Channel Myanmar

Colin Carnegie

High-Rise (2015) 5.6
High-Rise (2015) High-Rise (2015)IMDb - 5.6/10_____Rotten - 60%    "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် ...
movie

High-Rise (2015)

2015
Zoo (2017) 7.1
Zoo (2017) MDB - 7.1 Rotten tomatoes - 82%ဒီတစ်ခါမှာဆိုရင်တော့ CM က ပရိတ်သတ်တွေကိုဒါရိုက်တာ Colin McIvorရဲ့ true story ဇာတ်ကားတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ဒီကားလေးကတော့ ၁၉၄၁တုန်းက ဒုတိယကမ႓ာစစ်ကအဖြစ်အပျက်တစ်ခုကို ရိုက်ထားတာပါ၁၂အရွယ်ကောင်လေးတစ်ယောက်ဖြစ်တဲ့ တွမ်ရဲ့အဖေဟာဆိုရင်Belfast တိရစ္ဆာန်ရုံက ဆရာဝန်တစ်ယောက်ပေါ့တစ်နေ့ကျတော့ အဲ့တိရစ္ဆာန်ရုံကိုဆင်အသစ်လေးတစ်ကောင်ရောက်လာခဲ့ပါတယ်စစ်ဖြစ်ပြီးဗုံးကြဲခံရတဲ့အချိန်ရောက်တော့အစိုးရက တိရစ္ဆာန်ရုံထဲက အကောင်ကြီးတစ်ချို့ကိုသတ်ဖို့ ညွှန်ကြားချက်တွေပေးပါလေရောသူ့အဖေဆိုတဲ့သူကလည်း စစ်တိုက်ဖို့ထွက်သွားရတော့ ကူကယ်ရာမဲ့နေပြီပေါ့အဲ့အခြေအနေတွေကြားမှာ တိရစ္ဆာန်တွေကိုချစ်တဲ့တွမ်ဆိုတဲ့ကောင်လေးက ဆင်လေးကိုကယ်ဖို့သူ့သူငယ်ချင်းတွေနဲ့အတူ ကြိုးပမ်းပါတော့တယ်သူဆင်လေးကို အဆုံးထိကယ်နိုင်သွားမလား...စစ်ပွဲကရော ဘယ်လိုတွေဆက်ဖြစ်မလဲ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Khin  ပါ)File Size : (850 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Family, History, War Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

Zoo (2017)

2017
The Lost City of Z (2017) 6.6
The Lost City of Z (2017) The Lost City of Z (2017) IMDb - 6.6/10____Rotten - 86%  လောလောလတ်လတ်ပူပူနွေးနွေးထွက်ထားတဲ့ရုံတင်ကားလေးတကားမိတ်ဆက်ပေးချင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့Robert Pattinson, Charlie Junnamတို့အပြင် ကျွန်တော်တို့ရဲ့Spider ManလေးTom Hollandလည်းပါဝင်တဲ့Advanture/Dramaကားလေးတကားဖြစ်ပါတယ်။ဒီကားလေးဟာ၂၀ရာစုနှစ်အစောပိုင်း၁၉၀၆ခုနှစ်ဗြိတိသျှစူးစမ်းရှာဖွေသူတဦးဖြစ်တဲ့Percy Fawcettဆိုတဲ့သူရဲ့တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။Percy Fawcettဆိုတာကဗြိသျှတပ်မတော်ကအရာရှိတဦးဖြစ်တဲ့အပြင်ရှေးဟောင်းသုတေတနပညာရှင်၊ပထဝီပညာရှင်တဦးဖြစ်ပါတယ်။၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။နောက်ဆုံးတခေါက်၁၉၂၅ခုနှစ်မှာသူ့သားဖြစ်သူJack Percy Fawcettနဲ့အတူတူသွားခဲ့ပြီးတဲ့နောက်မှာတော့သတင်းအစအနပျောက်သွားပါတယ်။သူတို့ကိုအဲဒီအချိန်ကစပြီးနောက်ထပ်မတွေ့ရတော့ပါဘူး။အဲဒီကိစ္စဟာပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။သူတို့အဲဒီမြို့ကိုတွေ့ခဲ့ကြသလား။ဘာတွေဖြစ်ခဲ့ကြလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိနိုင်မှာပါ။ဒီကားလေးဟာလည်း၁၉၀၅ခုနှစ်ကနေစပြီးသူ့ရဲ့ကြိုးစားခဲ့မှုတွေအမေဇုံလိုတောကြီးမျက်မည်းထဲမှာအန္တာရာယ်အမျိုးမျိုးရဲ့ကြားရုန်းကန်ခဲ့ရမှုတွေကိုရိုက်ပြထားတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားအနေနဲ့ဇာတ်ရှိန်အေးအေးလေးနဲ့ဆွဲခေါ်သွားမယ့်ကားလေးဖြစ်ပါတယ်။အေးအေးဆေးဆေးနားနားနေနေကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။Ratingအနေနဲ့လည်း  6.6/10 ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)   File Size : (853 MB) Quality : 720p Bluray Running Time : 2hr 21minutes Format : Mp4 Genre : Biography, Drama, History Translated By Thura Zarni Aung Encode By Thanhtike Zaw
movie

The Lost City of Z (2017)

2017