Channel Myanmar

The Hours (2002)

DramaRomance

IMDB: /10 votes

21813

Report error

 

 

2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ The hours ဆိုတဲ့ psychological drama အမျိုးအစားဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ တခေတ်တခါကနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Meryl Steep , Julianne Moore နဲ့ Nicole Kidman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သုံးရောက်စလုံးက Oscar ဆုရရှိထားသူတွေပါ။

ဒီရုပ်ရှင်ဇာတ်ကားဟာလည်း IMDb rating 7.5 အထိရရှိထားတဲ့အပြင် Oscar ဆုတစ်ခုနဲ့အခြားဆုပေါင်းများစွာရရှိခဲ့ပါတယ်။ Oscar ဆုကတော့ Nicole Kidman က best actress ဆုကိုရရှိခဲ့တာပါ။ ဒီလောက်ဆုတွေလည်းရထားတယ်၊ rating တွေလည်းကောင်းတယ်ဆိုတော့ တကယ်ကောင်းတဲ့ကားဆိုတာငြင်းလို့မရပါဘူး။

ဒီဇာတ်လမ်းဟာ အင်္ဂလိပ်စာရေးဆရာမ Adeline Virginia Wolf ရေးခဲ့တဲ့ Mrs.Dalloway ဆိုတဲ့စာအုပ်နဲ့ ဆက်စပ်ပြီး စိတ်ကျဝေဒနာကိုခံစားနေကျရတဲ့အမျိုးသမီးသုံးယောက်ရဲ့ဘဝအကြောင်းကိုရိုက်ပြထားတာပါ။

ပထမဇာတ်ဆောင်ဖြစ်တဲ့ Virginia Wolf အနေနဲ့ Nicole Kidman ကသရုပ်ဆောင်ထားပြီး ၁၉၂၃ ခုနှစ် မှာ Mrs.Dalloway စာအုပ်ကိုစရေးနေစဉ်သူမရဲ့စိတ်ခံစားမှုအကြောင်းကိုရိုက်ပြထားပါတယ်။ Virginia Wolf ဟာသူမရဲ့လိင်စိတ်ခံယူမှုကိုစတင်နားလည်လာချိန်ဖြစ်ပြီး ဘဝအပေါ်စိတ်ပျက်မှုနဲ့ခေါင်းကိုက်ဝေဒနာကိုခံစားနေရချိန်ဖြစ်ပါတယ်။ ညီမဖြစ်သူလာလည်စဉ်အတူပါလာတဲ့တူမလေးရဲ့ သေခြင်းတရာနဲ့ပတ်သတ်ပြီးမေးတဲ့မေးခွန်းဟာသူမအပေါ်လွှမ်းမိုးမှုရှိခဲ့ပါတယ်။

ဒုတိယဇာတ်ဆောင်ဖြစ်တဲ့ Laura Brown အနေနဲ့ Julianne Moore ကသရုပ်ဆောင်ထားပါတယ်။ Laura Brown မှာ သားတစ်‌ယောက်ရှိပြီးနောက်ထပ်ကိုယ်ဝန်လည်းလွယ်ထားရပါတယ်။ သူမဟာဒုတိယကလေးပင်ရတော့မည်ဆိုသော်ငြားလည်း မိမိကိုယ်ကို မိခင်ဖြင်ဖို့မလုံလောက်သေးဘူးဟုထင်ပြီးစိတ်ကျဝေဒနာကိုခံစားနေရတာပါ။ ကြံရာမရတဲ့အဆုံးသူမဘာဆက်လုပ်မလဲဆိုတာကိုတော့ဆက်လက်ခံစားကြည့်ပါ။

တတိယဇာတ်ဆောင်ဖြစ်တဲ့ Clarissa Vaughan အနေနဲ့ Meryl Steep ကသရုပ်ဆောင်ထားပါတယ်။သူမဟာ ၂၀၀၁ ခုနှစ်မှာ New York မြို့မှာနေတဲ့ထုတ်ဝေသူတစ်ယောက်ပါ။ သူမဟာ AIDS ကြောင့်သေရတော့မဲ့သူမရဲ့သူငယ်ချင်း ရစ်ချတ်ကိုစောင့်ရှောက်ပေးနေခဲ့တာပါ။ ပြီးတော့သူမဟာလည်းမိန်းမချင်းကြိုက်နှစ်သက်သူဖြစ်ပြီး တချိန်တုန်းကပတ်သတ်ခဲ့ဖူးတဲ့ရစ်ချတ်အပေါ်စွဲလန်းနေသူပါ။

ဒီရုပ်ရှင်ကပြသချင်တဲ့အဓိကအကြောင်းအရာကတော့ ကိုယ့်ဘဝကိုကိုယ့်‌ပျော်ရွှင်မှုအတွက်ရှင်သန်မလား၊သူတစ်ပါးရဲ့ပျော်ရွှင်မှုအတွက်ရှင်သန်မလားဆိုတာပဲဖြစ်ပါတယ်။ဇာတ်ဆောင်အမျိုးသမီးသုံးယောက်လုံးရဲ့ဘဝတွေကိုသေချာခံစားကြည့်ပါ၊ဒီသဘောထားကိုနားလည်ပါလိမ့်မယ်။ ပြီးတော့ဇာတ်လမ်းသွားကဘာမှသိပ်မရှိပေမဲ့ အဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်။နောက်ခံတီးလုံးရဲ့ပံ့ပိုးမှုကြောင့်တချို့ဇာတ်ကွက်တွေဟာဆိုရင် thriller vibe ‌တောင်ရစေပါတယ်။ခံစားကြည့်ကြပါခင်ဗျာ။

 

File size…(2.7 GB)/(1.2 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:50:00
Genre…Drama, Romance
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Akm



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Hours (2002)
The Hours (2002)
The Hours (2002)
The Hours (2002)
The Hours (2002)
The Hours (2002)


No downloads available

Genres



Related movies