Channel Myanmar

Angela Bartys

Tinkerbell : Secret of the Wings (2012) 7.0
Tinkerbell : Secret of the Wings (2012) Tinkerbell : Secret of the Wings (2012) ============================ IMDb Rating - 7.0/10Secret of the Wings ဆို Tinkerbell movie တွေထဲက လူကြိုက်အများဆုံးနဲ့ Scenario အလှဆုံးအပိုင်းလို့ပြော ရင်လည်း မမှားပါဘူး။ နတ်သူငယ်မွေးဖွားခြင်းနိယာမကို လွန်ဆန်တဲ့ Tinkerbell ရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအကြောင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာ ဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီး မဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။ အအေးပိုင်းနတ်သူငယ်တွေအနေနဲ့လည်း အနွေးပိုင်းနယ်မြေ တွေဘက်ကိုလာခွင့်မရှိတဲ့အတွက် ဥတုနှစ်ခြမ်းက နတ်သား နတ်သမီးတွေအနေနဲ့ တစ်ဘက်မှာ ဖြူလား၊ မဲလားတောင်မသိ တဲ့အထိပါပဲ။ စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbell ကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူ ပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့ ... နွေဦးရင်ပြင်က တိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်း အလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ် အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေ အရောင်တောက်လာတာပါလို့ ပြောပေမယ့် ...
movie

Tinkerbell : Secret of the Wings (2012)

2012
Tinker Bell and the Great Fairy Rescue (2010) 6.8
Tinker Bell and the Great Fairy Rescue (2010) Tinker Bell and the Great Fairy Rescue (2010) ================================= IMDb Rating - 6.8/10"လက်တွေ့လောကမှာ မြင်နိုင်၊ ကြားနိုင်၊ လက်ဆုပ်လက်ကိုင် သက်သေပြနိုင်မှ ဖြစ်တည်မှုအစစ် " လို့ လူကြီးသူမတွေက တထစ်ချယုံကြည်နေကြချိန် ..." နတ်သမီးလေးတွေတကယ် ရှိတာပါ " ဆိုသူ ကလေးငယ်လေးတွေလည်း ရှိကြတာပေါ့။ နွေရာသီအစကိုရောက်ခဲ့ပြီ။ ပင်မနယ်မြေကို ဆောင်းကုန်ပြီး နွေကူးစေဖို့ တာဝန်ကျရာ နတ်သူငယ်တို့လည်း အသီးသီးရောက် လာကြချိန်ပေါ့။Tinkerbell တို့စခန်းချထားတဲ့နေရာနားမှာတော့ Lizzy တို့သား အဖရဲ့ နယ်ခွဲအိမ်လေးပါပဲ။ စပ်စုတတ်တဲ့ Tinkerbell ကတော့ သားအဖနှစ်ယောက်ရောက်ရောက်ချင်းမှာပဲ Lizzy အဖေရဲ့ ကား ကိုမျက်စိကျပြီး အနီးကပ်သွားကလိပါတော့တယ်။ စခန်းကိုအပြန် လမ်းမှာ မြက်ခင်းထဲက နတ်သူငယ်အရွယ်နဲ့ ကွက်တိဖြစ်နေတဲ့ အိမ်သေးသေးလေးတစ်လုံးထဲကို Tinkerbell ဝင်သွားပြီးနောက် မှာတော့ ... ပန်းလေးတွေခူးပြီးပြန်ရောက်လာတဲ့ Lizzy လည်း သူ့နတ်သမီးအိမ်တံခါးလေးလှုပ်နေတာကို တွေ့လိုက်ရတဲ့အခါ ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်)File Size..........(1.6 GB) / ...
movie

Tinker Bell and the Great Fairy Rescue (2010)

2010
Tinker Bell and the Lost Treasure (2009) 6.6
Tinker Bell and the Lost Treasure (2009) Tinker Bell and the Lost Treasure (2009) ============================ IMDb Rating - 6.6/10အမှောင်မိုက်ဆုံးသောအချိန်မှာ အလင်းတစ်ပွင့်ကတောင် မက်မော စရာဖြစ်ရသလို အခက်ခဲဆုံးသောအချိန်မှာလည်း ကူကယ်ရာလက် တစ်စုံကို အတမ်းတမိကြဆုံးပါပဲ။ ဒီတစ်ခါမှာတော့ Tinkerbell တစ် ယောက် တစ်ကိုယ်စာမျက်နှာရရေးနဲ့ သူငယ်ချင်းဆက်ဆံရေးကြား မျက်စိလည် ဒွိဟများရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။Pixie hollow ရဲ့ အထင်ကရဆောင်းဦးရာသီပွဲတော်မှာ နတ်သူငယ်တို့ အသက်သွေးကြောဖြစ်တဲ့ ရွှေမှုန်လေးတွေကို လကျောက်ကနေတစ် ဆင့် ထုတ်ယူရတဲ့ အစဉ်အလာတစ်ခုရှိနေပါတယ်။ လကျောက်တည်ဖို့ တောင်ဝှေးကိုလည်း နတ်သူငယ်တစ်ဖွဲ့ချင်းစီကနေ အလှည့်ကျလုပ်ပေး ရတဲ့ဓလေ့လည်းရှိတာပေါ့။ လက်သမားနတ်သူငယ်တွေ အလှည့်ကျတဲ့ နှစ်မှာတော့ ကိုယ်စားပြုအနေနဲ့ Tinkerbell တာဝန်ပေးခံရတဲ့အခါ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်)File Size..........(1.72 GB) / (860 MB) / (512 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 21Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin ...
movie

Tinker Bell and the Lost Treasure (2009)

2009