Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anish Kuruvilla
7.0
Tiger 3 (2023)
Tiger 3 (2023) "စလူးဘိုင်ရဲ့ တိုက်ဂါး၃" ============================ အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်IMDb - 7.6/10နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲက နောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။ အကြည်ထွက်ဖို့ မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီး စလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ....အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။ ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။ အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို့ ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတို့ပဲပေါ့။ ကျွန်တော်တို့ရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။တိုက်ဂါးနဲ့ ဇိုရာဆိုတာ စပြီးဆုံကတည်းက ယဉ်သကိုဆိုသလို အတိုက်အခိုက်လေးတွေနဲ့ဆိုတာ ကြည့်ရှုခဲ့ကြပြီးသားပေါ့။ နှစ်ယောက်လုံးက တာဝန်ကိုယ်စီတွေနဲ့ ထမ်းဆောင်နေကြချိန် မထင်မှတ်ထားတဲ့အရာတစ်ခုကို ချစ်သူနှစ်ဦးထဲက တစ်ဦး တွေ့ရှိလိုက်ရတဲ့အချိန်မှာတော့။ဆယ်လ်မန်ခန်းရဲ့ ရှေ့မှာထွက်ခဲ့တဲ့ရုပ်ရှင်ဇာတ်လမ်းကို အဆိပ်အနေနဲ့ခံစားခဲ့ကြရတယ်ဆိုရင် ဒီရုပ်ရှင်ဇာတ်လမ်းလေးက ဖြေဆေးအနေနဲ့ရော ကျွန်တော်တို့ချစ်တဲ့ ဆယ်လ်မန်းခန်းရဲ့ကြိုးစားအားထုတ်မှုတွေရောကို မြင်တွေ့ခံစားရမှာဖြစ်ကြောင်းပြောရင်း ခံစားကြည့်ရှုကြပါဦး။ (အညွှန်းကိုတော့ ဝါရင့်ဘာသာပြန်ကြီး Vမှ ရေးသားပေးထားပြီး ...
movie
Tiger 3 (2023)
2023
4K HEVC
6.1
Wild Dog(2021)
Wild Dog (2021) =====================imdb 6.1/2.4kနာမည်ကြီးတေလဂူးမင်းသားကြီး Nagarjuna Akkineniအဓိကသရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ်...ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် TV-MAရိတ်တင်ရတဲ့ထိပါပဲ.....ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက်နိုမ်နင်းရေးအရာရှိ ဗီဂျေးဟာ အကြမ်းဖက်နိုမ်နင်းရာမှာ ကြမ်းတမ်းရက်စက်လွန်းတာကြောင့် Wild Dog (ခွေးရိုင်းကြီး)လို့နာမည်ပြောင်ပေးရတဲ့ထိ ဆိုးဝါးလှပြီး ဌာနကလည်း သူ့ကို ရုံးထိုင်အလုပ်ပြောင်းပေးခဲ့ပါတယ်... ဒါပေမယ့် တနေ့မှာတော့ နိုင်ငံတွင်း အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ စိပ်လာပြီး အကြမ်းဖက်သမားတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို ထိပါးစော်ကားလာတာကြောင့် ဌာနက သူ့ကို ပြန်လည်ရာထူးပေးအပ်ပြီး အမှုလိုက်ခိုင်းပါတော့တယ်....ဗီဂျေးဒီတခါဆုံတွေ့ရမယ့်ရန်သူက အင်မတန်ကောက်ကျစ်ဉာဏ်များပြီး ဖောက်ခွဲရေးပိုင်းဆရာတဆူဖြစ်တာကြောင့် ဗီဂျေးတစ်ယောက် ဘယ်လိုဘယ်ပုံ စွန့်စားပြီး ဉာဏ်ပညာရော ခွန်အားရော ပြိုင်ဆိုင်သွားလဲဆိုတာကို ဇာတ်လမ်းအစဆုံးထိ မလွှတ်တမ်းကြည့်ရှုချင်သွားမယ့် ရုပ်ရှင်ကောင်းတပုဒ်ပဲဖြစ်ပါတယ် File size…2.11GB / 1GB Quality…1080p UHD WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie
Wild Dog(2021)
2021
5.9
Michael (2023)
Michael 2023ဒီရက်ပိုင်းမှ လောလောလတ်လတ်ထွက်ရှိထားပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း၊ rating 5.8/10 အထိရထားတဲ့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသား တေလဂူးနာမည်ကြီးသရုပ်ဆောင်တွေပါတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဓားမြှောင်တစ်ချောင်းဆောင်ပြီး လောကဓံကိုအရွယ်နဲ့မလိုက်အောင် ထမ်းပိုးသယ်နေရတဲ့ 13 နှစ်အရွယ်ကောင်လေး မိုက်ကယ်၊ နားကြပ်လေးတပ်ပြီး ဘာကိုမှဂရုမစိုက်တတ်သလို လောကကြီးကိုအရွဲ့တိုက်ချင်နေတဲ့ လူငယ်လေးတစ်ဦးပေါ့။တစ်နေ့မှာမထင်မှတ်ပဲမိုက်ကယ်ဟာ မြို့ရဲ့ဒုစရိုက်ခေါင်းဆောင်ဖြစ်တဲ့ ဂူရူနာသ်ကိုအသက်ဘေးကနေ ကယ်တင်ပေးလိုက်ရာကနေ မွေးစားခံလိုက်ရပါတယ်။ အရွယ်ရောက်လာလို့ ဂူရူနာသ်ရဲ့ယုံကြည်ရတဲ့သူတစ်ဦးဖြစ်လာပြီး သူ့ရဲ့ ရန်သူဖြစ်သူကိုသတ်ဖို့ မိုက်ကယ်ကိုစေခိုင်းလိုက်တဲ့အချိန်မှာ မိုက်ကယ်ဟာ ရန်သူရဲ့ရန်သူကိုချစ်မိသွားတဲ့အခါ ...မိုက်ကယ်တစ်ယောက် ကိုယ့်ရဲ့ကျေးဇူးရှင်ကိုပြန်သစ္စာဖောက်မှာလား၊ ကိုယ်ချစ်ရတဲ့သူကိုပဲ သတ်ပစ်မှာလား ဆိုတာကတော့ ဒုစရိုက်တွေကြား ဂိုဏ်းပေါင်းစုံနဲ့အရှုပ်အရှင်းတွေကြား ဇာတ်ရှိန်အစကနေ အဆုံးထိ ဆွဲခေါ်သွားပေးသွားမှာပါ။ File size…2.16GB / 999MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Nyein Aye
movie
Michael (2023)
2023
8.1
Pushpa: The Rise (2021)
Pushpa : The Rise (2021) ===================== IMDB- 8.1/10ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလိုဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင်ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကိုမှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာကCM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီးအထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာသရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။Box Office မှာလည်း ၀ငျငွေများစွာ ...
movie
Pushpa: The Rise (2021)
2021
4K HEVC Web-DL
7.3
Dear Comrade (2019)
IMDb Rating (7.3) ထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ တောင်ပိုင်းရဲ့ နာမည်ကြီး အက်ရှင်ရိုမန့်အချစ်ဇာတ်ကားတစ်ကားပါပဲ...မင်းသား Vijay Devarakonda ကိုတော့ Arjun Reddy ဇာတ်ကားထဲက အချစ်လူကြမ်းကြီးအဖြစ် မှတ်မိကြမယ်ထင်ပါတယ်။မင်းသမီးလေးကတော့ အားလုံးရဲ့အသည်းကျော်လေး ရာရှ်မီကား(Rashmika Mandanna)ပါပဲ။ဇာတ်ကားနာမည်ကတော့ အားလုံးသိတဲ့အတိုင်း ချစ်လှစွာသော သွေးသောက်ရဲဘော်တဲ့။"သွေးသောက်ရဲဘော်ဆိုတာ ကိုယ့်လုပ်ရပ်တွေကို ဝန်းရံပေးပြီး တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့လူ"ပဲမဟုတ်လား။ဇာတ်လမ်းစစချင်းမှာဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက် မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းခေါ်ဖို့ အတင်းကြိုးစားနေတယ်။လီလီ... တစ်ချိန်က သူ့ဘဝထဲ လှလှပပ ဝင်ရောက်ခိုနားခဲ့ပြီး ဝမ်းနည်းမှုတွေပေးပြီးမှ ထွက်ခွာသွားခဲ့သူ။လီလီဟာ ဘာကြောင့်များ ဒီလို ထွက်သွားရက်တာလဲ။ဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်ယောက်။ကျောင်းမှာဆိုရင်လည်း "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ နာမည်တစ်ခုနဲ့ ထင်ရာစိုင်းတဲ့ကောင်လို့ အများမြင်ကြတယ်။ခဏခဏ ရန်တွေဖြစ်တယ်။ သောက်စားတယ်။ဒါပေမဲ့ မိန်းကလေးတွေကို ရိုသေမှုထားတတ်တာလည်း သူ့စရိုက်ပဲ။"သူ ပြောခဲ့တဲ့ စကားတွေထက် ကျွန်တော် ဘာမှ ခွန်းတုန့်မပြန်နိုင်ခဲ့တာကို ပိုရင်နာရပါတယ်" ...
movie
Dear Comrade (2019)
2019
4K HEVC Web-DL
8.7
Major(2022)
Major(2022) အညွှန်း******************IMDb...8.7၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာအစွန်းရောက်အကြမ်းဖက်တွေဟာ မွန်ဘိုင်းမြို့ရဲ့ Iconic တစ်ခုလိုဖြစ်တဲ့Taj Mahal Palace Hotel ကို ဝင်ရောက်စီးနင်းခဲ့တယ်...အလွှာပေါင်း ၄၄ လွှာ ၊အခန်းပေါင်း ၅၆၀ရှိတဲ့ ဒီဟော်တယ်ကြီးဟာစစ်အတွင်းမှာတောင်ကုတင် ၆၀၀ဆံ့ ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့ဖူးတယ်လို့ဆိုတယ်...ဒီဟော်တယ်ကြီး စီးနင်းခံရတဲ့အဖြစ်အပျက်ကတော့ အတော်ထိတ်လန့်စရာကောင်းပါတယ်..အဆိုးဆုံးကတော့ အကြမ်းဖက်အဖွဲ့တွေဟာ ဧည့်သည်တွေကိုအထိန်းအကွပ်မဲ့ပစ်သတ်ခဲ့သလို အဆောက်အဦးကိုလည်း အတော်ဖျက်ဆီးခဲ့ပါတယ်..ဒါ့ကြောင့် ကျန်ရှိနေသေးတဲ့ ဓားစာခံ ပြည်သူတွေကို ကယ်ထုတ်ပြီး အကြမ်းဖက်အဖွဲ့ကိုနှိမ်နှင်းဖို့ ဆန်ဒီဗ်အွန်နီခရစ်ရှနန်းဆိုတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့မှမေဂျာအဆင့်ရှိသူဦးစီး တပ်စိတ်တစ်စိတ်ဟာ ဝင်ရောက်ခဲ့တယ်..ဒီနေရာမှာအကြမ်းဖက်အဖွဲ့ဟာ ခပ်ညံညံအဖွဲ့မဟုတ်ခဲ့ဘဲသေချာထရိန်းပြီး တိုက်ပွဲအတွေ့အကြုံတွေများစွာရှိနေတဲ့သူတွေဖြစ်တယ်...ဒီတော့ မေဂျာတို့အဖွဲ့ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာကတော့ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်..မေဂျာအဆင့်ဖြင့်တာဝန်ထမ်းဆောင်စဉ် ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြီးကို ကယ်ဆယ်ခဲ့တဲ့ Major Sandeep Unnikrishnan အကြောင်းကိုရိုက်ပြထားခြင်းဖြစ်လို့ ခံစားကြည့်ကြပါဦး...သမိုင်းဝင်ဖြစ်ရပ်မို့ ဘက်ဂျက်အများကြီ:အကုန်ကျခံထားသလိုအက်ရှင်ခန်းတွေလည်း တော်တော်ကြည့်ကောင်းပါတယ်..File Size :(2.23GB)(2.5GB) (1.1GB) and (364 MB) Quality ...
movie
Major(2022)
HEVC 1080p
6.3
Sarkaru Vaari Paata (2022)
ကဲ ဝန်ကြီးချုပ်မင်းသားလို့ လူသိများကြတဲ့ မင်းသားချော Mahesh Babu ပါဝင်ရိုက်ကူးပုံဖော်ထားတဲ့ ၂၀၂၂ မေလ ထွက် အသစ်စက်စက်ဇာတ်ကားလေး လာပြီနော် .... တလဲဂူး ကားဖြစ်တဲ့အတွက် အလန်းစား ဖိုက်တင်ခန်းတွင်ပါဝင်ပြီး ဇာတ်အိမ်လေးကလည်း အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်မဟီ လို့အမည်ရတဲ့ ကောင်လေးကတော့ ငွေချေးလုပ်ငန်းအေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ကိုယ်ပိုင် ငွေချေးလုပ်ငန်း ကို လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ ငယ်ငယ်က ကြုံခဲ့ရတဲ့ အတိတ်ဆိုးတွေကြောင့် သူရစရာရှိတဲ့ အကြွေးမရအောင် မိုးဆုံးမြေဆုံးထိ လိုက်တောင်းတတ်တယ့် စီးပွားရေးသမားတစ်ယောက် ... အဲဒီလိုနဲ့ သူ့ရဲ့ ငွေချေးလုပ်ငန်းကို ကာလာဗာသီဆိုတဲ့ ကောင်မလေးတစ်ယောက်က ပညာသင်ဖို့အတွက် ဒေါ်လာ ၁၀၀၀၀ လာချေးပါတော့တယ်အဲဒီလိုနဲ့ မဟီက ကာလာဗာသီကို သဘောကျသွားရာကနေ သိပ်မကြာခင်မှာပဲ ကာလာဗာသီရဲ့ သရုပ်မှန်ကို သိလိုက်ရတဲ့အချိန် .... အကြွေးဆို တစ်ရူပီးကအစ မရရအောင် တောင်းတတ်တဲ့ မဟီတစ်ယောက် သူ့အကြွေး ဒေါ်လာ ၁၀၀၀၀ ကို ဘယ်ထိတောင် လိုက်တောင်းမှာလဲ ဘယ်လိုတွေ တောင်းသွားမလဲ ဒေါ်လာ ၁၀၀၀၀ က အစပြုလို့ ဘယ်လို ဇာတ်လမ်းတွေ ...
movie
Sarkaru Vaari Paata (2022)
2022
7.4
Oh Manapenne! (2021)
Oh Manapenee (2021) ====================မိသားစုကားလေးတွေကိုမှ နှစ်သက်တယ်ဆိုတဲ့ ပရိသတ်တွေအတွက်အိန္ဒိယဇာတ်လမ်းကောင်းလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်အင်ဂျင်နီယာဘွဲ့ရဖို့အတွက် အဖေကအစ "ငါ့သားရယ် စာခိုးချပြီးအောင်အောင်သာလုပ်ပါတော့" လို့ပြောရလောက်အောင် ပျင်းရိပြီး ကြိုးစားချင်စိတ်လုံးဝမရှိတဲ့ ကာသစ်..... ကာသစ်တစ်ယောက် ပျင်းရိပေမဲ့လည်း သူ့ဘဝမှာ အဖြစ်ချင်ဆုံးအိပ်မက်တစ်ခုရှိပါတယ် အဲ့ဒါကတော့ စားဖိုမှူးတစ်ယောက်ဖြစ်ဖို့ပါပဲတစ်ဖက်မှာလည်း ဩစတြေးလျမှာ အခြေချဖို့ ရည်မှန်းချက်ထားသူ ကောင်မလေး ဆူရသီ....ဆူရသီရဲ့ ဖခင်ဟာ ယောကျ်ားလေး လိုချင်ပေမဲ့လည်းငယ်ငယ်ပ နွားကို ကျောက်ခဲနဲ့ပေါက်လို့ သူ့မှာသမီးလေး မွေးလာရပါတယ်ဆိုပြီး ရင်ထုမနာဖြစ်နေတဲ့အခါ....ဆူရသီတစ်ယောက် သူဟာ မိန်းကလေးဖြစ်ပေမဲ့လည်းယောကျာ်းလေးများနဲ့တန်းတူစွမ်းစွမ်းတမံ ဆောင်ရွက်နိုင်စွမ်းရှိကြောင်း သက်သေပြဖို့ ကြိုးစားပါတော့တယ်တစ်နေ့မှာတော့ ကာသစ်တို့မိသားစု ကြင်ဖက်တွေ့ဖို့လာရင်းဆူရသီတို့အိမ်ကို မှားဝင်မိတဲ့အခါ....အပျင်းတစ်နေတဲ့ ကာသစ်နဲ့ အမြဲတမ်းတက်ကြွကြိုးစားနေတဲ့ ဆူရသီ.... သူတို့နှစ်ယောက်ကြားဘာတွေဆက်ဖြစ်မလဲ???ဘယ်လို အဖြစ်အပျက်လေးတွေကနေ သူတို့နှစ်ဦးနီးစပ်သွားမလဲဆိုတာ အားပေးကြည့်ရှုပေးကြပါဦးနော်အညွှန်းကိုတေ့ာ အပျင်းတစ်ရွှေပွင့်မှ ရေးပေးထားပြီးဘာသာပြန်ဆိုထားသူတွေကတော့ Shwe PyaeShwe Pwint & Lai Laii တို့ပဲ ဖြစ်ပါတယ် File size…2.17GB / 1.24GB Quality…1080p ...
movie
Oh Manapenne! (2021)
2021
5.5
Madha (2020)
အသစ် ထွက်ရှိလာတဲ့ တောင်ပိုင်း တေလဂူးကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။မြင်နေကျ အိန္ဒိယကားတွေနဲ့ မတူဘူး။စကားတွေ အများကြီး မပြောဘူး။ဖိုက်တင်အက်ရှင်တွေ ပါမနေဘူး။ဆိုက်ကို ဆန်ဆန်နဲ့ Thriller နောက်ခံတေးကိုအဆက်မပြတ် ကြားနေရပြီး စကားနည်းနည်းနဲ့ဖော်ကျူးထားပါတယ်။ဇာတ်လမ်းစစချင်းမှာ စိတ်ရောဂါအထူးကု ဆရာဝန်တစ်ယောက်စာသင်နေပုံနဲ့ စတယ်။"လူသားတွေ အတွက် အန္တရာယ်အရှိဆုံး လက်နက်ကလူတွေရဲ့ စိတ်ပဲ"တဲ့။ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရပါတယ်။အကြောက်တရားနဲ့ အသိစိတ်ကို အပြင်ထုတ်ပေးခံနေရတဲ့လူတွေ ခုတလော အမြင်ရဆုံးပဲမဟုတ်လား။ကျွန်တော်တို့ စိတ်တွေဟာ ဘယ်အချိန်မှာလက်နက်ဖြစ်သွားတာလဲတဲ့။အဲ့ဒီမှာပဲ တည်ငြိမ်ပြီး နေသားကျနေတဲ့မိန်းကလေးတစ်ယောက်နဲ့ သူ့ဘဝကိုအချက်ကျကျ လာရောက်ဖျက်ဆီးတဲ့ လူတစ်ယောက်တို့ရဲ့ဇာတ်လမ်း အစပျိုးလိုက်ပါတယ်။မေးစရာ တစ်ခုရှိတယ်ဗျ။ကျွန်တော်တို့တွေ အရူးလို့ ဘယ်သူ့ကို ခေါ်ကြတာလဲ။ဘယ်လိုလူမျိုးကို ရူးတယ်လို့ စွပ်စွဲနိုင်မလဲ။လမ်းပေါ် အမှိုက်တွေ့လို့ ကောက်ယူသွားတဲ့လူကိုဝတ်ကောင်းစားလှနဲ့ မြင်ရရင်တော့လူကောင်းလို့ခေါ်ပြီးစုတ်ပြတ်နွမ်းရိတဲ့ အဝတ်အစားနဲ့မြင်ရရင်တော့အရူးလို့ပဲ သတ်မှတ်လိုက်ကြတာမလား။လမ်းပေါ်က အရာဝတ္ထုတစ်ခုဆိုပါစို့။ကိုယ်မြတ်နိုးတဲ့အရာကို ကိုယ်ကောက်ယူသွားတာကတပါးသူအတွက် ရူးတယ်ခေါ်နိုင်သလို ကိုယ်မလိုချင်လို့ပစ်ထားတဲ့ ပစ္စည်းအစုတ်ကတပါးသူကောက်ယူစရာဖြစ်နေလို့ ကောက်ယူသွားတဲ့အခါအဲ့ဒီလူကို ရူးတယ်လို့ ခေါ်ကြပြန်ရော။ဇာတ်လမ်းထဲမှာတော့ မင်းသမီးကို အကွက်ကျကျ စီစဉ်ထားတဲ့လှည့်ကွက်တွေ၊ တပါးသူမသိနိုင်အောင် ကြံစည်ထားမှုတွေနဲ့သူ့ကို အရူးပါလို့ ...
movie
Madha (2020)
2020
7.6
Game Over(2019)
Game Over (2019) =============IMDb 7.6/10 Rotten Tomatoes 55%အိန္ဒယနိုင်ငံ ဂူရ်ဂေါင်းမြို့မှာ မိန်းမငယ်များကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ကာ အလောင်းမီးရှို့ဖျက်စီးပစ်တဲ့ စိတ္တဇလူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ် အဲ့ဒိလိုဖြစ်တာကလည်း နှစ်သစ်ကူးရက် ဒီဇင်ဘာ ၃၁ မှပါ။အဲ့ဒိလူသတ်သမားကို ရဲတပ်ဖွဲ့ဘက်က ဘာသဲလွန်စမှမရသေးလို ရှာဖွေလို့လည်း မရသေးပါဘူးတစ်ရက်မှာတော့ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညတစ်ညမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ဝှီးချဲပေါ်ရောက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီလူသတ်ကောင်ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်ဒီအချိန်မှာ ဝှီးချဲပေါ်ကမိန်းမငယ်လေးကပဲ Game Over ဖြစ်မလား လူသတ်ကောင်ကပဲ Gmae Over ဖြစ်မလားဆိုတာကိုတော့ ....India, Thriller လူသတ်ကားကောင်းကောင်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကို လက်အလွတ်မခံပါနဲ့ခင်ဗျ အဓိက သရုပ်ဆောင်နေရာမှာလည်း အချစ်ဆုံး Taapsee Pannu ဖြစ်နေတော့ ပြောစရာကိုမလိုလောက်အောင်ပါပဲ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htooပဲဖြစ်ပါတယ်...File Size : (900 MB) and (300 MB) Quality : WEB-DL 720p, Format…mp4 Duration…01:42:00 Genre : Thriller, Drama Subtitle : Myanmar Subtitle (Hard ...
movie
Game Over(2019)
2019
8.0
Maharshi (2019)
IMDb Rating - 7.9/102018မှာ ဝန်ကြီးချုပ်ဇာတ်ရုပ်နဲ့ မြင်တွေ့ခဲ့ရတဲ့မာဟေ့ရှ်ဘာဘူကို Maharahi-2019မှာတော့ ဇာတ်ရုပ်အမျိုးမျိုးနဲ့ တွေ့မြင်ရမှာပါ။မင်းသမီးချောကတော့ တေလဂူးအချစ်ဇာတ်လမ်းကြိုက်သူတွေ သိပြီးသားဖြစ်မှာပါ။ဇာတ်ရုပ်အမျိုးမျိုးနဲ့ အတူ ခွန်အားတွေ၊ရသတွေကိုလည်းပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး။ဇာတ်လမ်းက ရှည်လျားပေမဲ့ဘယ်နေရာမှာမှ ပိုနေတဲ့ ဇာတ်ဝင်ခန်း မတွေ့မိပါဘူး။ကဲ အဆင်ပြေရင် အညွန်းလေး တစ်ချက် လာမယ်။ ---------------------------------------------------မာဟေ့ရှ်ကို ဇာတ်လမ်းရဲ့ စစချင်းမှာနာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့စီအီးအိုအဖြစ်ရွေးချယ်ခံရတယ်ဆိုတာတွေကို ရှေးဦးစွာမြင်ရမှာပါ။သူဟာ ဒီလို ဘဝရောက်ခဲ့ဖို့ ကြိုးစားခဲ့ရတဲ့အခြေခံဘဝကလည်း ဆိုးရွားခဲ့ပါတယ်။ဒါကြောင့်လည်း သူ ဖြစ်ချင်ခဲ့တာကို ကြိုးစားပြီးဖြစ်ခွင့်ရခဲ့တာပါ။ကျောင်းသားဘဝမှာ လွမ်းဆွေးစရာတွေ၊ပြန်မရနိုင်တဲ့ သူငယ်ချင်းကောင်းတွေ၊အချစ်ရေးတွေနဲ့။ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့။မိသားစုဖက်မှာဆိုရင် ပြန်တောင်းလို့မရနိုင်တော့တဲ့ နောင်တတွေနဲ့။ဒါပေမဲ့ သူ.. အောင်မြင်မှုတစ်ခုတည်း အတွက်ဘဝကို ရုန်းကန်လာတဲ့အခါလက်လွှတ်ခဲ့ရတာတွေလည်း အများသား။အောင်မြင်တယ်ဆိုတာကို ငွေတစ်ခုနဲ့ပဲ ဆုံးဖြတ်ကြတာလား ... ။အဖက်ဖက်မှာ အောင်မြင်ဖို့ဆိုတာလည်းသူ့အတွက် မလွယ်လှ။မိဘ...၊ ချစ်သူ...၊ သူငယ်ချင်း..၊ အောင်မြင်မှုဘာတွေဟာ အရေးပါခဲ့လဲ သူမသိခဲ့။အတိတ်ကို ပြန်တွေးရင် တွေးလေ ဆွေးစရာတွေနဲ့ပဲပြည့်နေတဲ့ သူ့ရဲ့ အောင်မြင်မှု၊ဖြစ်သင့်တာကို ဦးစားပေးရင်ဖြစ်ချင်တာကိုလည်း ...
movie
Maharshi (2019)
2019
7.0
Hello (2017)
သင်ဟာ လူငယ်ဆန်ဆန်နဲ့ အချစ်အလွမ်း အကြမ်း ရသစုံ ကြိုက်တတ်တဲ့သူဆိုရင်ဒီကားလေးကို ကြည့်သင့်ပါတယ်ဒီနှစ်ပိုင်းထွက်ရှိတဲ့ South Indian Romance Action ကားတွေထဲမှာ ဒီကားလေးကို ကျွန်တော်အကြိုက်ဆုံးပါ. . .မနက် 7:30 အချိန်ကို ရောက်တိုင်း ကောင်လေးတစ်ယောက် ကရစ်ရှ်နားမီးပွိုင့်နားက ခုံတန်းလေးမှာ လာထိုင်တတ်တယ်.သူ ့မျက်နှာဟာ လွမ်းရိပ်သန်းနေတယ်တစ်စုံတစ်ခုကိုဖွေရှာနေတဲ့ ရီဝေဝေမျက်ဝန်းတစ်စုံနဲ့. . .အဲ့ဒိ်အချိန် ရုတ်တရတ် သူ ့ဆီကို ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တယ်Call Taxi လို့ခေါ်တဲ့ ဖုန်းဆက်ခေါ်လို့ရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဆီက. . .သူတက္ကစီခေါ်ထားလို့ ဖုန်းဆက်တာဖြစ်တဲ့အကြောင်း ဟိုဘက်က ပြောတယ်သူကလည်း သူမခေါ်ထားကြောင်း ပြန်ရှင်းပြတယ်. . .ရုတ်တရတ်. . .အဲ့ဒ်ီရုတ်တရတ် ခဏလေးမှာ. . .ဖုန်းပြောနေရင်းဖုန်းထဲက တစ်စုံတစ်ခုကို သူကြားလိုက်တယ်. . .သူဟိုးငယ်စဉ်ကတည်းက စွဲလန်းတသ ဖြစ်ခဲ့ရတဲ့ အသံလေး. . .ရိုးသားဖြူစင်လွန်းလှတဲ့ ...
movie
Hello (2017)
2017
8.8
Bharat Ane Nenu (2018)
ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူးပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။သူပြောတဲ့စကားက"စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ"တဲ့မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် ...
movie
Bharat Ane Nenu (2018)
2018