Channel Myanmar

Imaginur (2022)

DramaRomanceSci-Fi

7.6
IMDB: 7.6/10 274 votes

91355

Report error

 

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မှတ်ဉာဏ်ချွတ်ယွင်းနေတဲ့ရောဂါဝေဒနာသည်တွေ

ကိုမာရောဂါ ခံစားနေတဲ့ဝေဒနာသည်တွေကိုမြင်ဖူးကြမှာပါ၊

သူတို့ပြောဆိုနေတဲ့စကားလုံးတွေက ဆက်စပ်မှုမရှိပေမယ့် သူတို့စိတ်မှတ်ဉာဏ်ထဲမှာ

ဘာတွေမြင်နေ ကြားနေလို့ဒီစကားလုံးတွေပြောဆိုနေတာလဲဆိုတာ

သိဖို့ခက်ခဲပါတယ်.

 

ဒီဇာတ်လမ်းလေးက ဒီလိုရောဂါဝေဒနာသည်တစ်ယောက်ရဲ့

စိတ်မှတ်ဉာဏ်ထဲမှာဖြစ်ပျက်နေတဲ့အကြောင်းအရာကိုဇာတ်လမ်း

ဆင်ရိုက်ကူးထားတဲ့ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဇူဟယ်ဆိုတဲ့အမျိုးသား

တစ်ယောက်ဟာ ကားတိုက်ခံရပြီးတော့ ဆေးရုံကိုရောက်သွားတယ်။

ဒါပေမယ့် ဆေးရုံကိုရောက်သွားတာက သူဖြစ်တဲ့ဝေဒနာကိုကုသဖို့မဟုတ်ဘဲ

သူ့အဖေကိုဆေးစစ်ဖို့ဖြစ်နေတယ်၊ ဆေးရုံကိုသွားရတဲ့အကြောင်းကိုလုံးဝ

မမှတ်မိဘဲ သူ့အဖေကိုတွေ့တော့မှ ဆေးလာစစ်မှန်းသိရတယ်၊

ကြားကာလမှာဖြစ်သွားတဲ့အကြောင်းအရာတွေကိုမမှတ်မိတဲ့အတွက်

ကြိုးစားပြီးရှာဖွေကြည့်ပေမယ့် အဖြေမရခဲ့ပါဘူး၊

ဒီလိုနဲ့ဆေးရုံမှာ တွေ့တဲ့အမျိုးသမီးတစ်ယောက်က သူ့ကို ဆရာဝန်တစ်ယောက်ရဲ့

လိပ်စာကဒ်လေးပေးလိုက်တယ်၊ သူ့ဝေဒနာပိုဆိုးလာတဲ့အတွက်

မယုံကြည်ပေမယ့်လိပ်စာကဒ်ထဲကဆရာဝန်ဆီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်၊

ဆရာဝန်က သူ့အကြောင်းကိုအလုံးစုံသိနေတဲ့အပြင်အိပ်မွေ့ချပြီးကုသမှ

သာပျောက်မယ်ဆိုတဲ့အကြောင်းပြောလာတဲ့အတွက်

ကုသဖို့ဆုံးဖြတ်လိုက်တဲ့အခါမှတော့……..

 

 

File size…1.09GB/ 546MB
Quality…WEB-DL 1080p / 720p
Format…mp4
Duration….1h 30m
Genre ….. Drama , Romance , Sci-Fi
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Tin Myo Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Imaginur (2022)


No downloads available

Genres



Related movies