CM ကနေတရုတ်ဇာတ်လမ်းတွဲတွေတင်ဆက်လာတာ
ဒီတစ်ခါမှာတော့ပရိသတ်တွေစောင့်မျှော်နေကြတဲ့
Chengyi ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးချင်ပါတယ်။
Chengyi ကတော့ဒီတစ်ခါမှာအမြဲမြင်နေကျ drama ဇာတ်လမ်းတွဲဇာတ်ကောင်ပုံစံမျိုး
မဟုတ်ပဲ တမူထူးခြားတဲ့ ဝူရှာသိုင်းသမားပုံစံမျိုးအဖြစ်ပရိသတ်တွေကိုချပြမှာဆိုတော့
ဇာတ်လမ်းအကျဉ်းချုပ်လေးကို ဆက်လက်ကြည့်ရူလိုက်ရအောင်။
လွန်ခဲ့တဲ့ (၁၀) နှစ်မှာစစ်ကုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် လီရှန်းယိဟာတစ်လောကလုံး
သိုင်းဝိဇ္ဇာတစ်ယောက်အနေနဲ့ သိုင်းလောကမတရားမှုကိုတွန်းလှန်ပြီး တရားမျှတမှုကိုအလင်းဆောင်တဲ့
ခေါင်းဆောင်ကောင်းဖြစ်ခဲ့တာပေါ့။ တစ်နေ့မှာ ကျင်းယွမ်းမဟာမိတ်အဖွဲ့ခေါင်းဆောင်
တီဖေးရှန်းနဲ့အရှေ့ပင်လယ်မှာ ယှဉ်ပြိုင်ဖို့ ချိန်းဆိုကြရင်းသိုင်းဝိဇ္ဇာနှစ်ယောက် သိုင်းလောကကနေ
ပျောက်ကွယ်သွားခဲ့တယ်။ (၁၀) နှစ်ကြာပြီးနောက်မှာ ရွာလေးတစ်ရွာမှာနယ်လှည့်သမားတော်
လီလျန်ဟွားအဖြစ် တဖန်ပြန်လည်ပေါ်ပေါက်လာတဲ့အချိန်မှာ အမှတ်မထင်နာမည်ဂုဏ်သတင်းသင်းပြန့်
ပြန့်နှက်သွားကာ နတ်ဆေးသမားတော်အဖြစ်တင်စားကြပါတော့တယ်။အဲ့အချိန်မှာ တရားမျှတမှုကိုလိုလားပြီး
တလောကလုံးအေးချမ်းမှုကိုမြတ်နိုးတဲ့ အိပ်မက်မျိုးပိုင်ဆိုင်ထားသော လူငယ်သူရဲကောင်း ဖန်းသောပင့်က
လီလျန်ဟွားကိုသံသယဖြစ်စရာလူလို့ ထင်နေခဲ့တယ်။တချိန်တည်းမှာပဲ လီရှန်းယိနဲ့ရန်သူတစ်လျှောက်လုံးဖြစ်ခဲ့တဲ့
တီဖေးရှန်းကလည်း တဖန်ပြန်ပေါ်လာပြီးနယ်လှည့်သမားတော်လီလျန်ဟွားက လီရှန်းယိလို့ထင်နေခဲ့တယ်။
သုံးဦးသားမှုခင်းတစ်ခုကိုစုံစမ်းကြရင်ခိုင်မာတဲ့ မိတ်ဆွေသူငယ်ချင်းသံယောဇဉ်ထုံးဖွဲ့ချည်နှောင်ပြီးတဲ့နောက်မှာ
သိုင်းလောကရဲ့ အရူပ်အထွေးတွေကိုအတူတူဘယ်လို ဖြေရှင်းဖော်ထုတ်ကြမလဲ။သုံးဦးသားရဲ့အိပ်မက်ဖြစ်ခဲ့တဲ့
တရားမျှတမှုကိုကော ဘယ်လိုအနိုင်ရယူပြီးတစ်လောကလုံးကို ငြိမ်းချမ်းအောင်ဘယ်လိုလုပ်မလဲဆိုတာတော့
ဒီဇာတ်လမ်းတွဲကို CM ဘာသာပြန်အဖွဲ့သားတွေနဲ့ CM ပရိသတ်များအတူတူအဖြေရှာကြလိုက်ရအောင်။
ဇာတ်လမ်းတွဲမှာတော့ လီရှန်းယိ,လီလျန်ဟွားအဖြစ် Chengyi, ဖန်းသောပင့်အဖြစ် Zeng Shun Xi ,
တီဖေးရှန်းအဖြစ် Xiao Shun Yao တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
Quality : WEB-DL 1080p , 720p
Total Episodes : 40
Format : mp4
Genres : Drama , Mystery
Runtime : 45 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Ann Chi
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။