Channel Myanmar

Brady Corbet

Clouds of Sils Maria (2014) 6.8
Clouds of Sils Maria (2014)  မာရီယာ အန်းဒရက်ဟာ နိုင်ငံတကာကျော်ကြားတဲ့ ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်ပါ သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀က စစ်ဂရစ်ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရင်း အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်သူနာမည်ကြီးဖြစ်လာရတဲ့ ဇာတ်လမ်းမှာပဲ တခြားနေရာကနေ ပြန်ပြီးသရုပ်ဆောင်ဖို့ဖြစ်လာတဲ့အခါ အတိတ်က မှတ်ဉာဏ်တွေကြားမှာ မာရီယာတစ်ယောက် ရှေ့မဆက်နိုင်ဖြစ်ရင်း အခြားဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့ ခက်ခဲနေခဲ့ပါတော့တယ်ဒီဇာတ်ကားမှာကတော့ နိုင်ငံခြား အနုပညာရှင်တွေဟာ သူတို့ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို အလေးအနက်ထားပုံ ဇာတ်ကောင်အဖြစ်ခံယူပုံတွေအပြင် အနုပညာရှင်တွေရဲ့ ဘဝကိုပါ ရိုက်ကူးတင်ဆက်ထားတဲ့ Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Twilight ထဲက နာမည်ကျော်မင်းသမီး Kristen Stewart လည်း ပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှူလိုက်ကြပါဦးခင်‌ဗျာ File size…(2 GB)/(910 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Clouds of Sils Maria (2014)

Escobar: Paradise Lost (2014) 6.5
Escobar: Paradise Lost (2014) Pablo Escobar ဆိုတဲ့ ကိုလံဘီယာက မူးယစ်ရာဇာကို ရုပ်ရှင်၊ စီးရီးများအဖြစ် ပုံဖော်ခဲ့ကြတဲ့ဇာတ်လမ်းတွေ အများကြီးရှိခဲ့ကြပါတယ်။ ဒီ Escobar Paradise Lost ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ပုံမှန်ချဉ်းကပ်နေကြ ဇာတ်လမ်းပုံစံမျိုးတွေထက်အချစ်နဲ့ အန္တရာယ်ကြားထဲကသည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးကိုအသားပေး ဖော်ပြထားပါတယ်။ပါဘလို အက်စကိုးဘားအဖြစ် Benicio Del Toro က သရုပ်ဆောင်ထားပြီး Josh Hutcherson ကနစ်ခ်ဘရေဒီ အဖြစ် ပါဝင်ထားပါတယ်။ The Usual Suspects, Che, Sicario စတဲ့ ဇာတ်ကားတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ Legend ကြီး Benicio Del Toro နဲ့The Hunger Games ဇာတ်လမ်းတွဲတွေရဲ့ စတားJosh Hutcherson တို့ အားပြိုင်မှုကိုလည်း တွေ့ရပါတယ်။နစ်ခ်ဘရေဒီဟာ ကိုလံဘီယာမှာ အစ်ကိုနဲ့အတူအလုပ်လုပ်နေပြီးတော့ မာရီယာနဲ့ တွေ့ဆုံပြီးချစ်မိသွားခဲ့တာဖြစ်ပါတယ်။ မာရီယာကလည်းမူးယစ်ရာဇာ Pablo Escobar ရဲ့ တူမ ဖြစ်နေပြန်ပါတယ်။အစပိုင်းမှာတော့ သူတို့အချစ်ရေးကအားလုံးကလည်း သဘောတူကြည်ဖြူတဲ့အတွက်ဖြောင့်ဖြူးသလိုရှိခဲ့ပေမယ့်..အက်စကိုးဘားမိသားစုထဲ ပိုပြီးဝင်ရောက်လာလေ ...
movie

Escobar: Paradise Lost (2014)

2014
Force Majeure (2014) 7.2
Force Majeure (2014) သင်ဟာ ဇာတ်ကားလေးကြည့်ရင်း တွေးနေရတာကိုသဘောကျသူလား၊ တစ်စိမ့်စိမ့်နဲ့ဆွဲခေါ်သွားတဲ့ဇာတ်ကားမျိုးကိုသဘောကျသူလား၊ အဆုံးမှာတွေးစရာတွေပေးသွားတာမျိုးကို သဘောကျသူလား။ ဒါဆို Force Majeure ဆိုတဲ့ drama/comedy ဇာတ်ကားလေး ရှိပါတယ်။ ဒီဇာတ်ကားမှာပေါ့ တိုမက်စ် နဲ့ အက်ဘီဆိုတဲ့ လင်မယားမှာဟယ်ရီ နဲ့ ဗီရာဆိုတဲ့ သားသမီးနှစ်ယောက်ရှိပါတယ်။သူတို့တွေဟာ မိသားစုနဲ့အတူ အနားယူချင်တာကြောင့်နှင်းလျှောစီးတဲ့နေရာကို ၅ရက် အပန်းဖြေခရီးထွက်လာခဲ့ကြတာဖြစ်ပါတယ်။ နှင်းလျှောစီးတဲ့အချိန် အဆင်ပြေနေခဲ့ကြပေမယ့် နေ့လယ်စာစားချိန်ရောက်တော့ ပြဿနာစလာပါတော့တယ်။ သူတို့‌ နေ့လယ်စာ စားဖို့လုပ်တုန်း နှင်းတောင်ပြိုမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါဟာ နှင်းလျှောစီးသူတွေအန္တရာယ်ကင်းအောင် တမင်ဖြိုချတာဖြစ်ပေမယ့် စားသောက်ဆိုင်တည့်တည့်ကို အရှိန်နဲ့ဆင်းလာတဲ့အခါ တိုမက်စ်လည်း ကလေးတွေနဲ့မိန်းမကို ထားခဲ့ပြီး တန်းနေအောင်ပြေးပါတော့တယ်။ ကံကောင်းစွာနဲ့ ဘယ်သူမှဘာမှမဖြစ်ခဲ့ပေမယ့် ဒီအဖြစ်အပျက်ဟာ အက်ဘာကို စိတ်ခုစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ပြီးကတည်းက တိုမက်စ်နဲ့အက်ဘာဟာ အဆင်မပြေတွေဖြစ်ခဲ့ကြပြီး သူတို့ပြဿနာကတစ်ဖက်၊ ကလေးတွေကတစ်ဖက်၊ ကြားမှာ ဘယ်လိုတွေဆက်ပြီးဖြစ်သွားမလဲ၊ တိုမက်စ်တကယ်ပဲမှားခဲ့တာလား၊ အက်ဘာကပဲ အတွေးလွန်နေတာလား၊ အဆုံးမှာဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်၀င်စားဖို့ကောင်းတာကြောင့် drama ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size…  1.20 GB /  697 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre .....  ...
movie

Force Majeure (2014)

2014
Martha Marcy May Marlene (2011) 6.8
Martha Marcy May Marlene (2011)  ဒီဇာတ်ကားက ၂၀၁၁ က​ ထွက်ရှိ​ခဲ့တဲ့​ Psychological Drama အမျိုး​အစား​ဖြစ်ပါတယ်။ Marvel​ ထဲက​ Wanda အဖြစ်​သရုပ်ဆောင်​တဲ့​ Elizabeth Olsen ရဲ့ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ အပြင်​မှာ​အမှန်​တကယ်ဖြစ်​ခဲ့တဲ့​ မိန်း​ကလေး​တစ်ယောက်​ရဲ့​ ဖြစ်ရပ်​မှန်​ကိုရိုက်ကူးထားတာပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့​ မာသာ (Elizabeth Olsen)​ က​ အစွန်း​ရောက်​ဂိုဏ်းတစ်ခုထဲ​မှာ​ နှစ်ပေါင်း​များစွာ​နေလာခဲ့ရပြီး နောက်ဆုံး​မှာ​ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ရုပ်​ပိုင်း​ဆိုင်​ရာအရ လွတ်မြောက်​လာခဲ့ပေမဲ့ စိတ်ကတော့မလွတ်မြောက်ခဲ့ဘဲ အတိတ်က စိတ်ဒဏ်ရာ​တွေရဲ့ဖိစီးနှိပ်စက်မှုကိုခံနေရပါတယ်။ သူနေခဲ့တဲ့​ အစွန်း​ရောက်​ဂိုဏ်းက​ သူ့ကိုအလွတ်မပေးဘဲ​ နောက်​ကနေလိုက်နေတယ်လို့​ စိတ်​ထဲမှာ​မြင်နေပါတယ်။ ဒီလို​နဲ့​ သူ့ရဲ့​စိတ်​ဝေဒနာတွေက သူ့ကိုယ်သူ​တင်မကဘဲ သူ့ကို​လက်​ခံစောင့်ရှောက်ထားတဲ့​ အစ်မ​ဖြစ်သူနဲ့သူ့ခင်ပွန်းတို့ရဲ့ဘဝကိုပါ​ အကျိုး​သက်ရောက်​လာပါတော့တယ်။ ဇာတ်​ကားက​ စိတ္တဇ​ဒရာမာ​ Thriller အမျိုး​အစား​ Indie​ ​ရုပ်​ရှင်​ဖြစ်ပြီး​ Elizabeth​ Olsen​ က​ အဓိက​သရုပ်ဆောင်​ထားပါတယ်။ Imdb​ rating 6.8 ရှိပြီး​ စိတ္တဇ​ Thriller ဇာတ်ကား​တွေကြိုက်နှစ်သက်တဲ့သူတွေ၊ Elizabeth​ ...
movie

Martha Marcy May Marlene (2011)

Mysterious Skin (2004) 7.6
Mysterious Skin (2004) Mysterious Skin (2004)====================(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ လိင်တူဆက်ဆံတဲ့ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ)ဒီဇာတ်ကားမှာ ဇာတ်လမ်းက နှစ်ခုလို့ ပြောရမယ့်အခြေအနေမှာ ရှိပါတယ်. ငယ်ငယ်ကတည်းက လိင်စိတ်ယိုင်နဲ့နေတဲ့ ကလေးနှစ်ယောက်တစ်ကွဲစီကြီးပြင်းလာပုံကို ယှဉ်ပြပြီးဇာတ်လမ်းတစ်ခုလုံးကိုဆွဲခေါ်သွားခဲ့ပါတယ်။ ငယ်ဘဝကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့လျှို့ဝှက်ဆန်းကြယ်ပုစ္ဆာတစ်ခုရဲ့အဖြေ ကို ဘယ်လောက်အချိန်ပေးရပေးရ ရှာဖွေချင်နေတဲ့ ဘရိုင်ရန်  ငယ်ဘဝမှာ မှားယွင်းခဲ့မိတာကနေစပြီးတစ်သက်လုံး လိင်စိတ်ယိုင်နဲ့နေသူအဖြစ် ဖြတ်သန်းရင်း ဘဝကို ရေစုန်မျောနေတဲ့ နေးလ်.သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုကရော ဘာလဲ.ဘရိုင်ရန် ရှာဖွေချင်နေတဲ့ ပုစ္ဆာရဲ့အဖြေကိုရော ဘယ်သူက ဖြေရှင်းပေးသွားမှာလဲ ဆိုတာကိုပရိသတ်များရှုစားနိုင်ဖို့  CM ကနေ တင်ဆက်ပေးလိုက်ပါတယ်....  File size…1.46GB / 508MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre .....  Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali
movie

Mysterious Skin (2004)

Melancholia (2011) 7.1
Melancholia (2011) သင် စိတ်ဓါတ်ကျဖူးသလားလူတစ်ယောက်ဟာ Depression ဆိုးဆိုးဝါးဝါးဝင်လာတဲ့အခါ ဘာတွေလုပ်မိတတ်လဲကိုယ့်ပတ်ဝန်းကျင်မှာ ကမ္ဘာပျက်နေရင်တောင် ကိုယ်က ဘာမှမခံစားရတော့လောက်အောင် စိတ်တွေထုံသွားခဲ့ဖူးလားဒီမေးခွန်းတွေရဲ့အဖြေတွေကို ဒီဇာတ်ကားက ပေးနိုင်မယ်လို့ထင်ပါတယ်ဒီဇာတ်ကားကို ဂျပ်စတင်းနဲ့ မိုက်ကယ်တို့ရဲ့ ပျော်ရွှင်စရာ မင်္ဂလာပွဲလေးနဲ့ စဖွင့်ထားပြီး မင်္ဂလာပွဲတစ်လျှောက် ဂျပ်စတင်းရဲ့ အပြုအမူတွေ ထူးဆန်းနေတာ ဘာကြောင့်များလဲဂျပ်စတင်းရဲ့အစ်မကလဲယာကရော ဂျပ်စတင်းကို ဘာလို့ဒီလောက်စိတ်ပူနေတဲ့ပုံပေါက်နေတာလဲအဲ့အချိန်မှာပဲ ကမ္ဘာကို မီလန်ခိုလီဆိုတဲ့ ဂြိုလ်တစ်ခုက ဝင်တိုက်ပြီး ကမ္ဘာပျက်တော့မယ်ဆိုတဲ့ ဟောကိန်းတွေကလည်း ပျံ့နှံ့နေပါတယ်ဂျပ်စတင်းရဲ့မင်္ဂလာပွဲ ဘယ်လိုအဆုံးသတ်သွားမလဲကမ္ဘာပျက်ကိန်းကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးIMDB 7.1/10 ရရှိထားပြီး ဒီဇာတ်ကားဟာ စိတ်ရောဂါခံစားနေရတဲ့သူတစ်ယောက်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြနိုင်ခဲ့တယ်ဆိုတဲ့ review တွေရရှိထားပါတယ်ဂျပ်စတင်းအဖြစ် ဟိုးအစ Spider man ဇာတ်ကားမှာ မယ်ရီဂျိန်းအဖြစ်ပါဝင်ခဲ့သူ Kristen Dust ကပါဝင်သရုပ်ဆောင်ထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူ ဖြစ်ပါတယ်) File Size : (950 MB) and (360 MB) Quality : Blu-Ray ...
movie

Melancholia (2011)

2011