရိတ္တိကို "အချစ်ဆိုတာ ဘာလဲ ဆရာ"လို့ လာမေးတယ်။ ဆော့ခရိတ္တိက ပလေတိုကို တောထဲသွားပြီး မင်းအလှဆုံး ထင်တဲ့ ပန်းတစ်ပွင့်ခူးခဲ့ဆိုပြီး မှာလိုက်တယ်။ ပလေတိုက တောထဲသွားပြီး သူ့အလှဆုံးထင်တဲ့ ပန်းတစ်ပွင့်ကို သွားခူးလာတယ်။ ပြန်လာတော့ ပန်းက လမ်းမှာကြာတာကြောင့်ရော သူ့ဘာသာကိုက အပင်ကခူးပြီးရင် မခံတာကြောင့်ရော ညှိုးသွားတယ်။ ဒီတော့ ဆော့ခရိတ္တိက ပလေတိုကို နောက်တစ်ခေါက်ထပ်သွားခိုင်းတယ်။ ဒီတစ်ခါကျ ပလေတိုက တော်တော်နဲ့ပြန်ပေါ်မလာဘူး။ လနဲ့ချီလာတော့ ဆော့ခရိတ္တိက တောထဲလိုက်လာတယ်။ တောတွင်းတစ်နေရာမှာ ပလေတိုက တဲထိုးပြီးနေနေတာတွေ့ရတယ်။ သူ့အလှဆုံးလို့ထင်တဲ့ ပန်းပွင့်ရှိတဲ့အပင်နားမှာ တဲထိုးနေနေတာပေါ့။ အဲဒီမှာ ဆော့ခရိတ္တိက ပလေတိုကို အချစ်ဆိုတာ ဘာလဲ မင်းသိပြီကိုးလို့ ပြောသတဲ့။ "ပလေးတိုးနစ်အချစ်" ဆိုတာ ပိုင်ဆိုင်ရ ပေါင်းဆုံရမှမဟုတ်ဘဲ အချစ်ကိုအချစ်အတိုင်း ချစ်နေတဲ့အချစ်လို့ တာရာမင်းဝေ က သင်နဲ့နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်ထဲ ရေးဖူးတယ်။သူ့ဖွင့်ဆိုချက်ကတော့ ပလေတိုးနစ်အချစ်ဆိုတာ လိင်ဆန္ဒတွေ ရိုမန့်တစ်တွေ မရှိနေတဲ့အချစ်မျိုး ဒါမှမဟုတ် အဲဒီအရာတွေကို ဖိနှိပ်ထားပြီးနေတဲ့အချစ် သန့်စင်အောင်နေတဲ့ ...
movie

Slow (2023)

2023
Molli and Max in the Future (2024)
Molli and Max in the Future (2024)  ဒီရုပ်ရှင်ကတော့ အရင်နှစ်ကမှထွက်ထားတဲ့ Sci-fi, Drama, Comedy သုံးမျိုးကို ရောသမမွှေထားတဲ့ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်က အာကာသထဲက သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းကို ရိုက်ထားတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ မက်စ် နဲ့ မော်လီက အနာဂတ်က အာကာသထဲက ဂြိုဟ်တွေမှာနေကြပါတယ်။ အဲဒီအနာဂတ်မှာက ကမ္ဘာကြီးကတော့ လူသားတွေလုပ်လို့ပျက်သွားပါပြီတဲ့။တစ်ရက်မှာ မော်လီ နဲ့ မက်စ်က အာကာသတစ်နေရာမှာဆုံရင်းကနေ သူငယ်ချင်းတွေဖြစ်သွားကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က အကျင့်စရိုက်ရော ကိုယ်ရည်ကိုယ်သွေးတွေပါ မတူကြတဲ့သူနှစ်ဦး။ဒီလိုနဲ့ သူတို့နှစ်ဦးက သူငယ်ချင်းအဆင့်ကနေမတက်ခင်မှာ အကြောင်းတခုကြောင့်ခွဲလိုက်ရတယ်ပေါ့။ ဒါပေမဲ့ နောက်နှစ်အနည်းငယ်အကြာမှာ ဂလက််ဆီရဲ့တနေရာမှာ ကံမကုန်ဘဲ ပြန်ဆုံကြပြန်ပါတယ်။ အဲဒီအခါမှာလည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းကောင်းတွေအဖြစ် ရှိပေးပြီးတော့ အချိန်အတူကုန်ဆုံးကြပြန်တယ်။ဒီလိုနဲ့ မော်လီနဲ့မက်စ်တို့က ဘ၀အတွက်လက်တွဲဖော်ရှာကြဖို့အချိန်ရောက်လာတဲ့အခါမှာတော့ သူတို့နှစ်ဦးလုံးအတွက် ဖူးစာဖက်တွေကိုရှာကြတဲ့နေရာမှာ သင့်တော်တဲ့သူမတွေ့ဘဲ နောက်ဆုံးမှာ သူတို့အတွက်အကောင်းဆုံးဖြစ်တဲ့သူက သူတို့နှစ်ယောက် အချင်းချင်းပဲဖြစ်နေတာကို သိလိုက်ကြရတယ်ပေါ့။ဒါပေမဲ့ ရွေးချယ်မယ့်လမ်းတွေ၊ ပင်ကိုယ်စရိုက်တွေမတူညီနေတဲ့သူတို့နှစ်ဦးဟာ ရှေ့ဆက်တိုးလိုက်ရင် ကြုံတွေ့လာရမယ့်အခက်အခဲတွေကို ကြောက်ရွံ့ပြီး ဖရန့်ဇုန်ထဲကနေရုန်းထွက်ဖို့ရာကို ...
movie

Molli and Max in the Future (2024)

J. Edgar (2011) 6.5
J. Edgar (2011) J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)  File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

J. Edgar (2011)

Shifting Gears (2024) 6.3
Shifting Gears (2024)  ဂျက်စ်ဆိုတဲ့ အမျိုးသမီးလေးက ကားပြင်တဲ့နေရာမှာ ကျွမ်းကျင်ပြီး ရှေးဟောင်းဂန္ဒဝင်ကားတွေကို ပြန် Modify လုပ်တဲ့နေရာမှာလည်း ထူးချွန်တဲ့လူတစ်ယောက်ပါ။ဖအေဖြစ်သူ ဖွင့်ထားတဲ့ ဝပ်ရှော့လေးမှာ လုပ်ကိုင်နေတာပေါ့။ တစ်ရက်ကျ သူတို့ဝပ်ရှော့နေရာက အပြိုင်အဆိုင်များလာတဲ့အတွက် မြေပိုင်ရှင်က ဈေးပိုတောင်းလာတဲ့အခါ သားအဖနှစ်ယောက် အကျပ်အတည်း ဖြစ်တာပေါ့။ ဒီလိုနဲ့ လူအများရှေ့ရောက်ရင် ချွေးစီးတွေပြန်ပြီး လူကြောက်တတ်တဲ့ ဂျက်စ်တစ်ယောက် ဝပ်ရှော့လေးကို ကယ်တင်ဖို့အတွက် ကားတွေကို ပြန်မွမ်းမံပြင်ဆင်ရတဲ့ အစီအစဉ်တစ်ခုကို ဝင်ပြိုင်ပါတော့တယ်။ဖြစ်ချင်တော့ ပြိုင်ပွဲဝင်ထဲကတစ်ယောက်က ရည်းစားဟောင်း ဖြစ်နေတဲ့အပြင် အဖေနဲ့ ပတ်သက်တဲ့ ဆိုးရွားတဲ့သမိုင်းကြောင်းလေးကလည်း ရှိခဲ့တော့ ဘုနဲ့ဘောက် နှစ်ယောက်သား ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရင်း အခက်အခဲတွေကို ကျော်ဖြတ်ကာ ဝပ်ရှော့လေးကို ကယ်တင်သွားနိုင်မလားဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် အချစ်ဟာသ ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

Shifting Gears (2024)

Art of Love (2024)
Art of Love (2024) Art of Love (2024) Synopsisပေါ့ပေါ့ပါးပါးရုပ်ရှင် ကြည့်ချင်သူများအတွက် Drama, Romance, Thriller ရုပ်ရှင်ကားကောင်းလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ တူရကီနိုင်ငံက ရိုက်ကူးထားပြီး Netflix ကနေ ဖြန့်ချီပေးထားပါတယ်။ Netflix ကားတွေ ပေါချင်းတိုင်း ပေါနေတဲ့အချိန်မှာ ဥရောပနိုင်ငံတွေက ရိုက်တဲ့ ရုပ်ရှင်တွေကတော့ အဆင့်အတန်းတစ်ခုမှာ ရှိနေပါသေးတယ်။ အခုဇာတ်ကားဟာလည်း ဇာတ်လမ်း၊ဇာတ်အိမ်မှာ အဆင့်တစ်ခုရှိပြီး ဥရောပနိုင်ငံတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကိုပါ တပါတည်း ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာလင်းဟာ အင်တာပိုလ်ရဲ့ အနုညာမှုခင်းအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ရဲအရာရှိတစ်ယောက်ပါ။ ပြတိုက်တွေ၊ ပြခန်းတွေကနေ တန်ဖိုးအရမ်းမကြီးတဲ့ ပန်းချီကားတွေအခိုးခံရမှုကို လိုက်လံစုံစမ်းဖို့ တာဝန်ပေးခြင်းကို ခံရတဲ့သူပါ။ ဒီလိုနဲ့ ပန်းချီကားအခိုးခံရမှုတွေကိုစုံစမ်းရင်း အရင်က အဆက်ဟောင်းဖြစ်တဲ့ ဂူနေးဆိုတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ပြန်ဆုံပါတယ်။ အာလင်းဟာ ပန်းချီကားတွေ အခိုးခံရမှုမှာ ဂူနေး ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိနေပါတယ်။ တကယ်ပဲ ဂူနေးက ပတ်သက်နေတာလားဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားလိုက်ပါဦး။အညွန်း နဲ့ ဘာသာပြန်ကတော့ Leonard ...
movie

Art of Love (2024)

2024
(18+) Paloma, Nakakalalaki Ka (1998) 6.5
(18+) Paloma, Nakakalalaki Ka (1998) Paloma (1998) "တိမ်ထူထူကြားက ဥယျဉ်မှူး" IMDb - 6.5/10ပါလိုမာဆိုတာ အိမ်ကြီးထဲကနေ ဘယ်ကိုမှထွက်ခွင့်မရှိဘဲ အစ်မကြီးဖြစ်သူနဲ့အတူနေရသူလေး။ ချစ်တဲ့သူနဲ့ အကြိမ်ကြိမ်ထွက်ပြေးခဲ့ပေမဲ့ အစ်မဖြစ်သူက မရရအောင်ခွဲပြီး ပြန်ခေါ်လာခဲ့တာ။ အစ်မဆိုပေမဲ့ အစ်မအရင်းမဟုတ်ဘဲ မိဘတွေဆုံးပါးသွားကတည်းက အပျိုကြီးမမရဲ့ မွေးပြီးစားခြင်းခံနေရတဲ့သူ။တစ်ရက် အပျိုကြီးမမက ခြံထဲမှာ အလုပ်လုပ်ဖို့ ဥယျာဉ်မှူးတစ်ယောက်ခန့်လိုက်ပါတယ်။ ဥယျာဉ်မှူးဖြစ်ဖို့အရည်အချင်းတွေက အသက်ငယ်ရမယ်၊ ကျန်းမာရေးကောင်းရမယ်၊ သူတို့အိမ်မှာပဲနေရမယ်တဲ့။အဲဒီလို ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းတဲ့ ဥယျာဉ်မှူးကလေး သူတို့အိမ်ကိုရောက်လာတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)' File size…2.55GB / 878MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by V
movie

(18+) Paloma, Nakakalalaki Ka (1998)

1998
Unravel: A Swiss Side Love Story (2023) 5.2
Unravel: A Swiss Side Love Story (2023) Unravel : A Swiss Side Love Story (2023)ဘဝရဲ့ အခက်အခဲတွေများလာပြီး မွန်းကျပ်လာတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေပေါက်တတ်ကြတယ်မလား၊ ဒီလို သတ်သေချင်တဲ့သူတွေကို သူတို့ရဲ့ဆန္ဒတွေပြီးမြောက်သွားစေဖို့ ကူညီပေးတဲ့ ဆေးရုံက ဆွဇ်ဇာလန်နိုင်ငံမှာ တည်ရှိပြီး ဒီလိုကူညီပေးတာဟာ သူတို့နိုင်ငံမှာတော့ တရားဝင်ပါတယ်။ လူစီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ မိသားစုပြဿနာလေးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အတွက် ဆွဇ်ဇာလန်နိုင်ငံက အဲဒီဆေးရုံကို လာခဲ့ပြီး ဆွေးနွေးရာကနေ လူစီဟာ တကယ်ပဲ သတ်သေချင်ရဲ့လားဆိုတာကို ပြန်စဉ်းစားခိုင်းလိုက်ပါတယ်။ ဒီလိုနဲ့ ဆွဇ်ဇာလန်ကို လည်ပတ်ကြည့်ရင်း နိုအာဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ နိုအာကတော့ လူတိုင်းကို ကူညီပေးတတ်သူဖြစ်ပြီးတော့ လူစီနဲ့တွေ့တော့ လူစီ့အကြောင်းတွေသိပြီးတဲ့နောက်မှာ လူစီရဲ့ဘဝကို ပြန်ရနိုင်ဖို့ အတက်နိုင်ဆုံး အစွမ်းကုန်ကူညီပေးပါတော့တယ်။ နိုအာက ဘယ်လိုတွေ ကူညီပေးပြီးတော့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ရဲ့ အခြေအနေတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို အရိုအချိုလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Romance, Drama Quality…. 1080p | 720p File size… 1.5GB ...
movie

Unravel: A Swiss Side Love Story (2023)

2023
Take Me Home Tonight (2011) 6.3
Take Me Home Tonight (2011)  ဒီတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်စရာ လူငယ်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ဘဝမှာ လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုတွေလုပ်ကြရစမြဲပါ ကလေးဘဝတည်းကစ...အသက်တွေကြီးလာတဲ့အထိ..ကိုယ့်အတွက် ကောင်းမယ်ထင်တဲ့ဟာကို ရွေးချယ်ကြတာပါပဲ။ မှားမှာကို ကြောက်ပြီး ဘာမှမရွေးခဲ့ရင်တော့မမှားဘူးပေါ့လေ..သေချာတာကတော့ ဘာမှလည်း ဖြစ်မလာဘူးဆိုတာပါပဲ။ဒီ လူငယ်ဖန်စီဇတ်လမ်းလေးမှာ မတ်ဖရန့်ကလင်းဆိုတဲ့ကောင်လေးက ငယ်ငယ်ကတည်းက မှားမှာကိုကြောက်တတ်တဲ့သူပါ..MIT ကျောင်းလိုမျိုးကနေဘွဲ့ရပြီးတာတောင် မအောင်မြင်မှာကြောက်ပြီး ဘာအလုပ်မှလုပ်ဖို့ မရွေးချယ်ရဲဘဲ ကုန်တိုက်တစ်ခုက ဗီဒီယိုဆိုင်မှာအလုပ်ဝင်လုပ်နေပါတယ်...တစ်နေ့မှာ ကျောင်းတုန်းက သူကြိတ်ကြွေခဲ့ရတဲ့တိုရီ ဆိုတဲ့ ကောင်မလေးကို ပြန်ဆုံမိပါတယ်။မတ် တစ်ယောက် တိုရီကို ဘယ်လိုတွေ ပြောပြီးပါတီအတူတက်ရဖို့ ကြံဖန်မလဲဆိုတာ..။ File size…2.26GB / 915MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

Take Me Home Tonight (2011)

Celeste & Jesse Forever (2012) 6.6
Celeste & Jesse Forever (2012)  ဒရာမာကားတွေကိုပီပီပြင်ပြင် ရင်ထဲထိအောင်သရုပ်ဆောင်နိုင်တဲ့Rashida Jones ဆိုတဲ့မင်းသမီးသရုပ်ဆောင်ထားတဲ့ ၂၀၁၂ တုန်းကထွက်ရှိထားတဲ့ Celeste & Jesse Forever ဆိုတဲ့အချစ်ဒရာမာကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.6 ရရှိထားပြီးကြေကွဲစရာ အချစ်ကားလေးတွေကြိုက်တတ်တဲ့သူတွေဆိုရင်တော့ဒီကားလေးကကြည့်လို့ကောင်းမှာပါ။ကွာရှင်းတယ်ဆိုတာနဲ့လူတွေကအပူမီးတွေ အမုန်းတရားတွေကိုပဲပြေးမြင်ကြမှာပါ။ဒါပေမယ့်ဒီကားထဲမှာ တွေ့ရတဲ့ဆလက်စ်နဲ့ဂျက်ဆီဆိုတဲ့ လင်မယားကတော့ကွာရှင်းတယ်ဆိုတာကို ပျော်စရာတစ်ခုအနေနဲ့ မြင်အောင်ဖန်တီးပြသထားပါတယ်။ကွာရှင်းတော့မယ်ဆိုပေမဲ့ သူတို့နှစ်ယောက်အတူသွား အတူလာအတူစားနေကြတာတွေကိုမြင်ရတာက ချစ်လှပါချည်ရဲ့ဆိုတဲ့ အတွဲတွေတောင် အားကျရလောက်ပါတယ်။သူတို့က အိမ်ခွဲနေကြပြီး ကွာရှင်းတော့မယ်ဆိုပေမဲ့တစ်ယောက်ဆီမှာ နောက်တစ်ယောက်ရဲ့ စိတ်ကတော့ အမြဲတမ်းရောက်နေတုန်းပါ။ဒါပေမယ့် ဒီလိုပျော်ရွှင်ပြီးမခွဲနိုင် မခွာရက်ဖြစ်နေတဲ့ လင်မယားနှစ်ယောက်ကို ကံကြမ္မာရဲ့အလှည့်အပြောင်းက သင်ခန်းစာပေးလိုက်တဲ့အခါမှာတော့ ဘယ်လိုအရာတွေဆက်ဖြစ်လာမလဲ...ဆလက်စ်နဲ့ ဂျက်ဆီတို့ကြားက သံယောဇဉ်ကြိုးလေးကရောပြတ်တောက်သွားမလား အမုန်းနဲ့နှုတ်ဆက်ရမလား အချစ်နဲ့နှုတ်ဆက်ကြရမလားဆိုတာတွေကို စိတ်ခံစားချက်အပြည့်အ၀နဲ့ ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ File size…1.15GB / 535MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Celeste & Jesse Forever (2012)

Die in a Gunfight (2021) 4.7
Die in a Gunfight (2021) ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြဇာကြီးတဲ့ ထိပ်တန်းမီဒီယာလုပ်ငန်းရှင်ပြိုင်ဘက်ကြီးတွေဖြစ်ပြီး မျိုးရိုးစဉ်ဆက် တစ်ဦးနဲ့ တစ်ဦး ရန်စောင်တိုက်ခိုက်လာတဲ့ မဟာရန်သူတွေပါ။ သူတို့ရဲ့ ဆယ်ကျော်သက်သားနဲ့သမီးတွေဖြစ်တဲ့ ဘင်န်ဂစ်ဘွန်နဲ့ မေရီရက်သ့်ကာသ့်တို့ဟာ ရန်စတွေကို လျစ်လျူရှုပြီး အရူးအမူးချစ်မိသွားတဲ့အခါမှာတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူလီယက်ဆန်ဆန် ဇာတ်လမ်းမျိုးဖြစ်လာပါတော့တယ်။ ဒီနေရာမှာဇာတ်လမ်းကို ပိုရှုပ်ထွေးတာက ကော်ပိုရိတ်တစ်ခုရဲ့အတွင်းရေးအရှုပ်တော်ပုံ၊ သူတို့ငှားထားတဲ့ ကြေးစားလူသတ်သမား၊ မေရီရက်သ်ကာ့သ်ကို တစ်ဖက်သတ်ချစ်မိနေတဲ့ ဝီလျံရက်သ်ကာ့သ်ရဲ့လူယုံတော်တို့ပါပဲ။ ခေတ်အဆက်ဆက်ရိုးမသွားနိုင်တဲ့ ဇာတ်လမ်းသွားမျိုးကို မြူးကြွသွက်လက်နေအောင်တင်ဆက်ထားပြီး လူငယ်ကြိုက် သရုပ်ဆောင်တွေဖြစ်တဲ့ Diego Boneta (Terminator: Dark Fate,Monster Hunter) နဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေး Alexandra Daddario တို့က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။ File size…(3.1 GB)/(2 GB)/(1.3 GB) Quality…BluRay 1080p /720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

Die in a Gunfight (2021)

4K HEVC