Channel Myanmar

Afdlin Shauki

Imaginur (2022) 7.6
Imaginur (2022)  ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မှတ်ဉာဏ်ချွတ်ယွင်းနေတဲ့ရောဂါဝေဒနာသည်တွေကိုမာရောဂါ ခံစားနေတဲ့ဝေဒနာသည်တွေကိုမြင်ဖူးကြမှာပါ၊သူတို့ပြောဆိုနေတဲ့စကားလုံးတွေက ဆက်စပ်မှုမရှိပေမယ့် သူတို့စိတ်မှတ်ဉာဏ်ထဲမှာဘာတွေမြင်နေ ကြားနေလို့ဒီစကားလုံးတွေပြောဆိုနေတာလဲဆိုတာသိဖို့ခက်ခဲပါတယ်. ဒီဇာတ်လမ်းလေးက ဒီလိုရောဂါဝေဒနာသည်တစ်ယောက်ရဲ့စိတ်မှတ်ဉာဏ်ထဲမှာဖြစ်ပျက်နေတဲ့အကြောင်းအရာကိုဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဇူဟယ်ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ ကားတိုက်ခံရပြီးတော့ ဆေးရုံကိုရောက်သွားတယ်။ဒါပေမယ့် ဆေးရုံကိုရောက်သွားတာက သူဖြစ်တဲ့ဝေဒနာကိုကုသဖို့မဟုတ်ဘဲသူ့အဖေကိုဆေးစစ်ဖို့ဖြစ်နေတယ်၊ ဆေးရုံကိုသွားရတဲ့အကြောင်းကိုလုံးဝမမှတ်မိဘဲ သူ့အဖေကိုတွေ့တော့မှ ဆေးလာစစ်မှန်းသိရတယ်၊ကြားကာလမှာဖြစ်သွားတဲ့အကြောင်းအရာတွေကိုမမှတ်မိတဲ့အတွက်ကြိုးစားပြီးရှာဖွေကြည့်ပေမယ့် အဖြေမရခဲ့ပါဘူး၊ဒီလိုနဲ့ဆေးရုံမှာ တွေ့တဲ့အမျိုးသမီးတစ်ယောက်က သူ့ကို ဆရာဝန်တစ်ယောက်ရဲ့လိပ်စာကဒ်လေးပေးလိုက်တယ်၊ သူ့ဝေဒနာပိုဆိုးလာတဲ့အတွက်မယုံကြည်ပေမယ့်လိပ်စာကဒ်ထဲကဆရာဝန်ဆီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်၊ဆရာဝန်က သူ့အကြောင်းကိုအလုံးစုံသိနေတဲ့အပြင်အိပ်မွေ့ချပြီးကုသမှသာပျောက်မယ်ဆိုတဲ့အကြောင်းပြောလာတဲ့အတွက်ကုသဖို့ဆုံးဖြတ်လိုက်တဲ့အခါမှတော့........  File size…1.09GB/ 546MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 30m Genre ….. Drama , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Imaginur (2022)