Channel Myanmar

Daniel Brocklebank

Age of Heroes (2011) 5.5
Age of Heroes (2011)  ရိန်းစ်က ထူးချွန်တဲ့တပ်သားတစ်ယောက်ပါ၊ဒန်ကပ်စစ်ဆင်ရေးမှာကိုယ့်တပ်ဖွဲ့ဝင်တွေကိုပြန်ခေါ်လာရင်းနဲ့ နောက်တန်းတစ်နေရမှာအမိန့်ဖီဆန်လို့ဆိုပြီးထောင်ကျသွားတယ်။ တစ်ဖက်မှာ ဗြိတိန်စစ်တပ်ဟာနာဇီတို့ရဲ့နောက်ဆုံးပေါ်ရေဒါနည်းပညာကိုအသည်းအသန်လိုအပ်နေတယ်။အကြောင်းကတော့ ဗြိတိန်စစ်တပ်ကလွှတ်လိုက်တဲ့ လေယာဉ်တွေ စစ်သင်္ဘောတွေဟာ ဂျာမနီရဲ့နောက်ဆုံးပေါ်ရေဒါကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရတယ်။အဲ့ဒါကြောင့်စစ်ဆင်ရေးလုပ်ဖို့နဲ့အထူးတပ်ဖွဲဖွဲ့စည်းဖို့ ဗိုလ်မှူးဂျုန်းစ် နဲ့ဒုဗိုလ် မော်တန်ဆန်တို့ကိုတာဝန်ပေးအပ်လိုက်တယ်။ စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်က ဂျာမနီပင်မဆက်သွယ်ရေးဌာနထဲကို ဝင်ပြီးနောက်ဆုံးပေါ်ရေဒါနည်းပညာနဲ့ ပစ္စည်းတွေကိုအကောင်းပကတိအတိုင်းသယ်ဆောင်လာရမှာဖြစ်တယ်။ ခေတ်မှီတဲ့ဂျာမနီစစ်တပ်ထဲကိုခြောက်ပတ်တာလေ့ကျင့်ထားတဲ့အထူးတပ်ဖွဲ့ကဘယ်လိုပြီးမြောက်အောင်ဆောင်ရွက်မလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ File size…2.05GB / 938MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Age of Heroes (2011)

The Hours (2002)
The Hours (2002)   2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ The hours ဆိုတဲ့ psychological drama အမျိုးအစားဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ တခေတ်တခါကနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Meryl Steep , Julianne Moore နဲ့ Nicole Kidman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သုံးရောက်စလုံးက Oscar ဆုရရှိထားသူတွေပါ။ဒီရုပ်ရှင်ဇာတ်ကားဟာလည်း IMDb rating 7.5 အထိရရှိထားတဲ့အပြင် Oscar ဆုတစ်ခုနဲ့အခြားဆုပေါင်းများစွာရရှိခဲ့ပါတယ်။ Oscar ဆုကတော့ Nicole Kidman က best actress ဆုကိုရရှိခဲ့တာပါ။ ဒီလောက်ဆုတွေလည်းရထားတယ်၊ rating တွေလည်းကောင်းတယ်ဆိုတော့ တကယ်ကောင်းတဲ့ကားဆိုတာငြင်းလို့မရပါဘူး။ဒီဇာတ်လမ်းဟာ အင်္ဂလိပ်စာရေးဆရာမ Adeline Virginia Wolf ရေးခဲ့တဲ့ Mrs.Dalloway ဆိုတဲ့စာအုပ်နဲ့ ဆက်စပ်ပြီး စိတ်ကျဝေဒနာကိုခံစားနေကျရတဲ့အမျိုးသမီးသုံးယောက်ရဲ့ဘဝအကြောင်းကိုရိုက်ပြထားတာပါ။ပထမဇာတ်ဆောင်ဖြစ်တဲ့ Virginia Wolf အနေနဲ့ Nicole Kidman ကသရုပ်ဆောင်ထားပြီး ၁၉၂၃ ခုနှစ် မှာ Mrs.Dalloway စာအုပ်ကိုစရေးနေစဉ်သူမရဲ့စိတ်ခံစားမှုအကြောင်းကိုရိုက်ပြထားပါတယ်။ Virginia ...
movie

The Hours (2002)

Shakespeare in Love (1998) 7.1
Shakespeare in Love (1998) “Shakespeare in Love” ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့တင် အထွေအထူးညွှန်းနေစရာမလိုတော့လောက်ဘူး ထင်ပါတယ်။ ဒီနာမည်ကို မရင်းနှီးကြတဲ့သူတွေအတွက်ကတော့ “ရိုမီရိုနဲ့ ဂျူးလိယက်” လို့ဆိုလိုက်ရင် မသိသူမရှိလောက်တော့ပါဘူး။ အော်စကာဆုပေါင်း ၇ ဆုတိတိ ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် “ရိုမီရိုနဲ့ ဂျူးလိယက်” ပြဇာတ် ဖြစ်တည်လာခဲ့တဲ့ ဇာတ်ကြောင်းရင်းခံပဲဖြစ်ပါတယ်။William Shakespeare ဟာ သူရဲ့ ပြဇာတ်အသစ်ဖြစ်တဲ့ “ရိုမီရိုနဲ့ ပိုင်းရိတ်သမီးတော် အီသယ်” ကို ကြိုရောင်းထားနှင့်ပြီးသားပေမဲ့ Writer Block ဖြစ်နေတာကြောင့် စလုံးရေ မစနိုင်ဖြစ်နေခဲ့တယ်။ သူရဲ့စိတ်ကူးယဉ်ပုံစံအမျိုးသမီးလေး Viola De Lesseps နဲ့ မတွေ့ခင်အထိပေါ့ Lady Viola က လက်ထပ်ရမဲ့ သူရှိပြီးသားဖြစ်တဲ့ ဆွေကြီးမျိုးကြီးသခင်မလေးတစ်ယောက်ဖြစ်သလို ပြဇာတ်ကို အရူးအမူးသဘောကျတဲ့ သူတစ်ယောက်။ ဒါပေမဲ့ သူတို့ခေတ်တုန်းက အမျိုးသားတွေပဲ ပြဇာတ်ကခွင့်ရှိတာကြောင့် သူက ‌ယောက်ျားလေးလို ဟန်ဆောင်ပြီး ပြဇာတ်အတွက် ...
movie

Shakespeare in Love (1998)

The Admiral (2015) 7.0
The Admiral (2015) The Admiral (2015)==============IMDb Rating - 7.0/10ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ...
movie

The Admiral (2015)

2015