Channel Myanmar

Report error

Maruthi Nagar Police Station (2023)

ဒီတစ်​ခေါက်မှာ​တော့​ပြောင်​မြောက်တဲ့ သရုပ်​​​ဆောင်​တွေဖြစ်တဲ့ Varalaxmi Sarathkumar, Santhosh Prathap, Mahat Raghavendra and Subramaniam Siva တို့ပါဝင်သရုပ်​ဆောင်ထားတဲ့ တမီးလ်ကား​ကောင်း​လေးMaruthi Nagar Police Station ကိုတင်ဆက်လိုက်ပါတယ်

ငယ်စဥ်ကတည်းက​​ခင်မင်လာကြတဲ့ သူငယ်ချင်းငါး​ယောက်ဟာ ကြီးပြင်းလာသည်တိုင်​အောင်အလုပ်အကိုင်​တွေမတူ​သော်ငြားလည်း အဆက်အသွယ်မပြတ်ကာခင်မင်​နေကြတဲ့ ​ရေစက်​လေးဖြစ်ပါတယ် တစ်​နေ့မှာ​တော့​ဂျေးတစ်​​​ယောက် အလုပ်က​နေအိမ်ပြန်လမ်းမှာ မတရားမှုတစ်ခုကိုမ​တော်တဆမျက်မြင်​တွေ့လိုက်ရပြီး ရဲကိုအမြန်သတင်းသွားပို့​သော်လည်း ရဲကပါတရားခံ​တွေနဲ့ အလိုတူအလိုပါဖြစ်​နေတဲ့အခါ ​ဂျေးတစ်​ယောက်​ချောင်ပိတ်မိပါ​တော့တယ်

အဲ့​နေ့ကတည်းကစပြီး ​ဂျေးဟာလည်း​​ပျောက်ခြင်းမလှ ​ပျောက်ဆုံးသွားရတဲ့အတွက် ကျန်တဲ့သူငယ်ချင်း​လေး​ယောက်ကလည်း ​ဂျေး​နောက်ဆုံးပို့ခဲ့တဲ့ ဝိုးတိုးဝါးတားအသံဖိုင်ကိုအစပြုပြီး သူငယ်ချင်းရှာပုံ​တော်ဖွင့်ကြပါ​တော့တယ် ဒီလိုနဲ့သူတို့​​လေး​ယောက်တကယ်ပဲ ​ဂျေးကိုရှာ​တွေ့ပါ့မလား အ​ကောင်ကြီး​တွေနဲ့ပတ်သက်​နေတဲ့ မတရားမှုကို​ရောအ​ဖြေရှာနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းတစ်​လျှောက်လှည့်ကွက်​ပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရှု့ရမှာပါ

စစ်မှန်တဲ့သူငယ်ချင်းဆက်ဆံ​ရေးတိုင်းမှာ ချစ်ခြင်း​မေတ္တာ​တွေ အ​နှောင်အဖွဲ့​တွေ ​ပေးဆပ်မှု​တွေအများကြီးပါဝင်​နေတယ်ဆိုတာကို နားလည်သွားမယ့်တမီးလ်ဇာတ်ကား​ကောင်း​လေး တစ်ကားဖြစ်ပါတယ် ဒီကား​လေးထဲမှာ စိတ်လှုပ်ရှားဖွယ်ရင်ခုန်စရာအလှည့်အ​ပြောင်း​တွေကိုတင်မကပဲ သူငယ်ချင်းဆိုတဲ့လှပတဲ့​ရေစက်​လေးကိုပါ ကြည်နူးစွာမြင်​တွေ့ရမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကား​လေးဖြစ်ပါတယ်

File size…1.51GB / 700MB
Quality…1080p WEB DL /  720p
Format…mp4
Subtitle….Myanmar Subtitle(Hard Sub)
Encoder….YK
Translated by  KhinKhin~BpL~Yunni



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Maruthi Nagar Police Station(2023)
Maruthi Nagar Police Station(2023)


No downloads available

Genres



Related movies