ဖင်မ်အတိရွတ် အဖြစ် Donut Phattharapon
ဖဖျန် အဖြစ် MeiMei Thanyawee
ချုတ် အဖြစ် Aun Akrabhakj
ရိတာ အဖြစ် Jean Chertinnara
ဇာတ်လမ်းအကျဉ်း
ဖင်မ်နဲ့ ဖဖျန့်တို့က သိပ်ချစ်ကြတဲ့ စုံတွဲလေးဖြစ်ခဲ့ပေမဲ့ အကြောင်းရင်းမျိုးစုံ စိတ်ဝမ်းကွဲစရာမျိုးစုံကြောင့် ဖျန့်ဟာ နိုင်ငံခြားကို ထွက်သွားခဲ့ပါတယ်
ဖင်မ်အနေနဲ့ ဖဖျန့်က သူနဲ့ရခဲ့တဲ့ ကိုယ်ဝန်ကိုဖျက်ချ အိမ်ကပေးတဲ့ပိုက်ဆံယူပြီး ထွက်သွားခဲ့တယ်ဆိုပြီး ဖျန့်ကို စိတ်နာနေခဲ့တယ်
၆ နှစ်ကြာပြီးနောက်မှာတော့ ဖျန့်ဟာ ဖင်မ်မသိအောင် ၅ နှစ်အရွယ်သမီးလေး တျန်ဝမ်နဲ့ ထိုင်းကို ပြန်ရောက်လာခဲ့ပါတယ်
စိတ်နာတယ်လို့ပြောနေပေမဲ့ ဖျန့်ကိုပဲ သတိရနေခဲ့တဲ့ ဖင်မ်တစ်ယောက် ကလေးနဲ့တူတူ ထိုင်းပြန်ရောက်နေတာကို သိလိုက်ရတဲ့ အခါ ဘာတွေဆက်ဖြစ်လာမလဲ
ဖျန်ကရော ကလေးမွေးထားတာကို မပြောနိုင်လောက်အောင်ထိ ဘာတွေကို စိတ်နာနေခဲ့တာလဲ
အချင်းချင်း အထင်လွဲမှု နာကျည်းမှုတွေနဲ့ ပြည့်နေတဲ့ ဖင်မ်နဲ့ ဖျန်တို့ အရင်လိုပြန်အဆင်ပြေနိုင်ပါ့မလားဆိုတာ “ ဆန်းကြယ်တဲ့ချစ်ခြင်း” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရအောင် ။
( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )
Native Title: อุ้มรักปาฏิหาริย์
Episodes: 10
Duration:1 hr 30min /eps
Aired: Sep 18, 2022 – ?
Aired On: Friday, Saturday, Sunday
Original Network: Channel 7
Translated by Kyi Nue Zin & Nang Mwe Kham
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။