Channel Myanmar

Delacina Chief Eagle

Women of the White Buffalo (2022) 5.8
Women of the White Buffalo (2022) အ​မေရိကကို ဒီမိုက​ရေစီဘိုး​တော်နိုင်ငံ၊ လူ့အခွင့်အ​ရေးကို တန်ဖိုး အထားဆုံး နိုင်ငံ​တွေထဲက တစ်ခုအဖြစ်ပြောကြလျှင် လူတချို့က ရယ်ကြလိမ့်မည်၊ ထိုလူ​တွေက တခြားမဟုတ် အ​မေရိကန်နိုင်ငံမှာ ​နေထိုင်ကြတဲ့ ယူအက်စ်နိုင်ငံသား​​တွေလို့ ​ပြောရင် နည်းနည်း​တော့ ဆန်း​နေလိမ့်မည်၊ နိုင်ငံသားဟုဆိုရာ​တွင် ကိုလံဘတ်စ်​ရောက်ပြီး ​​နောက်ပိုင်း တစ်စတစ်စ​ ရောက်လာသည့် ဥ​ရောပမျိုးစပ်များကို ​ပြောတာမဟုတ်​ပေ၊ အင်ဒီးယန်းအပါအဝင် ​အ​မေရိကတိုက်ဟူ၍ ရှိကတည်း​က ​နေထိုင်လာကြသည့် ​ဒေသခံ တိုင်းရင်းသားများကို ဆိုလိုခြင်းဖြစ်သည်။ အင်ဒီးယန်းသားတို့ ဤသို့ ခံစားရသည်မှာ အ​​ကြောင်းရှိသည်၊ ကိုလံဘတ်စ် အ​မေရိကတိုက်ကို စတင်​တွေ့ရှိခဲ့သည့် ၁၄၉၂တွင် သန်း၈၀​ကျော်ရှိခဲ့​သော ​​​ဒေသခံတိုင်းရင်းသားများသည် ၂၁ရာစု အ​စောပိုင်း​တွင် ၉၀%​ကျော် ဆုံးရှုံးသွားပြီး ​​သိန်းဂဏန်းခန့်သာ ကျန်ရစ်​​တော့သည်အထိ ဥ​ရောပမျိုးစပ် - အ​မေရိကန်များသည် ​ဒေသခံ အ​မေရိကန်နိုင်ငံသား စစ်စစ်များအ​ပေါ် ဖိနှပ်ချိုးနှိမ်မှု ​ပေါင်းစုံ ကျူးလွန်ခဲ့သည်၊ နယ်​မြေများကို သိမ်းပိုက်ပြီး သီးသန့် နယ်​မြေငယ်များ ဖွဲ့စည်းပြီး ပြည်မပြည်သူများနှင့် အဆက်ဖြတ် ခဲ့သည်၊ ဒါတင်မကဘဲ နိုင်ငံသားစာရင်းက​နေ ​ဖျောက်ပစ်ဖို့အထိ စနစ်တကျ​ဆောင်ရွက်ခဲ့သည်၊ စာအဖြစ်သာ​ပြောရရင် ယုံနိုင်စရာမရှိ​​ပေမယ့် အင်ဒီးယန်းနွယ် ဖြစ်သည့် လာကိုတာမျိုးနွယ်များသည် ဒီလိုဖိနှိပ်မှုဒဏ်များကို အဆိုးဆုံး ခံစားခဲ့ရသူ​တွေဖြစ်သည်၊ ယခုDocumentaryတွင် အထက်ပါ ဖိနှိပ်မှုများအပြင် အ​မေရိကန်သမိုင်း၏ အရုပ်ဆိုး အကျည်းတန်ဆုံးWounded Knee ...
movie

Women of the White Buffalo (2022)

2022