Channel Myanmar

Xiao Shunyao

Mysterious Lotus Casebook ( 2023 )
Mysterious Lotus Casebook ( 2023 ) CM ကနေတရုတ်ဇာတ်လမ်းတွဲတွေတင်ဆက်လာတာ ဒီတစ်ခါမှာတော့ပရိသတ်တွေစောင့်မျှော်နေကြတဲ့ Chengyi ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးချင်ပါတယ်။Chengyi ကတော့ဒီတစ်ခါမှာအမြဲမြင်နေကျ drama ဇာတ်လမ်းတွဲဇာတ်ကောင်ပုံစံမျိုး မဟုတ်ပဲ တမူထူးခြားတဲ့ ဝူရှာသိုင်းသမားပုံစံမျိုးအဖြစ်ပရိသတ်တွေကိုချပြမှာဆိုတော့ ဇာတ်လမ်းအကျဉ်းချုပ်လေးကို ဆက်လက်ကြည့်ရူလိုက်ရအောင်။လွန်ခဲ့တဲ့ (၁၀) နှစ်မှာစစ်ကုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် လီရှန်းယိဟာတစ်လောကလုံး သိုင်းဝိဇ္ဇာတစ်ယောက်အနေနဲ့ သိုင်းလောကမတရားမှုကိုတွန်းလှန်ပြီး တရားမျှတမှုကိုအလင်းဆောင်တဲ့ ခေါင်းဆောင်ကောင်းဖြစ်ခဲ့တာပေါ့။ တစ်နေ့မှာ ကျင်းယွမ်းမဟာမိတ်အဖွဲ့ခေါင်းဆောင် တီဖေးရှန်းနဲ့အရှေ့ပင်လယ်မှာ ယှဉ်ပြိုင်ဖို့ ချိန်းဆိုကြရင်းသိုင်းဝိဇ္ဇာနှစ်ယောက် သိုင်းလောကကနေ ပျောက်ကွယ်သွားခဲ့တယ်။ (၁၀) နှစ်ကြာပြီးနောက်မှာ ရွာလေးတစ်ရွာမှာနယ်လှည့်သမားတော် လီလျန်ဟွားအဖြစ် တဖန်ပြန်လည်ပေါ်ပေါက်လာတဲ့အချိန်မှာ အမှတ်မထင်နာမည်ဂုဏ်သတင်းသင်းပြန့် ပြန့်နှက်သွားကာ နတ်ဆေးသမားတော်အဖြစ်တင်စားကြပါတော့တယ်။အဲ့အချိန်မှာ တရားမျှတမှုကိုလိုလားပြီး တလောကလုံးအေးချမ်းမှုကိုမြတ်နိုးတဲ့ အိပ်မက်မျိုးပိုင်ဆိုင်ထားသော လူငယ်သူရဲကောင်း ဖန်းသောပင့်က လီလျန်ဟွားကိုသံသယဖြစ်စရာလူလို့ ထင်နေခဲ့တယ်။တချိန်တည်းမှာပဲ လီရှန်းယိနဲ့ရန်သူတစ်လျှောက်လုံးဖြစ်ခဲ့တဲ့ တီဖေးရှန်းကလည်း တဖန်ပြန်ပေါ်လာပြီးနယ်လှည့်သမားတော်လီလျန်ဟွားက လီရှန်းယိလို့ထင်နေခဲ့တယ်။သုံးဦးသားမှုခင်းတစ်ခုကိုစုံစမ်းကြရင်ခိုင်မာတဲ့ မိတ်ဆွေသူငယ်ချင်းသံယောဇဉ်ထုံးဖွဲ့ချည်နှောင်ပြီးတဲ့နောက်မှာ သိုင်းလောကရဲ့ အရူပ်အထွေးတွေကိုအတူတူဘယ်လို ဖြေရှင်းဖော်ထုတ်ကြမလဲ။သုံးဦးသားရဲ့အိပ်မက်ဖြစ်ခဲ့တဲ့ တရားမျှတမှုကိုကော ဘယ်လိုအနိုင်ရယူပြီးတစ်လောကလုံးကို ငြိမ်းချမ်းအောင်ဘယ်လိုလုပ်မလဲဆိုတာတော့ ဒီဇာတ်လမ်းတွဲကို CM ဘာသာပြန်အဖွဲ့သားတွေနဲ့ CM ပရိသတ်များအ‌တူတူအဖြေရှာကြလိုက်ရအောင်။ဇာတ်လမ်းတွဲမှာတော့ လီရှန်းယိ,လီလျန်ဟွားအဖြစ် Chengyi, ဖန်းသောပင့်အဖြစ် Zeng Shun Xi , တီဖေးရှန်းအဖြစ် Xiao Shun Yao တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Quality : WEB-DL 1080p , 720p Total ...

Mysterious Lotus Casebook ( 2023 )

2023
Till The End of The Moon (2023)
Till The End of The Moon (2023) ❏ သူ့ရဲ့ ဘဝမှာ သံယောဇဥ်ချစ်ခြင်းမေတ္တာဆိုတာ မရှိ၊ မွေးဖွားစဥ်ကတည်းက တစ်ခါမှ မငိုခဲ့ဖူးသူ ၊သူ့ရဲ့ မျက်လုံးအိမ် အသက်သွေးကြောတွေကို ဖောက်ယူရင်တောင် နုနယ်နွမ်းလျတဲ့ ပုံစံကိုမြင်ရမှာမဟုတ်တဲ့ ရက်စက်သော မိစ္ဆာအရှင် - ထန်ထိုက်ကျင့် အဖြစ် လော်ယွင်ရှီး❏ မသေမျိုး နတ်ဂိုဏ်း အကြီးအကဲရဲ့ မွေးစားသမီးဖြစ်သူ ၊ လောကရဲ့ အမြင့်မြတ်ဆုံးသောဖီးနစ်သွေးကို ပိုင်ဆိုင်ထားသူ ၊ အရမ်းကိုမှ လှပတင့်တယ်တဲ့ မိန်းမပျိုလေး - လီစူးစူး အဖြစ် ပိုင်လုမိစ္ဆာတိုရဲ့အရှင်သခင် ထန်ထိုက်ကျင့် ကြီးစိုးကာ အနိုင်ကျင့်နှိပ်စက်နေတဲ့ လောကကြီးကိုကယ်တင်ဖိုအတွက်ဟန်ယန်ဂိုဏ်းချုပ်ရဲ့ မွေးစားသမီးငယ်ဖြစ်သူ လီစူးစူးကို အရာအားလုံးကို ဖြေရှင်းဖိုအတွက်လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ဆီကိုစေလွှတ်ခဲ့တယ်ဆိုပါတော့ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀အတိတ်ကာလကို ရောက်ရှိသွားခဲ့တဲ့အချိန်မှာတော့ မိန်းမပျိုလေး လီစူးစူးဟာယဲ့အိမ်တော်ရဲ့သမီးငယ်လေး ယဲ့ရှီးဝု အဖြစ်ပြန်လည်မွေးဖွားခဲ့ပါတော့တယ် ။ ဒါပေမယ့်မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုဟာလဲ ဖြစ်ပျက်လိုနေပြန်ပါတယ် ...

Till The End of The Moon (2023)

2023
The Blue Whisper ( 2022 )
The Blue Whisper ( 2022 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့The Blue Whisper ပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့တရုတ်ကားချစ်သူတိုင်းသိကြတဲ့ The Glory of Tang Dynasty ဇာတ်ကားထဲကမင်းသားRen Jia Lun နဲ့ Eternal Love of Dream ထဲကအနီရောင်အမြှီးကိုးချောင်းမြေခွေးဘုရင်မအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Dilireba တို့ကပါဝင်သရုပ်ဆောင်ထားတာဆိုတော့ဇာတ်လမ်းလေးကတော့ကြည့်ကောင်းမှာ အသေချာပါပဲနော်။ကဲဒီတော့ဇာတ်လမ်းအကျဉ်းကြည့်လိုက်ရအောင် ~ဇာတ်လမ်းအကျဉ်းလေးကတော့ Ji Yun He (Dilireba) ကနတ်ဆိုးတောင်ကြားသခင်ရဲ့မွေးစားသမီးလည်းဖြစ်စွမ်းအားမြင့်မားတဲ့ဝိဉာဉ်ထိန်းချုပ်သခင်မလည်းဖြစ်သော်ငြားလည်းတောင်တန်းတွေကြားမှာမနေချင်ဘဲ လွတ်မြောက်ချင်တဲ့သူ။ဒါပေမဲ့ တောင်ကြားသခင်ရဲ့အဆိပ်မိထားတဲ့သူမကဘယ်တော့မှတောင်ကြားကနေဝေးဝေးထွက်ပြေးနိုင်မှာမဟုတ်။တနေ့မှာတော့ရှာပါးမျိုးနွယ်ရေသူထီး Chang Yi (Ren Jia Lun) ကိုနတ်ဆိုးအငွေ့အသက်ကိုဖယ်ရှားဖို့အတွက်တာဝန်ပေးခြင်းခံရတယ်။လွတ်မြောက်ချင်တဲ့ Ji Yun He ကရေသူထီး Chang Yi ကိုအသုံးချဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့အပြစ်ကင်းပြီးကြင်နာနွေးထွေးတတ်တဲ့Chang Yi ကြောင့် Yun He နှလုံးသားအရည်ပျော်ကြသွားရာကတဖြည်းဖြည်းနဲ့ရန်သူအဖြစ်ကနေအချစ်စိတ်တွေပေါက်ဖွားလာတာပေါ့။သို့ပေမဲ့လည်း ကံကြမ္မာရဲ့ရက်စက်မှုကြောင့်နှစ်ဦးသားနက်နက်ရိူင်းရိူင်းချစ်ပေမဲ့လည်း,အချင်းချင်းတိုက်ခိုက်နေကြရတာပေါ့။ ကဲဒီတော့လွတ်မြောက်ချင်တဲ့Yun He ကလွတ်မြောက်နိုင်ပါ့မလား။ချစ်သော်ငြားလည်းရန်သူဖြစ်နေတဲ့အတွက်ရန်သူကနေဘယ်လိုပေါင်းစည်းသွားမလဲ။လောဘတရားကိုရှေ့တန်းတင်မှုကြောင့်ပျက်ဆီးတော့မယ့်လောကကြီးကိုနှစ်ဦးသားဘယ်လိုတာဝန်ယူကာကွယ်မလဲ။ရေသူထီး Chang Yi ကကောဘာလျို့ဝှက်ချက်တွေများနေလဲဆိုတာတော့~ ...

The Blue Whisper ( 2022 )

2022