Channel Myanmar

Amit Bhargav

Rangoli (2023) 9.2
Rangoli (2023) Rangoli (2023) "ချယ်မှုန်းရောင်စုံ" IMDb-9.3/10မျက်နှာသစ် မင်းသားမင်းသမီးတွေနဲ့ ရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်အသစ်တွေဆိုပေမယ့် ကျရာနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ဇာတ်လမ်းအညွှန်းကျွန်တော့်နာမည် ဆပ်သရာ။အစိုးရအထက်တန်းကျောင်းမှာ ပညာသင်နေတဲ့ကောင်။ အဖေက ဒိုဘီလုပ်ငန်းလုပ်တယ်။ကျွန်တော်တို့မှာ မိသားစုဝင်လေးယောက် အဖေရယ် အမေရယ် အစ်မရယ်။အဖေသင်ပေးထားတဲ့ တစ်ခုခုကိုလိုချင်ရင် အဲဒီအရာအတွက်တိုက်ခိုက်ရမယ်ဆိုတဲ့စကားအတိုင်းပဲ ကျွန်တော်ဖြစ်ချင်တာအတွက်ဆိုရင် တိုက်ခိုက်ဖို့ရာ ဝန်မလေးဘူး။ အဖေတို့ မိသားစုစားဝတ်နေရေးအတွက် ဒီလောက်ရုန်းကန်နေရတဲ့ကြားထဲကနေ အပေါင်းအသင်းမှားနေတယ်ဆိုပြီး ကျွန်တော့်ကို ကိုယ်ပိုင်အထက်တန်းကျောင်းဆီပြောင်းပေးခဲ့ကြတယ်။ကျွန်တော့်ကို ကိုယ်ပိုင်ကျောင်းပို့ဖို့ သူတို့တွေ ဘယ်လောက်ခက်ခဲနေလဲဆိုတာရယ် ကျွန်တော်ကိုယ်တိုင်ကကျောင်းဟောင်းကိုတွယ်တာတဲ့စိတ်ရယ်နဲ့ မပြောင်းချင်ဘူးပြောပေမယ့် မိဘတွေစကားမလွန်ဆန်နိုင်တဲ့အတွက်ပြောင်းခဲ့တယ်။လမ်းမှာတစ်ခါတွေ့ခဲ့ဖူးပြီး စွဲလန်းခဲ့ရတဲ့ ကျစ်ဆံမြီးနဲ့ကောင်မလေး။ အဲဒီကောင်မလေးနဲ့ ကျောင်းအသစ်မှာ ပြန်တွေ့ခဲ့တယ်။ အဲဒါနဲ့အတူ အဲဒီကျောင်းကကောင်တွေရဲ့အနိုင်ကျင့်မှုတွေရယ်ရောပေါ့။ ကျွန်တော်ဘယ်လိုတွေ ဖြတ်သန်းရမလဲဆိုတာ ဆက်လက်ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size… 2.95GB  / 1.13GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD TEAM
movie

Rangoli (2023)

2023
Lucky Man (2023) 7.1
Lucky Man (2023) Lucky Man (2023)IMDB rating 7.2 ရထားတဲ့ တမီးလ် စကားပြော ဟာသ/ဒရာမာ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဗီရာနဲ့ အတူ ခါတိုင်းရွှတ်နောက်နောက်နဲ့ အမြဲနောက်ပြောင်တတ်တဲ့ ဟာသမင်းသားကြီးယိုဂီဘာဘူကို ဒီတစ်ခါတော့ အတည်ပေါက်ဇာတ်ရုပ်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်အဓိက ဇာတ်ကောင် မူရူဂန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က ငယ်ငယ်တည်းက ကံမကောင်းခဲ့တဲ့လူ.. ဘယ်လောက်တောင်လဲဆိုရင် ရေဒီယိုအစီအစဥ်က မေးခွန်းကို ခက်ခက်ခဲခဲ မှန်အောင် ဖြေပြီးတာတောင် ဆုငွေလှည့်တော့ ဗလာပဲ ကျတဲ့အထိ သူ့အနေနဲ့လည်း ဒရာမာခင်းမျက်ရည်ချူနေဖို့ထက် အတည်ပေါက်ကြီးတွေပဲ ထေ့လုံးပြောရတာကို အရသာတွေ့တဲ့လူပါမြေအကျိုးဆောင်လုပ်ငန်း လုပ်ကာမှ မြေကွက်မကြည့်ရသေးခင် ဖောက်သည်ရဲ့ အဘွားဆုံးပြီး လှည့်ပြန်ရတဲ့ အဖြစ် အလုပ်အတွက် ဆိုင်ကယ်ကောင်းကောင်း အသစ်လိုနေတာကို လှည့်ပတ်ချေးဖို့ ကြိုးစားနေရတဲ့အချိန်.... စုကြေးကုမ္ပဏီကနေ ကားဆုကြီးထပေါက်ပါတော့တယ်.. တစ်သက်လုံးကံဆိုးလာတဲ့မူရူဂန်တစ်ယောက် ကံကောင်းခြင်းတွေအစပျိုးလာတာဟုတ်ရဲ့လား သူ့ရဲ့ကံဆိုးမှု အလွဲအချော်တွေက ဘယ်လောက်ထိဆက်ဖြစ်နေဦးမလဲ.......ဒီကားက ဟာသမင်းသားကြီး ယိုဂီဘာဘူရဲ့ အတည်ပေါက်နဲ့ ထေ့ပြောပြောတာတွေက အဓိကဆွဲဆောင်မှုပါ comedy ဆိုတာထက် ဒါမျိုး genre ကို dark-comedy သို့မဟုတ် Dra-Medy(drama+comedy)လို့လဲ ခေါ်ပါသေးတယ် ပုံမှန်ဟာသကားနဲ့တော့ ...
movie

Lucky Man (2023)

2023
Maruthi Nagar Police Station(2023)
Maruthi Nagar Police Station(2023) Maruthi Nagar Police Station (2023)ဒီတစ်​ခေါက်မှာ​တော့​ပြောင်​မြောက်တဲ့ သရုပ်​​​ဆောင်​တွေဖြစ်တဲ့ Varalaxmi Sarathkumar, Santhosh Prathap, Mahat Raghavendra and Subramaniam Siva တို့ပါဝင်သရုပ်​ဆောင်ထားတဲ့ တမီးလ်ကား​ကောင်း​လေးMaruthi Nagar Police Station ကိုတင်ဆက်လိုက်ပါတယ်ငယ်စဥ်ကတည်းက​​ခင်မင်လာကြတဲ့ သူငယ်ချင်းငါး​ယောက်ဟာ ကြီးပြင်းလာသည်တိုင်​အောင်အလုပ်အကိုင်​တွေမတူ​သော်ငြားလည်း အဆက်အသွယ်မပြတ်ကာခင်မင်​နေကြတဲ့ ​ရေစက်​လေးဖြစ်ပါတယ် တစ်​နေ့မှာ​တော့​ဂျေးတစ်​​​ယောက် အလုပ်က​နေအိမ်ပြန်လမ်းမှာ မတရားမှုတစ်ခုကိုမ​တော်တဆမျက်မြင်​တွေ့လိုက်ရပြီး ရဲကိုအမြန်သတင်းသွားပို့​သော်လည်း ရဲကပါတရားခံ​တွေနဲ့ အလိုတူအလိုပါဖြစ်​နေတဲ့အခါ ​ဂျေးတစ်​ယောက်​ချောင်ပိတ်မိပါ​တော့တယ်အဲ့​နေ့ကတည်းကစပြီး ​ဂျေးဟာလည်း​​ပျောက်ခြင်းမလှ ​ပျောက်ဆုံးသွားရတဲ့အတွက် ကျန်တဲ့သူငယ်ချင်း​လေး​ယောက်ကလည်း ​ဂျေး​နောက်ဆုံးပို့ခဲ့တဲ့ ဝိုးတိုးဝါးတားအသံဖိုင်ကိုအစပြုပြီး သူငယ်ချင်းရှာပုံ​တော်ဖွင့်ကြပါ​တော့တယ် ဒီလိုနဲ့သူတို့​​လေး​ယောက်တကယ်ပဲ ​ဂျေးကိုရှာ​တွေ့ပါ့မလား အ​ကောင်ကြီး​တွေနဲ့ပတ်သက်​နေတဲ့ မတရားမှုကို​ရောအ​ဖြေရှာနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းတစ်​လျှောက်လှည့်ကွက်​ပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရှု့ရမှာပါစစ်မှန်တဲ့သူငယ်ချင်းဆက်ဆံ​ရေးတိုင်းမှာ ချစ်ခြင်း​မေတ္တာ​တွေ အ​နှောင်အဖွဲ့​တွေ ​ပေးဆပ်မှု​တွေအများကြီးပါဝင်​နေတယ်ဆိုတာကို နားလည်သွားမယ့်တမီးလ်ဇာတ်ကား​ကောင်း​လေး တစ်ကားဖြစ်ပါတယ် ဒီကား​လေးထဲမှာ စိတ်လှုပ်ရှားဖွယ်ရင်ခုန်စရာအလှည့်အ​ပြောင်း​တွေကိုတင်မကပဲ သူငယ်ချင်းဆိုတဲ့လှပတဲ့​ရေစက်​လေးကိုပါ ကြည်နူးစွာမြင်​တွေ့ရမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကား​လေးဖြစ်ပါတယ် File size…1.51GB / 700MB Quality…1080p WEB DL /  ...
movie

Maruthi Nagar Police Station(2023)

2023
Aranmanai 3 (2021) 4.3
Aranmanai 3 (2021) Aranmanai 3 (2021)Aranmanai ဇာတ်ကားတွေဟာ sequel အနေနဲ့ထွက်လာတာဟာဆိုရင် အခုဆို ၃ ကားမြောက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ တမီးလ်လူထုရဲ့လူကြိုက်များသဘောကျတဲ့သရဲကားကောင်းဖြစ်တာနဲ့အညီ တစ်ကားပြီးတစ်ကားရိုက်ထုတ်ရတဲ့ ကားကောင်းလေးဖြစ်တာနဲ့အညီ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်အိမ်ဟာ သိပ်ပြောစရာမရှိတဲ့ကားလေးဖြစ်ပါတယ်။တမီးလ်ရုပ်ရှင်လောကရဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားသလို တမီးလ်သရဲကားတိုင်းရဲ့ဇာတ်လိုက်ကျော် ကိုဘရိတ်ကီးပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုညွှန်းရမယ်ဆိုရင်ဖြင့် သရဲခြောက်တဲ့ဟော်နန်းကြီးတစ်ဆောင်နဲ့ ဘယ်လိုခြောက်လို့ ဘာကြောင့်ခြောက်မှန်းမသိရတဲ့ပုစ္ဆာတစ်ခု၊ ဟော်နန်းကြီးမှာသရဲခြောက်တယ်ပြောလို့ငယ်စဉ်ကတည်းက ဟော်နန်းပိုင်ရှင်ဖခင်ဖြစ်သူရဲ့ဖယ်ကြည်ခြင်းကိုခံရတဲ့ကောင်မလေးတစ်ယောက်၊ ထိုကောင်မလေးလိုကိစ္စရပ်မျိုး ထိုဟောနန်းကြီးမှာနောက်ထပ်မွေးဖွားလာတဲ့ကလေးမငယ်‌လေးမှာလည်းကြုံတွေ့လာရတဲ့အခါ ဟော်နန်ကြီးကို သရဲခြောက်တယ်ပြောပြီးရောင်းစားဖို့ကြံနေတဲ့ဦးလေးဖြစ်သူနဲ့ မည်သို့မည်ပုံစခန်းဆက်ရမယ်၊ သရဲဘာလို့ခြောက်ရတယ်၊ ဇာတ်ရှုပ်‌တွေအကုန်ဘယ်လိုဇာတ်ထုတ်ပြေသွားမယ်ကိုတော့ ၂၀၂၁ ခုနှစ်မှာထွက်ရှိလာတဲ့ Aranmanai ဇာတ်ကားကောင်းလေးထဲမှာခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။(ဒီဇာတ်ကားကို အညွှန်းရေးပေးထားသူကတော့ San Thu Aung ဖြစ်ပြီး ဘာသာပြန်ဆိုရေးသားပေးထားသူကတော့ Alias နဲ့ San thu Aung ပဲ ဖြစ်ပါတယ်)Size -  2.3 GB, 1.3GB Quality - 1080p HEVC, 720p IMDb Rating - 4.3/10 Format - mp4 Duration ...
movie

Aranmanai 3 (2021)

1080p HEVC