Channel Myanmar

Ajay Devgn

Tanhaji: The Unsung Warrior (2020) 8.2
Tanhaji: The Unsung Warrior (2020) (Unicode)ဘောလီဝုဒ်ဖန်တွေအတွက် 2020 ရဲ့ blockbuster ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်နာမည်ကျော်မင်းသားကြီး အဂျေးနဲ့ ဆေ့ဖ်အလီခန်းမ်တို့က အပြိုင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ရာဇဝင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းက မရာထာတပ်မှူး တာနာဂျီးရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်မဂိုအင်ယာကြီးစိုးတဲ့အချိန်မှာ အိန္ဒိယတစ်နိုင်ငံလုံးကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်အဲ့ဒိအချိန်အခါမှာ အိန္ဒိယမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လွပ်လပ်ရေးတိုက်ပွဲဝင် မရာထာတပ်သားများစွာရှိပါတယ်အင်အားချင်းမမျှမှုကြောင့် အနိုင်မရဘဲ မဂိုတွေကိုအရှုံးပေးလိုက်ရတဲ့အခါ မရာထာအင်ယာပါမှ ခံတပ် ၂၃ ခု မဂိုတွေဘက်ကိုပေးအပ်လိုက်ရပါတယ်အဲ့ဒိထဲမှာ အကြီးမားဆုံးခံတပ်ဖြစ်တဲ့ ကွန်ဒါနားလည်းပါခဲ့ပါတယ် ဒီခံတပ်ကိုရရှိရင် အိန္ဒိယတောင်ပိုင်းတစ်ခုလုံးကို ရရှိသလိုပါပဲမဂိုတွေဟာ မတွန့်မဆိုင်းဘဲ အိန္ဒိယတစ်ခွင်လုံးကိုပါ သိမ်းဖို့ကြိုးစားလာတဲ့အခါမှာတော့မရာထာတပ်မှူးကြီး တာနာဂျီးနဲ့မဂိုတပ်မှူးကြီး အူဒေဘန်းတို့ ထိပ်တိုက်တွေ့ဖို့ဖြစ်လာပါတော့တယ်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….(Zawgyi)ဘောလီဝုဒ်ဖန်တွေအတွက် 2020 ရဲ့ blockbuster ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်နာမည်ကျော်မင်းသားကြီး အဂျေးနဲ့ ဆေ့ဖ်အလီခန်းမ်တို့က အပြိုင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ရာဇဝင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းက မရာထာတပ်မှူး တာနာဂျီးရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်မဂိုအင်ယာကြီးစိုးတဲ့အချိန်မှာ အိန္ဒိယတစ်နိုင်ငံလုံးကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်အဲ့ဒိအချိန်အခါမှာ အိန္ဒိယမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လွပ်လပ်ရေးတိုက်ပွဲဝင် မရာထာတပ်သားများစွာရှိပါတယ်အင်အားချင်းမမျှမှုကြောင့် ...
movie


2020
De De Pyaar De (2019) 6.8
De De Pyaar De (2019) (Unicode)MDb 6.7/10 Google Users 90%ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိသတ်ကြီးအတွက် Rom-Com ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ၂၀၁၉ ဝင်ငွေအကောင်းဆုံး ၁၀ ကား စာရင်းဝင်တစ်ကားဖြစ်သလို အချစ်ဟာသဇာတ်မြူးတွေသာရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Akiv Ali ရဲ့ ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူးပိုစတာပေါ်မှာ Romantic Comedy Movie ဆိုပြီးရေးရေးထားပြီးပေါပေါလောလောတွေ တင်ဆက်နေတဲ့ ကိုယ်တွေဆီက မြန်မာကားတွေအနေနဲ့ ဒီလိုကားတွေကနေ ပညာယူသင့်ပါတယ်Rom-Com ဆိုတာဘာလဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အိုကြီးအိုမတွေက ပေါတောတောတွေ လုပ်ပြစရာမလိုသလိုဗလတောင့်တောင့် အစ်ကိုကြီးတွေကလည်း ခြောက်ပြစရာမလိုပါဘူးသေခါနီးဘွားတော်ကြီးတွေ ရွပြဖို့မလိုသလိုချာတိတ်တွေက လူကြီးသူမတွေကို သောက်ပေါတွေပါလို့ အမြင်မှားအောင် ရိုက်ပြစရာမလိုပါဘူးကုန်ကုန်ပြောရရင် ကလိထိုးပြီး မရယ်ရဖို့အရေးကြီးပါတယ်ဒီဇာတ်ကားထဲမှာ Rom-Com ဆိုတဲ့အတိုင်းRomance အခန်းတွေမှာလည်း ကြည်နူးစရာတွေဖြစ်စေသလိုComedy အခန်းတွေမှာလည်း တွေးတွေးပြီးရယ်ချင်စိတ်တွေဖြစ်စေပါတယ်ဒီတော့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ဇာတ်ကားကောင်းတစ်ကားကို ခံစားကြည့်လိုက်ပါပေးလိုက်ရတဲ့အချိန် ၃ နာရီဝန်းကျင် အလကားမဖြစ်စေရဘူးလို့ အာမခံပါတယ်ဇာတ်လမ်းလေးပြောပြရရင် ... အသက် ၅၀ အရွယ် ...
movie

De De Pyaar De (2019)

2019
Total Dhamaal (2019) 4.7
Total Dhamaal (2019) နွေပူပူမှာ ပေါ့ပေါ့ပါးပါးနဲ့ ဟာသကား ကြည့်မယ်ဆိုတဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ဟိုးအရင် Dhamaal တွေရဲ့ နောက်ဆုံးဖြစ်တဲ့Total Dhamaal ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဘာလုပ်လုပ် တလွဲချည်းပဲ လုပ်တတ်ကြတဲ့ လူတစ်စုကို အဓိက မြင်ရမှာပေါ့။အကြောင်းအမျိုးမျိုးကြောင့် ငွေလိုနေတဲ့ လူတွေ။တနေ့မှာတော့ ငွေတွေ နှစ်ကျပ်ကွက်နင်းပြီးလုယူလာခဲ့တဲ့ ဘောစိအသစ်ကြပ်ချွတ်ကြီးဟာဟယ်လီကော့ပတာပျက်ကျပြီး အဲ့ဒီလူတစ်စုနဲ့ ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။မသေခင်မှာသွားတဲ့စကားကတော့ဂျနာပူရ်တိရစ္ဆာန်ရုံထဲက 'OK' ဆိုတဲ့ စားလုံးမှာငွေ သန်း၅၀၀ ရှိကြောင်း ပြောပြခဲ့ပါတယ်။သိပ်ကို လောဘကြီးတဲ့ ကောင်တွေကြားမှာဆိုတော့ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါပြီ။တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဖက်တွေဖြစ်နေတဲ့ အဲ့ဒီလူရှစ်ယောက်မှာနောက်ထပ် ပြိုင်ဘက်တစ်ယောက် ရှိနေပါသေးတယ်။အဲ့ဒီပိုက်ဆံတွေနဲ့ အဓိကပက်သက်နေတဲ့ ရဲမင်းကြီးပါ။ကဲ....အရင်ရောက်တဲ့လူက ပိုက်ဆံတွေအားလုံးကို ရမှာမို့ ...Dhamaal ကစားပွဲထဲ ပါဝင်ဆင်နွှဲလိုက်ပါဦး။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ) File Size :(950 MB ) and ...
movie

Total Dhamaal (2019)

2019
Simmba (2018) 6.3
Simmba (2018) ဘောလီဝုဒ်ရဲ့ နာမည်ကြီးမင်းသား ရန်ဗီးဆင့်ရဲ့ ၂၀၁၉ ထွက် နာမည်ကျော် ရုံတင်ဇာတ်ကားကြီးအကြည်ထွက်လာလို့ အမြန်ဆုံးနင်ဆက်ပေးလိုက်ပါတယ်ဒါရိုက်တာကလည်း တခြားသူမဟုတ်ဘဲ အက်ရှင်အသားပေး ဒါရိုက်တာကြီး ရိုဟစ် ရှက်တီဖြစ်တဲ့အတွက်အက်ရှင်အလန်းစားတွေ မျှော်လင့်နေသူတိုင်းအတွက် အကြိုက်တွေ့မှာ အမှန်ပါပဲနောက်ခံသီချင်းအလန်းစားတွေနဲ့ ကြမ်းမှကြိုက်သူတွေကတော့ လုံးဝကို လက်လွတ်မခံပါနဲ့=============================================ဆင်(မ်)ဘား နာမည်အပြည့်အစုံကတော့ ဆန်ဂရမ် ဘာလေရောင်သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်သူကောင်းစားရေး "ဒါ ၂၁ ရာစုပဲ၊ ဒီမှာ လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုအတွက်နဲ့ပဲရှင်သန်နေကြတာအဲ့ဒါက ကိုယ့်ကောင်းစားရေးအတွက်ပဲ"ငယ်စဉ်ကတည်းက ခါးပိုက်နှိုက်လုပ် မရိုးမသားငွေရှာတဲ့ ဆင်(မ်)ဘားတစ်ယောက် တနေ့ ရဲအဖမ်းခံရပါလေရာ၊သူ သြဇာရှိလွန်းတယ်ထင်တားတဲ့သူခိုးခေါင်းဆောင်က ရဲအရှေ့ရောက်တော့ ခွေးရှေ့က ကြောင်လေးလိုဖြစ်သွားပြီး ပိုက်ဆံတွေပေးလိုက်ရတာ မြင်လိုက်ရတယ်အဲ့ဒိအချိန်မှာ သူသိလိုက်ရတာ လောကမှာ သြဇာအာဏာအရှိဆုံးကယူနီဖေါင်း၊ယူနီဖေါင်းဝတ်ထားတဲ့သူကို လူဆိုး လူမိုက်မှန်သမျှ ကြောက်ရတယ်သူ့အတွက် ပိုက်ဆံရှာဖို့ အလွယ်ဆုံးနဲ့ အာဏာရှိဖို့က ရဲလုပ်မှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ရဲတစ်ယောက်ဖြစ်အောင်လုပ်ပြီးအကျင့်ပျက်ချစား၊လာဘ်ယူတဲ့နေရာမှာ နာမည်ကျော်တဲ့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ မီရာမာ(ရ်) ရဲစခန်းကို ပြောင်းရွေ့မိန့်ကျတဲ့အခါမှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့အပြောင်းလဲကြီး ...
movie

Simmba (2018)

2018
Singham Returns (2014) 5.7
Singham Returns (2014) ဇာတ်​လမ်းအကျဉ်းက​တော့ သမာသမတ်​ကျတဲ့ ရဲအရာရှိ ဘာဂျီရို ဆင်းဂမ်​ရဲ့ နိုင်​ငံ​ရေးအ​ကောက်​ကြံတဲ့ လူ​တွေကို ​ခြေမှုန်းတဲ့အ​ကြောင်းပါပဲ အသိဉာဏ်​နည်းပြီး အယူသီးသူ​တွေရဲ့ ကိုးကွယ်​မှု​ကြောင့်​ အင်​အားကြီး​နေတဲ့ ဘိုး​တော်​လိုလို ဘာ​လိုလို ဘာဘာကြီးဆိုသူဟာ နိုင်​ငံ​ရေးပါတီတစ်​ခုက ​ခေါင်း​ဆောင်​တစ်​​ယောက်​နဲ့​ပေါင်းပြီး ​ရွေး​ကောက်​ပွဲအနိုင်​ရဖို့ ပိုက်​ဆံသုံးပြီး ဆင်းရဲတဲ့ပြည်​သူ​တွေဆီက မဲ​တွေဝယ်​ယူဖို့ကြိုးစားကြပါတယ်​ ဒီလိုနဲ့မထင်​မှတ်​တဲ့ ကိစ္စတစ်​ခု​ကြောင့်​ သူတို့လုပ်​ရပ်​​တွေ ​ပေါ်မလိုဖြစ်​သွားတဲ့ အခါမှာ​တော့ ​သူတို့သရုပ်​မှန်​ကို ဖုံးကွယ်​ဖို့ အကြမ်းဖက်​ပြီး​တော့​ရော နိုင်​ငံ​ရေးလှည့်​ကွက်​မျိုးစုံနဲ့ ပါ ကြိုးစားကြပါ​တော့တယ်​ ဒီကိစ္စ​တွေရဲ့​နောက်​ကွယ်​မှာ သူတို့ရှိတာသိ​ပေမယ့်​ သက်​​သေမရှိလို့ ဖမ်းမရပဲ ဖြစ်​​နေခဲ့ပါတယ်​ ဆင်းဂမ်​က သူတို့ကို ဘယ်​လို အဆုံးသတ်​​ပေးမလဲဆိုတာ​တော့ ဒီဇာတ်​ကားထဲမှာ ကြည့်​ရှုသွားရမှာပါ ....................................................... ဆင်းဂမ်​က တရားဥပ​ဒေကို လက်​တစ်​လုံးခြားလုပ်​ပြီး ဥပ​ဒေရအပြစ်​​ပေးလို့မရတဲ့သူ​တွေကို ဘယ်​လိုဘယ်​နည်းနဲ့ အပြစ်​​ပေးလည်းဆိုတာ​တော့ ပထမကားကြည့်​ပြီးတဲ့သူ​တွေသိပြီးသားဖြစ်​မှာပါ ဒုတိယကားမှာလည်း ပထမကားထက်​ ပိုမိုက်​တဲ့ပုံစံ​တွေနဲ့ ဥပ​ဒေအရ ထိလို့မရတဲ့ လူဆိုး​တွေကို ဆုံးမသွားမှာပါ ဇတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Chanyein Soe ဖြစ်ပါတယ်
movie

Singham Returns (2014)

2014
Singham (2011) 6.8
Singham (2011) ဇာတ်​လမ်းက​တော့ ​ငွေ​ကြေးချမ်းသာတဲ့ ဒုစရိုက်​သမား​တွေက လာဘ်​စားတဲ့ရဲ​တွေနဲ့​ပေါင်းပြီး ဥပ​ဒေကိုဂရုမစိုက်​ ထင်​တိုင်းကြဲ​​နေကြပါတယ်​ ဒါကိုမခံနိုင်​တဲ့ သမာသမတ်​ကျတဲ့ရဲတစ်​​ယောက်​က သူတို့ကိုဆန့်​ကျင်​ဖို့ကြိုးစားတဲ့အခါမှာ​တော့ အဲဒီရဲကို လာဘ်​စားတယ်​ဆိုပြီးလုပ်​ကြံအမှုဆင်​ကာ ​​ထောင်​ချဖို့ကြိုးစားပါ​တော့တယ်​ ဘယ်​လိုမှ​ဖြေရှင်းလို့မရ​တော့တဲ့ အဆုံးမှာ​တော့ လုပ်​ကြံတရားစွဲခံရတဲ့ရဲဟာ သူ့ရုံးခန်းမှာတင်​ ကို​ယ့်​ကိုကိုယ်​သတ်​​သေသွားခဲ့ပါတယ်​ သုံးနှစ်​ကြာပြီး​နောက်​မှာ အဲဒီရဲရဲ့မိန်းမပြန်​အစ​ဖော်​တဲ့အတွက်​​ကြောင့်​ ​နောက်​တစ်​ခါဒီအမှုကို ပြန်​စစ်​ဖို့တာဝန်​ကျတဲ့သူက​တော့ ရဲအရာရှိ ဘာဂျီရိုဆင်းဂမ်​ ပဲဖြစ်​ပါတယ်​... ဆင်းဂမ်​ဟာ သတ်​​သေသွားတဲ့ရဲအရာရှိ​ဟောင်းရဲ့ ရုံးခန်းမှာထိုင်​ပြီး ဒီဒုစရိုက်​သမား​တွေရဲ့ နည်းမျိုးစုံခြိမ်း​ခြောက်​ဒုက္ခ​ပေးတဲ့ကြားက ဘယ်​လိုပြန်​ပြီး အပြစ်​​ပေးနိုင်​​အောင်​လုပ်​သွားမလဲကို​တော့ ဇာတ်​ကားထဲမှာဆက်​ကြည့်​သွားကြပါလို့ ဘာသာပြန်ကတော့ May Thu ဖြစ်ပြီး အညွှန်းကို Chanyein Soe မှ ရေးပေးထားပါတယ်
movie

Singham (2011)

2011
Raid (2018) 7.6
Raid (2018) ဒီဇာတ်ကားလေးဟာ ၁၉၈ဝခုနှစ်များဆီက အိန္ဒိယနိုင်ငံမှ အခွန်ဦးစီးဌာနအရာရှိတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ချမ်းသာလာပြီး တစ်ဖက်မှာလူအများအမြင်ကြည်အောင်ဘီလူးခေါင်းကွယ်ထားတတ်တဲ့ လူချမ်းသာတွေ၊ ပြည်သူတွေကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးသမားတွေကို သူတို့ဆီမှာအမှန်တကယ် တရားဘောင်အတွင်းကနှိပ်ကွပ်ခဲ့တဲ့အဖြစ်အပျက်လေးကိုအခြေတည်ထားတာပါ။ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့ အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့ အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက် လက်နောင်းမြို့ကို၄၉ကြိမ်မြောက် ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။အရင်အရာရှိတွေနဲ့မတူပဲ အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့ ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးတွေ မျက်ဖြူလန်တော့တာပါပဲ။ဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။နိုင်ငံရေးသဘောသဘာဝတွေ၊ ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊ လူထုကိုနိုင်ငံရေးသမားတွေဘယ်လို ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။Rating အနေနဲ့လည်း 7.6 အထိရရှိထားပြီး ငွေကြေးအရလည်းအောင်မြင်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (950 MB) and (394 MB) Quality : WEB-DL 720p Running Time : 2hr 2min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.H264.AAC2.0 DTOne Translated by Thura Zarni Aung Encoded ...
movie

Raid (2018)

2018
Golmaal Again (2017) 5.2
Golmaal Again (2017) မွေးရပ်မြေနေရာဟောင်းဆီ ကို ပြန်လာကြတဲ့ ဂိုပဲလ်၊ မာဒက်ဗ်၊လပ်ကီး၊ လက်စ်မန်ပရာဆပ်နဲ့ လက်စ်မန်တို့ဟာ အသစ်ပြန် လည်မွမ်းမံထားတဲ့ မိသားစုပိုင်အိမ်ကြီးမှာ နေကြပါတယ်။ ဂိုပဲလ်တို့မှာ ကလေးဘ၀ကတည်းက မတည့်ကြတဲ့ အဖွဲ့တစ်ဖွဲ့ရှိပြီး အရွယ်ရောက်လာတဲ့အချိန်ထိ မတည့်ကြဘဲ ပြန်ရောက်လာတဲ့ ဂိုပဲလ်တို့နဲ့ တွေ့တာနဲ့ကို ရန်ဖြစ် ကြပါတော့တယ်။တစ်ရက်မှာတော့ ဂိုပဲလ် တစ်ယောက် အိမ်ကြီးမှာနေရင်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေကြုံ ရလို့ တခြားသူတွေကို ပြောပြပေမယ့် ဂိုပဲလ်ကို တစ်ယောက်မှ မယုံပါဘူး။ ဒါပေမဲ့ နောက်တော့ အိမ်ကြီးထဲက ဆန်းကြယ်မှုတွေကို အကုန်ကြုံရတဲ့အခါမှာတော့ အ ခြောက်အလှန့်တွေရှိ တယ်ဆို တာ သဘောပေါက်ခဲ့ပါတယ်။ဒါနဲ့ သရဲတစ္ဆေတွေမောင်း ထုတ်ဖို့ဆိုပြီး ဆရာတွေ မျိုးစုံခေါ် လုပ်ပေမယ့် ထူးခြားမှုမရှိဘဲ အ ခြောက်အလှန့်မျိုးစုံနဲ့သာ ကြုံရပါတယ်။ ဂိုပဲလ်တို့ရဲ့ အဖြစ်အပျက်တွေကို ဟာသဇာတ်ကွက် လေးတွေနဲ့ တင်ဆက်ထားတာမို့ ရယ်မောရဦးမှာပါ။အိမ်ကြီးထဲက အခြောက်အ လှန့်တွေနောက်ကွယ်မှာ ...
movie

Golmaal Again (2017)

2017
Baadshaho (2017) 5.6
Baadshaho (2017) 1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့် အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ်ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူ့း့ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ...
movie

Baadshaho (2017)

2017
Action Jackson (2014) 3.3
Action Jackson (2014) မင်းသားကြီး Ajay Devgan က AJ အဖြစ်လည်းကောင်း ၊ မင်းသမီးချော Sonakshi Sinha က ခူရှီအဖြစ်လည်းကောင်း အဓိကပါဝင်သရုပ်ဆောင်ထားတဲ့  Action, Comedy, Drama အမျိုးအစား Bollywood ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့... ခူရှီဟာအမြဲကံဆိုးတတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် AJ ကို ဝက်လစ်စလစ်နဲ့မြင်လိုက်တိုင်း ကံတွေကောင်းလာတတ်ပါတယ်။ ဒါကြောင့် ခူရှီ့ခမျာ ကံကောင်းချင်တိုင်း AJ ကိုလိုက်ကပ်ဖို့ အမြဲဖန်တီးနေရပါတယ်။ AJ ကတော့တကယ့်ဖိုက်တာတစ်ယောက်ဖြစ်ပြီး မတရားမှုတွေကိုလက်ပိုက်ကြည့်မနေတတ်တဲ့ လူတစ်ယောက်ပါ။ ဒီလိုလူမျိုးနဲ့ ဒိတ်ဒိတ်ကြဲလူဆိုးဂိုဏ်းတို့ ဆက်နွယ်ရာမှ ဘယ်လိုလှည့်ကွက်တွေ ကြုံတွေ့ရမလဲဆိုတာ.......။File size...(1.2GB) Quality...HD-Rip 720p Format...mp4 Duration....02:19:50 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aungနမူနာကြည့်ရန် 
movie

Action Jackson (2014)

Ishq (1997) 6.9
Ishq (1997) ဒီဇာတ်ကားလေးကတော့ အလွှာမတူတဲ့ လူတန်းစားကြားက သူငယ်ချင်းမေတ္တာ နဲ့ အချစ်စစ်တို့ကို ဖော်ကျူးထားပြီး IMDB 6.9/10 လည်းရရှိထားပါတယ်။PK, 3 idiots တို့နဲ့ နာမည်ကျော်လာတဲ့ မင်းသား Aamir Khanပါဝင်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းညီအစ်ကိုတွေလို ခင်မင်နေကြတဲ့ အက်ဂျေးနဲ့ ရာဂျာ သူငယ်ချင်းနှစ်ဦးဟာဖြင့် အလွှာမတူတဲ့ မိသားစုအသီးသီးက မွေးဖွားလာခဲ့ပါတယ်။ အက်ဂျေး ၏ အဖေကတော့ ဆင်းရဲသားမုန်းတီးရေးသမား သူဌေး ရာဂျစ်ပဲဖြစ်ပါတယ်။ သူ့သား အက်ဂျေးကိုလည်း သူဌေးသမီးနဲ့သာ လက်ဆက်စေလိုသူတစ်ဦးလည်း ဖြစ်ပါတယ်။ဒါပေမဲ့ အက်ဂျေးကတော့ ဆင်းရဲချမ်းသာ မခွဲဘဲ လွတ်လပ်စွာ ခင်မင်ပေါင်းသင်းတတ်သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ရာဂျစ်ဟာ သူ့သူငယ်ချင်း သူဌေး ဟာဘန်နဲ့ တွေ့ဆုံမိပြီး သားရေးသမီးရေး ဆွေးနွေးခဲ့ကြပါတယ်။ သူဌေးကြီး ဟာဘန်ကလည်း ဆင်းရဲသားမုန်းတီးတတ်သူဖြစ်ပြီး သူ့သမီးမတ်ထူးကတော့ ဆန့်ကျင်ဖက်စိတ်ထားနဲ့ ပျော်ပျော်နေတတ်သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ မတ်ထူးဟာ သူငယ်ချင်း ကာချယ်လ် နဲ့အတူ ...
movie

Ishq (1997)

Satyagraha (2013) 5.9
Satyagraha (2013) IMDb raating 6.0/10 ရရှိထားပြီး ဘောလိဝုဒ်ပရိတ်သတ်တွေ လုံးဝ လက်လွတ်မခံသင့်တဲ့ဇာတ်ကားတကားပါ မင်းသားမင်းသမီးတွေကတော့ ပရိတ်သတ်နဲ့ ရင်းနှီးပြီသားတွေမို့ မိတ်မဆက်ပေးတော့ပါဘူး ဇာတ်လမ်းအကျဉ်းလေးကတော့ နယ်မြို့လေးတစ်ခုမှာစာသင်နေတဲ့ အငြိမ်းစား ပင်စင်စား ကျောင်းဆရာကြီးတစ်ယောက်ရဲ့ သားဖြစ်သူဟာ လာဘ်စားမှုတစ်ခုအတွက် ထိုးကျွေးခံလိုက်ရရင်း အလည်လာသူ စီးပွားရေးသမား သူငယ်ချင်းကဘယ်လိုတွေ ဖော်ထုပ်မလဲ ကျောင်းဆရာကြီးကကော မိမိသားအတွက် ပျက်စီးယိုယွင်းနေတဲ့ အုပ်ချုပ်ရေး ယန္တရားကြီးကို ဖြိုခွဲဖို့ဘယ်လိုတွေတိုက်ပွဲဝင်မလဲဆိုတာကို တော့ ပရိတ်သတ်ကြီးက ဆက်လက် ရှူစားကြရမှာပါ နိုင်ငံရေးဆိုတာ ဘယ်လောက်ထိလှည့်ကွက်တွေ များသလဲဆိုတာ သိခြင်ပါသလား ဒီဇာတ်ကားလေးကိုဒေါင်းယူကြည့်ရှူလိုက်ပါလို့ဘဲ ပြောလိုက်ပါရစေဗျာ။File size...(1.1GB) Quality...BR-Rip 720p Format...mp4 Duration....02:44:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay
movie

Satyagraha (2013)