Channel Myanmar

Charmaine Bingwa

Black Box (2020) 6.2
Black Box (2020) Black Box (2020)~ IMDb - 6.2/10, Rotten Tomatoes - 71% ~2020 ​နှစ်က ထွက်ရှိထားတဲ့ အ​မေရိကန် Sci-Fi Horror ကားတစ်ကားပါ။ ဒီလို Genre မျိုး ကြိုက်တတ်ရင် ကြည့်သင့်တဲ့တစ်ကားပါပဲ။ဇာတ်လမ်းအညွှန်းကားမ​တော်တဆမှု ကြောင့် ဇနီးသည်ပါမက မှတ်ဥာဏ်​တွေကိုပါ ဆုံးရှုံးလိုက်ရတဲ့ နိုလန်... ဆရာဝန်​တွေအားလုံးက လက်​လျော့လိုက်​ပေမယ့် တဖန် သတိပြန်ရလာတဲ့ နိုလန်တစ်​ယောက် မှတ်ဥာဏ်​တွေလိုက်ရှာ​ဖွေ​နေရင်း ကုမရတဲ့အဆုံး သူငယ်ချင်းဆရာဝန် လမ်းညွှန်မှုနဲ့ စိတ်အထူးကုဆရာဝန် ဘရု နဲ့ ​တွေ့သွားတဲ့အခါ...- ဘယ်​လို​တွေ မှတ်ဥာဏ်ရ​အောင်ရှာ​​ဖွေခဲ့လဲ -​ သတိပြန်ရလာတဲ့ နိုလန်ဖြစ်ရပ်က​တော့ ထူးခြားမှုတစ်ခုပဲလား -​​ ဒေါက်တာဘရု နိုလန်ကို ​သွေးရိုးသားရိုးပဲ ကူညီခဲ့တာလား - ​ဒေါက်တာဘရု လျှို့ဝှက်ထားတဲ့ အရာ​တွေက​ရော ဘာ​တွေလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုလို့​ကောင်းမယ့်ကား​လေးပါ။သရဲ​တွေဘာ​တွေမပါ​ပေမဲ့လည်း ကြည့်​နေရင်း ချမ်းစိမ့်စိမ့်ဖြစ် ကြက်သီးထလာတဲ့ ခံစားမှုကိုလည်းရမယ့်ကားတစ်ကားပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie

Black Box (2020)

2020
Emancipation (2022)
Emancipation (2022) ​အေဘရာဟင်လင်ကွန်း​ခေတ် မတိုင်ခင်အထိ အ​မေရိကန်နိုင်ငံရဲ့ လူဖြူ၊လူမဲခွဲခြားတဲ့ စနစ်ဆိုးကြီးက အ​တော်​ကိုအမြစ်တွယ်ခဲ့ပြီး ယ​နေ့ထက်​တိုင် စနစ်ရဲ့အရိပ်ကကပ်ပါ​နေဆဲပါ။ ဒီလို လူတန်းစား ခွဲခြား​ရေးဝါဒီ​ ထောက်ခံ​ရေးနဲ့ တိုက်ဖျက်​​​ရေးဝါဒီ​တွေ ထိပ်တိုက် ​တွေ့ဆုံခဲ့တဲ့ ၁၈၆၀​ပြည့်နှစ်​တွေဟာ စနစ်ရဲ့ဖိနှိပ်မှုကို ကာပြန်ခဲ့တဲ့ လူမည်း​တွေလည်း များစွာရှိခဲ့ပါတယ်။ဒီဇာတ်ကားက​ အခုလိုမျိုးရုန်းထွက်ခဲ့ကြသူ​တွေထဲက ပီတာဆိုတဲ့ လူမည်းကျွန်တစ်​ယောက်ရဲ့ဖြစ်ရပ်မှန်မှတ်တမ်းကို ပုံ​ဖော်ရိုက်ကူး ထားတာပါ။ ပီတာ​နေရာမှာ သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး မိတ်ဆက်ဖို့မလိုတဲ့ မင်းသားကြီးWill Smith ဖြစ်ပြီး သူနဲ့အပြိုင် ကြမ်းမယ့်သူက Ben Fosterဖြစ်တာမို့ မ​​ခေတဲ့သူပါပဲ။ IMDbမှာ ​တော့10အပြည့်ရထားပြီး RTမှာ​တော့ 50%ရထားပါတယ်။ဇာတ်လမ်းက​ လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှ အလုပ်သမား​တွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှု​တွေကြားက လင်ကွန်းရဲ့ Native Guard(လူမည်းတပ်)ရှိရာ ​ဘေတန်ရုဂ်မြို့ကို ထွက်​ပြေးဖို့ ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။ နွံအိုင်ပတ်လည် ဝိုင်း​နေတဲ့ စခန်းဖြစ်သလို ထွက်​ပြေးသူ​တွေရှိရင် လိုက်ဖမ်းဖို့ မြင်းစီးမုဆိုး​တွေနဲ့အမဲလိုက်​ခွေး​တွေပါ အသင့်ရှိ​နေလို့ လွတ်ဖို့ဆိုတာ အ​တော်မလွယ်ကူတဲ့​နေရာမျိုးပါ။ ဒီလို​နေရာက​နေ ​"သေ​မြေ​ကြီး ရှင်​ရွှေထီး"ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှ ထွက်​ပြေးလာပါ​​တော့တယ်။ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်​ပြေးမြင်မိ ပါ​သေးတယ်။ ​ရှေ့က​ပြေးသူနဲ့နောက်ကလိုက်သူ မုဆိုး​တွေကြားက အားပြိုင်မှု​တွေ၊ နွံအိုင်ကြီး​တွေနဲ့ မမြင်ရတဲ့အန္တရာယ်​ပေါင်းများစွာ၊ သားရဲ​ပေါင်းများစွာကြားက အသက်​​ဘေးလွတ်​အောင် ရုန်းကန်ပုံ ​တွေက အ​တော်​လေး ...
movie

Emancipation (2022)

2022
Trees of Peace (2022) 6.5
Trees of Peace (2022) Trees of Peace (2022)လူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်း ရုပ်ရှင်တွေ စီအမ်မှာ တော်တော်လည်း မနည်းတော့ပါဘူး။ ကမ္ဘာကြီးဟာ ကျွန်တော်တို့ထင်တာထက် ရက်စက်တဲ့နေရာတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့တဲ့အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်တွေပေါ့။ ဒီတစ်ခါ လူမျိုးသုဉ်းသတ်ဖြတ်မှုကတော့ အရှေ့အာဖရိကက ရဝမ်ဒါဆိုတဲ့နေရာလေးမှာ ၁၉၉၄မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါလူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်းပါ။ ဟူးတူးနဲ့ တက်စီဆိုပြီး အဓိကလူမျိုးစုနှစ်ခုရှိနေရာက ဟူးတူးတွေက တက်စီတွေကိုသာမက ဟူးတူးပဲ ကျန်ရမယ်ဆိုပြီး အစွန်းမရောက်တဲ့ဟူးတူးတွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ သတ်ဖြတ်မှုကြီးပါ။ဒီလိုသတ်ဖြတ်မှုတွေစစချင်းမှာ မတူညီတဲ့နောက်ခံ မတူညီတဲ့အခြေအနေအမျိုးမျိုးက အမျိုးသမီးလေးယောက်ဟာ မြေတိုက်ခန်းတစ်ခုမှာပုန်းနေခဲ့တယ်။ အန်းဖရန့်လိုပေါ့။ ဒီအခန်းကျဉ်းလေးမှာ ရက်ပေါင်းများစွာပုန်းနေရခြင်း သူတို့စိတ်တွေကို တတိတိလှိုက်စားခဲ့တာတွေကိုပြထားတယ်။ အမေရိကန်ရယ် ဟူးတူးရယ် တက်စီရယ် လူမျိုးစုတွေ အယူဝါဒတွေမတူကြတော့ ပြဿနာတွေလည်း တက်တယ်။ အပြင်က ရက်ရက်စက်စက်သတ်ဖြတ်မယ့်လူတွေရယ် အထဲကပြဿနာတွေရယ်ကြား ဘေးကြပ်နံကြပ်နဲ့နေနေရတဲ့ အကြောင်းတွေပါပဲ။ ဒီလိုနေရာကျဉ်းကျဉ်းလေးမှာ ရက်ပေါင်းများစွာနေလိုက်ရတဲ့နောက် အပြစ်ရှိစိတ်တွေ ယုံကြည်ချက်တွေကြား စိတ်တွေပါ ရူးမလိုလိုဖြစ်ကုန်ကြတာကို ပြထားတဲ့ရုပ်ရှင်ပါ။ ပြီးတော့ လွတ်မြောက်ဖို့နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ မျှော်လင့်ချက်အကြေင်းရောပေါ့။ဒီကာလမှာ အမျိုးသမီး၅သိန်းဝန်းကျင်လည်း မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်မှာတော့ ကံကောင်ခဲ့းတဲ့ အမျိုးသမီးလေးယောက်ကို ပြထားတာပါ။ သူတို့ကံကောင်းတယ်ဆိုတာတောင် ဘယ်လောက်ခက်ခဲခဲ့လဲ ကောင်းကောင်းကြီး ပြထားတဲ့ ရုပ်ရှင်ဆိုတော့ ကံဆိုးခဲ့တဲ့အမျိုးသမီး ၅သိန်းအကြောင်းကိုတော့ ကျွန်တော်တို့ ကြည့်ရက်စရာမရှိဘူးပေါ့။အညွှန်း နဲ့ ...
movie

Trees of Peace (2022)

2022
Back to the Outback (2021) 6.7
Back to the Outback (2021) IMDb Rating (6.7) / Rotten Tomatoes (87%)တိရိစ္ဆာန်လေးတွေအားလုံးက ချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ လူတွေက အဆိပ်ပြင်းတဲ့ တိရိစ္ဆာန်တွေဆို မကောင်းဆိုးဝါးတွေလို တူးတူးခါးခါး မုန်းကြတယ်၊ ကြောက်ကြတယ်။ ဒါပေမဲ့ သူတို့ဆီမှာလည်း ကြင်နာတတ်တဲ့ နှလုံးသား၊ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်ကလေးတွေရှိကြပါတယ်။ဒါကို Back to the Outback ဆိုတဲ့ ကာတွန်းကားလေးမှာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။ အဆိပ်ပြင်းတဲ့​မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်၊ ပုတ်သင် အစရှိတဲ့တိရိစ္ဆာန်​လေးတွေဟာ တိရိစ္ဆာန်ရုံထဲမှာ မကောင်းဆိုးဝါးတွေအဖြစ်ပြစားခံရပါတယ်။ ဒီထဲမှာမှ ကိုအာလာလို ချစ်ဖို့ကောင်းတဲ့ ကောင်တွေတော့မပါဘူးပေါ့လေ။ဒီကားလေးမှာ ဒီတိရိစ္ဆာန်လေးတွေဟာ လှောင်အိမ်ထဲကရုန်းထွက်ပြီး ဘေးလွတ်ရာကို အသက်စွန့်ပြေးရတဲ့ စွန့်စားခန်းတွေအပြင် သူတို့ဆီမှာ ကန့်လန့်ကန့်လန့်ပါလာတဲ့ ကိုအာလာကိုလည်း ကြည့်ရမှာပါ။သူကတော့ ထွက်ပြေးချင်တာမဟုတ်ဘဲ တိရိစ္ဆာန်ရုံထဲမှာပဲ ကျော့ကျော့မော့မော့နေချင်တဲ့ ငနဲဆိုတော့ ဒီထွက်ပြေးမှုမှာ သူက အတိုက်အခံပဲ။ ဒါကြောင့် အဆိပ်ရှိတဲ့တိရိစ္ဆာန်လေးတွေဟာ လူတွေလက်ထဲက ရုန်းထွက်သွားပြီး ...
movie

Back to the Outback (2021)

Nekrotronic (2018) 5.6
Nekrotronic (2018) ရှေးခေတ်တုန်းက လူတွေက နတ်ဘုရားတွေကို ယစ်ပူဇော်ခဲ့ကြတာဟာနတ်ဆိုးနဲ့မကောင်းဆိုးဝါးတွေ ကမ္ဘာကိုလာလို့ရမယ့် Wormhole တစ်ခုလို ဖြစ်ပြီးကမ္ဘာပေါ်ကို ဒီကောင်တွေ ရောက်လာပါတယ်တဲ့။အဲ့ဒီနတ်ဆိုးတွေက လူတွေရဲ့ဝိဉာဉ်တွေကိုစားသုံး၊လူတွေကိုပူးပြီး သတ်ဖြတ်ပါလေရောတဲ့..အဲ့အချိန်မှာပဲ သောက်ရမ်းကြမ်းတဲ့လက်နက်တွေ၊အစွမ်းတွေနဲ့ အောက်လမ်းဆရာတွေပေါ်လာပြီးနတ်ဆိုးတွေ မကောင်းဆိုးဝါးတွေနဲ့ ဘတပြန်ကျားတပြန် ဆော်ပလော်တီးနေကြတာ အတော်ကြာနေခဲ့ပါပြီတဲ့..အခုခေတ်ရောက်လာတော့ နတ်ဆိုးတွေက အင်တာနက်အစွမ်းကိုသိပြီး App တစ်ခုထုတ်လိုက်ပါလေရောတဲ့..အဲ့ App နဲ့ အင်တာနက်ပေါ်ကတဆင့်လူတွေဆီကို ဝင်ပူးပါတော့တယ်...အဲ့နတ်ဆိုးက အသက်ကြီးပေမယ့် မိုက်နေတုန်းပါပဲ...မိုက်ဆို..နတ်ဆိုးက ဒို့မတ်မတ် မိုနီကာဘယ်လူချီဖြစ်နေတာကိုး...မင်းသားကတော့ Iron man နဲ့ Captain America ပေါင်းထားတဲ့ရုပ်နဲ့ Australia မင်းသား Ben O'Toole ပါ။Sci-Fi , Horror အမျိုးအစားဇာတ်ကားဖြစ်ပြီး ရှယ်ကြမ်းအောင် ရိုက်ကူးထားပါတယ်။ရွံစရာမကောင်းဆိုးဝါးတွေ..ရောင်စုံအစွမ်း ရောင်စဉ်တန်းတွေ...ခပ်မိုက်မိုက်လက်နက်တွေ...ခက်ကြမ်းကြမ်းချကွက်တွေနဲ့ဒီဇာတ်ကားက IMDb Rating (5.6) ရရှိထားပါတယ်။  File size…(1.7 GB) / (999 MB) / (400 MB) Quality…BluRay 1080p ...
movie

Nekrotronic (2018)