Channel Myanmar

Escobar: Paradise Lost (2014)

CrimeDramaHistory

6.5
IMDB: 6.5/10 votes

67947

Report error

Pablo Escobar ဆိုတဲ့ ကိုလံဘီယာက

 

မူးယစ်ရာဇာကို ရုပ်ရှင်၊ စီးရီးများအဖြစ် ပုံဖော်ခဲ့ကြတဲ့

ဇာတ်လမ်းတွေ အများကြီးရှိခဲ့ကြပါတယ်။

 

ဒီ Escobar Paradise Lost ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့

ပုံမှန်ချဉ်းကပ်နေကြ ဇာတ်လမ်းပုံစံမျိုးတွေထက်

အချစ်နဲ့ အန္တရာယ်ကြားထဲက

သည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးကို

အသားပေး ဖော်ပြထားပါတယ်။

ပါဘလို အက်စကိုးဘားအဖြစ် Benicio Del Toro က

 

သရုပ်ဆောင်ထားပြီး Josh Hutcherson က

နစ်ခ်ဘရေဒီ အဖြစ် ပါဝင်ထားပါတယ်။

 

The Usual Suspects, Che, Sicario စတဲ့ ဇာတ်ကားတွဲ

တွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ Legend ကြီး Benicio Del Toro နဲ့

The Hunger Games ဇာတ်လမ်းတွဲတွေရဲ့ စတား

Josh Hutcherson တို့ အားပြိုင်မှုကိုလည်း တွေ့ရပါတယ်။

နစ်ခ်ဘရေဒီဟာ ကိုလံဘီယာမှာ အစ်ကိုနဲ့အတူ

အလုပ်လုပ်နေပြီးတော့ မာရီယာနဲ့ တွေ့ဆုံပြီး

ချစ်မိသွားခဲ့တာဖြစ်ပါတယ်။ မာရီယာကလည်း

မူးယစ်ရာဇာ Pablo Escobar ရဲ့ တူမ ဖြစ်နေပြန်ပါတယ်။

အစပိုင်းမှာတော့ သူတို့အချစ်ရေးက

အားလုံးကလည်း သဘောတူကြည်ဖြူတဲ့အတွက်

ဖြောင့်ဖြူးသလိုရှိခဲ့ပေမယ့်..

အက်စကိုးဘားမိသားစုထဲ ပိုပြီးဝင်ရောက်လာလေ အန္တရာယ်များပြီး

ကြောက်မက်ဖွယ်ကောင်းတာတွေက ပိုပြီး

ထင်ရှားလာခဲ့ပါတယ်။

ပါဘလိုအက်စကိုးဘားနဲ့ပတ်သက်နေသရွေ့ သူတို့အဖို့

မလုံခြုံနိုင်မှန်း သဘောပေါက်သွားချိန်မှာ နစ်ခ်ဟာ မာရီယာနဲ့အတူ

ကိုလံဘီယာက ထွက်ပြေးဖို့ ကြံစည်ခဲ့ပါတယ်။

သူတို့ မပြေးနိုင်ခင်မှာပဲ အက်စကိုးဘားက

သူ့လူယုံတွေကို အရေးပေါ်အစည်းအဝေးတစ်ခု

ခေါ်လိုက်ပါတယ်။

 

နစ်ခ်ကိုလည်း သူ့ရဲ့ အဖိုးတန်ပစ္စည်းတွေကို

သိမ်းဆည်းဖျောက်ဖျက်တဲ့အစီအစဉ်မှာ

ပါဝင်ခိုင်းခဲ့ပြန်ပါတယ်။

 

ပစ္စည်းတွေဖျောက်ဖျက်ရုံတင်မဟုတ်ဘဲ လမ်းပြသူကိုပါ တစ်ခါတည်း

နှုတ်ပိတ်ရမယ့်တာဝန် ရှိလာခဲ့ချိန်မှာ

သာမန်လူတန်းစားဘဝက လာခဲ့သူ နစ်ခ်ဟာ သူ့တာဝန်ကို

ပြီးဆုံးအောင် မလုပ်နိုင်ဘဲ လမ်းပြကို လွှတ်ပေးမိခဲ့ ပါတယ်။

အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ဘဲ

 

ပါဘလိုအက်စကိုးဘားကို

ဆက်သွယ်ခဲ့ချိန်မှာတော့ နှုတ်ပိတ်ခံရမယ့်စာရင်းမှာ

သူလည်းအပါအဝင်ဖြစ်နေတယ်ဆိုတာ နစ်ခ်ဟာ ရိပ်စားခဲ့ပါတယ်.။

အက်စကိုးဘားရဲ့ သွေးအေးတဲ့လှည့်ကွက်တွေကြားထဲမှာ

နစ်ခ်က ရုန်းထွက်ဖို့ ကြိုးစားလေ

ညှို့ချက်မိသလို ဝဲလည်ရင်းနဲ့ သူ စီစဉ်ထားတဲ့ ထွက်ပြေးမယ့်

အစီအစဉ် အထမြောက်မှာလား.

အက်စကိုးဘားရဲ့ လက်တံရှည် တွေကြားထဲမှာ

ပြန်မိမှာလား ဆိုတာကို ဇာတ်လမ်းအဆုံးထိ

သည်းထိတ်ရင်ဖို ခံစားကြည့်ရှုနိုင်ဖို့ CM ကနေ

 

တင်ဆက်ပေးလိုက်ပါတယ်။

 

File size…    2.6 GB /    1.1 GB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 2h
Genre …..  Crime , Drama
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Sai Sumali



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)
Escobar: Paradise Lost (2014)


No downloads available

Genres



Related movies