Channel Myanmar

Charles Lawlor

October Sky (1999) 7.8
October Sky (1999)  IMDb 7.8 နဲ့ Rotten Tomatoes 91%အထိရရှိခဲ့တဲ့ NASA legend ကြီးတစ်ဦးဖြစ်တဲ့ ဟိုမာဟစ်ကမ်ရဲ့ ငယ်ဘ၀အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။"ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုပဲ စိတ်၀င်စားတဲ့ ဟိုမာဟစ်ကမ် သို့မဟုတ် အောက်တိုဘာကောင်းကင်ယံက ဆိုဗီယက်ဂြိုဟ်တုကိုငေးကြည့်ရင်း ဒုံးပျံအိပ်မက် မက်ခဲ့တဲ့ သတ္တုတူးသမားတစ်ဦးရဲ့ သား"အချိန်ကာလအားဖြင့် ၁၉၅၀ခုနစ်၊ ဟိုမာဟာ ကိုးလ်ဝုလို့ခေါ်တဲ့ ကျောက်မီးသွေးတူးတဲ့အလုပ်နဲ့အသက်မွေးကြတဲ့ မြို့ငယ်လေးက လူငယ်လေးတစ်ဦးဖြစ်တယ်။ ဟိုမာရဲ့အဖေဖြစ်သူက ကိုးလ်ဝုကျောက်မီးသွေးတွင်းရဲ့ပိုင်ရှင်တစ်ဦး။ ဟိုမာတို့မြို့ငယ်လေးမှာ ပညာရေးအတွက် ရွေးချယ်စရာများများစားစားမရှိ။ အထက်တန်းပြီးသွားရင် ပညာသင်ဆုနဲ့ မြို့ကြီးတွေမှာ ကောလိပ်သွားတက်ရင်တက် မတက်ရင်တော့ အများစုက ကိုးလ်ဝုရဲ့ကျောက်မီးသွေးတွင်းထဲမှာပဲ သတ္တုတူးသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ကြတာများတယ်။ဒါပေမဲ့ တစ်နေ့မှာ နာဆာကိုရောက်မယ့် အင်ဂျင်နီယာလောင်းဟိုမာကတော့ သတ္တုတွင်းထဲမသွား၊ ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုသာ စူးစမ်းချင်သူတစ်ဦး။ ဟိုမာဟာ ရေဒီယိုကနေ ဆိုဗီယက်ပြည်ထောင်စုရဲ့ စပတ်ခ်နစ်ခ်လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တုကို ...
movie

October Sky (1999)

Sleepaway Camp III: Teenage Wasteland (1989)
Sleepaway Camp III: Teenage Wasteland (1989) ရှေ့ကနှစ်ကားရဲ့ အဆက် သုံးကားမြောက်ရုပ်ရှင်ပါ။ဒီတကားကိုတော့ ဒုတိယကားထဲက ဖြစ်ရပ်တွေအပြီး တနှစ်အကြာမှာ ‌ဇာတ်အိမ်တည်ထားပါတယ်။ထုံးစံအတိုင်း အန်ဂျလာတယောက် ပြန်ရောက်လာခဲ့ပြန်ပါပြီ။ ဒီတခါမှာတော့ ပြန်လည်ပြုပြင်ထားတဲ့ နွေရာသီတောစခန်းမှာ လူမှုရေးစမ်းသပ်မှုတခုပြုလုပ်ဖို့ အထက်တန်းလွှာက လူငယ်တစုနဲ့ သာမန်အောက်ခြေလူတန်းစား လူငယ်တစုကို ခေါ်ထားပါတယ်။ အန်ဂျလာကတော့ ဒုတိယတစုထဲမှာပေါ့။ စမ်းသပ်မှုရဲ့အစီအစဉ်က ထိုလူငယ်နှစ်စုကို အဖွဲ့တွေခွဲကာ ရောယှက်လိုက်ပြီး မတူညီတဲ့နေရာတွေမှာ စခန်းချစေဖို့ပါပဲ။ ဒီလိုနဲ့ အန်ဂျလာတယောက်ကို မျက်စိစပါးမွေးစူးအောင် လုပ်မိတဲ့လူငယ်တွေ ဒီတခါရော ဘယ်လိုတွေ ကြိတ်ခံရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်တွေပိုများလာပြီး လက်ယဉ်သွားပြီဖြစ်တဲ့ အန်ဂျလာရဲ့ ပရိယာယ်တွေ သတ်ဖြတ်ပုံတွေကလည်း ပိုအဆင့်မြင့်လာပြီး ပိရိလာတာကိုမြင်တွေ့ရမှာပါ။ အဖော်အချွတ်ရိုက်ချက်တွေပါတာကြောင့် ၁၈အောက် မကြည့်ရှုဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.7 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Sleepaway Camp III: Teenage Wasteland (1989)

Solace (2015) 6.4
Solace (2015) Solace (2015)~ IMDb rating - 6.4/10 ~ဘရက်ဒ်ပစ်နဲ့ မော်ဂန်ဖရီးမန်းတို့ရဲ့ Se7en အဆက်​အနေနဲ့ရိုက်ကူးမယ်လို့ စီစဥ်ခဲ့​​ပေမဲ့ ဒေးဗစ်ဖင်ချာက ဇာတ်ညွှန်းသိပ်သ​ဘောမကျတာ​ကြောင့် အစီအစဥ်ပျက်သွားပြီး Se7en နဲ့ အချိတ်အဆက်မလုပ်တော့ဘဲ သူ့ဘာသာ သီးခြားထွက်ရှိလာတဲ့ မှုခင်း ဒရာမာကားတစ်ကားဖြစ်ပါတယ်။ Anthony Hopkins လို ထိပ်တန်းမင်းသားကြီးနဲ့ Colin Farrell လို A-List မင်းသားအပါအဝင် Jeffrey Dean Morgan အပြင် Abbie Cornish လည်းပါထားတာမို့ Se7en လောက်နီးနီး Cast ရော ဇာတ်ရော ကြမ်းနေတဲ့ စိတ်နယ်လွန်မှုခင်းကားမို့ အားလုံးသဘောကျလောက်မယ့် ရုပ်ရှင်ပါပဲ။~ ဇာတ်လမ်းအညွှန်း ~သဘာဝလွန် စိတ်နယ်လွန် ပဟေဠိဆန်ဆန်စွမ်းအားတွေရော၊ FBI က ကွင်းဆက်လူသတ်မှုအတွက် အမှုလိုက်တာရော ပေါင်းစပ်ထားတဲ့ ရုပ်ရှင်မို့ သဘာဝလွန်စုံထောက်ကားအဖြစ်နဲ့ ဇာတ်အိမ်ဆန်းဆန်းပြားပြား တည်ထားတဲ့ရုပ်ရှင်ပါ။ဂျွန်ကလန်စီဆိုတဲ့လူရှိတယ်။ သူက ...
movie

Solace (2015)

2015
Only (2019) 5.1
Only (2019) ကျွန်တော်တို့ ကိုဗစ်ကာလကို ပြန်တွေးကြည့်ကြရအောင်တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊တစ်ခုခုကိုင်ပြီးရင် လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာအိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်းအသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊၊ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီးအဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိအသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊၊ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေနေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက်အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိထုတ်ထားတာကြောင့် ...
movie

Only (2019)

2019
The Mule (2018) 7.1
The Mule (2018) The Mule ဆိုတာ တကယ့်ကိုကောင်းတဲ့ဇာတ်ကားလေးတစ်ကား၊ကြည့်ရတာတန်စေမယ့်ဇာတ်ကားလေးတစ်ကား၊ပေးချင်တဲ့ message ကိုမိမိရရပေးသွားနိုင်ရုံတင်မကဘူး ရသအမျိုးမျိုးကိုပါခံစားပေးဝေနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ဇာတ်ကားအမျိုးအစားက Crime/Drama အမျိုးအစားလေးဖြစ်ပြီးကိုရီးယားစစ်ပြန်ကြီး၊ ပန်းစိုက်ပျိုးရေးမှာအောင်မြင်ခဲ့တဲ့ အဘိုးကြီးတစ်ယောက်အသက်ကြီးမှဒုက္ခရောက်ပြီး မက္ကဆီကန်မူးယစ်ဂိုဏ်းရဲ့လက်သုံးတော်ခံတစ်ာက်ဖြစ်သွားခဲ့ရတဲ့အပြင်ဘဝမှာအကြီးမားဆုံးအမှားတစ်ခုကို အချိန်လွန်မှသိခဲ့ရတာပါပဲ။ဇာတ်လမ်းအစကနေ အဆုံးထိ မငြီးငွေ့စေရဘဲ ဆွဲဆောင်လွန်းနိုင်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြတာထက် ကိုယ်တိုင်ပဲအစအဆုံးကြည့်ရှုခံစားစေချင်ပါတယ်။IMDb rating ဆိုရင်လည်း 7.1 အထိရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ပြောရရင် ဒီထက်ပိုကောင်းတဲ့ကားလေးဖြစ်ပါတယ်။ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်ဝင်တေးအေးအေးလေးတွေနဲ့ ဇာတ်ရှိန်အတက်အကျလေးတွေကို ကောင်းကောင်းကြီးခံစားရမှာသေချာပါတယ်။ကြည့်ပြီးရင် နောက်ပြန်ကြည့်ဖို့သိမ်းထားသင့်တဲ့ကားလေးလည်းဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (950 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Thura Zarni Aung Encoded by Thanhtike ...
movie

The Mule (2018)

2018
Mara 2018 N/A
Mara 2018 CM Fan တွေ အတွက် ကြောက်စရာ ည ကို ယူလာပါရစေသင့်မှာ ညအိပ်မပျော်တဲ့ သူငယ်ချင်းတွေ ရှိခဲ့ရင် ဒီအောက်မှာအရင်ဆုံး Mention ခေါ်ပေးပါ ဒီ ရုပ်ရှင်ကားက သူတို့ အတွက်ပါပဲကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ အိပ်နေတုန်းဘီလူး စီးတယ် ဘာညာ ဆိုပြီးယုံတမ်းပုံပြင်တစ်ခု ရှိတယ်မဟုတ်လားလူက အိပ်တဝက်နိုးတဝက် ဖြစ်နေတယ်မကောင်းတာ တစ်ခုခုက ဖြစ်လာတော့မယ်ဒါပေမယ့် လူက လှုပ်မရဘူး အော်မရဘူးထွက်ပြေးမရဘူး ရုန်းမရဘူး ဒီလိုနဲ့လွတ်မြောက်ခြင်းက အိပ်ရာက နိုးထခြင်းပါပဲအကယ်၍ သင်အိပ်ရာက မနိုးခဲ့ရင်ရော ?ဒီဇတ်လမ်းမှာတော့ လူတစ်ချို့ ဟာစိတ်ဝေဒနာ တစ်ခုကို ခံစားနေရပါတယ်ပထမ အဆင့်မှာ သင့်အိပ်မက်ထဲမှာလှုပ်လို့မရဘူး ပြေးလို့မရဘူး ခန္ဓာကိုယ်ကရွေ့လျားမရဘူးလို့ အိပ်မက် မက်ပါလိမ့်မယ်ဒုတိယ အဆင့်မှာ သင့် အိပ်ရာပေါ်မှာသင်နိုးလာပါလိမ့်မယ် ဒါပေမယ့် လှုပ်မရပါဘူးတစ်ယောက်ယောက်က တက်ခွထားသလိုဖြစ်နေပါလိမ့်မယ်... XP Phone Charger များကို  ----> ဒီနေရာ မှာ စျေးသက်သာစွာဝယ်နိုင်ပါပြီ။အဲ့ဒီမှာ သင်ပထမဆုံး ကြိုးစားမှာကဘေးဘီ ဝဲယာကို ကြည့်ပါမယ်အဲ့ဒီမှာပဲ တံခါးကြားကနေ ဖြစ်ဖြစ်စားပွဲခုံအောက်ကနေ ဖြစ်ဖြစ် သင့်ကိုချောင်းနေတဲ့ မိန်းမ တစ်ယောက်ကိုစတွေ့ပါမယ်တတိယ အဆင့်ရောက်ခဲ့ပြီဆိုရင် ...
movie

Mara 2018

2018