Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Isabelle Fuhrman
7.0
Orphan (2009)
ဒီတစ်ခေါက်တော့ IMDb 7 ရထားပြီး စိတ်လှုပ်ရှားဖွယ်..ခြောက်ခြားဖွယ်..ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်... ဂျွန်နဲ့ကိတ်ဆိုတဲ့မိသားစုမှာ ကလေးနှစ်ယောက်ရှိပါတယ်..ကိတ်ရဲ့ တတိယမြောက်ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ. ကလေးပျက်ကျသွားခဲ့လို့..သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးမှာအကြီးအကျယ်ခံစားခဲ့ရပါတယ်...ဒါကြောင့်မို့ဒီဝေဒနာကိုကုစားဖို့.. လင်မယားနှစ်ယောက်အတူတိုင်ပင်ပြီး.ကလေးတစ်ယောက်ကိုမွေးစားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်..ဒီလိုနဲ့ မိဘမဲ့ကလေးဂေဟာကိုရောက်တော့ အရွယ်နဲ့မလိုက်အောင်ကိုရင့်ကျက်ပြီး ထူးထူးဆန်းဆန်းစကားတွေပြောတဲ့စကားပြောကောင်းလှတဲ့အက်စတာ ဆိုတဲ့ကလေးငယ်ကိုသဘောကျသွားပြီး မွေးစားဖို့ခေါ်လာပါတော့တယ်အက်စကာရောက်လာတာကို သမီးအငယ်ကအဆင်ပြေမယ့် သားကတော့သိပ်သဘောကျပုံမရပါဘူး...အစပိုင်းမှာအဆင်ပြေပေမယ့် နောက်ပိုင်းမှာ ကိတ်နဲ့ပါအဆင်မပြေဖြစ်လာပါတယ်..တစ်အိမ်လုံးနဲ့အဆင်ပြေပေမယ့် ကိတ်ရဲ့ယောက်ကျားဂျွန်နဲ့တော့ အက်စတာ ဟာအမြဲတမ်းအဆင်ပြေပါတယ်..ဒီလိုနဲ့တဖြေးဖြေး အက်စတာကို တိတ်ဟာ တဖြေးဖြေးသံသယဝင်စရာတွေများလာပါတယ်.အက်စတာရဲ့ နောက်ကြောင်းကိုစုံစမ်းသိရှိပြီး သိလိုက်ရတဲ့အချိန်မှာတော့........... ================================================== .....File size…(3.81GB) - (1.1GB) Quality…. 1080P Bluray Format… mp4 Duration….02:03:05 Subtitle….Myanmar Subtitle (Hardsub) Translated by ... Ei Pyae Encoder…. LK ~ Thit San Khant
movie
Orphan (2009)
2009
6.0
A Turtle’s Tale: Sammy’s Adventures (2010)
A turtle's tale: Sammy's adventures (2010) ==================================================== လူတွေရဲ့ ကျူးကျော်မှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် တိရစ္ဆာန်လေးတွေရဲ့ ပိုင်နက်မြေက တစ်နေ့ထက်တစ်နေ့ ကျဉ်းမြောင်းလာပါတယ်။ အဲဒီလိုပဲ စက်ရုံတွေတည်ဆောက်တာ၊ အမှိုက်တွေ စွန့်ပစ်တာကြောင့် Global warming ဖြစ်လာပြီး ကုန်းနေ၊ ရေနေတိရစ္ဆာန်လေးတွေရဲ့ဘဝကို ထိခိုက်နေပြန်ပါတယ်။အဲဒီလိုနဲ့ နောက်ပိုင်းမှာ လူသားတွေက ကိုယ့်လုပ်ရပ်ကိုယ် သိရှိလာပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်တာလည်း ရှိလာပါတယ်။ "လူသားတွေက ထူးဆန်းတယ်။ တချိုက ရှင်းလင်းသုတ်သင်နေချိန်မှာ တချိုကတော့ အမှိုက်ဖွနေတုန်းပဲ"တဲ့။ ဘယ်လိုပဲဆိုပါစေ လူသားနဲ့တိရစ္ဆာန် အတူယှဉ်တွဲနေထိုင်ရတဲ့လောကကြီးမှာ အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။ဒီကားလေးမှာတော့ ပင်လယ်လိပ်ကလေးတစ်ကောင် ဥကနေ အကောင်ပေါက်တဲ့အချိန်ကစလို့ လောကဓံတရားတွေကို ရင်ဆိုင်ရတာတွေ၊ သူငယ်ချင်း ချစ်မေတ္တာအပြင် ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုရှာဖွေတွေ့ရှိမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဇာတ်ဝင်တေးတွေအဖြစ် Bruno Mars ရဲ့ "Count on me" နဲ့ "Talking to the moon", Michael Jackson cover ...
movie
A Turtle’s Tale: Sammy’s Adventures (2010)
2010
5.1
Down a Dark Hall (2018)
Down a Dark Hall (2018) IMDb - 5.1/10_____Rotten - 50% Kit Gordy ဟာ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသူလေးတစ်ယောက်။ကိုးနှစ်သမီးကတည်းက အရမ်းချစ်ရတဲ့အဖေဆုံးပါးသွားခဲ့ပြီးတော့ ဖတဆိုးလေးဖြစ်ခဲ့တာကြောင့် ကြီးလာတဲ့အခါမှာ ခပ်ဆိုးဆိုးခပ်ပေပေမိန်းကလေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။အမေဖြစ်သူဟာ David ဆိုတဲ့လူနဲ့နောက်အိမ်ထောင်ပြုလိုက်တာကြောင့် Kit တစ်ယောက် ပထွေးနဲ့အတူနေဖို့အကြောင်းဖန်လာပါတော့တယ်။David ဟာလူကောင်းတစ်ယောက်ဖြစ်ပြီးတော့ Kit ကို ကိုယ့်သမီးအရင်းလိုစောင့်ရှောက်ပေးခဲ့ပေမယ့် Kit ရင်ထဲကကွက်လပ်ကြီးကိုတော့ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်လည်း Kit ဟာဆိုးသွမ်းပျက်စီးနေတဲ့သူတစ်ဦးဖြစ်လာပါတော့တယ်။ဘယ်လောက်ဆိုးလိုက်သလဲဆိုရင် မီးရှို့မှုအပါအဝင်နဲ့တခြားအမှုတွေနဲ့ စွဲချက်တင်ခံရတဲ့အထိပါပဲ။Kit ကတော့ သူလုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့်လည်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိခဲ့တာကြောင့် လက်ရှိတက်ရောက်နေတဲ့ကျောင်းကနေနားပြီး လူငယ်သင်တန်းကျောင်းဆန်ဆန် ကျောင်းတစ်ခုဖြစ်တဲ့ Blackwood အကယ်ဒမီကျောင်းကို ကျောင်းအိပ်ကျောင်းစားအဖြစ်နဲ့ အချိန်တစ်ခုထိ ပြောင်းရွှေ့တက်ရောက်ဖို့အတွက် သဘောတူလိုက်ရပါတော့တယ်။တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲ။Blackwood လို့ခေါ်တဲ့ကျောင်းဟာ ကျောင်းလို့သာခေါ်တွင်ပေမယ့် အဆောက်အဦးက ရှေးဟောင်းအဆောက်အဦးတစ်ခုပဲ ဖြစ်ပါတယ်။အဆောက်အဦးအတွင်းက ပရိဘောဂအသုံးအဆောင်ပစ္စည်းတွေကလည်း အတော်ကိုရှေးကျပြီး အဆောက်အဦးတစ်ခုလုံးကိုထိန်လင်းနေအောင် ထွန်းပေးနိုင်မယ့် လျှပ်စစ်မီးသီးအလုံအလောက်မရှိတာကြောင့် အနည်းငယ်မှောင်မိုက်နေပြီး ...
movie
Down a Dark Hall (2018)
2018
4.4
Cell (2016) မြန်မာစာတန်းထိုး
ကဲ ဒီတစ်ခါတော့ Cell ဆိုတဲ့ Horror/Si-Fi တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေHorror တို့ရဲ့ ထုံးစံ အတိုင်းပဲ rating နည်းနေတာကတော့ ပြောစရာ မလိုလောက်ပါဘူးပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလည်း ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ မင်းသား/မင်းသမီးတွေပါဇာတ်လမ်း ကလည်း ပုံမှန် Zombie ကားတွေလိုမဟုတ်ပဲ ဇာတ်လမ်းစပြီးကတည်းက ဇာတ်လမ်းရဲ့Tempo ကိုမြင့်လိုက်တာက ကြည့်ရှူ သူတွေအတွက် တမူထူးခြားနေမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ပြပွဲအတွက် ခရီးထွက်နေရတဲ့ မင်းသားကြီး ဟာလေဆိပ်မှာ ခနနားနေတုန်း အိမ်က သားဖြစ်သူကို ဖုန်းဆက်နေရာမှ ထူးဆန်းတဲ့ Signal ကြောင့်ဖုန်းပြောနေသူအားလုံး စိတ်ရိုင်းဝင် အသိစိတ်လွတ်ပြီး အချင်းချင်း သတ်ဖြတ်ကုန်တဲ့အခါမှာတော့ဘယ်လိုများ ရင်ဆိုငိထွက်ပြေးမလဲ သားဖြစ်သူဆီကိုကောပြန်လည်ရောက်ရှိနိုင်ပါ့မလားဆိုတာတွေကိုတော့ ဒေါင်းယူကြည့်ရှူလိုက်ပါအုံး Download and Watch 720p HD (700 MB)
movie
Cell (2016) မြန်မာစာတန်းထိုး
2016