Channel Myanmar

Ben Diskin

Tinkerbell : Secret of the Wings (2012) 7.0
Tinkerbell : Secret of the Wings (2012) Tinkerbell : Secret of the Wings (2012) ============================ IMDb Rating - 7.0/10Secret of the Wings ဆို Tinkerbell movie တွေထဲက လူကြိုက်အများဆုံးနဲ့ Scenario အလှဆုံးအပိုင်းလို့ပြော ရင်လည်း မမှားပါဘူး။ နတ်သူငယ်မွေးဖွားခြင်းနိယာမကို လွန်ဆန်တဲ့ Tinkerbell ရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအကြောင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာ ဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီး မဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။ အအေးပိုင်းနတ်သူငယ်တွေအနေနဲ့လည်း အနွေးပိုင်းနယ်မြေ တွေဘက်ကိုလာခွင့်မရှိတဲ့အတွက် ဥတုနှစ်ခြမ်းက နတ်သား နတ်သမီးတွေအနေနဲ့ တစ်ဘက်မှာ ဖြူလား၊ မဲလားတောင်မသိ တဲ့အထိပါပဲ။ စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbell ကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူ ပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့ ... နွေဦးရင်ပြင်က တိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်း အလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ် အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေ အရောင်တောက်လာတာပါလို့ ပြောပေမယ့် ...
movie

Tinkerbell : Secret of the Wings (2012)

2012
Legion of Super-Heroes (2023) 5.8
Legion of Super-Heroes (2023) Legion of Super-Heroes (2023) ====================== IMDb Rating - 5.8/10DCAUရဲ့ Animationကားသစ်တစ်ကား ထွက်ရှိလာပါပြီ။ ဒီတစ်ခါ အလှည့်ကျတာက​တော့ ကာရာ​​ဇောအဲလ်​ခေါ် စူပါဂဲလ်ပါ။ DCAUရဲ့ ​နောက်ပိုင်း​animation​တွေမှာ ရုပ်ထွက်အပိုင်း​တွေက အ​တော်​လေး ​သေသပ်ပြီး မျက်စိပသာဒဖြစ်လာတာ ​တွေ့ရမှာပါ။ ဒီanimationရဲ့ ရုပ်ထွက်​က အ​တော်​လေး ချစ်စရာ​ကောင်းပါတယ်။ IMDbမှာ​တော့ 5.8 ရထားပါတယ်။ခရစ်ပတွန်ဂြိုဟ်ပျက်စီးမှုက​နေ ကမ္ဘာဂြိုဟ်ဆီ​ရောက်လာတဲ့ ကာရာ တစ်​ယောက် အိမ်အသစ် ဂြိုဟ်အသစ်မှာ အသားမကျ​သလို မိခင်နဲ့ ​မွေးရပ်ဂြိုဟ်ကိုလွမ်းဆွတ်မှု​ကြောင့် ကမ္ဘာဂြိုဟ်မှာ မ​ပျော်ရွှင်နိုင်ဘဲ ဖြစ်​နေတာပါ။ အဲဒီအပြင် သူ့ရဲ့စွမ်းအားကို မထိန်းချုပ်နိုင်မှု​ကြောင့် ကမ္ဘာသား​တွေရဲ့ အိုးအိမ်ပျက်စီးမှု​တွေဖြစ်လာပြီး မကြည်ဖြူမှု​တွေ ရှိလာလို့ ကမ္ဘာက​နေ စွန့်ခွာသွားဖို့ စဉ်းစား​နေသူပါ။ဒါ​ပေမဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူ စူပါမန်းက အချိန်စက်လုံးနဲ့ ၃၁ရာစုရဲ့ ကမ္ဘာဂြိုဟ်ကို ​ခေါ်သွားပြီး လီဂျင်တပ်​​ခေါ် စူပါဟီးရိုးအဖွဲ့အစည်းရဲ့ အကယ်ဒမီမှာ သူ့ရဲ့စွမ်း​အားတွေကိုထိန်းချုပ်နိုင်အောင် ​လေ့ကျင့်ဖို့ ​ခေါ်သွားခဲ့ပါတယ်။ ထိုအကယ်ဒမီမှာ သူနဲ့ရွယ်တူ ဟီးရိုးအငယ်​တွေ စုံမိပြီး အဆင်​ပြေမယ်ကြံကာမှ သူတို့အစွမ်းနဲ့မမျှတဲ့ ဉာဏ်များတဲ့ ဗီလိန်အဖွဲ့တစ်ဖွဲ့က လီဂျင်တပ်ထဲက ပစ္စည်းတစ်ခုကိုခိုးကာ အလွန် ဆိုးဝါးတဲ့အစီအစဉ်တစ်ခုကို ပုံ​ဖော်လာတဲ့အခါ စူပါဂဲလ်တို့ လူငယ် တသိုက် ထိုအဖွဲ့အစည်းကို ...
movie

Legion of Super-Heroes (2023)

2023
We Bare Bears: The Movie(2020) 7.0
We Bare Bears: The Movie(2020) We Bare Bears: The Movie(2020)ဘာတွေပဲဖြစ်နေ ဖြစ်နေ တစ်ယောက်အတွက် တစ်ယောက်ရှိနေပေးမယ်... စခင်ကထဲက ပေးတဲ့ဒီကတိကိုအဆုံးထိတိုင်မြဲစေတဲ့ ဝက်ဝံညီနောင်...သူတို့ (၃)ကောင်လုံးက စရိုက်တွေမတူညီပေမဲ့နားလည်ခွင့်လွှတ်ပြီး အရမ်းချစ်ခင်ကြတဲ့ ဂရစ်ဇ်ရယ် ပန်ဒါရယ် ပိုလာဝက်ဝံရယ်ကို အားလုံးသိထားပြီးဖြစ်မှာပါ...Cartoon Network Studio ကနေ ထုတ်လုပ်ဖြန့်ချီလိုက်တဲ့ We Bare Bears annimationလေးဟာ အခုတော့ Movie အနေနဲ့ ထွက်ရှိလာပါပြီ။CM ပရိသတ်ကြီးအနေနဲ့လည်း တစ်ဝကြီး ကြည့်ရှူခံစားလို့ရပါပြီ။ဇာတ်လမ်းအကျဥ်းလေးကိုလည်း အနည်းငယ်တင်ပြလိုပါသေးတယ်။အားလုံးသိထားတဲ့ အတိုင်းပဲ ဒီဝက်ဝံသုံးကောင်ဟာအလွဲများစွာနဲ့ လူသားတေွကြားမှာနေထိုင်သူတွေပေါ့။သူတို့ကိုချစ်ခင်သူတေွလည်းရှိသလို မနှစ်မြို့သူတွေကလည်းရှိပါတယ်။တစ်နေ့မှာတော့ ဝက်ဝံညီနောင် လုပ်ထားတဲ့အမှားအတွက် မြို့ကနေနှင်ထုတ်ပါတော့တယ်။လူသားတွေနဲ့ အသားကျနေတဲ့ ဝက်ဝံညီနောင် ဘာဆက်လုပ်ကြမလဲ?သူတို့ကိုလက်ခံပေးနိုင်တဲ့ အိမ်အသစ်ကိုေရာ ရှာတေွ့သွားမလားဆိုတာစိတ်ဝင်စားစရာပါ။အရမ်းချစ်ဖို့ေကာင်းတဲ့ ဝက်ဝံသံုးကောင်ကို တစ်ဝကြီး ကြည့်ရှုရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်....File Size : (850 MB) and (306MB) Quality :  ...
movie

We Bare Bears: The Movie(2020)

Playmobil: The Movie (2019) 4.6
Playmobil: The Movie (2019) ကာတွန်းကားလေးတွေကိုကြိုက်နှစ်သက်သူများအတွက်ပေါ့ပေါ့ပါးပါးကာတွန်းကားလေးပါ။Anya Taylor-Joyအပြင် အသံသရုပ်ဆောင်တွေအနေနဲ့Daniel Radcliffe, Adam Lambert နဲ့ Meghan Trainorတို့ကပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းလေးကတော့ မာလာဆိုတဲ့ကောင်မလေးကငယ်စဉ်ကသူ့မောင်လေးနဲ့အတူ ခရီးတွေထွက်ပြီးစွန့်စားခန်းတွေဖွင့်ချင်ခဲ့ပေမယ့်မိဘတွေသေဆုံးသွားတဲ့အတွက်ကြောင့်လက်တွေ့ဘဝထဲမှာပဲကျင်လည်နေရပါတယ်။တစ်နေ့မှာတော့ အပြင်ထွက်သွားတဲ့သူ့မောင်လေးနောက်လိုက်ရင်းနဲ့သူတို့မောင်နှမ Playmobilကမ္ဘာထဲရောက်သွားပြီးရုပ်လေးတွေဖြစ်သွားပါတယ်။Vikingဖြစ်သွားတဲ့သူ့မောင်လေးဖမ်းဆီးခံလိုက်ရတဲ့နောက်မှာတော့မာလာတစ်ယောက်စွန့်စားခန်းတွေဖွင့်ရင်းလိုက်လံကယ်ဆယ်ရပါတော့တယ်။ဇာတ်လမ်းကခမ်းခမ်းနားနားကြီးမဟုတ်ပေမယ့်ပေါ့ပေါ့ပါးပါးနဲ့ချစ်စရာ‌ကောင်းတဲ့ ကာတွန်းကားလေးပါ။ File Size : ( 928 MB , 347 MB )Quality :  Web-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre :  Animation , Adventure , ComedySubtitle : Myanmar Subtitle (Hard Sub) ...
movie

Playmobil: The Movie (2019)

2019