Channel Myanmar

Aaron Eckhart

Olympus Has Fallen (2013) 6.5
Olympus Has Fallen (2013) Olympus Has Fallen (2013)_______IMDb - 6.5/10  ကြည့်မိတာနဲ့ထိုင်ရာကမထပဲ ကြည့်ချင်နေမယ့်ဇာတ်ကားတစ်ကားကို Bluray 1080p 5.1 CH နဲ့ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်Mike ဟာ U.S. Army Ranger ကနေ သမ္မတ ကြီးရဲ့အထူးလုံခြုံရေး ခေါင်ဆောင် တစ်ယောက် ဖြစ်လာခဲ့ သူပါ။Mike ဟာ သမ္မတကြီးရဲ့ အထူးလုံခြုံရေး တာဝန်တင် မကပဲသမ္မတကြီးရော သမ္မတကြီး မသားစု နဲ့ပါ မိသားစု ဝင်တစ်ယောက် ကဲ့သို့ရင်းနှီး နေသူလဲ ဖြစ်ပါတယ်။ Christmas ညတစ်ည မှာတော့သမ္မတကြီးနဲ့ သူ့ရဲ့ မိသားစုတို့ ညစာ စားပွဲ တစ်ခု တတ်ရောက်ဖို့Mike က ဦးဆောင်ပြီး ထွက်ခွာ လာခဲ့ပါတယ်။Christmas ညတစ်ည ဖြစ်တာနဲ့ အညီ နှင်းတွေက အရမ်းကျ နေပြီးလေတွေလဲ အရမ်းတိုက် နေပါတယ်။ လေတွေလဲ အရမ်းတိုက် နေပါတယ်။ကားကို ...
movie

Olympus Has Fallen (2013)

2013
Thank You for Smoking (2005) 7.6
Thank You for Smoking (2005) Rotten Romatoes - 86%ဆေးလိပ်သောက်တာ မကောင်းဘူး။ ဆေးလိပ်သောက်တတ်သူတွေ အတော်များများနားခါးကြမယ့်စကားပါ။ အဲဒါကိုဘယ်သူပြောတာလဲ။ အဲဒါကယုံကြည်ရတဲ့နေရာကအချက်အလက်လား။ သောက်ဖူးလား။ တကယ်သောက်တဲ့သူတွေအဲလိုဖြစ်တာမြင်ဖူးလား စတဲ့ အချက်အလက်တွေနဲ့ ပြန်ပြီးဘလိုင်းကြီးဆေးလိပ်သောက်တာ မကောင်းဘူးပြောတဲ့သူကို ပြန်ရှင်းခိုင်းလိုက်ပါ။လေ့လာချက်တစ်ခုအရ စာသားတစ်ခုရဲ့အရှေ့မှာ လေ့လာချက်တစ်ခုအရ ဒါမှမဟုတ်သိပ္ပံနည်းကျပြောပြချက်အရ ဆိုတာကို တပ်ပြီးပြောရင် ပိုပြီးယုံချင်တတ်ကြပါတယ်တဲ့။ဒီဇာတ်ကားမှာကလည်း အဓိကဇာတ်ဆောင်က သိပ္ပံနည်းကျအချက်အလက်တွေကိုသုံးပြီး ဆေးလိပ်ဘက်ကနေ ပြန်လည်တိုက်ခိုက်သွားတာကို မြင်တွေ့ရမှာပါ။အမှန်တရားဆိုတာ ကိုယ်မြင်တဲ့အမြင်ပေါ်မူတည်တယ်ဆိုတဲ့ အချက်ကိုသုံးပြီးနေရာပြောင်းပြသွားတာတွေက အရမ်းကို လှပါတယ်။လူတော်တော်များများက အရမ်းအန္တရာယ်များပါတယ်ဆိုတဲ့ ဆေးလိပ်ကို ပညာသားပါပါနဲ့နေ့စဉ်သုံးပစ္စည်းတစ်ခုအဖြစ်သတ်မှတ်ချင်စိတ်ပေါက်သွားနိုင်အောင် စကားလုံးတွေကအရမ်းလန်းပါတယ်။IMDB Rating 7.6 ထိရရရှိထားပြီး Satire,Comedy အမျိုးအစား ဇာတ်ကားတစ်ကားပါ။ဟားနေရင်း တွေးချင်ရင်တော့ ကြည့်လိုက်ကြပါဗျာ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 350 MB) and ( 850 MB) Quality__BR-Rip 720p IMDb Rating__7.6/10 Format__mp4 Duration__01:32:07 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by ...
movie

Thank You for Smoking (2005)

2005
Bleed for This (2016) 6.8
Bleed for This (2016) ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့လုပ်နိုင်မယ်လို့မထင်တဲ့အရာတွေကို လုပ်ဖို့အတွက် ယုံကြည်မှုဟာ ပဓာနကျပါတယ် ဘယ်လောက် အထောက်အပံကောင်းတွေရှိရှိ ယုံကြည်မှုမရှိရင် ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေဟာ အကောင်အထည်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး အဲ့ဒီအချက်ကို ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်ထားတဲ့ ဒီရုပ်ရှင်လေးက သက်သေပြထားပါတယ် ၁၉၉၀ခုနှစ်ဝန်းကျင်က ဗန်နီပါဇီယန်ဇာလို့အမည်ရတဲ့ အမေရိကန်လက်ဝှေ့သမားတစ်ယောက်ဟာ နာမည်ကြီးကာစမှာ ကားအက်ဆီးဒန့်တစ်ခုကြောင့် လက်ဝှေ့လိုအားကစားမျိုးကိုပြန်ကစားဖို့ မဖြစ်နိုင်တဲ့ လည်ပင်းရိုးကျိုးသွားတဲ့ဒဏ်ရာကို ရရှိခဲ့ပြီး ကံကောင်းစွာနဲ့အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ် သူ့ရဲ့ဘဝလိုဖြစ်နေတဲ့လက်ဝှေ့ကို မဖြစ်နိုင်တဲ့အခြေအနေကနေ ပြန်ကစားဖို့အတွက် လူတိုင်းကဝိုင်းဝန်းတားဆီးနေသည့်ကြားကပင် ယုံကြည်မှုပြင်းထန်စွာ ကြိုးစားခဲ့ပြီး ကမ္ဘာ့လက်ဝှေ့ချန်ပီယံအဖြစ် ပြန်လာနိုင်ခဲ့ကာ အားကစားလောကရဲ့အစဉ်အလာမရှိဆုံး ပြန်လာနိုင်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ် ဒီဖြစ်ရပ်မှာကာယကံရှင်နေရာကသရုပ်ဆောင်ထားတဲ့မင်းသား Miles Tellerဟာ ကျွန်တော်တို့ပရိတ်သတ်တွေနဲ့သိပ်မစိမ်းတဲ့ မင်းသားတစ်လက်ဖြစ်ပြီး ဒီရုပ်ရှင်မှာလည်းပီပီပြင်ပြင် သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ် Imdb 6.8နဲ့ Rotten Tomatoes 70%ထိရရှိထားပါတယ် Flim of the yearဆုကိုလည်းရရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပြီး ကျွန်တော်တို့စိတ်ခွန်အားတွေကို တစ်စိတ်တစ်ပိုင်း အားဖြည့်ပေးနိုင်မယ့် ရုပ်ရှင်ချစ်သူတွေလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ် ဒီဖြစ်ရပ်က ကာယကံရှင်တွေရဲ့ပုံရိပ်တွေ ...
movie

Bleed for This (2016)

2016
The Rum Diary (2011) 6.2
The Rum Diary (2011)  မင်းသားကြီး ဂျွန်နီဒပ်ကိုယ်တိုင်သရုပ်ဆောင် ထုတ်လုပ်သူအဖြစ် ဖန်တီးထားတဲ့ဇာတ်ကားပါ။ခေတ်သစ်ဂျာနယ်လစ်လောကကို ပြောင်းလဲစေခဲ့သူအဖြစ် နာမည်ကောင်းနဲ့ကျော်ကြားသလို တာတေလန်အောင်ဆိုးတဲ့ ဆိုးကွက်တွေနဲ့လဲ နာမည်ကြီးလှတဲ့ အမေရိကန် ဂျာနယ်လစ် Hunter S Thompson ရဲ့စာအုပ်ကို ရုပ်ရှင်ရိုက်ကူးထားတာဖြစ်ပါတယ်။Thompson ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကျွန်တော့်အတွက်တော့ ထူးခြားနေခဲ့ပါတယ်။ဘာလို့ဆို ကျွန်တော်တို့ပုရိသယောကျင်္ားထုရဲ့ နတ်သမီးလေး Amber Heard ဆိုတဲ့မင်းသမီးလေးကို ဘိုးတော်ကြီးဂျွန်နီဒပ်ဟာ ဒီရုပ်ရှင်မှာခေါ်ရိုက်ပြီး လက်ထပ်ပစ်လိုက်တာပါ။ ဘိုးတော်နဲ့ အဲ့မင်းသမီးက အသက်နှစ်ဆယ်လောက်ကွာပါတယ်...so sad....ထားပါတော့...ခုတော့ဖြင့် သူတို့အတွဲလဲ ပြတ်ပြီး နောက်အတွဲတွေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေကြပါပြီ။ ကျွန်တော့်မှာသာ ယောင်ရင်တောင် Amber Heard လို့ထယောင်တုန်း....သြော်..နှင်းပျောက်တဲ့နွေ။ File size(999 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Rum Diary (2011)

2011
Sully (2016)
Sully (2016) ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သဘောၤ လေယာဉ်နဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
movie

Sully (2016)

The Core (2003) 5.5
The Core (2003) မိတ်ဆွေတို့ မင်းသားကြီး Bruce Willis ရဲ့ Armageddon ဇာတ်ကားကို ကြိုက်နှစ်သက်ခဲ့ကြပါသလား။ ဒါဆိုရင်တော့ ဒီဇာတ်ကားကို ဒုတိယ Armageddon လို့ပဲ ညွှန်းပေးပါရစေ။ ဒီဇာတ်ကားကလည်း ကမ္ဘာကြီးကို ကယ်တင်ဖို့ အသက်စွန့်ပြီး စွန့်စားခန်းဖွင့်ကြတဲ့ သူရဲကောင်းတစ်စုအကြောင်း ရိုက်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားပါပဲ။ ဒါပေမယ် ဒီတစ်ခါ သွားတဲ့နေရာကတော့ ကမ္ဘာအပြင်ဖက်မဟုတ်ပါဘူး၊ ကမ္ဘာ့အလယ်ဗဟိုထဲကိုပါ။ ဇာတ်လမ်းရဲ့ သီအိုရီအရ ကမ္ဘာအလယ်ဗဟိုက အူတိုင်မှာ သံရည်ပူတွေဟာ တစ်စက္ကန့်ကို မိုင်ပေါင်းများစွာအမြန်နှုန်းနဲ့ လည်ပတ်နေပါတယ်။ အဲဒီအရည်လည်ပတ်မှုကထွက်ပေါ်လာတဲ့ သံလိုက်စက်ကွင်းတွေဟာ ကမ္ဘာတောင်/မြောက်ဝင်ရိုးစွန်းတွေနဲ့ ဟန်ချက်ညီအောင် ထိန်းသိမ်းပေးထားရင်း နေရောင်ခြည်ရဲ့လောင်ကျွမ်းမှုကို ကာကွယ်ပေးထားတာပါ။ အဲဒီအချိန်မှာတော့ အဲဒီလည်ပတ်မှုကြီးရပ်ဆိုင်းသွားတဲ့အတွက် ကမ္ဘာကြီးပျက်စီးရတော့မယ် အခြေအနေရောက်လာပါပြီ။ အဲဒီအခြေအနေကို ကာကွယ်ဖို့ သက်ဆိုင်ရာနယ်ပယ်မှာ အတော်ဆုံးပညာရှင်တွေနဲ့ မိုင်ပေါင်းများစွာသော မြေထုနဲ့အလွှာမျိုးစုံကို ဖောက်ဝင်ပြီး ကမ္ဘာ့အလယ်ကိုသွားရောက်ဖို့ ကြုံလာရတဲ့အခါ.....ဒီကားဟာလည်း rating နည်းပါတယ်။ 5.5 ပါ။ အကြောင်းရင်းကတော့ ...
movie

The Core (2003)

London Has Fallen (2016) 5.9
London Has Fallen (2016) London Has Fallen (2016)________IMDb - 5.9/10  ၂၀၁၃ ခုနှစ်က Olympus Has Fallen ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ London has fallen ရဲ့ဇာတ်လမ်းကတော့...... လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က သူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။ IMDb Rating (5.9/10) ရရှိထားတဲ့ Action, Thriller ဇာတ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားကို Carey Nyein မှဘာသာပြန်တင်ဆက်ထားတာပါ။) Olympus Has Fallen (2013) ကြည့်ရှုရန် နှိပ်ပါ Angel Has Fallen (2019) ကြည့်ရှုရန် နှိပ်ပါ File size…(905 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung  နမူနာကြည့်ရန်
movie

London Has Fallen (2016)