ဇာတ်လမ်းအကျဉ်းကတော့
သမာသမတ်ကျတဲ့ ရဲအရာရှိ
ဘာဂျီရို ဆင်းဂမ်ရဲ့
နိုင်ငံရေးအကောက်ကြံတဲ့
လူတွေကို ခြေမှုန်းတဲ့အကြောင်းပါပဲ
အသိဉာဏ်နည်းပြီး အယူသီးသူတွေရဲ့
ကိုးကွယ်မှုကြောင့် အင်အားကြီးနေတဲ့
ဘိုးတော်လိုလို ဘာလိုလို ဘာဘာကြီးဆိုသူဟာ
နိုင်ငံရေးပါတီတစ်ခုက
ခေါင်းဆောင်တစ်ယောက်နဲ့ပေါင်းပြီး
ရွေးကောက်ပွဲအနိုင်ရဖို့ ပိုက်ဆံသုံးပြီး
ဆင်းရဲတဲ့ပြည်သူတွေဆီက မဲတွေဝယ်ယူဖို့ကြိုးစားကြပါတယ်
ဒီလိုနဲ့မထင်မှတ်တဲ့ ကိစ္စတစ်ခုကြောင့်
သူတို့လုပ်ရပ်တွေ ပေါ်မလိုဖြစ်သွားတဲ့ အခါမှာတော့
သူတို့သရုပ်မှန်ကို ဖုံးကွယ်ဖို့
အကြမ်းဖက်ပြီးတော့ရော နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ပါ
ကြိုးစားကြပါတော့တယ်
ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ သူတို့ရှိတာသိပေမယ့်
သက်သေမရှိလို့ ဖမ်းမရပဲ ဖြစ်နေခဲ့ပါတယ်
ဆင်းဂမ်က သူတို့ကို ဘယ်လို
အဆုံးသတ်ပေးမလဲဆိုတာတော့
ဒီဇာတ်ကားထဲမှာ ကြည့်ရှုသွားရမှာပါ
……………………………………………….
ဆင်းဂမ်က တရားဥပဒေကို
လက်တစ်လုံးခြားလုပ်ပြီး
ဥပဒေရအပြစ်ပေးလို့မရတဲ့သူတွေကို
ဘယ်လိုဘယ်နည်းနဲ့ အပြစ်ပေးလည်းဆိုတာတော့
ပထမကားကြည့်ပြီးတဲ့သူတွေသိပြီးသားဖြစ်မှာပါ
ဒုတိယကားမှာလည်း ပထမကားထက်
ပိုမိုက်တဲ့ပုံစံတွေနဲ့ ဥပဒေအရ
ထိလို့မရတဲ့ လူဆိုးတွေကို ဆုံးမသွားမှာပါ
ဇတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Chanyein Soe ဖြစ်ပါတယ်