Channel Myanmar

Beyoncé

Obsessed (2009)
Obsessed (2009) ဒီဇာတ်ကားလေးကတော့ ထူးထူးခြားခြား နာမည်ကျော်အဆိုတော် ဘီယွန်ဆေး ပါဝင်သရုပ်ဆောင်ထားပြီး ဘီယွန်ဆေးနှင့် လီဆာဖိုက်ရမယ့် ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒဲရက်ချားစ်ဟာ ကုမ္မဏီကြီးတစ်ခုမှာ ရာထူးလစာ ကောင်းကောင်းနှင့် အလုပ်လုပ်ကိုင်နေပြီး ရှာရွန်ဆိုတဲ့ဇနီးသည်ချောချောလေးနှင့်အတူ ကိုင်ဆိုတဲ့သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး စိတ်သဘောထားကောင်းတဲ့အတွက် သွားလေရာမျက်နှာပန်းပွင့်ပြီး အဘက်ဘက်က ပြည့်စုံသူတစ်ဦးပါ။ဒီလိုသာယာနေတဲ့သူ့ဘဝကို မုန်တိုင်းစတင်ဝင်ရောက်တိုက်ခတ်လာတာကတော့ လီဆာဆိုတဲ့အမျိုးသမီးတစ်ယောက် အစမ်းခန့်ဝန်ထမ်းအနေနဲ့ သူတို့ကုမ္ပဏီကို ဝင်ရောက်လာတဲ့အချိန်ပါပဲ။ ဒဲရက်က လီဆာကို သဘောရိုးနဲ့ ပြောဆိုဆက်ဆံလိုက်ပေမယ့် လီဆာတစ်ယောက်ကတော့ တစ်ယောက်တည်းရူး စိတ်ကူးတွေယဉ်ပြီး ဒဲရက်ကို မရမကပိုင်ဆိုင်အောင် ကြိုးစားလာပါတော့တယ်။ ဘာမှမဖြစ်လောက်ပါဘူး ပြီးသွားမှာပါလို့ ဒဲရက်တစ်ယောက်ထင်ထားခဲ့ပေမယ့် လီဆာက လက်မလျှော့ဘဲ မထင်ထားတာတွေလုပ်လာတဲ့အခါ ဒဲရက်တစ်ယောက် ဘယ်လိုဒုက္ခလှလှတွေ့မလဲ သူနှင့်သူမိသားစု ဒီဒုက္ခကနေရော ရုန်းထွက်မလဲဆိုတာ ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(884 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

Obsessed (2009)

Dreamgirls (2006) 6.6
Dreamgirls (2006)   အခုတစ်ခါ Dream Girls ဆိုတဲ့ ဂီတရုပ်ရှင်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂီတရုပ်ရှင်ဆိုတဲ့အတိုင်း တကားလုံးမှာ သီချင်းတွေတစ်ဝကြီးနားဆင်ပြီးကြည့်ရှုရမှာဖြစ်ပါတယ်သရုပ်ဆောင်တွေကလည်း Beyonce' တို့ Jennifer Hudson တို့လို နာမည်ကြီးအဆိုတော်တွေအပြင် Jamie Fox တို့ရော နာမည်ကြီးတွေပါဝင်ထားတာဖြစ်ပါတယ် Beyonce' ရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ ''Listen'' ကို ဒီဇာတ်ကားအတွက်သီဆိုခဲ့တာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အဆိုတော်ဖြစ်ချင်တဲ့ အိပ်မက်ရှိတဲ့ အက်ဖီ, ဒီနာနဲ့လော်ရယ်တို့သူငယ်ချင်းသုံးယောက်ဟာ ဒရင်းမက်စ်ဆိုတဲ့ နာမည်နဲ့ အဖွဲ့လိုက်သီချင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကြပါတယ် တရက်မှာတော့ ကားတစ်တေလာဆိုတဲ့ပရိုဂျူဆာတစ်ယောက်က သူတို့သုံးယောက်ရဲ့ အဆိုပါရမီကိုသိရှိသွားပြီး သူတို့ကို ဒရင်းမ်စ်အဖွဲ့ဆိုတဲ့နာမည်နဲ့မြေတောင်မြှောက်ပေးပါတော့တယ်အဆိုတော်အနေနဲ့အောင်မြင်ဖို့ကိုမျှော်လင့်ခဲ့ရပြီး တကယ်တမ်းအောင်မြင်လာတဲ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ သူတလူငါတမင်းနဲ့စိတ်ဝမ်းကွဲလာကြပါတယ် အကြောင်းကတော့ အရင်က သူတို့အဖွဲ့မှာ အက်ဖီက ခေါင်းဆောင်နေရာကသီဆိုလေ့ရှိပြီး ကျန်တဲ့ ဒီနာနဲ့လော်ရယ်တို့က နောက်လိုက်အနေနဲ့ဆိုရပါတယ်ဒါကို ကားတစ်က အက်ဖီကို ဖယ်ပြီး ဒီနာကိုခေါင်းဆောင်နေရာပေးပြီး ဆိုခိုင်းတဲ့အခါ သူတို့အဖွဲ့လေးမှာ သဘောထားမတိုက်ဆိုင်တာတွေ မနာလိုမှုတွေရှိလာပြီး အဲ့ဒါတွေအပြင် ကားတစ်တေလာနဲ့ နှလုံးသားရေးရာတွေပါ ...
movie

Dreamgirls (2006)

Epic (2013) 6.0
Epic (2013) 2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊ epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့ တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့ ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ သူတို့ဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…1.7GB /  900MB Quality…1080p BluRay /  720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Epic (2013)

2013
Austin Powers in Goldmember (2002) 6.2
Austin Powers in Goldmember (2002) James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ ကစ်တာဘယ်လောက်အထိလဲဆိုရင်Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီး ကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်းDr.Evilကလိုက်ဝတ်တာမျိုး၊ ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံးမျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာ အရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကိုထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီး ပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်းပိုDarkတဲ့ ...
movie

Austin Powers in Goldmember (2002)

2021
HEVC 1080p 5.1