Duranga 2-2023
(အတိတ်နဲ့ ပစ္စုပ္ပန်ကြားက အားပြိုင်မှု)
IMDb-7.5/10
မနှစ်က CM ကနေတင်ဆက်ပေးခဲ့တဲ့ Psychology Thriller ကား Duranga ရဲ့ Season 2
လည်းထွက်ရှိလာပြီမို့ CM ပရိသတ်ကြီးအတွက် လက်မနှေးတင်ဆက်ပေးလိုက်ပါတယ်
Season 1 မှာ လူသတ်မှု အယောင်ဆောင်မှု
စိတ္တဇလူသတ်သမားကျူးလွန်တဲ့ ကွင်းဆက်လူသတ်မှုတွေနဲ့ သပွတ်အူဆန်ဆန်ရှုစားခဲ့ရပြီး
အခုထွက်လာတဲ့ ၈ ပိုင်းကတော့ ရှေ့အတွဲမှာပါခဲ့တဲ့ မြှုပ်ကွက်တွေ
ဇာတ်အလှည့်အပြောင်းလေးတွေကို တစ်ခုချင်းဖြေထုတ်ပြသွားမှာပဲဖြစ်ပါတယ်
အတိတ်ကို ပြည်ဖုံးကားချပြီး ဆာမစ်ဗာဒယ်အသွင်နဲ့ ဘဝကိုမိသားစုအတွက်ရှင်သန်တော့မဲ့အဘီရှက်ခ်ဘန်နီ…
အဲဒီချိန်မှာပဲ ဆာမစ်ဗာဒယ်အစစ်အမှန်က ကိုမာကနေနိုးထလာခဲ့ပြီး အဘီရှက်ခ်ဘန်နီရဲ့ ဇနီးဖြစ်သူရဲအရာရှိကလည်း
သူအရင်ကကျူးလွန်ခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကအမှုတွေရဲ့တရားခံကို
လိုက်ဖော်ထုတ်နေတယ်
မိသားစုအေးချမ်းရေးအဓိကထားနေချိန်မှာမှ
သမီးဖြစ်သူကလည်း ကျောင်းမှာအနိုင်ကျင့်စော်ကားခံနေရတယ်
ပြောင်းလဲဖို့ကြိုးစားနေပေမဲ့ ဟိုးအတိတ်ကိုပဲ ပြန်ဆွဲခေါ်နေတဲ့ အခြေအနေပေါင်းများစွာကြားမှာ
ဘဝကို မယိမ်းမယိုင်ရပ်တည်နိုင်မလား အတိတ်တစ်ဖန်ပြန်လည်သွားဦးမလား
စိတ္တဇဆန်ဆန်လူသတ်မှုတွေထက် လူတစ်ယောက်ရဲ့ အကောင်းအဆိုးစိတ် လွန်ဆွဲမှုတွေ ၊
မိသားစု ဇနီး ခင်ပွန်းကြားကကွဲလွဲနေတဲ့ အလွှာပါးလေးတွေကြား ရင်ဆိုင်တိုက်ခိုက်မှုတွေကို ရှုစားရမှာဖြစ်ပါတယ်
အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ Alex ~ Yunni ~ V ~ Zwe ~ Sai ~ Thaik San တို့ပဲဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )
File Size – 600MB / 300MB
Quality – 1080p WEBRIP / 720p
Duration – 38 min
Total Episodes: 8Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Crime, Drama
Translator – BpL ~ ToMo ~ Alex ~ Yunni ~ V ~ Zwe ~ Sai ~ Thaik San
Encoder –YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။