Channel Myanmar

Ajay

Acharya (2022) 4.2
Acharya (2022) Acharya (2022)၂၀၂၂ မှာ အသစ်စက်စက် ထွက်ရှိထားပြီး နာမည်ကြီး မင်းသားချော ဘိုင်ရာဘာ ပါဝင် သရုပ်ဆောင်ထားတဲ့ Acharya ဆိုတဲ့ တလဲဂူး action drama ရုပ်ရှင်ဇာတ်ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ဒီဇာတ်ကားလေးဟာ ၂၀၁၉ ထဲက ထွက်ရှိဖို့ ကြေငြာထားခဲ့ပေမယ့် ကိုဗစ်ရောဂါကြောင့်မလို့ ၂၀၂၂ ဧပရယ်လမှ ထွက်ရှိလာတဲ့ ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ် ။လွန်ခဲ့သော နှစ်ပေါင်း၈၀၀ ဝန်းကျင်ထဲက ဓမ္မစသာလီနဲ့ ပမ်မာဂတ်တမ် တို့ဟာ ဂျီဟာဗာရာရဲ့ မြစ်တစ်ဖက်တစ်ချက်ဆီမှာ တည်ရှိနေပြီး ဆစ်ဟာဗာနမ် တောအုပ်ကြီး ဝိုင်းရံထားတဲ့ ဘာသာရေးကိုင်းရှိုင်းပြီး ဓမ္မကို လက်ကိုင်ထားထားတဲ့ မြို့တွေ ဖြစ်ခဲ့ကြတယ်။သူတို့ဟာ မယ်တော် ဂတ်တာမာကို အရမ်း ယုံကြည်သက်ဝင် ကိုးကွယ်ကြတဲ့ သူတွေပါ ။ ဒီလိုမျိုး ဓမ္မတရားကိုသာ စွဲကိုင်ပြီး အေးချမ်းစွာ တည်ရှိနေကြတဲ့မြို့လေးကို စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဘာဆာဗာ ရောက်လာပြီး ဓမ္မစသာလီ နဲ့ ပမ်ဒါဂတ်တမ်ကို မိုင်းတွင်းတွေ တူးဖော်ချင်နေတဲ့ ရာသော့လက်ထဲကို ထည့်ဖို့ ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ဘာဆာဗာ ...
movie

Acharya (2022)

2022
Bheemla Nayak (2022) 7.8
Bheemla Nayak (2022) Bheemla Nayak (2022)ယခုတစ်ခေါက်မှာတော့ IMDb 7.8 ရရှိထားပြီး ရူပီး 70 ကုဋေအကုန်ကျခံရိုက်ကူးထားတဲ့တယ်လဂူအိန္ဒိယ အက်ရှင်ဒရမ်မာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ သူဌေးဒန်နီရယ်ရှီကာနဲ့ တပည့်ဖြစ်သူကားမောင်းသမားနှစ်ယောက်ဟာ ညအချိန်မတော် နယ်စပ်ကိုဖြတ်မောင်းလာခဲ့ပါတယ်။စစ်ဆေးရေးဂိတ်စောင့်ရဲတွေ တွေ့တော့ ကားတားပြီးစစ်ဆေးရာမှာသတ်မှတ်ခွင့်ပြုချက်ထက်ကျော်လွန်တဲ့ အရက်ပုလင်းတွေ သယ်ဆောင်လာကိုမိသွားပါတယ်။အဲဒီလိုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒုစစ်ဆေးရေးမှူး ဘီမလာနာယက်ခ်ရောက်လာကာသူဌေးဒန်နီရယ်နဲ့ကားမောင်းသမားကို ဖမ်းသွားပါတယ်။ဒါပေမယ့် သူဌေးဒန်နီရယ်ဟာ ဘယ်သူမှမထိရဲဘဲကျောထောက်နောက်ခံကြီးမားတဲ့တပ်ကြပ်မှူးဟောင်းဖြစ်နေပါတယ်။ရိုးဖြောင့်ပြီး သမာသမတ်ကျတဲ့ ရဲအရာရှိ ဘီမလာနာယက်ခ်နဲ့အတ္တအငြိုးကြီးမားတဲ့ ဒန်နီရယ်ရှီကာတို့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာဘယ်လိုအရာများပြောင်းလဲသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ဒီဇာတ်ကားဟာ 1876 ခုနှစ် ဒီဇင်ဘာ 29ရက်နေ့မှာကျဆုံးခဲ့တဲ့ အိန္ဒိယတော်လှန်ရေးသမားBheema Nayak ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး နာမည်ကြီး"Ayyappanum Koshiyum" ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။  File size…1.4GB / 2.8GB Quality…720p / 1080p WEB DL AAC 5.1CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(hard sub) Encoder….YK Translated by Haruko & Poe & Shwe ...
movie

Bheemla Nayak (2022)

2022
Super Machi (2022) 9.1
Super Machi (2022) Super Machi (2022)အိန္ဒိယအက်ရှင်ကားတွေကို ငြီးငွေ့ပြီးတော့ ပေါ့ပေါ့ပါးပါးကားလေးတွေကိုကြည့်ရှုချင်လာပြီဆိုရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အိန္ဒိယကားတွေ တော်ကီကြွယ်ရင် တခြားဘယ်နိုင်ငံကားမှ လိုက်မမီဘူးဆိုတာ အားလုံးအသိပါပဲ။ဒီ Super Machi movie လေးမှာလည်း အဓိကဇာတ်ဆောင်တွေအပြင်အရန်ဇာတ်ဆောင်တွေကပါ တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်ပြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီ Infosys မှာအလုပ်လုပ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာမလေး မီနာရှီတစ်ယောက်...ဘားမှာ အဆိုတော်အဖြစ်အလုပ်လုပ်ပြီး သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတတ်တဲ့သာမညကောင်လေးရာဂျူးကို ချစ်မိသွားလေတော့...ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး presentation ကိုတောင်လက်လွှတ်ပြီး ရာဂျူးရှိရာနေရာကိုသွား၊ ရာဂျူးနောက်ပဲ တကောက်ကောက် လိုက်နေခဲ့ပါတယ်။ရာဂျူးကလည်း အခုမှ တွေ့ဖူးပြီး ဘယ်သူမှန်းမသိ ဘာကြောင့်မှန်းမသိမိန်းကလေးတစ်ယောက် ကိုယ့်ကိုဖွင့်ပြောတဲ့အခါ လက်မခံဘဲ ငြင်းဆိုပစ်လိုက်ပါတယ်။စကားနဲ့ ငြင်းဆိုရုံတင်မရလို့ အမျိုးမျိုးဒုက္ခပေးပြီး ငြင်းဆိုပေမဲ့ကောင်မလေးကတော့ တကောက်ကောက်ဆက်လိုက်နေတုန်းပါပဲ (အားကျကုန်လော့)။ကောင်မလေးမီနာရှီကို တစ်ဖက်သတ်သဘောကျနေသူကလည်းရှိနေပြန်တော့ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေပါ ဖြစ်လာပါလေရော။ဒါပေမဲ့ အောင်မြင်နေတဲ့သူ မီနာရှီက ဘာမဟုတ်တဲ့ သာမညကောင်လေးရာဂျူးကိုရူးရူးမူးမူး လိုက်နေရတဲ့ နောက်ကွယ်ကအကြောင်းအရင်းက ဘာဖြစ်မလဲ။ရာဂျူးကရော ခါးခါးသီးသီး ငြင်းဆိုနေတဲ့နောက်ကွယ်မှာ ...
movie

Super Machi (2022)

2022
Hero (2022) 8.2
Hero (2022) Hero (2022)IMDb-8.2/10အာဂျွန်ဆိုတဲ့လူငယ်လေးတစ်ယောက်က ဇာတ်လိုက်မင်းသား(ဟီးရိုး) ဖြစ်ဖို့အိမ်မက်တွေနဲ့ပြည့်နေတဲ့လူငယ်လေးတစ်ယောက်ပေါ့ အာဂျွန်နဲ့ ဆာ့ဘူတို့က ချစ်သူတွေပါဆလင်းဘိုင်ဆိုတဲ့ လူဆိုးဂိုဏ်းချုပ်ကြီးဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို ရှေးဟောင်းသေနတ်တစ်လက်နဲ့ပစ်သတ်လိုက်ပြီး အဲ့ဒီသေနတ်ကို ဟိုင်ဒရာဘတ်မြို့ထဲက သူ့ရဲ့ကျေးစားလူသတ်သမား တစ်ယောက်ဆီကိုပို့ပေးလိုက်တယ်။ သူ့ရဲ့ရန်သူတော်ကြီးတစ်ယောက်ကို သတ်ခိုင်းဖို့ပေါ့။တစ်ချိန်တည်းမှာပဲ လှချင်ခန့်ချင်တဲ့ အာဂျွန်တစ်ယောက်က ဆံပင်ကျွတ်နေလို့ တီဗီမှာတွေ့တဲ့ဆံပင်ခေါင်းလိမ်းဆီကို အွန်လိုင်းကနေမှာလိုက်ရာကနေ သူ့အိမ်ရောက်လာတဲ့ပါဆယ်ထုပ်ထဲမှာကခေါင်းလိမ်းဆီမဟုတ်ဘဲ အဲ့ဒီရှေးဟောင်းသေနတ်ဖြစ်နေခဲ့ပါတယ်။ ကဲ အာဂျွန်တစ်ယောက်အဲ့ဒီသေနတ်တစ်လက်နဲ့ဘယ်လိုပြဿနာတွေရင်ဆိုင်ရဦး မလဲ။ သူ့သမီးနဲ့ကန့်ကွက်နေတဲ့လျှို့ဝှက်တဲ့ အာဂျွန့်ယောက္ခမကြီး ကကော ဒီအမှုအခင်းတွေနဲ့ ဘယ်လိုပတ်သတ်မှုရှိနေမလဲ။IMDb Rating 8.2/10 ရထားတဲ့ ဟာသ စွန့်စားခန်း ဇာတ်ကားကောင်းလေးမလို့လက်မလွတ်တမ်းကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်  File size…3.06GB / 1.4GB / 500MB Quality…1080p WEBDL AAC 5.1CH / 720p / 360p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM & Eliza
movie

Hero (2022)

2022
Rudhramadevi (2015) Rudramadevi 5.8
Rudhramadevi (2015) Rudramadevi အိန္ဒိယတောင်ပိုင်း ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရူဒမာဒေဗီဟာဆိုရင် အိန္ဒိယ သမိုင်းမှာ အုပ်ချုပ်ခဲ့တဲ့ အနည်းငယ်မျှသော ဘုရင်မတွေထဲကမှ ရူဒမာဒေဝီ ဘုရင်မ ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူး ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ငယ်ဘဝထဲက အခက်အခဲ အကြမ်းတမ်းစွာ ယောကျာ်းလေးဟန်ဆောင်ပြီး ဖြတ်သန်းခဲ့ရတဲ့ ရူဒမာဒေဝီ ၊ ငယ်ရွယ်စဉ်ဘဝထဲက မိန်းကလေး တန်မဲ့ မင်းသားတို့ တတ်အပ်တဲ့ အဌာရသ ၁၈ရပ်ကို ပင်ပန်းခက်ခဲ့စွာ သင်ကြားခဲ့ရတဲ့ ရူဒမာဒေဝီ အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာတော့ ပြိုင်ဘက် တိုင်းပြည်တွေကို ဘယ်လို ဖြိုခွင်းပြီး အခက်အခဲတွေကြားထဲက တိုင်းပြည်ကို ဘယ်လို ကာကွယ် စောင့်ရှောက်မလဲဆိုတာ.........။မင်းသမီး Anushka Shetty က ရူဒမာဒေဗီဘုရင်မအဖြစ် ပါဝင်ထားပြီး တောင်ပိုင်းရဲ့ Stylish Star မင်းသားအာလူးအာဂျွန်းကိုလဲ စတိုင်အပြည့်နဲ့ တွေ့မြင်ရမှာပါ။Action,Fantasy သဘောတင်ဆက်ထားတာမို့ ချခန်းဖိုက်ခန်းတွေကြိုက်ရင် မိုက်မှာပါ။ File size…(3.5 GB) / (1.6 GB) Quality…WEB-DL HEVC 1080p/720p Format…mkv/mp4 Duration….02:30:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Rudhramadevi (2015) Rudramadevi

1080p HEVC
Most Eligible Bachelor (2021) 7.1
Most Eligible Bachelor (2021) IMDb Rating(7.1)ရည်းစား စဖြစ်ကြရင် တစ်​ယောက်ကိုတစ်​ယောက် အရမ်း​ ဂရုစိုက်ပြကြ ချစ်ပြကြ ရိုကြတာ သဘာ၀ပါပဲ Honeymoon period ​ပေါ့ အချိန်ကြာတွဲလာရင်း အိမ်​ထောင်သည်ဘဝ ကူး​ပြောင်းတဲ့ အခါ ဆက်လက်ရိုနိုင် ချစ်ပြနိုင်ကြသူ​တွေ ဘယ်​လောက်ရှိမလဲ တချို့ဆို ရည်းစားဘဝမှာတင် မချစ်ပြတတ်ကြပါဘူး​လေ​နော့ အိမ်​ထောင်သက်ကြာလာ​လေ​လေ မိသားစုအ​ရေး စီးပွား​ရေး လူမှု​ရေးကိစ္စ​တွေကြားမှာ မချစ်​တော့တာမဟုတ်​ပေမယ့် မချစ်ပြတတ်ကြ​တော့ပါဘူး CM ပရိသတ်ကြီးတို့​​ကော "အိမ်​ထောင်သည်ဘဝက​နေ ဘာတွေများ​မျှော်လင့်ထားကြပါသလဲ" ​ပျော်ရွှင်​သောအိမ်​ထောင်​ရေးဖြစ်​အောင် ဘယ်လို​နေထိုင်ရမလဲဆိုတာကို သိချင်ရင်​တော့ ဒီကား​လေးကို ကြည့်သင့်ပါတယ်။အိန္ဒိယတွေရဲ့ ထုံးစံအတိုင်း သားယောကျာ်းလေးကို မိန်းမပေးစားတဲ့ဇာတ်လမ်းလေးတစ်ခုပါပဲ။ သတို့သမီး​လောင်း အ​ယောက် ၂၀နဲ့လိုက်​တွေ့ရမယ့် ဟာရှာ... ပထမသတို့သမီး​လောင်းက​တော့ သူ့အလိုကျ လိုက်​လျောညီ​ထွေ​နေ​ပေးတတ်လွန်းတဲ့ မိန်းက​လေး... မိဘ​တွေက တခြားသတို့သမီး​လောင်း​တွေ အားလုံး​တွေ့ပြီးမှ ​​ရွေး​စေချင်တာ​ပေါ့... အဲဒီမှာပဲ ဇာတာခွင်မကိုက်လို့ဆိုပြီး ဓါတ်ပုံ​လေးရယ် ဇာတာခွင်ရယ်ကို သတို့သမီး​လောင်း ​နောက်တစ်​ယောက်ရဲ့အ​ဖေဖြစ်သူဆီကို သွား​ပေးရင်း ဓါတ်ပုံ​ပျောက်သွားတဲ့ အခါ ဗီဘာဆိုတဲ့ မိန်းက​လေးနဲ့ ​ဆုံဖို့ကံပါ​လာတော့တယ်... ထိုမိန်းက​လေးနဲ့​တွေ့ပြီး​နောက် ဟာရှာတစ်​ယောက် သူ့ရဲ့ ဘဝလက်တွဲ​ဖော်ဆီက ဘာကိုလိုချင်ရမှန်း ...
movie

Most Eligible Bachelor (2021)

HEVC 1080p
Sridevi Soda Center (2021) 7.6
Sridevi Soda Center (2021) IMDb Rating (7.6)ဒီနေ့ပဲအသစ်ထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်း အချစ်အက်ရှင်ဇာတ်ကားလေးတစ်ကားကို တင်ဆက်လိုက်ပါတယ်။Suri Babu ဟာ သူ့ရွာမှာစတိတ်ခုံ မီးစတဲ့အပြင်အဆင်တွေမှာကွျမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အဲ့ဒီအလုပ်ကို စီးပွားရေးအဖြစ်ဇောက်ချလုပ်ဖို့စဉ်းစားနေပါတယ်၊သူချစ်မိသွားတာကတော့ ဆိုဒါအရောင်းဆိုင်ပိုင်ရှင်ကြီးရဲ့သမီး မိန်းမလှလေးSrideviပဲဖြစ်ပါတယ်။ Srideviက သူ့အချစ်ကိုတုန့်ပြန်ခဲ့ပေမယ့် သူ့အဖေကတော့ ခါးခါးသီးသီးပါပဲ။သဘောမတူနိုင်ရတဲ့အကြောင်းရင်းကတော့ Suri ဟာ သူတို့ထက် ဇာတ်နိမ့်နေလို့ပါပဲ။တစ်နေ့မှာတော့ ဆူရီဟာ ရွာထဲကအကောင်ကြီးကြီးတစ်ယောက်နဲ့လူသတ်မှုတစ်ခုမှာပါဝင်ပတ်သက်မိရာကနေ ဒုက္ခကြုံရပြီး အချစ်ဇာတ်လမ်းမှာပါ အနှောင့်အယှက်တွေကြုံရဖို့ဖြစ်လာပါတော့တယ်။တစ်ခုပြီးတစ်ခု မြွေပူရာကင်းမှောင့်သလိုဖြစ်လာတဲ့ပြဿနာတွေဟာ သွေးရိုးသားရိုးဟုတ်ပါ့မလား။ သူ့အပေါ်မလိုမုန်းထားသူတွေ သူတို့ဇာတ်လမ်းအပေါ်ဖျက်လို့ဖျက်ဆီးလုပ်ချင်သူတွေ ဘယ်လောက်များမလဲ။ ဒါတွေကိုရော သူတို့နှစ်ယောက်ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ကြမလား ဆိုတာဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။အပြင်မှာတကယ်ဖြစ်နေဆဲ ဖြစ်ခဲ့ပြီးသား အဖြစ်အပျက်တွေထဲက ဖြစ်ရပ်မှန်တစ်ချို့ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘယ်လိုအဖြစ်မှန်တွေလဲဆိုတာကိုသိရင်တော့ ဇာတ်လမ်းပေါ့ပျက်သွားနိုင်လို့မပြောတော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအဖြေရှာကြပါ။ File size…(2.2 GB) / (1.1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy & Alias
movie

Sridevi Soda Center (2021)

HEVC 1080p
Thimmarusu: Assignment Vali(2021) 8.5
Thimmarusu: Assignment Vali(2021)  Thimmarusu (2021)"လူတစ်ယောက် ကောင်းတယ်ဆိုတာကို ပတ်ဝန်းကျင်က လက်ခံဖို့အချိန်တွေအများကြီး ယူရပေမယ့်သူမကောင်းဘူးဆိုတာကိုတော့ စက္ကန့်ပိုင်းလေးအတွင်း လူတွေလက်ခံနိုင်ကြတယ်မင်းနာမည်ဘေးမှာ တွဲလျက်ရှိနေတဲ့လူသတ်သမားဆိုတဲ့ ဂုဏ်ပုဒ်က သေတဲ့ထိပါသွားမှာကွဒါကြောင့် ဒီအမှုကို မင်းရင်ဆိုင်ရမှာ"လွန်ခဲ့တဲ့ ၈ နှစ်က လူသတ်မှုနဲ့ စွပ်စွဲခံရပြီးထောင်ကျခဲ့ရတဲ့ ကောင်လေးကိုအမှုပြန်ဖွင့်ပြီး တရားခံအစစ်ဖော်ထုတ်ဖို့ရှေ့နေက ပြောတဲ့စကားတရားဥပဒေဆိုတာ လက်တစ်လုံးခြားပဲတဲ့​မတရားမှုမှန်သမျှ ဖော်ထုတ်မယ်ဆိုတဲ့လူငယ်ရှေ့နေလေးကတော့ ဒီစကားကိုလက်မခံပါဘူးတုံးဆိုတိုက် ကျားဆိုကိုက်ပြီးအမှန်တရားသာဖော်ထုတ်မယ့် ရှေ့နေပေါ့ဒီလိုရှေ့နေတစ်ယောက်က လွန်ခဲ့တဲ့ ၈ နှစ်ကအမှုဟောင်းကို စုံစမ်းရရောဗျာသာမာန်လျော်ကြေးငွေကိစ္စနဲ့ အမှုဆိုပြီးလိုက်ရာကနေတရားအစွဲခံခဲ့ရတဲ့သူဟာ တရားခံအစစ်မဟုတ်ဘဲထောင်ကျခဲ့တယ်ဆိုတာ သိသွားတဲ့အချိန်မှာတော့ရအောင်ဖော်ထုတ်မယ်လို့ စိတ်ဆုံးဖြတ်ခဲ့တယ်လှည့်ကွက်တွေ အများကြီးရှိနေတဲ့အပြင်မထင်မှတ်ထားတဲ့ လူတွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီအမှုကြီးကိုဆက်ပြီးဖော်ထုတ်လေ သူ့အတွက်အန္တရာယ်များလာလေဖြစ်လာခဲ့တဲ့အခါ...အန္တရာယ်ကြားကနေ အမှန်တရားဘက်တော်သားတစ်ယောက်ဒီအမှုကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုအိန္ဒိယဇာတ်ကားတို့ ထုံးစံအတိုင်း Dialog အလန်းတွေနဲ့ ရိုက်ပြထားပါတယ်ကြည့်ရှုလိုက်ကြပါဦး  File size…2Gb / 1.22Gb / 600MB Quality…720p /480p / 1080pTRUE WEBDL DD+5.1 Format…Mp4 Duration….2h 7mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Amelia & ...
movie

Thimmarusu: Assignment Vali(2021)

2021
Super Over (2021) 7.0
Super Over (2021) Super Over ဆိုတဲ့ကားလေးက 2021 မှာထွက်ရှိပြီးRating 7.1တောင် ရရှိထားတာပါဇာတ်လမ်း အကျဉ်းကတော့ကာစီ ဗာဆူနဲ့ မာဒူဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ငယ်တည်းက အတူတူကြီးပြင်းလာပြီးတော့ အမြဲတမ်း အတူတူရှိနေကြတဲ့သူတွေပါကာစီတစ်ယောက် အိမ်က အကြွေးတွေဆပ်ဖို့ အခက်အခဲဖြစ်နေတဲ့ချိန် အမေရိကန်သွားဖို့ ဗီဇာလုပ်ထားတဲ့ ပိုက်ဆံကလည်းပြန်တောင်းမရ လက်ထဲလည်းပိုက်ဆံမရှိ အလုပ်မရှိတော့ နှစ်လအတွင်း အကြွေးဆပ်ဖို့နည်းလမ်း စဉ်းစားရင်းနဲ့ခရစ်ကတ်လောင်းမိတဲ့အခါ မမျှော်လင့်ပဲ ကာစီတစ်ယောက် ပိုက်ဆံများစွာ နိုင်သွားတဲ့အခါမှာ......မူလီရာက ခရစ်ကတ်ဒိုင်တစ်ယောက်ဖြစ်ပြီးတော့ ကာစီတို့သူငယ်ချင်းအုပ်စုက ခရစ်ကတ်ကို ခုမှစဆော့တော့ မနိုင်လောက်ဘူးထင်ပြီးသူဌေးကိုလှည့်စားပြီး သူအတွက်သူ ပိုက်ဆံရအောင်လုပ်တဲ့အခါမှာ...ရဲအေဂျေဟာ ပိုက်ဆံနဲ့ပတ်သတ်ရင်ဘာမဆိုလုပ်တဲ့သူတစ်ယောက် တရားမဝင်ငွေလွှဲတဲ့သူတိုင်းနဲ့သူသိပြီးတော့အဲ့ကနေပိုက်ဆံရယူဖို့ ကြိုးစားတဲ့အခါ...ကာစီတစ်ယောက် ပိုက်ဆံထုတ်တဲ့အခါ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဒိုင်နဲ့ရဲ ကြားမှာ ကာစီတစ်ယောက် သူငွေတွေကို အကုန်ရအောင်ယူနိုင်မလားဆိုတာကြည့်ရှုသင့်တဲ့ဟာသအက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်  Translated by : Shwe Pwint Encoded by ; YKQuality  : 1080p TRUE WEB ...
movie

Super Over (2021)

2021
Ala Vaikunthapurramuloo(2020) 7.2
Ala Vaikunthapurramuloo(2020) Ala Vaikunthapurramuloo(2020)ရာမချန်ဒရန်ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့အတွက် အလုပ်ရှင်က သဘောကျပြီး သူ့သမီးနဲ့ ပေးစားလိုက်တော့ စာရေးဘ၀ကနေ သူဌေးဘ၀ကို ရောက်သွားတယ်။ဒီကိစ္စကို ရာမာချန်ဒရန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဗာလ်မီကီဆိုသူက မနာလို မရှုစိမ့်ဖြစ်ပြီး အခွင့်အရေး ပေးလာချိန်မှာမိတ်ဆွေကို မကောင်းကြံဖို့ စီစဉ်တယ်... အခုမှ လူ့လောကထဲကို ရောက်လာတဲ့ ဘာမှမသိရှာသေးတဲ့ကလေးနှစ်ယောက် လူစားလဲခြင်း ခံလိုက်ရတယ်။ဒီကိစ္စကို အစအဆုံး သိတဲ့သူဆိုလို့ ဗာလ်မီကီနဲ့ ဆေးရုံက နပ်စ်မတစ်ယောက်သာ ရှိတယ်။ဒီလိုနဲ့ ရာမချန်ဒရန်ရဲ့ သားအရင်းက ဗာလ်မီကီ့ဆီ ရောက်သွားပြီး ၊ ဗာလ်မီကီ့သားက ရာမချန်ဒရန်တို့အိမ်ကို ရောက်သွားတယ်။..... ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်တွေကိုယ်တိုင် ခံစားဖို့ ချန်ထားလိုက်ပါတော့မယ်။အစအလယ်အဆုံး အကောင်းဆုံး ဘာသာပြန်ပေးထားသလို ကြည့်ပြီးသားသူတွေအတွက်လည်းသီချင်းလေးတွေကအစ သေချာလေး ဘာသာပြန်ပေးထားတာမို့ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thu ပဲဖြစ်ပါတယ်....File Size : (1.25 GB) and ...
movie

Ala Vaikunthapurramuloo(2020)

Bheeshma (2020) 6.9
Bheeshma (2020) ဒီကားထဲက မင်းသား Nithiinကို အိန္ဒိဇာတ်ကားချစ်သူတွေ သိပ်မသိလောက်ပေမယ့် အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့မင်းသမီးချောလေး Rashmika Mandanna ရဲ့ ဇာတ်ကားမို့ ကြည့်စေချင်တဲ့ စေတနာနဲ့ ဘာသာပြန် တင်ဆက်လိုက်တာပါ။မူရင်း အင်္ဂလိပ်စာဖိုင်မှာ အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာမပါတဲ့အတွက် အတတ်နိုင်ဆုံး နားထောင်ပြီး အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားပေးလိုက်တာပါ။ဇာတ်ကားအကြောင်း နည်းနည်းပြောရမယ်ဆိုရင်... ရုတ်တရတ်ကြည့်ရင်တော့ ဒီဇာတ်ကားကဝန်ကြီးချုပ်မင်းသားလို့ခေါ်တဲ့ Mahesh Babu ရဲ့ ဝန်ကြီးချုပ်ဇာတ်ကား(Bharat Ane Nenu)နဲ့ Maharshi ဇာတ်ကားကိုinspiration ယူပြီး ရိုက်ကူးထားတယ်လို့တောင် ထင်ချင်စရာပါပဲ။ဒါပေမယ့်လည်း ကွဲလွဲနေတာတွေတော့ အများကြီးရှိပါတယ်။ဒီကားထဲကမင်းသားဟာ တေလေဂျပိုး ၊ ကောလိပ်ကနေ အထုတ်ခံလိုက်ရတဲ့သူ။ဘ၀မှာ ကံဆိုးတတ်သူမို့ ဂေါ်မစွံလူပျိုဘ၀နဲ့ သူပြောတဲ့စကားထဲကလို IAS (I Am Single) ဖြစ်နေသူ။မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲပါတယ်ဆိုပြီး ရဲစခန်းရောက်အပြစ်တွေကို အေစီပီအရာရှိလက်အောက်မှာ ဆေးကြောရင်း အေစီပီ့သမီးကိုချစ်ကြိုက်မိရာကနေ သူ့ဘ၀ ပြောင်းလဲလာတယ်လို့ ဆိုရမှာပါပဲ။ဘာတွေ ဘယ်လိုပြောင်းလဲမလဲဆိုတာကတော့ ကိုယ့်ဘာသာ ခံစားလိုက်ပါတော့။ဒီကားထဲမှာ ...
movie

Bheeshma (2020)

2020
Disco Raja (2020) 6.9
Disco Raja (2020) Spoiler Alert!၀ူဟန်ကာကွယ်ဖို့အတွက် အိမ်မှာနေရင်းပျင်းနေကြတဲ့ အိန္ဒိယကားပရိတ်သတ်တွေအတွက် ယနေ့ တင်ဆက်ပေးလိုက်တဲ့ အသစ်စက်စက် ဇာတ်ကားလေးပါ။ဒီလထဲမှာထွက်ရှိတဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ အကြိုက်တွေ့မိတဲ့ဇာတ်ကား နည်းနေပေမယ့် ပရိတ်သတ်ကြိုက်မယ်ထင်တဲ့ ဇာတ်ကားတွေကို ရွေးထုတ် တင်ဆက်ပေးနေတာမို့....ကောင်းသည် မကောင်းသည်ကို ယတိပြတ် မပြောလိုပါဘူး။ကိုယ့်အကြိုက်နဲ့ကိုက်ညီရင် ကောင်းပြီး ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင် မကောင်းဘူးလို့ပဲ ဆိုရမှာပါ။ဒီဇာတ်ကားကတော့ တောင်ပိုင်းကားတွေရဲ့ ထုံးစံအတိုင်း အိုဗာအက်ရှင်တွေ ဘာတွေ ဖောဖောသီသီ ပါဝင်သလို နည်းနည်းလည်း စိတ်ကူးယဉ်လည်း ဆန်ပါတယ်။တစ်နေ့က ထွက်တဲ့ Bloodshot ဆိုတဲ့ ဟောလိ၀ုဒ်ဇာတ်ကားနဲ့တောင် အစပိုင်းမှာ ခပ်ဆင်ဆင် ရိုက်ကူးထားတာပါ။အကြမ်းဖျင်းအားဖြင့် ပြောရရင် မင်းသားဟာ ဇာတ်လမ်းစစချင်းမှာသေသွားတယ်။သိပ္ပံပညာရှင်တစ်စုက မင်းသားကို သိပ္ပံနည်းနဲ့ သေရွာကနေ ပြန်ခေါ်တယ်ပေါ့။ဒီနောက်တော့ သူဟာသူ့အတိတ်ကို လိုက်စုံစမ်းရင်း ရိုးရိုးသေတာ မဟုတ်ပဲအသတ်ခံလိုက်ရတယ်ဆိုတာကို ...
movie

Disco Raja (2020)

2020
Sarileru Neekevvaru (2020) 6.8
Sarileru Neekevvaru (2020) (Unicode)ရက်ပေါင်း၅ဝလောက် ကြာပြီးတဲ့နောက်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ တေလဂူးမင်းသားချော Mahesh Babuနဲ့ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး အကြည်တက်လာခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့... မင်းသားချောပါပဲ။ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ ...
movie

Sarileru Neekevvaru (2020)

2020
Prati Roju Pandaage (2019) 6.3
Prati Roju Pandaage (2019) (Unicode)ဒီတစ်ပတ်မှာတော့ တေလဂူး(Telugu) မိသားစုကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသားနဲ့ မင်းသမီးကတော့ တေလဂူးပရိသတ်တွေ ရင်းနှီးပြီးသားမို့ အထူးတလည်မိတ်ဆက်စရာမလိုပါဘူး။ဇာတ်လမ်းအကျဉ်းကို တစ်ချက်လောက် ချပြရရင် အမေရိကမှာ အခြေချနေတဲ့ မင်းသားတို့မိသားစုရယ်၊ အိန္ဒိယမှာပဲ အလုပ်အကျွေးပြုစုသူ တစ်ယောက်နဲ့ အတူနေတဲ့ မင်းသားရဲ့ အဘိုးရယ်ပေါ့။တစ်နေ့မှာတော့ အဘိုးဟာ ကျန်းမာရေးအရ ဆေးစစ်ချက်သွားယူရာကနေ သူ့မှာ အဆုတ်ကင်ဆာ ရှိနေတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရပါတယ်။သားသမီးတွေနဲ့ ဝေးရာမှာ နေရာသူဖြစ်တော့ သားသမီးတွေဆီ ဖုန်းဆက်အကြောင်းကြားတယ်။အဘိုးမှာ ရောဂါအဆင့်က ကျွမ်းနေပြီမို့ အချိန်က ၅ပတ်ကာလပဲ ရှိတော့တယ်။တစ်ဖက်မှာလည်း အလုပ်၊ တစ်ဖက်မှာလည်း မိဘဖြစ်တော့ အလုပ်ကို ဦးစားပေးတတ်ကြတဲ့ သားသမီးတွေဟာ အဖေဖြစ်သူဆီ ပြုစုစောင့်ရှောက်ဖို့ လောလောဆယ် မသွားနိုင်ကြပါဘူး။ဒါပေမဲ့ အဘိုးကို အရမ်းချစ်တဲ့ မြေး(မင်းသား)ကတော့ ဒီသတင်းကို ကြားကြားချင်း လိုက်သွားခဲ့ပါတယ်။အိန္ဒိယကိုရောက်ပြီး ...
movie

Prati Roju Pandaage (2019)

2019
Officer ( 2018 ) N/A
Officer ( 2018 ) ဒီနေ့မှာတော့ Telugu ရုပ်ရှင်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်အက်ရှင်ကားကြိုက်တဲ့သူတွေအတွက်တော့သဘောကျမှာပါShivaji Rao ဟာ ရိုးသားကြိုးစားတဲ့ရဲသားလေးတစ်ယောက်ဒါပေမယ့်လည်း သူတို့ငှာန ရဲငှာနအတွင်းမှာအကျင့်ပျက်ခြစားတဲ့ရဲတွေရှိတယ်..ညစ်ပတ်တဲ့အလုပ်တွေလုပ်ကိုင်တဲ့ရဲတွေပေါ့...ဒါကိုသူကသတိထားမိတယ်သတိထားမိတော့ ဒီရဲတွေကို သတိပေးဖို့ကြိုးစားတယ်ရဲတွေရဲ့ မသမာမှုတွေပေါ်အောင် ကြိုးစားတယ်ဒီလိုနဲ့ပဲရဲကောင်းတစ်ယောက်ရဲ့ တာဝန်ကိုသူတာဝန်အောင်ကြိုးစားရင်း မကောင်းတဲ့ရဲ တွေဖြုတ်ချရင်းကနေနောက်ဆက်တွဲကပ်ပါလာတဲ့ မာဖီးယားတဂိုဏ်းလုံးရဲ့ရန်စွယ်နဲ့လည်းကြုံတွေ့ရတဲ့အခါသူဘယ်လိုလုပ်မလဲ..ဘယ်လိုရင်ဆိုင်မလဲဆိုတာဆက်လက်ခံစားကြည့်ရှုပါ Subtitle Credit To Subscene Uploader ( Somonlian )   
movie

Officer ( 2018 )

2018
Hello (2017) 7.0
Hello (2017) သင်ဟာ လူငယ်ဆန်ဆန်နဲ့ အချစ်အလွမ်း အကြမ်း ရသစုံ ကြိုက်တတ်တဲ့သူဆိုရင်ဒီကားလေးကို ကြည့်သင့်ပါတယ်ဒီနှစ်ပိုင်းထွက်ရှိတဲ့ South Indian Romance Action ကားတွေထဲမှာ ဒီကားလေးကို ကျွန်တော်အကြိုက်ဆုံးပါ. . .မနက် 7:30 အချိန်ကို ရောက်တိုင်း ကောင်လေးတစ်ယောက် ကရစ်ရှ်နားမီးပွိုင့်နားက ခုံတန်းလေးမှာ လာထိုင်တတ်တယ်.သူ ့မျက်နှာဟာ လွမ်းရိပ်သန်းနေတယ်တစ်စုံတစ်ခုကိုဖွေရှာနေတဲ့ ရီဝေဝေမျက်ဝန်းတစ်စုံနဲ့. . .အဲ့ဒိ်အချိန် ရုတ်တရတ် သူ ့ဆီကို ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တယ်Call Taxi လို့ခေါ်တဲ့ ဖုန်းဆက်ခေါ်လို့ရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဆီက. . .သူတက္ကစီခေါ်ထားလို့ ဖုန်းဆက်တာဖြစ်တဲ့အကြောင်း ဟိုဘက်က ပြောတယ်သူကလည်း သူမခေါ်ထားကြောင်း ပြန်ရှင်းပြတယ်. . .ရုတ်တရတ်. . .အဲ့ဒ်ီရုတ်တရတ် ခဏလေးမှာ. . .ဖုန်းပြောနေရင်းဖုန်းထဲက တစ်စုံတစ်ခုကို သူကြားလိုက်တယ်. . .သူဟိုးငယ်စဉ်ကတည်းက စွဲလန်းတသ ဖြစ်ခဲ့ရတဲ့ အသံလေး. . .ရိုးသားဖြူစင်လွန်းလှတဲ့ ...
movie

Hello (2017)

2017
Bharat Ane Nenu (2018) 8.8
Bharat Ane Nenu (2018) ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူးပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။သူပြောတဲ့စကားက"စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ"တဲ့မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် ...
movie

Bharat Ane Nenu (2018)

2018