Channel Myanmar

The Pale Blue Eye (2023)

CrimeHorrorMystery

6.5
IMDB: 6.5/10 1100 votes

413468

Report error

The Pale Blue Eye (2023)
==================
IMDb Rating – 6.5/10

Christian Baleရဲ့ Crime, mystery ရုံတင်ဇာတ်ကားသစ်ကြီး
Digital version အ​နေနဲ့ ထွက်ရှိလာတာ​ကြောင့် CM fan​​ တွေ
အတွက် တင်ဆက်​ပေးလိုက်ပါတယ်။ Baleဟာ ဒီဇာတ်ကားမှာ
စုံ​​​ထောက်ကြီး ဩဂတ်စတပ် လန်​ဒေါအဖြစ် ပါဝင်ထားပါတယ်။

အ​စောပိုင်း IMDbမှာ 6.5, RT 68% ရရှိထားပါတယ်။
တစ်​ခေတ်တစ်ခါက နယူး​​ယောက်မြို့မှာ အလွန်နာမည်ကြီးခဲ့တဲ့
စုံ​ထောက်ကြီးလန်​ဒေါဟာ တချို့​​သောကိစ္စ​တွေ​ကြောင့် မြို့​လေး
တစ်မြို့မှာ ဇာတ်မြုပ်​နေထိုင်​နေတာပါ။ ဒါ​ပေမဲ့ သူရှိရာ မြို့မှာပဲ
ထူးဆန်းတဲ့အမှုတစ်ခုဟာ ဆိုက်မြိုက်စွာ​ ရောက်လာခဲ့ပါတယ်။
ထိုမြို့​လေးရှိ စစ်သင်တန်း​ကျောင်းမှ ဗိုလ်​​လောင်းတစ်​ယောက်
ကြိုးဆွဲချ​သတ်​သေပြီး​တော့မှ အ​လောင်းထဲက နှလုံးကို ခိုးယူခံ
လိုက်ရတာပါ။

စုံ​ထောက်ကြီး လန်​ဒေါဟာ ဒီအမှုရဲ့သဲလွန်စ​တွေကို စုံစမ်းလာရင်း
​သေ​ကြောင်းကြံတာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာ
ဖြစ်​ကြောင်း သိလာရပြီး ထို​ကျောင်းမှ ကဗျာရူးစာရူး ဗိုလ်​လောင်း
အီး.​​အေ.ပိုးဆိုသူနဲ့ ရင်းနှီးကာ အမှုလိုက်ရာမှတဆင့် ထင်တာထက်
များစွာနက်နဲတဲ့ ​ဖြစ်ရပ်​တွေနဲ့ပတ်သက်​နေမှန်း သိသွားကြပါတယ်။
ထိုကဗျာရူး ဗိုလ်​လောင်းဆိုသည်မှာ တခြားသူမဟုတ်.. ​နောင်အခါ
Edgar Allen Poeဆိုသည့် နာမည်​ကျော်စာ​ရေးဆရာကြီး ဖြစ်လာ
မယ့်သူပါ။

လန်​ဒေါနဲ့ ပိုးတို့ အမှုကို ဆုံးခန်းတိုင်​အောင် ​ဖော်ထုတ်နိုင်ကြမလား၊
တရားခံအစစ်က ဘယ်သူဖြစ်မလဲ၊ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှု
များစွာနဲ့ ရင်ဆိုင်ရမလဲဆိုတာ ခုလိုချမ်းစိမ့်စိမ့်ရာသီမျိုးမှာ ​ကော်ဖီ
တစ်ခွက်နဲ့ အရသာခံပြီးကြည့်လို့ရမယ့် စုံ​ထောက်ဇာတ်ကား​ကောင်း
တစ်ခုပဲဖြစ်ပါတယ်။

(ဒီဇာတ်လမ်းရဲ့အညွှန်းကို illidanမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား
ပေးသူများကတော့ CM Team ဖြစ်ပါတယ်)

File Size………. (600 MB)
Quality…………WEB-DL 720p
Duration………2Hrs 08mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Crime, Horror, Mystery
Translator…….illidan, Khant Sett Naing, Thiha Yan Naing
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Pale Blue Eye (2023)
The Pale Blue Eye (2023)
The Pale Blue Eye (2023)
The Pale Blue Eye (2023)
The Pale Blue Eye (2023)
The Pale Blue Eye (2023)


No downloads available

Genres



Related movies