Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Charlie Tahan
6.3
The Other Woman (2009)
The Other Woman (2009) =================== IMDb Rating - 6.3/10ဒီဇာတ်ကားလေးကတော့ အိမ်ထောင်ရေးနဲ့ မိသားစုအရှုပ်ထုတ်တွေ ကြားက ဒရမ်မာလေးတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။အီမီလီယာ ရဲ့သမီးလေးဟာ မွေးပြီးသုံးရက်လောက်မှာပဲသေဆုံးခဲ့ပါ တယ်။ ကလေးဆုံးလို့စိတ်ဓာတ်ကျနေတဲ့ အီမီလီယာ ဟာသူ့ယောက်ျား ဂျက် နဲ့အိမ်ထောင်ရေးကိုလည်း တည်မြဲဖို့ကြိုးစားနေရပါတယ်။ ဂျက်က အရင်မိန်းမနဲ့ကွဲပြီး အီမီလီယာ နဲ့လက်ထပ်ထားသူပါ။ အရင်မိန်းမနဲ့ရခဲ့ တဲ့ ဝီလျံ ဆိုတဲ့သားလေးတစ်ယောက်လည်းရှိပါတယ်။ ကလေးဆုံးလို့၀မ်း နည်းပူဆွေးနေရတဲ့အပြင် ဝီလျံ နဲ့ဆက်ဆံရေးအဆင်မပြေမှုတွေ၊ ဝီလျံ အမေရဲ့ ချုပ်ခြယ်ပြီး လက်ပေါက်ကပ်မှုတွေနဲ့ သူ့ရဲ့မိသားစုပြဿနာတွေ ကို အီမီလီယာ တစ်ယောက်ခံစားနေရတာပါ။ဒီဇာတ်ကားလေးထဲမှာဆိုရင် မိထွေးနဲ့သားဖြစ်သူတို့ကြားက မေတ္တာတွေ၊ ဝီလျံ ကိုသူငယ်ချင်းတစ်ယောက်လိုပေါ့ပေါ့ပါးပါးပဲ ဆက်ဆံတဲ့ မိထွေးအီမီ လီယာနဲ့ စည်းကမ်းကြီးပြီး အသေးအမွှားလေးကအစဂရုစိုက်တတ်တဲ့ အမေ အရင်းတို့ရဲ့ ကွာခြားပုံ စတာတွေကို ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.6 GB) / (599 MB) Quality............WEB-DL 1080p / 720p Duration........1Hr 42Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......Theo Katt Encoder..........SWM
movie
The Other Woman (2009)
2009
5.8
Life of Crime (2013)
Tim Robbins နဲ့ Jennifer Aniston တို့ အဓိကပါဝင်ထားတဲ့ Comedy ဇာတ်ကားလေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်.... ဇာတ်လမ်းအစမှာတော့ အိမ်ခြံမြေလုပ်ငန်းရှင် ဖရန့်ခ်ဒေါ်ဆင်ရဲ့မိန်းမ မစ်ကီဒေါ်ဆင်ကို ပြန်ပေးဆွဲဖို့ တိုင်ပင်နေကြတဲ့ရာဇဝတ်သား ၂ ယောက်ရဲ့ ဇာတ်ဝင်ခန်းနဲ့ စထားပါတယ်.သူ့မိန်းမကိုယ်တိုင်တောင်မသိတဲ့ ဖရန့်ခ်ဒေါ်ဆင်ရဲ့ လျှို့ဝှက်ချက်တွေကို သိထားတဲ့ သူတို့ ၂ယောက်ကတော့ ဖရန့်ခ်ရဲ့မိန်းမကိုပြန်ပေးဆွဲငွေညှစ်တာက လွယ်လွယ်လေးပိုက်ဆံရမယ့် အလုပ်လို့ထင်ထားခဲ့တာပါ.ဒါပေမယ့် သူတို့မသိတာက ဖရန့်ခ်မှာ သူတို့မထင်ထားတဲ့ မယ်လနီဆိုတဲ့ အငယ်အနှောင်း ရှိနေပြီး.သူ့မိန်းမ မစ်ကီ့ကိုလည်း ကွာရှင်းဖို့ထိ စီစဉ်ထားပြီးဖြစ်နေခဲ့တယ်ဆိုတာပါပဲ. တကယ့်တကယ် မစ်ကီကို ပြန်ပေးဆွဲချိန်မှာတော့ ဖရန့်ခ်အနေနဲ့က သူ့မိန်းမကို ဒေါ်လာ ၁ သန်း ပေးပြီး ပြန်အရယူဖို့စိတ်ကူးမရှိသလို သူ့အငယ်အနှောင်း မယ်လနီကလည်းတခြားအကြံအစည် တစ်ခုရှိနေပါတယ်.ငွေအရလွယ်ဖို့ ပြန်ပေးဆွဲမိကာမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့အဖြစ်ကြုံရတဲ့သူတို့၊ မစ်ကီကို ဖမ်းထားရင်း ကြုံတွေ့ရတဲ့အလွဲများ၊ တစ်ဖက်က ဖရန့်ခ်ရဲ့ မီးခဲဖင်ခုထိုင်မိသလိုကြံရာမရဖြစ်ပုံများနဲ့ ဘာတွေ ဆက်ဖြစ်ကြမလဲ စတာတွေကိုဟာသနှော တင်ဆက်ထားတဲ့ ...
movie
Life of Crime (2013)
6.5
Blood Ties(2013)
Blood Ties(2013)================ထောင်ထွက်တစ်ယောက်ဖြစ်တဲ့ Chris ဟာ ဒုစရိုက်လောက ကနေရုန်းထွက်ဖို့ကြိုစားပေမယ့် အဲ့လောကရဲ့အကျိုးအမြတ်တွေကိုခံနိုင်စွမ်းမရှိခဲ့ဘူး။ အဲ့တာကပဲသူနဲ့ နဂိုကတည်းကမတည့်တဲ့သူ့ ညီ ရဲအရာရှိ Frank ရဲ့နှစ်ယောက်ကြား ညီအစ်ကိုဆက်ဆံရေးကိုလုံးဝ အဖတ်ဆယ်လို့မရတော့တဲ့ အခြေအနေအထိ ရောက်မလိုဖြစ်ခဲ့ရတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ thriller ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ File size…1.79GB / 745MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 7m Genre ..... Action / Crime / Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyo Phill
movie
Blood Ties(2013)
6.5
The Pale Blue Eye (2023)
The Pale Blue Eye (2023) ================== IMDb Rating - 6.5/10Christian Baleရဲ့ Crime, mystery ရုံတင်ဇာတ်ကားသစ်ကြီး Digital version အနေနဲ့ ထွက်ရှိလာတာကြောင့် CM fan တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်။ Baleဟာ ဒီဇာတ်ကားမှာ စုံထောက်ကြီး ဩဂတ်စတပ် လန်ဒေါအဖြစ် ပါဝင်ထားပါတယ်။အစောပိုင်း IMDbမှာ 6.5, RT 68% ရရှိထားပါတယ်။ တစ်ခေတ်တစ်ခါက နယူးယောက်မြို့မှာ အလွန်နာမည်ကြီးခဲ့တဲ့ စုံထောက်ကြီးလန်ဒေါဟာ တချို့သောကိစ္စတွေကြောင့် မြို့လေး တစ်မြို့မှာ ဇာတ်မြုပ်နေထိုင်နေတာပါ။ ဒါပေမဲ့ သူရှိရာ မြို့မှာပဲ ထူးဆန်းတဲ့အမှုတစ်ခုဟာ ဆိုက်မြိုက်စွာ ရောက်လာခဲ့ပါတယ်။ ထိုမြို့လေးရှိ စစ်သင်တန်းကျောင်းမှ ဗိုလ်လောင်းတစ်ယောက် ကြိုးဆွဲချသတ်သေပြီးတော့မှ အလောင်းထဲက နှလုံးကို ခိုးယူခံ လိုက်ရတာပါ။စုံထောက်ကြီး လန်ဒေါဟာ ဒီအမှုရဲ့သဲလွန်စတွေကို စုံစမ်းလာရင်း သေကြောင်းကြံတာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်း သိလာရပြီး ထိုကျောင်းမှ ကဗျာရူးစာရူး ဗိုလ်လောင်း အီး.အေ.ပိုးဆိုသူနဲ့ ရင်းနှီးကာ အမှုလိုက်ရာမှတဆင့် ထင်တာထက် များစွာနက်နဲတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်နေမှန်း သိသွားကြပါတယ်။ ထိုကဗျာရူး ဗိုလ်လောင်းဆိုသည်မှာ ...
movie
The Pale Blue Eye (2023)
2023
6.9
Frankenweenie (2012)
Frankenweenie (2012)~ IMDb - 6.9/10, Rotten Tomatoes - 87% ~ဂေါ့သစ်ဆရာကြီး Tim Burton ရဲ့ နောက်ထပ် အဟောင်းအကောင်း ဂေါ့သစ်ကားတစ်ကားပါပဲ။ ဖရန်ကင်စတိန်းလိုမျိုးဇာတ်ပေါ့။ ဖရန်ကင်ဝီးနီပါ။ ဝီးနီဆိုတဲ့ ရှည်မျောမျောခွေးပုမျိုး ခွေးလေးတစ်ကောင်ကို ဖရန်ကင်စတိန်းလို ပြန်အသက်သွင်းလိုက်လို့ ဒီနာမည်ပေးထားတာပေါ့။ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလို့လည်း Rumor တွေရှိပါတယ်။ မင်းသမီးကတော့ ဘာတန်အစောပိုင်းကားတွေကတည်းက တော်တော်ပါတဲ့ Winona Ryder ပါပဲ။ ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို့ အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို့ ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ...
movie
Frankenweenie (2012)
2012
6.2
Drunk Bus (2020)
Drunk Bus (2020)==============IMDb Rating - 6.2/102020 ကထွက်ရှိခဲ့တဲ့ drama, comedy ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။မိုက်ကယ်ဆိုတဲ့ကောင်လေးက ကျောင်းပြီးလို့ ဘွဲ့ရသွားပေမယ့် လမ်းပျောက်နေတဲ့သူတစ်ယောက်ပါ။ ဓာတ်ပုံပညာကို အလွန်ဝါသနာ ပါခဲ့ပေမယ့် သူနဲ့ငါးနှစ်တွဲခဲ့တဲ့ချစ်သူအေမီ သူ့ကိုထားသွားပြီးနောက် မှာတော့ ပျက်နေတဲ့ကင်မရာကိုတောင် မပြင်တော့ပဲ ဘဝကို ပျင်းရိ ငြီးငွေ့စွာ တက္ကသိုလ်ကြိုပို့ကားမောင်းရင်း ရှင်သန်နေသူတစ်ဦးပေါ့။ ကြင်နာတတ်ပေမယ့် နည်းနည်းကြောက်တတ်တဲ့သူကို အနိုင်ကျင့် စော်ကားသူတွေလည်း ရှိပြန်လေရဲ့…ဒီလိုနဲ့ သူ တစ်နေ့ ကျောင်းသားတစ်ယောက်ရဲ့ထိုးကြိတ်တာကို ခံလိုက် ရပြီးနောက် ကားကုမ္ပဏီက သူ့လုံခြုံရေးအတွက် ဘော်ဒီဂတ်သဘောမျိုး လူတစ်ယောက်ခန့်ပေးခဲ့ပါတယ်။ ထူးခြားတာက အဲဒီလူကြီးဟာ တစ်ကိုယ်လုံး ဆေးမင်ကြောင်တွေနဲ့ပြည့်နေပြီး နာမည်ကလည်း နာနတ်သီးဆိုပဲ… သူနဲ့ နာနတ်သီး ခင်မင်သွားကြပြီး နာနတ်သီးက သူ ဘဝမှာ မလုပ်ရဲ မလုပ်ဝံ့ ခဲ့တာတွေကို တွန်းအားပေးလာခဲ့ချိန်မှာတော့… Fun fact အနေနဲ့ပြောရရင် နာနတ်သီးရဲ့ အပြင်နာမည်ကလည်း နာနတ်သီးပါပဲတဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Myat Thu ဖြစ်ပါတယ်)File Size - (1.14 GB) / ...
movie
Drunk Bus (2020)
2020
7.2
I Am Legend (2007)
I Am Legend 2007==============#UnicodeIMDb Rating 7.2/10 ထိရရှိထားတဲ့ နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်းရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်းရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော်အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာ အမျိုးသမီးတစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကိုရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမဇာတ်ကားနဲ့ ကွဲသွားမှာပါ။ Rating ကတော့ IMDb 7.2 ချင်း တူတူပါပဲ။ Quality – 1080P, ...
movie
I Am Legend (2007)
2007
6.6
Super Dark Times (2017)
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ ၂၀၁၇ မှာထွက်လာတဲ့ Super Dark Time ဆိုတဲ့ကားလေးပါလူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ ပြသနာလေးတွေကို ရိုက်ပြထားတာပါဒီထဲမှာတော့ ဇက်နဲ့ ဂျော့ရှ်နဲ့က အချစ်ဆုံးသူငယ်ချင်းတွေပါဇက်မှာ ငယ်ငယ်က အမြဲအတူတူဆော့ခဲ့တဲ့ ဒဲလ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်သူကပြသနာကောင်ပေါ့ ဒါ့အပြင် သူတို့ထက်နည်းနည်းငယ်တဲ့ အလယ်တန်းကျောင်းကကောင်လေး ချာလီဆိုတာလဲ ရှိပါသေးတယ်သူတို့က အမြဲကိုယ်စီစက်ဘီးတွေနဲ့ အုပ်စုလိုက် တံတားပေါ်မှာ လျှောက်လည်လေ့ရှိပါတယ်တစ်နေ့တော့ ဂျော့ရှ်အိမ်ကို လိုက်သွားရင်း ဂျော့ရှ်အစ်ကိုရဲ့ ဆေးခြောက်ထုပ်ကိုတွေ့တော့ဒဲလ်က စမ်းသုံးကြည့်ချင်ပါတယ်ဂျော့ရှ်က ခွင့်မပြုပါဘဲ တခြားစိတ်ဝင်စားစရာပစ္စည်းတစ်ခု ထုတ်ပြပါတယ်အဲဒါက သူ့အစ်ကိုရဲ့ဓားပါ သူတို့အဲ ဓားနဲ့ဆော့မယ်ဆိုပြီး တောထဲထွက်လာကြပါတယ်ဒဲလ်က ဂျော့ရှ်မသိအောင် ဆေးခြောက်ထုပ်ခိုးယူလာတာကို သိသွားတော့ ပြသနာတက်ကြပြီး ထိုးရင်းကြိတ်ရင်းဒဲလ်ကို ဓားနဲ့ထိုးမိသွားပါတယ်အဲမှာ အသက်မပြည့်သေးတဲ့ကလေးတွေ ဒီကိစ္စကို လူမသိအောင်ဖုံးရင်းဖိရင်း ဘာတွေကြုံရတယ်ဆိုတာကို ရိုက်ပြထားတာပါတကယ်ကြည့်လို့ကောင်းတဲ့ကားလေးပါဒါ့အပြင် လူငယ်ဆန်ဆန်လွတ်လွတ်လပ်လပ်သရုပ်ဆောင်ပုံလေးတွေနဲ့ တကယ်ကြည့်ရှုသင့်တဲ့ကားမျိုးလို့ ညွှန်းပါရစေ File Size : (900 MB) and (370 MB) Quality : ...
movie
Super Dark Times (2017)
2017