Channel Myanmar

Solace (2015)

~ IMDb rating – 6.4/10 ~

ဘရက်ဒ်ပစ်နဲ့ မော်ဂန်ဖရီးမန်းတို့ရဲ့ Se7en အဆက်​အနေနဲ့ရိုက်ကူးမယ်လို့ စီစဥ်ခဲ့​​ပေမဲ့ ဒေးဗစ်ဖင်ချာက ဇာတ်ညွှန်းသိပ်သ​ဘောမကျတာ​ကြောင့် အစီအစဥ်ပျက်သွားပြီး Se7en နဲ့ အချိတ်အဆက်မလုပ်တော့ဘဲ သူ့ဘာသာ သီးခြားထွက်ရှိလာတဲ့ မှုခင်း ဒရာမာကားတစ်ကားဖြစ်ပါတယ်။ Anthony Hopkins လို ထိပ်တန်းမင်းသားကြီးနဲ့ Colin Farrell လို A-List မင်းသားအပါအဝင် Jeffrey Dean Morgan အပြင် Abbie Cornish လည်းပါထားတာမို့ Se7en လောက်နီးနီး Cast ရော ဇာတ်ရော ကြမ်းနေတဲ့ စိတ်နယ်လွန်မှုခင်းကားမို့ အားလုံးသဘောကျလောက်မယ့် ရုပ်ရှင်ပါပဲ။

~ ဇာတ်လမ်းအညွှန်း ~

သဘာဝလွန် စိတ်နယ်လွန် ပဟေဠိဆန်ဆန်စွမ်းအားတွေရော၊ FBI က ကွင်းဆက်လူသတ်မှုအတွက် အမှုလိုက်တာရော ပေါင်းစပ်ထားတဲ့ ရုပ်ရှင်မို့ သဘာဝလွန်စုံထောက်ကားအဖြစ်နဲ့ ဇာတ်အိမ်ဆန်းဆန်းပြားပြား တည်ထားတဲ့ရုပ်ရှင်ပါ။

ဂျွန်ကလန်စီဆိုတဲ့လူရှိတယ်။ သူက လူတစ်​ယောက်ကို ထိ​တွေ့လိုက်တာနဲ့ အဲဒီလူရဲ့အတိတ်ကိုရော အနာဂတ်ကိုပါ မြင်နိုင်တယ်။ ဒါပေမဲ့ သူက သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး​နောက် အလုပ်ကို​ရော ဘ၀ကြီးကိုရော အရာရာ လက်လျှော့ပြီး မြို့ပြင်မှာ ​ပြောင်း​နေနေတယ်။ ဒီလိုနဲ့ အေးအေးဆေးဆေးနေနေတဲ့ သူ့ဆီ သူ့သူငယ်ချင်းဟောင်း ဂျိုးနဲ့ ကက်သရင်းတို့ရောက်လာတယ်။ ပိရိလွန်းလို့ ဘယ်လိုမှ ဖော်ထုတ်လို့မရတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို ဖမ်းဖို့ အကူအညီလာတောင်းတယ်ပေါ့။

ဆန်းတာက တစ်​ဖက်မှာလည်း အဲဒီ ကွင်းဆက်လူသတ်သမားကလည်း ဂျွန်လိုမျိုး အနာဂတ်ကိုကြိုမြင်နိုင်စွမ်းရှိ​နေတယ်။ အနာဂတ်ကို ကြိုမြင်နိုင်တဲ့နှစ်ယောက်ရဲ့ ဉာဏ်ကစားမယ့်ပွဲပေါ့။ ဒီလူက ဒီလိုအစွမ်းမျိုးပိုင်ထားပြီး ဘာလို့ လူ​တွေကို သတ်​နေရတာလဲ… အနာဂတ်ကိုကြိုမြင်နိုင်တဲ့သူနှစ်​​ယောက်ကြား ဘယ်လို​တွေဉာဏ်ကစားကြမလဲ… ဘယ်လို​တွေ အမှုကိုစုံစမ်းကြမလဲ… ဆိုတာ​တွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကား​ကောင်းတစ်ကားဆို မမှားပါဘူး။

(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.55GB, 695MB
Quality – 1080p, 720p
IMDb Rating – 6.4/10
Format – mp4
Duration – 1H 41Min
Genre – Crime, Drama, Mystery
Subtitle – Myanmar Subtitle (Hardsub)
Translated by DB
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director

Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)
Solace (2015)


No downloads available

Genres



Related movies