Channel Myanmar
Colin Firth
The English Patient (1996) 7.4
The English Patient (1996) ဒုတိယ ကမ္ဘာစစ်ကိုဇာတ်လမ်းတည်ပြီးရိုက်ထားတဲ့ အချစ်ဇာတ်လမ်းလေးပါ အချစ်က လူတိုင်းကို ရူးသွပ်စေနိုင်တယ်ဆိုတာလေးပါ ဖော်ပြပေးထားတာပါ ဂျော့ဖရီ နဲ့ ကတ်သရင်းတို့ လင်မယားနှစ်ယောက်က လေ့လာရေးခရီးထွက်ပြီး မြေပုံဆွဲနေတဲ့အဖွဲ့ဆီ ရောက်လာတာကနေ ဇာတ်လမ်းလေးက စတာပါ အဖွဲ့ထဲမှာ ကတ်သရင်းကို သဘောကျနေတဲ့ အယ်မာဆီဆိုတဲ့တစ်ယောက်ကလည်း ရှိနေပါသေးတယ် တစ်နေ့တော့ ဂျော့ဖရီက အစိုးရအတွက် အလုပ်လုပ်ပေးဖို့ သွားတော့ ကတ်သရင်းကို လေ့လာရေးအဖွဲ့နဲ့ ထားခဲ့ပါတော့တယ် အဲဒီအချိန်မှာပဲ ရှုပ်ထွေးပွေလီလှတဲ့ အချစ်ရဲ့ နိယာမတွေကို တစ်ခုချင်းစီ ကွက်ကွက်ကွင်းကွင်းမြင်ပြီး ငြိမ့်ငြိမ့်လေးနဲ့ ခံစားနေရာကနေ မျက်ရည် ဘူးသီးလောက်ကျအောင် ဆွဲခေါ်သွားနိုင်တာမို့ ဆု အများကြီးရထားပြီး လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ  File size…(1.7 GB)/(928.32MB) Quality….Webrip  720p / 480p Format…mp4 Duration….02:42:00 Genre...Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
The English Patient (1996)
Kingsman: The Golden Circle(2017) 7.7
Kingsman: The Golden Circle(2017) ဒီဇာတ်ကားဟာ 2014 က ထွက်ခဲ့တဲ့ Kingsman: The Secret Service ရဲ့ အဆက်ဖြစ်ပါတယ်။အက်စီဟာ Kingsman ရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဆရာဖြစ်သူဟယ်ရီဟာ့ဒ် သေဆုံးသွားပြီးတဲ့နောက် ဂဲလာဟဒ်နာမည်နဲ့ပဲဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။တစ်ရက်မှာတော့ လက်တဖက်ပြတ် ချာလီရဲ့ လုပ်ကြံမှုကနေ သီသီလေးလွတ်မြောက်ခဲ့ပေမယ့် အက်စီနဲ့ မာလင်ကလွဲရင် ကျန်တဲ့Kingsman Agents အားလုံး လုပ်ကြံခံလိုက်ရပါတယ်။အဲ့လိုနဲ့ အက်စီနဲ့ မာလင်တို့ Statesman ဆိုတဲ့အဖွဲ့အစည်းနဲ့ချိတ်ဆက်မိပြီး သေပြီလို့ ယူဆထားခဲ့တဲ့ ဟယ်ရီဟာ့ဒ်နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ဒါပေမယ့် ဟယ်ရီက အတိတ်မေ့နေပြီး Kingsman နဲ့ပတ်သက်သမျှဘာမှမသိတော့တဲ့အခါ သူ့ကို ပြန်ပြီး မှတ်ဉာဏ်ပေါ်လာအောင်နည်းမျိုးစုံကြိုးစားကြရင်း The Golden Circle ဆိုတဲ့ မူးယစ်အကြမ်းဖက်အဖွဲ့ရဲ့ လူသန်းပေါင်းများစွာသေစေနိုင်မယ့် အစီအစဉ်ကိုရပ်တန့်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။ဒီဇာတ်ကားဟာ 2014 ကထွက်ခဲ့တဲ့Kingsman: The Secret Service ထက် မြုပ်ကွက်တွေပိုများပြီးAction Scene တွေကလဲ ကြည့်ရှူသူအကြိုက်တွေ့စေမှာသေချာပါတယ်။ဟာသလေးတွေရယ်၊ John Denver ...
movie
Kingsman: The Golden Circle(2017)
Kingsman : The Secret Service (2014) 7.7
Kingsman : The Secret Service (2014) Kingsman:The Secret Service ရုပ်ရှင်ဟာ 2014ခုနှစ်ကထွက်ရှိထားတဲ့ Action ကားကောင်းတစ်ခုဖြစ်ပါတယ်IMDB 7.7 နဲ့ Rotten Tomatoes 74%ရရှိထားပါတယ်သရုပ်ဆောင်တွေအနေနဲ့ မင်းသားကြီး Colin Firth,Samuel L.Jackson,Taron Egerton တို့ပါဝင်သရုပ်ဆောင်ထားတဲ့နာမည်ကြီး action ကားကောင်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ငယ်စဉ်ကတည်းက အဖေမရှိတော့တဲ့ အဂ်ဆီတစ်ယောက် မိခင်ဖြစ်သူပထွေးနှိပ်စက်ခံရတာကို လက်ပိုက်ကြည့်နေရပါတယ်တစ်ရက်မခံနိုင်လို့ ပြန်လုပ်ရင်း ရဲစခန်းရောက်သွားတဲ့အခါ.....လည်ပင်းမှာဆွဲထားတဲ့ အဖေ့ဂုဏ်ပြုတံဆိပ်က ဖုန်းနံပါတ်ခေါ် လာကယ်ဖို့တောင်းဆိုတဲ့အခါ......ဘယ်သူလာကယ်တင်မှာလဲ.....သူဘယ်လိုပြောင်းလဲသွားမှာလဲ....download ဆွဲကြည့်လိုက်ပါ(ဘာသာပြန်ပေးထားသူကတော့အိပပစံပါ) File Size : (2.16 GB) , (0.99 GB)  Quality : Uncut Blu-Ray (1080p 5.1,720p) Running Time : 2hr 09min Format : Mkv and Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : UNCUT.1080p.BluRay.x264-VETO Translated ...
movie
Kingsman : The Secret Service (2014)
2014
Supernova (2020) 6.7
Supernova (2020) Supernova (2020)******************(IMDb  6.7)Tuskerနဲ့Samတို့က တစ်ယောက်ကိုတစ်ယောက် နက်ရှိုင်းစွာချစ်ကြတဲ့သက်လယ်ပိုင်းGayစုံတွဲပါ။ကံမကောင်းချင်တော့ Tuskerက Dementiaနောက်ဆုံးအဆင့်ကို ခံစားနေရပြီးမှတ်ဉာဏ်ခဏခဏပျောက်ဆုံးတဲ့ ရောဂါသည်တစ်ဦးပါရောဂါသည်Tuskerကို ခင်ပွန်းဖြစ်သူ Samက အရိပ်တကြည့်ကြည့်နဲ့ပြုစုစောင့်ရှောက်ပေးပါတယ်သူတို့ရဲ့ကားဟောင်းလေးနဲ့ သူငယ်ချင်း၊ ဆွေမျိုးတွေဆီကိုသွားလည်ပြီးအတိတ်က အတူရှိခဲ့တဲ့နေရာတွေကို ပြန်သွားချင်နေတဲ့ Tuskerရဲ့ဆန္ဒကိုSamက ဖြည့်စည်းပေးဖို့ကြိုးစားခဲ့ပါတော့တယ်လူ့သဘာဝအရ တခါတရံ သူတို့နှစ်ဦးသားသဘောထားချင်းမတိုက်ဆိုင်ပေမဲ့Tuskerနဲ့Samတို့ဟာ အချစ်မပျက်ခဲ့ကြပါဘူးသူတို့အချင်းချင်း တိတ်တဆိတ်နဲ့ တစ်ဦးပေါ်တစ်ဦးချစ်ခြင်းမေတ္တာဖော်ကျူးထားပုံကိုSupernovaဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ရှုစားကြပါဦး။ Khine Khine Wai နဲ့ Ei Phyu Khin တို့က ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ File Size : ( GB) and (MB) Quality : Format…mp4 Duration…1h 35min Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei Phyu Khin Encoded by Myoko
movie
Supernova (2020)
2020
Love Actually (2003)
Love Actually (2003) Love Actually (2003) ================ အခုလိုခရစ္စမတ်ကာလနီးလာတဲ့အချိန်လေးမှာ ခရစ္စမတ်ပါဝင်တဲ့ဇာတ်လမ်းကိုကြည့်ရတဲ့အရသာဟာ အင်မတန်ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတာအမှန်ပါပဲ (ကိုယ့်တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမမြင်ဖူးတဲ့ နှင်းပွင့်လေးတွေကိုစိတ်ကူးယဉ်ရတဲ့feelလေးနဲ့ပေါ့) အဲ့ဒီထဲမှာမှ ကိုယ်သဘောကျတဲ့မင်းသားမင်းသမီး သရုပ်ဆောင်တွေကိုတစ်စုတစ်ဝေးထဲမြင်တွေ့ရမယ်ဆို အတိုင်းထက်လွန်းကျေနပ်ဖို့ကောင်းပြီမဟုတ်ပါလား ဗြိတိန်ရဲ့နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman Colin Firth,Bill Nighy ,Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာ မြင်လိုက်ရတာနဲ့တင်အချိန်ပေးရကျိုးနပ်သည့်အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းဟာဆိုရင်အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ပင်ညွှန်းရမယ့် ဇာတ်လမ်းဟောင်းလေးတစ်ခုပါ intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသားခြင်းကြည်နူးခြင်းဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် ခရစ္စမတ်ချိန်ခါအားလပ်ရက်မှာမိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲ အညွှန်းလေးအကျဉ်းချုပ်ပြောရရင်.... မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ် ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက် အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီး မိမိမွေးရပ်မြေကိုစွနိ့ခွာချင်နေတဲ့ ဗြိတန်သားငနဲလေးတစ်ယောက် အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကို အခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီး ကင်မရာလေးနဲ့ရိုက်ပြီးအမှတ်တရပုံရိပ်ကို တိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက် ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက် ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက် Real sex မဟုတ်တဲ့ဟန်ပြသရုပ်ဆောင် အပြာကားရိုက်ရင်းတကယ်ချစ်မိသွားတဲ့ချစ်သူနှစ်ဦး သူဋ္ဌေးဖြစ်သူကိုစနိုက်ကြော်ရန်လိုက်ကပ်နေတဲ့ စာရေးမလေးနဲ့ သူဋ္ဌေးရဲ့မိန်းမမိသားစုအကြောင်း ရုံးတစ်ခုထဲမှာအတူတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်လေးကိုတစ်ဖတ်သတ်အချစ်နဲ့ ၂နှစ် ၇လနဲ့ ၃ရက်တိုင်အောင်ထိ ဖွင့်ဟပြောဖို့ရန်အခြေအနေမပေးတဲ့ ကောင်မလေးတစ်ယောက်အကြောင်း စသဖြင့် မတူညီတဲ့ဇာတ်လမ်း ၈ ခုဟာဘယ်မျိုးသော အကြောင်းအရာတွေနဲ့ ချိတ်ဆက်နေမလဲ ကြည့်နေတဲ့ပရိတ်သတ်ကိုဝမ်းသာကြည်နူးတစ်လှည့် ဝမ်းနည်းကြေကွဲစရာလေးတွေနဲ့တစ်ဖုံ ခံစားမှုတွေရမယ်ဆိုတာသေချာပါတယ် Love actually ဇာတ်ကားဟာ Nominated 27 နဲ့ Winners 10 ခုကို ရရှိထားဖြစ်ပြီး အကောင်းဆုံးဇာတ်ပို့ဆုတွေကို မင်းသားကြီး Bill Nighy နဲ့ မင်းသမီးကြီး Emma Thompson တို့ကအများဆုံးရထားကြပြီး 2017 ခုနှစ်မှာတော့ Red Nose Day Actually ဆိုတဲ့ မိနစ်ပိုင်းစာလေးနဲ့အလွမ်းပြေတင်ဆက်ပေးခဲ့ပါတယ် အကယ်၍ Sequal များဆက်ထွက်ခဲ့မယ်ဆိုရင်လည်း Alan Rickman ...
movie
Love Actually (2003)
Greed (2019) 5.7
Greed (2019) England Brand အဝတ်အစားတွေရဲ့ လောကမှာဘုရင်တပါးလို့တင်စားရလောက်အောင် နာမည်ကြီးတဲ့သူတယောက်ဖြစ်တဲ့သူဌေး မက်ခရီဒီး တယောက် သူ့ရဲ့အသက် 60ပြည့် မွေးနေ့ကိုဂရိကျွန်းတခုပေါ်မှာ ကျင်းပဖို့ ကြိုးစားတဲ့အကြောင်းရိုက်ထားတာပါ။သူ့ဘဝဇာတ်ကြောင်းကိုမူတည်ပြီး စီးပွားရေးလောကအကြောင်းကို ရိုက်ပြထားပါတယ်။သူကိုယ်တိုင်က အဝတ်အစားလောကမှာ ဘုရင်တဆူဖြစ်ပေမယ့်သူကိုယ်တိုင်ကတော့ အဝတ်အစားဆိုတာထက်အရောင်းအဝယ်ကိစ္စကိုသာ ဦးစားပေးတဲ့သူ။အဓိကကတော့ သူက ဆွေးနွေးညှိနှိုင်းတာတွမှာ အလွန်တော်တဲ့သူ။ရောင်းမစွံတဲ့အဝတ်အထည်တွေကို အောက်ကြေးနဲ့ယူပြီးအမြတ်ရအောင် ဘယ်လိုပြန်ရောင်းတယ်ဆိုတာတွေ။နောက်ပိုင်း သူကိုယ်တိုင် အဝတ်အထည်တွေ ထုတ်မယ်ဆိုတော့လုပ်အားခကို တွက်ပြီး သူတို့ထုံးစံအတိုင်း လုပ်အားခသက်သာတဲ့တတိယနိုင်ငံတွေမှာ အထည်တွေမှာယူတဲ့အကြောင်းတွေ။သူပိုင်တဲ့တံဆိပ်တွေကို ဘာလို့ ဒေဝါလီခံလိုက်တယ်ဆိုတာတွေ။အခွန်တွေကို သူတို့လောကမှာ ဘယ်လိုရှောင်ကြတယ်ဆိုတာတွေကိုထည့်ရိုက်ပြသွားပါတယ်။အဓိကကတော့ လုပ်အားခေါင်းပုံဖြတ်မှုတွေဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီး ပြသွားတာပါ။ဇာတ်လမ်းကတော့ သူ့မွေးနေ့ကျင်းပမယ့်အချိန်ကစပြီးသူဒီနေရာကိုရောက်ဖို့ ဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုရောက်လာခဲ့တယ်ဆိုတာကိုသူ့အကြောင်းရေးမယ့် စာရေးဆရာကနေ သူ့အနီးဝန်းကျင်က...
movie
Greed (2019)
1917 (2019) 8.4
1917 (2019) unicodeဒီနှစ် အကယ်ဒမီမှာ ဆုတွေ အများကြီး ဆန်ကာတင်ဝင်ပြီး ၃ ဆုရထားတဲ့ စစ်ကားပါ။စစ်ကားငတ်နေတဲ့သူတွေတော့ အကြိုက်တွေ့မှာပါ။ဒီဗွန် တပ်ရင်း-၂ ဟာ ၉မိုင်ကျော် ဆုတ်ခွာသွားတဲ့ ဂျာမန်တွေကိုအပြီးသတ်ချေမှုန်းဖို့ လိုက်တိုက်နေပါတယ်။ဒါပေမယ့် ဒါဟာ ထောင်ချောက်ဆိုတာကို သူတို့ မသိကြရှာပါဘူး။ဒီနေ့ပြီးလို့ နောက်တစ်နေ့ မနက်မှာ ထိုးစစ်စတာနဲ့ လူပေါင်း ၁၆၀၀ လုံးသေကြရတော့မယ်။ သူတို့ တပ်ရင်းကို တားဖို့အတွက်တိုက်ရိုက်အမိန့်ကို ဌာနချုပ်ကနေ ပို့ဖို့ကြိုးစားတဲ့အခါလူနည်းလေ မြန်လေမို့ လူ ၂ ယောက်ထဲကိုပဲ လွှတ်လိုက်ရတယ်။ဒုတပ်ကြပ်ဘလိတ်ခ် နဲ့ စကိုးဖီးတို့ဟာ လူပေါင်း ၁၆၀၀အသက်ကို ကယ်နိုင်ဖို့ တစ်ရက်အတွင်းမှာ ဂျာမန်ရန်သူ့မြေထဲကို ဖြတ်ဝင်ပြီး တပ်ရင်း-၂ ဆီကို အရောက်သွားဖို့ ကြိုးစားရပါတော့တယ်။အကောင်းဆုံး စီနီမက်တိုဂရက်ဖီဆု၊ အသံတည်းဖြတ်ဆု နဲ့အထူးပြုလုပ်ချက်ဆုကို ရထားတဲ့ ရုပ်ရှင်ကို ထိုက်ထိုက်တန်တန် ခံစားကြည့်လိုက်ကြပါဦး။File Size : ( 2 GB , 1 ...
movie
1917 (2019)
Mary Poppins Returns (2018) 7.2
Mary Poppins Returns (2018) တစ်ခေတ်တစ်ချိန်က အောင်မြင်ခဲ့ပြီး ဆုပေါင်းများစွာအရယူထားနိုင်ခဲ့တဲ့ Marry Poppins (1964) ရဲ့ Sequal အဖြစ် အခု ၂၀၁၈ မှာMary Poppins' Return ဆိုပြီး ပြန်လည်အသက်သွင်းခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။Mary Poppins ဆိုတာ မှော်ဆရာမလေးတစ်ဦး၊ သူဘယ်ကလာလဲ၊ ဘယ်အချိန်ပေါ်လာမလဲ၊ ဘာကြောင့်မှော်အစွမ်းတွေရထားတာလဲဆိုတာတော့ဘယ်သူမှမသိပါဘူး။Mary Poppins' Return အကြောင်းမပြောခင် Mary Poppins (1964) အကြောင်းလေးကနေစပြောမှ ဇာတ်ရေနည်းနည်းလည်ပါလိမ့်မယ်။Jane Banks နဲ့ Michael Banks တို့ငယ်ငယ်တုန်းက Mary Poppins က ကလေးထိန်းအဖြစ်နဲ့ စောင့်ရှောက်ပေးခဲ့ပါတယ်။အဲ့ဒီမောင်နှမနှစ်ယောက် အဖေဖြစ်သူနဲ့အဆင်ပြေပြေဖြစ်သွား၊ မိသားစုကိစ္စတွေလဲပြေပြေလည်လည်ဖြစ်သွားခဲ့တဲ့အချိန်မှာ Mary Poppins ကသူ့ရဲ့မူလနေရာလို့ဆိုရမယ့် လန်ဒန်မိုးကောင်းကင်ပေါ်ကို ပြန်သွားခဲ့ပါတယ်။အဲ့အချိန်ကစပြီး Jane နဲ့ Michael တို့နှစ်ယောက် Mary Poppins ကိုပြန်မတွေ့တော့ပါဘူး။Mary Poppins နဲ့အတူ ကြုံတွေ့ခဲ့ရတဲ့ ...
movie
2018
Mamma Mia! Here We Go Again (2018) 6.7
Mamma Mia! Here We Go Again (2018) Mamma Mia! Here We Go Again (2018) IMDb - 6.7/10_____Rotten - 79%   ဒီတစ်ခါတော့ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ မကြာသေးခင်ကမှ ရုံတင်ပြသထားတဲ့ "Mamma Mia! Here we go again" ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းကတော့ 2008 တုန်းက ထွက်ခဲ့တဲ့ "Mamma Mia"ဇာတ်လမ်းပြီးနောက် ဒုတိယမြောက်ထွက်ရှိထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...2008 ဇာတ်လမ်းကို ကြည့်ရှုပြီးသူများကတော့ ဒီဇာတ်လမ်းနဲ့ စိမ်းမယ်မထင်ပါဘူး....အရင်ဇာတ်လမ်းရဲ့ သရုပ်ဆောင်တွေအပြင် ဇာတ်လိုက်မင်းသမီးရဲ့ ငယ်ဘဝနေရာ သရုပ်ဆောင်သူကလဲ CM ပရိတ်သတ်တွေနဲ့ မစိမ်းပါဘူး.. သူလေးကတော့ Cindrella ဇာတ်လမ်းထဲက မင်းသမီး "Lily James" ပဲဖြစ်ပါတယ်...ဇာတ်လမ်းက musical/comedy movie ဖြစ်တာကြောင့် တစ်ကားလုံး သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နားထောင်ရမှာပါ...ဒါကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ... အညွှန်းဖတ်ရှုကြပါဦး...အညွှန်း- ...
movie
Mamma Mia! Here We Go Again (2018)
2018
Mamma Mia! (2008) 6.4
Mamma Mia! (2008) Mamma Mia! (2008) IMDb - 6.4/10_____Rotten - 54%   Blu-Ray 1080p 5.1 CH x 264  ဒီတစ်ခါတော့ 2008 ခုနှစ်က ထွက်ခဲ့တဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။"အရမ်းလေးတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ချင်ဘူး ၊ ပေါ့ပျက်ပျက်ရုပ်ရှင်တွေကိုလည်း ကြည့်မိမှာစိုးတယ်" ဆိုတဲ့ သူတွေအတွက် ဒီဇာတ်ကားကတော့ အဆင်ပြေပါလိမ့်မယ်။နေ့စဉ်ပင်ပန်းနွမ်းနယ်မှုတွေထဲကရုန်းထွက်ဖို့ ရုပ်ရှင်တစ်ကားကြည့်ပြီး စိတ်ပေါ့ပါးလန်းဆန်းသွားချင်တယ်ဆိုရင် ဒီ ရုပ်ရှင်လေးကို ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။နာမည်ကတော့ "Mamma Mia!" ဖြစ်ပါတယ်။Meryl Streep ၊ Pierce Bronsnan ၊ Colin Firth ၊ Stellan Skarsgard ၊ Dominic Cooper ၊ Amanda Seyfried စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။Lesbian တယောက်ဖြစ်တဲ့ Phyllida Lloyd အတွက် Mamma Mia! ပထမဆုံးဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ကုန်ကျစရိတ်က $52 ...
movie
Mamma Mia! (2008)
2008
Tinker Tailor Soldier Spy (2011) 7.0
movie
2011
The Mercy (2018) 6.1
The Mercy (2018) The Mercy ဟာ 1968 ခုနှစ်ဝန်းကျင်မှာ ကျုင်းပခဲ့တဲ့ Sunday Times Golden Globe Race လို့ခေါ်တဲ့ လှေမာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပျော်တမ်းရွက်လှေသမား Donald Crowhurst ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Biography, Drama ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုရိုက်ကူးသူကတော့ ဒါရိုက်တာ James Marsh ဖြစ်ပြီး၊ ဇာတ်ဆောင်ဖြစ်သူ Donald Crowhurst နေရာမှာ The King's Speech ဇာတ်ကားနဲ့ အော်စကာဆုကိုရရှိခဲ့တဲ့သူဖြစ်ပြီး The Kingsman ဇာတ်ကားနှစ်ကားလုံးမှာ Harry Hart အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Colin Firth ပါ။ပြိုင်ပွဲဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်တစ််ယောက်ရဲ့ ဘဝဇာတ်ကြောင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် စီကာပတ်ကုံးညွှန်းဆိုနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။ဇာတ်ဆောင်ရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုတွေကို အသားပေးရိုက်ကူးထားတာကြောင့် ဘဝကိုရုန်းကန်ဖို့အတွက် အားယုတ်လျော့နေတဲ့သူတွေ၊ ဘဝကိုလက်မြောက်အရှုံးပေးချင်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားမှပေးစွမ်းတဲ့ရသက ခွန်အားဖြစ်စေမှာ ဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ Brilliant Star ပါ)File ...
movie
The Mercy (2018)
2018
The King’s Speech (2010) 8.0
The King’s Speech (2010) The King's Speech (2010) IMDb - 8.0/10_____Rotten - 95% Won 4 Oscars. Another 106 wins & 204 nominations   သိက္ခာက အင်္ဂလိပ်တွေအတွက် အသက်၊ လွတ်လပ်ခြင်းက အမေရိကန်တွေအတွက် အသက် ၊ စည်းကမ်းက ဂျပန်တွေအတွက် အသက် .......... ဒီဇာတ်ကားက သမိုင်းကို ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ သို့သော် အမှန်တကယ်ဖြစ်ရပ်မှန်အတိုင်း တစ်သွေမတိမ်း ရိုက်ကူးထားခြင်းမဟုတ်ဘဲ ရိုက်ကူးသူ၏ စိတ်လိုရာ ဇာတ်လမ်းဆင်ပြီး လိုသလို အနုပညာကို အစွမ်းပြထားသည့်ဇာတ်လမ်းဖြစ်ပါသည်။ အချိန်ကာ ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ နေရာကာ ဘာကင်ဟမ်နန်းတော် ကိုယ်အရူးအမှုးချစ်ရတဲ့ အချစ်အတွက်ချစ်သက်သေပြဖို့ ၊တာဝန်ယူဖို့၊ မသိပ်ငယ်စေဖို့၊ သမိုင်းမှာ ဆုံးရှုံးမှုအများဆုံးထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်သွားမယ့် လက်မှတ်တစ်ချက်ကို ကိုယ်စာရွှက်ပေါ်မှာထိုးလိုက်ပါပြီ။ အနုပညာပိုင်းရော ငွေကြေးပိုင်ရောမှာပါ အောင်မြင်မှုကြီးကြီးမားမားရယူထားနိုင်ခဲ့တဲ့ ဒီသမိုင်းရုပ်ရှပ်ကို The Weinstein Company နဲ့ Momentum Pictures တို့ဖြန့်ချီထားခဲ့ပါတယ်။ IMDb 8/10 ၊ Rotten Tomatoes 95% ၊ Common Sense5/5၊ CinemaScore A+ တို့ ရရှိထားပါတယ်။၂၀၁၀ စက်တင်ဘာမှာ ...
movie
The King’s Speech (2010)
2010
Mamma Mia! (2008) 6.4
Mamma Mia! (2008) Mamma Mia! (2008) IMDb - 6.4/10_____Rotten - 54%   Blu-Ray 1080p 5.1 CH x 264  ဒီတစ်ခါတော့ 2008 ခုနှစ်က ထွက်ခဲ့တဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။"အရမ်းလေးတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ချင်ဘူး ၊ ပေါ့ပျက်ပျက်ရုပ်ရှင်တွေကိုလည်း ကြည့်မိမှာစိုးတယ်" ဆိုတဲ့ သူတွေအတွက် ဒီဇာတ်ကားကတော့ အဆင်ပြေပါလိမ့်မယ်။နေ့စဉ်ပင်ပန်းနွမ်းနယ်မှုတွေထဲကရုန်းထွက်ဖို့ ရုပ်ရှင်တစ်ကားကြည့်ပြီး စိတ်ပေါ့ပါးလန်းဆန်းသွားချင်တယ်ဆိုရင် ဒီ ရုပ်ရှင်လေးကို ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။နာမည်ကတော့ "Mamma Mia!" ဖြစ်ပါတယ်။Meryl Streep ၊ Pierce Bronsnan ၊ Colin Firth ၊ Stellan Skarsgard ၊ Dominic Cooper ၊ Amanda Seyfried စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။Lesbian တယောက်ဖြစ်တဲ့ Phyllida Lloyd အတွက် Mamma Mia! ပထမဆုံးဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ကုန်ကျစရိတ်က $52 ...
movie
Mamma Mia! (2008)
2008