Channel Myanmar

Tinkerbell : Secret of the Wings (2012)

AdventureAnimationFamily

7.0
IMDB: 7.0/10 13000 votes

98043

Report error

Tinkerbell : Secret of the Wings (2012)
============================
IMDb Rating – 7.0/10

Secret of the Wings ဆို Tinkerbell movie တွေထဲက
လူကြိုက်အများဆုံးနဲ့ Scenario အလှဆုံးအပိုင်းလို့ပြော
ရင်လည်း မမှားပါဘူး။ နတ်သူငယ်မွေးဖွားခြင်းနိယာမကို
လွန်ဆန်တဲ့ Tinkerbell ရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအကြောင်း
ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။

Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာ
ဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီး
မဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။
အအေးပိုင်းနတ်သူငယ်တွေအနေနဲ့လည်း အနွေးပိုင်းနယ်မြေ
တွေဘက်ကိုလာခွင့်မရှိတဲ့အတွက် ဥတုနှစ်ခြမ်းက နတ်သား
နတ်သမီးတွေအနေနဲ့ တစ်ဘက်မှာ ဖြူလား၊ မဲလားတောင်မသိ
တဲ့အထိပါပဲ။ စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbell
ကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူ
ပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့ … နွေဦးရင်ပြင်က
တိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့
ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်း
အလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ်
အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။

Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေ
အရောင်တောက်လာတာပါလို့ ပြောပေမယ့် ဘယ်သူမှမယုံကြပါ
ဘူး။ ဒါပေမယ့် Tinkerbell ရဲ့စိတ်ထဲမှာ တစ်စုံတစ်ရာကို အခိုင်
အမာခံစားလိုက်ရတာမို့လို့ ဆောင်းသစ်တောကို ခိုးသွားဖို့ကြံရာ
ကနေ … ရှိလို့ရှိနေမှန်းတောင် မသိခဲ့ရတဲ့ ဘဝရဲ့ အရေးအပါဆုံး
ပျောက်ဆုံးပစ္စည်းလေးတစ်ခုကို ရှာတွေ့သွားတဲ့အခိုက်မှာတော့ …

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Hnin Wut Yi Myaing ဖြစ်ပါတယ်)

File Size……….(1.65 GB) / (788 MB)
Quality…………BLU-RAY 1080p / 720p
Duration………1Hr 15Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Animation, Adventure, Family
Translator…….Hnin Wut Yi Myaing
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Tinkerbell : Secret of the Wings (2012)
Tinkerbell : Secret of the Wings (2012)
Tinkerbell : Secret of the Wings (2012)
Tinkerbell : Secret of the Wings (2012)
Tinkerbell : Secret of the Wings (2012)
Tinkerbell : Secret of the Wings (2012)
Tinkerbell : Secret of the Wings (2012)
Tinkerbell : Secret of the Wings (2012)
Tinkerbell : Secret of the Wings (2012)
Tinkerbell : Secret of the Wings (2012)


No downloads available

Genres



Related movies