American Gigolo (2022) Completed Limited Series
~ IMDb rating – 7.5/10 ~
(18+ warning!!!)
နာမည်အတိုင်းပဲ အမေရိကန်မှာ ယောက်ျားဖာ (ဝါ) အပျော်လင် (ဝါ) ဇိမ်ဘဲ လုပ်စားတဲ့ လူတစ်ယောက်ရဲ့ ဇာတ်ကြောင်းပါ။ စစဖွင့်ချင်းကတော့ သူဟာ အိပ်ရာတစ်ခုထဲနိုးလာပါတယ်။ သူ့တစ်ကိုယ်လုံးသွေးတွေပေနေပြီး လက်ထဲမှာ ဓားတစ်ချောင်းလည်းရှိနေပါတယ်။ ဘေးမှာတော့ သူ့ဖောက်သည် လည်ပင်းကို ဓားနဲ့ဟက်တက်ခွဲခံရပြီးသေနေပါတယ်။ ဒီတော့ သူ့ကို စုံထောက်တွေက စစ်ဆေးပေမဲ့ သူက ဘာမှမှတ်မိမနေပါဘူး။ ဒီလိုနဲ့ သူ ထောင်ကျသွားပါလေရော။ တရားခံအစစ်မိလို့ လွတ်လာတဲ့အခါမှာ စုံထောက်တွေက တရားခံကို ခိုင်းတဲ့သူဘယ်သူလဲ မေးပေမဲ့ တရားခံကမပြောပါဘူး။ ဇိမ်ဘဲကြီးကို ဒုက္ခရောက်အောင်လုပ်တာ ဘယ်သူလဲဆိုတာကို အပိုင်းတစ်မှာတင် ဖြစ်နိုင်ချေအမျိုးမျိုးပြပြီး စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားရင်း သူ့ရဲ့ဘဝဇာတ်ကြောင်းကိုပါ ခြေရာပြန်ကောက်ပြသွားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲလေးပါပဲ။
1980 မှာ ထွက်ခဲ့ပြီး မင်းသားကြီး ရစ်ချက်ဂီရိသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကို စီးရီးအနေနဲ့ ပြန်ရိုက်တာပါ။ ခုစီးရီးဗားရှင်းအတွက် မင်းသားကတော့ The Walking Dead မှာ သူငယ်ချင်းရဲ့မိန်းမကို နှိုက်စားပြီး နောက်ကျ Daredevil ကို ကောင်းကောင်းကြီး ဒုက္ခပေးတဲ့ Punisher ဖြစ်သွားတဲ့ မင်းသား Jon Bernthal က သရုပ်ဆောင်ထားပြီး မင်းသမီးတွေကတော့ မက်ဒေမွန်နဲ့ အတ်ဒဝတ်နော်တန်ရဲ့ကားဖြစ်တဲ့ Rounders လိုကားမျိုးမှာ သူ့အလှနဲ့ဖမ်းစားခဲ့ဖူးတဲ့ Gretchen Mol နဲ့ ဆိုက်ကိုဆန်ဆန်ရုပ်လေးနဲ့ ဆိုက်ကိုနေရာက သရုပ်ဆောင်မယ့် Lizzie Brocher တို့တွေပါပဲ။ Cast တွေနဲ့တင် တန်နေသလို ပရိုဂျူဆာလုပ်ထားတဲ့သူကလည်း PoTC Trilogy, Top Gun နှစ်ကား၊ Bad Boys အတွဲလိုက်အပြင် National Treasure နှစ်ကား၊ Pearl Harbor စတဲ့စတဲ့ ကားကောင်းမျိုးစုံမှာ ပရိုဂျူဆာလုပ်ခဲ့တဲ့ Jerry Bruckheimer ဖြစ်တဲ့အပြင်ကို ပြန်ရိုက်ထားတာဖြစ်ပေမဲ့ ဒီစီးရီးရဲ့ ဇာတ်လမ်းကလည်းစိတ်ဝင်စားစရာအပြည့်ပါပဲ။
(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်။)
Size ~ 750MB+
Total – 8 Episodes
Quality – 1080p
Duration ~ 50min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Crime, Drama, Mystery
Source : AMZN.Web-dl.1080p
Translator – W
Encoder – Y
Series Complete Zip (Yoteshin)
Episode 1 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 2 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 3 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 4 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 5 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 6 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 7 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 8 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။