Channel Myanmar

Claudia Traisac

Escobar: Paradise Lost (2014) 6.5
Escobar: Paradise Lost (2014) Pablo Escobar ဆိုတဲ့ ကိုလံဘီယာက မူးယစ်ရာဇာကို ရုပ်ရှင်၊ စီးရီးများအဖြစ် ပုံဖော်ခဲ့ကြတဲ့ဇာတ်လမ်းတွေ အများကြီးရှိခဲ့ကြပါတယ်။ ဒီ Escobar Paradise Lost ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ပုံမှန်ချဉ်းကပ်နေကြ ဇာတ်လမ်းပုံစံမျိုးတွေထက်အချစ်နဲ့ အန္တရာယ်ကြားထဲကသည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးကိုအသားပေး ဖော်ပြထားပါတယ်။ပါဘလို အက်စကိုးဘားအဖြစ် Benicio Del Toro က သရုပ်ဆောင်ထားပြီး Josh Hutcherson ကနစ်ခ်ဘရေဒီ အဖြစ် ပါဝင်ထားပါတယ်။ The Usual Suspects, Che, Sicario စတဲ့ ဇာတ်ကားတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ Legend ကြီး Benicio Del Toro နဲ့The Hunger Games ဇာတ်လမ်းတွဲတွေရဲ့ စတားJosh Hutcherson တို့ အားပြိုင်မှုကိုလည်း တွေ့ရပါတယ်။နစ်ခ်ဘရေဒီဟာ ကိုလံဘီယာမှာ အစ်ကိုနဲ့အတူအလုပ်လုပ်နေပြီးတော့ မာရီယာနဲ့ တွေ့ဆုံပြီးချစ်မိသွားခဲ့တာဖြစ်ပါတယ်။ မာရီယာကလည်းမူးယစ်ရာဇာ Pablo Escobar ရဲ့ တူမ ဖြစ်နေပြန်ပါတယ်။အစပိုင်းမှာတော့ သူတို့အချစ်ရေးကအားလုံးကလည်း သဘောတူကြည်ဖြူတဲ့အတွက်ဖြောင့်ဖြူးသလိုရှိခဲ့ပေမယ့်..အက်စကိုးဘားမိသားစုထဲ ပိုပြီးဝင်ရောက်လာလေ ...
movie

Escobar: Paradise Lost (2014)

2014
Ramona (2022) 6.3
Ramona (2022) IMDb-6.3/10 ~ Rotten tomatoes-100%2022 တုန်းကထွက်ရှိခဲ့တဲ့ စပိန်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ဝင်ခန်းအများစုကို အဖြူ၊ အမဲနဲ့ရိုက်ထားပြီးတော့ ရာမိုနာ ဆိုတဲ့ကောင်မလေးရဲ့ သုံးပွင့်ဆိုင်အချစ်ကို ပြသထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ အိုနာ (ရာမိုနာ) ဟာ သူနဲ့နှစ်အကြာကြီးတွဲခဲ့တဲ့ ကောင်လေးဖြစ်သူ နစ်ကို နဲ့အတူ လန်ဒန်မြို့ကနေပြီး မက်ဒရစ်မြို့ကိုပြန်ပြောင်းလာခဲ့တာပါ။ ရာမိုနာက မက်ဒရစ်မြို့မှာ အခြေချပြီးတော့အစက‌နေကြိုးစားရင်းနဲ့ မင်းသမီးလုပ်ပြီး သားသမီးတွေနဲ့ ဘဝကိုကုန်ဆုံးချင်သူပါ။ ဒီလိုနဲ့ သူဝင်ပြီးအ‌ရွေးခံမဲ့ သရုပ်ဆောင်ရွေးပွဲမတိုင်ခင် တစ်ရက်အလိုမှာ လူရွေးပွဲလုပ်မဲ့နေရာနားက ဘားကိုသွားရင်းနဲ့ သူ့ထက်အသက်ကြီးတဲ့ ဘရူနိုနဲ့စကားလက်ဆုံကျပြီး ဘဝကြီးအကြောင်း၊ ကမ္ဘာကြီးအကြောင်းပြောရင်းအဖွဲ့ကျနေခဲ့ပါတယ်။ဒီအချိန်မှာ ဘရူနိုက ရုတ်တရက်သူ့ကိုချစ်နေကြောင်း ပြောလိုက်တဲ့အတွက် ရာမိုနာလည်းလန့်သွားပြီး စကားအများကြီးဆက်ပြောမနေ‌တော့ပဲ ထွက်လာခဲ့လိုက်ပါတယ်။ နောက်တစ်ရက် လူရွေးပွဲကိုသွားတဲ့အခါမှာ ဘရူနိုက ရုပ်ရှင်ရိုက်မဲ့ဒါရိုက်တာဖြစ်နေပြီး သူ့ကို ခေါင်းဆောင်မင်းသမီးအနေနဲ့ပဲတင်ရိုက်ဖို့ အတင်း‌ ရွေးတဲ့အတွက် ရာမိုနာလည်း သရုပ်မဆောင်နိုင်ကြောင်းပြောရင်း ထွက်လာခဲ့လိုက်ပါတယ်။ ဒီအကြောင်းကို နစ်ကို သိသွားတဲ့အချိန် နှစ်ခါပြန်မရနိုင်တဲ့ ...
movie

Ramona (2022)