Channel Myanmar

Danny Garcia

Somewhere in Queens (2022) 7.0
Somewhere in Queens (2022) Somewhere in Queens (2022) ===================== IMDb Rating - 7.0/10ဒီဇာတ်ကားလေးကတော့ နာမည်ကြီး stand-up comedian တစ်ယောက်ဖြစ်တဲ့ Ray Romano ရိုက်ကူးပြီး ကိုယ်တိုင်သရုပ် ဆောင်ထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လီယို နဲ့ သူ့မိန်းမ အန်ဂျလာရူဆို တို့က အီတလီ-အမေရိကန်မိသားစုတစ်ခုဖြစ်တဲ့ ရူဆိုမိသားစု ကပါ။ လီယို ကတော့ရူဆိုမိသားစုရဲ့ဆောက်လုပ်ရေးလုပ်ငန်း မှာပဲအလုပ်လုပ်ပါတယ်။ လီယို မှာဘတ်စကတ်ဘောကစား တာထူးချွန်တဲ့ စတစ် လို့‌ခေါ်တဲ့သားတစ်ယောက်လည်းရှိပါ တယ်။ တစ်နေ့တော့ လီယို ကကျောင်းကဘတ်စကတ်ဘော ပြိုင်ပွဲအပြီးမှာ ကင်းထောက်တစ်ယောက်နဲ့တွေ့ပြီး သူ့သား အတွက်ဘတ်စကတ်ဘောဆော့ရင်း ကောလိပ်တက်နိုင်မယ့် စကောလားရှစ်အခွင့်အရေးကိုတွေ့ရှိခဲ့ပါတယ်။လီယို ကတော့အဲဒါကိုအရမ်းစိတ်လှုပ်ရှားနေပြီး သူ့သားကို ဖြစ်မြောက်စေချင်တာပါ။ ရူဆိုမိသားစုကတော့အပျက်ဘက် ကပဲမြင်ပါတယ်။ ဒါပေမယ့် စတစ် ကစကောလားရှစ်အတွက် မလေ့ကျင့်ခင်မှာပဲ သူ့ရဲ့ကောင်မလေးကဖြတ်သွားလို့ depression တွေ၀င်ပြီး မစားနိုင်မသောက်နိုင်ဖြစ်သွားခဲ့ပါတယ်။ အဲဒါကို လီယို ကသိတော့မနေနိုင်တော့ပဲ သူ့သားကိုအစွမ်းကုန်မြေ တောင်မြှောက်ပေးတဲ့အခါမှာတော့ ဆက်ပြီးဘာတွေဖြစ်မလဲ ဆိုတာကိုစိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖခင် တစ်ယောက်က သားတစ်ယောက်အပေါ်မှာထားတဲ့မျှော်လင့် ချက်ကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာဖြစ်တဲ့အတွက် ဒီကား လေးကိုကြည့်ဖို့ recommend ပေးပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(2.11 GB) / (850 MB) / ...
movie

Somewhere in Queens (2022)

2022
Jockey (2021) 6.5
Jockey (2021) Jockey (2021)~ IMDb - 6.5/10, Rotten Tomatoes - 93% ~Jockey ဆိုတာကတော့ သိတဲ့လူလည်းသိကြမှာပါ။ အကြမ်းဖျဥ်းပြောရရင် မြင်းစီးသမားပဲဆိုပါစို့။ ဒါပေမဲ့ မြင်းစီးတဲ့လူတိုင်းကို ဂျော်ကီလို့မခေါ်ပါဘူး။ ကျွန်တော်တို့တချို့ရုပ်ရှင်တွေမှာ သူဌေးကြီးတွေမြင်းပွဲလောင်းတဲ့အခန်းမျိုး မကြာခဏမြင်ဖူးပါလိမ့်မယ်။ အဲဒီပြိုင်ပွဲဝင်မြင်းတွေရဲ့ ကျောပေါ်ကနေစီးနင်းပေးရတဲ့ကစားသမားကို ဂျော်ကီလို့ခေါ်တာပါ။ လူအများစုကတော့ မြင်းပွဲတစ်ပွဲမှာ အမြန်ဆုံးမြင်းကနိုင်တာပဲလို့ အကြမ်းဖျဥ်းသိထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲတစ်ပွဲမှာအနိုင်ရဖို့ ဂျော်ကီတစ်ယောက်ရဲ့အရည်အချင်းနဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါသလဲဆိုတာအပြင် တကယ့်လက်တွေ့မှာဂျော်ကီတွေရဲ့ဘဝကဘယ်လိုအနိမ့်အမြင့်တွေရှိမယ်၊ စွန့်စားရမှုတွေ၊ ဝါသနာအတွက်ပေးဆပ်ရမှုတွေကို ရုပ်ရှင်တစ်ကားဆိုတာထက် Documentary ဆန်ဆန်တင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားပါ။အားကစားနောက်ခံဇာတ်ကားလို့လည်း ခေါ်နိုင်ပေမဲ့ အားကစားနောက်ခံကားတွေမှာ မြင်ရနေကျ ဒရာမာချိုးတဲ့အကွက်ကြီးတွေမပါပါဘူး။ အဓိကဇာတ်ဆောင်မင်းသားဟာ ကစားသမားဘဝရဲ့နေဝင်ချိန်ကိုနီးကပ်နေပြီဖြစ်တဲ့ ဝါရင့်ဂျော်ကီကြီးတစ်ယောက်ဖြစ်ပါတယ်။ ခုနကပြောခဲ့သလိုပဲ ဒီဇာတ်ကားဟာ သူ့ကိုတည်ပြီးတော့ သူ့ကစားသမားဘဝနေဝင်ချိန် အစိတ်အပိုင်းလေးတစ်ခုကို Documentary ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတာပါ။ဒီဇာတ်ကားကို ကြည့်ပြီးရင် သင်ခန်းစာတို့ဘာတို့တော့မရနိုင်ပေမဲ့ ကိုယ်မသိခဲ့တဲ့နယ်ပယ်တစ်ခုအကြောင်းကိုတော့ အလုံးစုံမဟုတ်တောင် ထဲထဲဝင်ဝင်သိသွားမှာပါ။ အဓိကဇာတ်ဆောင်နေရာက မင်းသားကြီးရဲ့သရုပ်ဆောင်ချက်တွေကအပိုအလိုမရှိတဲ့အပြင် Drama ...
movie

Jockey (2021)

2021